Skip to main content
vbgsvgbsdzvg
Ads Block

“ေရွ႕ေလွ်ာက္ေရႊေစ်းက ထိုးက်ဖို႔ပဲရွိတယ္” ဟု ရန္ကုန္တုိင္းေရႊလုပ္ငန္းရွင္အသင္းဥကၠ႒ေျပာၿပီ

လာမည့္ကာလမ်ားတြင္ ေရႊေစ်းမွာက်ဆင္းရန္သာရွိေၾကာင္း ရန္ကုန္တုိင္းေဒသႀကီးေရႊလုပ္ငန္းရွင္အသင္းမွ ဥကၠ႒ ဦးမ်ိဳးျမင့္ကေျပာသည္။

ေရႊေစ်းမွာ ယေန႔(စက္တင္ဘာလ ၆ ရက္)၊ မနက္ပိုင္း၌ အဖြင့္ေစ်းအျဖစ္တစ္က်ပ္သားလွ်င္ ၁၂ သိန္း ၉ ေသာင္းရွိရာမွ အပိတ္ေစ်းတြင္ ၁၂ သိန္း ၆ ေသာင္းအထိျဖစ္ကာ ၃ ေသာင္းျပန္လည္က်ဆင္းသြားျခင္းႏွင့္ ပတ္သက္၍ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။

sxnbxsfbfsxb

“မနက္ကအဖြင့္ေစ်းမွာ ၁၂ သိန္း ၉ ေသာင္းရွိတယ္။ ညေနအပိတ္ေစ်းက ၁၂ သိန္း ၆ ေသာင္း။ ေန႔လည္တုန္းက ၁၂ သိန္း ၇ ေသာင္း ၅ ေထာင္ေစ်းေပါ့။ ညေနမွာထုိးက်သြားတာပါ။ ေရွ႕ေလွ်ာက္ ေရႊေစ်းကထုိးက်ဖုိ႔ပဲရွိတယ္။အဓိကကမၻာ႔ေရႊေစ်းကတစ္ေအာင္စေဒၚလာ ၁၅၅၀ကေန ၁၅၁၆ က်တယ္။ ေဒၚလာေစ်းကလဲလွယ္ႏႈန္း ၁၅၄၀ ကေန ၁၅၃၆ က်တယ္။ ျဖစ္ေနတာကတရုတ္နဲ႔အေမရိကန္ ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ေပါ့။ဒါေၾကာင့္ေနာက္လဆုိသူတုိ႔ကေတြ႔ဆုံအေျဖရွာမယ္ဆုိေတာ့ ေစ်းကက်ဖုိ႔ပဲရွိတယ္။ သူတုိ႔ေၾကာင့္ ေစ်းေတြကတက္ေနတာကုိး’’ဟု ရန္ကုန္တုိင္းေဒသႀကီး ေရႊလုပ္ငန္းရွင္အသင္းမွဥကၠ႒ ဦးမ်ိဳးျမင့္ကေျပာသည္။

gggvgrgrgwgwsgfvws

တရုတ္ကုန္ပစၥည္းမ်ားပုိ႔ကုန္ေပၚ အေမရိကန္မွ အခြန္တုိးျမွင့္သက္မွတ္လုိက္သည့္အေပၚ ႏွစ္ႏုိင္ငံကုန္သြယ္မႈ ရပ္ဆုိင္းသည့္အထိျဖစ္ပြားခဲ့ၿပီးေနာက္ ေရႊေစ်း၊ေဒၚလာေစ်းနႈန္းမ်ားတက္လာခဲ့ျခင္းျဖစ္သည္။

ေရႊေစ်းသည္ ျမန္မာႏုိင္ငံ၌ ၾသဂုတ္လအတြင္းဆက္တိုက္ျမင့္တက္ခဲ့ၿပီး စက္တင္ဘာလတြင္အျမင့္ဆုံးျဖစ္ခဲ့ကာ ရန္ကုန္ႏွင့္မႏၱေလးေစ်းႏႈန္းမွာလည္း မတူညီေၾကာင္း သိရသည္။

 - မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

“ရှေ့လျှောက်ရွှေဈေးက ထိုးကျဖို့ပဲရှိတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌပြောပြီ

လာမည့်ကာလများတွင် ရွှေဈေးမှာကျဆင်းရန်သာရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။

ရွှေဈေးမှာ ယနေ့(စက်တင်ဘာလ ၆ ရက်)၊ မနက်ပိုင်း၌ အဖွင့်ဈေးအဖြစ်တစ်ကျပ်သားလျှင် ၁၂ သိန်း ၉ သောင်းရှိရာမှ အပိတ်ဈေးတွင် ၁၂ သိန်း ၆ သောင်းအထိဖြစ်ကာ ၃ သောင်းပြန်လည်ကျဆင်းသွားခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

“မနက်ကအဖွင့်ဈေးမှာ ၁၂ သိန်း ၉ သောင်းရှိတယ်။ ညနေအပိတ်ဈေးက ၁၂ သိန်း ၆ သောင်း။ နေ့လည်တုန်းက ၁၂ သိန်း ၇ သောင်း ၅ ထောင်ဈေးပေါ့။ ညနေမှာထိုးကျသွားတာပါ။ ရှေ့လျှောက် ရွှေဈေးကထိုးကျဖို့ပဲရှိတယ်။အဓိကကမ္ဘာ့ရွှေဈေးကတစ်အောင်စဒေါ်လာ ၁၅၅၀ကနေ ၁၅၁၆ ကျတယ်။ ဒေါ်လာဈေးကလဲလှယ်နှုန်း ၁၅၄၀ ကနေ ၁၅၃၆ ကျတယ်။ ဖြစ်နေတာကတရုတ်နဲ့အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့်ပေါ့။ဒါကြောင့်နောက်လဆိုသူတို့ကတွေ့ဆုံအဖြေရှာမယ်ဆိုတော့ ဈေးကကျဖို့ပဲရှိတယ်။ သူတို့ကြောင့် ဈေးတွေကတက်နေတာကိုး’’ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းမှဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။

တရုတ်ကုန်ပစ္စည်းများပို့ကုန်ပေါ် အမေရိကန်မှ အခွန်တိုးမြှင့်သက်မှတ်လိုက်သည့်အပေါ် နှစ်နိုင်ငံကုန်သွယ်မှု ရပ်ဆိုင်းသည့်အထိဖြစ်ပွားခဲ့ပြီးနောက် ရွှေဈေး၊ဒေါ်လာဈေးနှုန်းများတက်လာခဲ့ခြင်းဖြစ်သည်။

ရွှေဈေးသည် မြန်မာနိုင်ငံ၌ သြဂုတ်လအတွင်းဆက်တိုက်မြင့်တက်ခဲ့ပြီး စက်တင်ဘာလတွင်အမြင့်ဆုံးဖြစ်ခဲ့ကာ ရန်ကုန်နှင့်မန္တလေးဈေးနှုန်းမှာလည်း မတူညီကြောင်း သိရသည်။

 - မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။