Skip to main content
sbsbwsrgw
Ads Block

ရန္ကုန္တကၠသိုလ္ရွိသစ္ပုပ္ပင္မွာ ေနာက္ခံသမုိင္းႏွင့္သဘာ၀အရ အေရးပါေသာအေမြအႏွစ္ျဖစ္ဟု ဆို

ရန္ကုန္တကၠသိုလ္ရွိသစ္ပုပ္ပင္မွာ ေနာက္ခံသမုိင္းႏွင့္သဘာ၀အရ အေရးပါေသာ အေမြအႏွစ္ျဖစ္ေသာေၾကာင့္ ရန္ကုန္ၿမိဳ႕ျပအထိမ္းအမွတ္အျဖစ္ အျပာေရာင္ ကမၸည္းျပားတပ္ဆင္ျခင္းျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕မွ စီမံခ်က္အရာရွိ ဦးသူရိန္ေအာင္ကေျပာသည္။

wsgwsedvgdsw

 

ရန္ကုန္ၿမိဳ႕၊ ကမာရြတ္ၿမိဳ႕နယ္၊ ရန္ကုန္တကၠသိုလ္၊ အဓိပတိလမ္းရိွ သစ္ပုပ္ပင္ႀကီးကို ေရွးေဟာင္းအေမြအႏွစ္အျဖစ္ထိန္းသိမ္းရန္ ယေန႔(စက္တင္ဘာလ ၆ ရက္)၊ နံနက္ပိုင္းက အထိမ္းအမွတ္ အျပာေရာင္ကမၺည္းျပား (၃၂)ခုေျမာက္အျဖစ္တပ္ဆင္ျခင္းအခမ္းအနားတြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။

“ ဒီသစ္ပင္ႀကီးက ေခတ္အဆက္ဆက္မွာလည္းျပႆနာမ်ားစြာကိုႀကံဳေတြ႕ခဲ့တယ္။ တကယ့္သစ္ပင္ေတြ ဆံုးရႈံးခဲ့တဲ့နာဂစ္မုန္တိုင္းလိုမ်ိဳးကိုေတာင္ ႀကံ႕ႀကံ႕ခံႏုိင္ခဲ့တာျဖစ္တယ္။ ေနာက္ၿပီး တကၠသိုလ္ေနာက္ခံ စာေပေတြ၊ ကဗ်ာေတြထဲမွာလည္းသစ္ပုပ္ပင္ဆိုတာမပါမျဖစ္ရွိေနတဲ့အတြက္ ဒီအခ်က္အလက္ေတြအရဆိုရင္ သမိုင္းအရေရာ၊ သဘာ၀အရအေရာ အေရးပါတဲ့အေမြအႏွစ္တစ္ခုျဖစ္တဲ့အတြက္ အခုလို အျပာေရာင္ကမၸည္းျပားတပ္ဆင္ရတာျဖစ္ပါတယ္။”ဟု ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕မွ စီမံခ်က္အရာရွိ ဦးသူရိန္ေအာင္ကေျပာသည္။

dbsdvdsa

 

အဆိုပါသစ္ပုပ္ပင္သည္ သက္တမ္းရင့္ရြက္ေၾကြပင္ႀကီးတစ္ပင္ျဖစ္ၿပီး ရုကၡေဗဒအမည္မွာ Tetramelesnudiflora.R.Br(Datiscaceae)ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕၏ အထင္ရွားဆံုးသစ္ပင္ႀကီးမ်ားအနက္တစ္ခုျဖစ္သည့္ သစ္ပုပ္ပင္၏သက္တမ္းကို တိက်စြာခန္႔မွန္းရန္ခက္ခဲၿပီး ၁၉၂၀ ခုႏွစ္တြင္ အစျပဳခဲ့သည့္ ရန္ကုန္တကၠသိုလ္ထက္ ပိုမိုသက္တမ္းရင့္သည္ကို ျငင္းႏုိင္မည္မဟုတ္ေၾကာင္း ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္ေစာ့င္ေရွာက္ေရးအဖြဲ႕ထံမွ သိရသည္။

“ကၽြန္ေတာ္တို႕ရန္ကုန္တကၠသိုလ္ႀကီးဟာလာမယ့္ႏွစ္ဆိုရင္ ႏွစ္ ၁၀၀လည္းျပည့္ေျမာက္ေတာ့မွာျဖစ္ပါတယ္။ ဒီသစ္ပုပ္ပင္ႀကီးဟာရန္ကုန္တကၠသိုလ္ႀကီးမတည္ခင္ကတည္းကတည္ရွိေနခဲ့တာေၾကာင့္ ႏွစ္ ၁၀၀ ေက်ာ္ရွိေနၿပီျဖစ္ၿပီးေတာ့ ၿမိ္ဳ႕ျပအထိမ္းအမွတ္အျဖစ္သတ္မွတ္သင့္တာၾကာပါၿပီ။ အခုလိုသတ္မွတ္ၿပီး အျပာေရာင္ကမၸည္းျပားကိုတပ္ဆင္လိုက္တာဟာ အမ်ားျပည္သူေတြကိုအေမြအႏွစ္တစ္ခုကို သိသာျမင္သာေအာင္ေဖာ္ျပလိုက္တာပါပဲ”ဟု ပညာေရး၀န္ႀကီးဌာနမွ ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာသည္။

ရန္ကုန္ၿမိဳ႕ရွိ ေရွးေဟာင္းသမိုင္း၀င္ ေနရာမ်ား၊ အေဆာက္အအံုမ်ားကို အျပာေရာင္ကမၸည္းျပားမ်ား တပ္ဆင္ျခင္းႏွင့္ပတ္သက္ၿပီး ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္ေစာင္ေရွာက္ေရးအဖြဲ႕က ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၏ကူညီမႈျဖင့္ တာ၀န္ယူေဆာင္ရြက္ေနျခင္းျဖစ္သည္။

“ ဒီလိုမ်ိ္ဳးရန္ကုန္ၿမိဳ႕တြင္းမွာရွိတဲ့ ေရွးေဟာင္းေနရာ၊ အေဆာက္အအံုေတြကို ၿမိဳ႕ျပအထိမ္းအမွတ္အျဖစ္ သတ္မွတ္လုပ္ေဆာင္ေနရာမွာရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကဦးေဆာင္ၿပီး လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ ဒီေန႔ေတာ့ ရန္ကုန္တကၠသိုလ္ရဲ႕ အထင္ကရအထိမ္းအမွတ္ျဖစ္တဲ့ သစ္ပုပ္ပင္ႀကီးကို ၿမိဳ႕ျပရဲ႕အေမြအႏွစ္အထိမ္းအမွတ္အျဖစ္ သတ္မွတ္ဖို႔အတြက္ အျပာေရာင္ကမၸည္းျပား တပ္ဆင္တာျဖစ္ပါတယ္။ ဒီလိုမိ်ဳးေတြတပ္ဆင္တဲ့အတြက္ ရန္ကုန္ၿမိဳ႕ေနျပည္သူလူထုကလည္း ကိုယ့္ၿမိဳ႕ရဲ႕အထိမ္းအမွတ္ေတြကိုသိသိသာသာေတြ႕ျမင္လာမွာျဖစ္ပါတယ္။”ဟု ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

ယင္းအခမ္းအနားသို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ၀န္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း၊ ပညာေရး၀န္ႀကီးဌာနမွ ျပည္ေထာင္စု၀န္ႀကီးေဒါက္တာမ်ိဳးသိမ္းႀကီးအပါအ၀င္ တာ၀န္ရွိသူမ်ားတက္ေရာက္ၿပီး အျပာေရာင္ကမၸည္းျပား တပ္ဆင္ေပးခဲ့သည္။

ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

Unicode Version

 

ရန်ကုန်တက္ကသိုလ်ရှိသစ်ပုပ်ပင်မှာ နောက်ခံသမိုင်းနှင့်သဘာဝအရ အရေးပါသောအမွေအနှစ်ဖြစ်ဟု ဆို

ရန်ကုန်တက္ကသိုလ်ရှိသစ်ပုပ်ပင်မှာ နောက်ခံသမိုင်းနှင့်သဘာဝအရ အရေးပါသော အမွေအနှစ်ဖြစ်သောကြောင့် ရန်ကုန်မြို့ပြအထိမ်းအမှတ်အဖြစ် အပြာရောင် ကမ္ပည်းပြားတပ်ဆင်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ စီမံချက်အရာရှိ ဦးသူရိန်အောင်ကပြောသည်။

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တက္ကသိုလ်၊ အဓိပတိလမ်းရှိ သစ်ပုပ်ပင်ကြီးကို ရှေးဟောင်းအမွေအနှစ်အဖြစ်ထိန်းသိမ်းရန် ယနေ့(စက်တင်ဘာလ ၆ ရက်)၊ နံနက်ပိုင်းက အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြား (၃၂)ခုမြောက်အဖြစ်တပ်ဆင်ခြင်းအခမ်းအနားတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

“ ဒီသစ်ပင်ကြီးက ခေတ်အဆက်ဆက်မှာလည်းပြဿနာများစွာကိုကြုံတွေ့ခဲ့တယ်။ တကယ့်သစ်ပင်တွေ ဆုံးရှုံးခဲ့တဲ့နာဂစ်မုန်တိုင်းလိုမျိုးကိုတောင် ကြံ့ကြံ့ခံနိုင်ခဲ့တာဖြစ်တယ်။ နောက်ပြီး တက္ကသိုလ်နောက်ခံ စာပေတွေ၊ ကဗျာတွေထဲမှာလည်းသစ်ပုပ်ပင်ဆိုတာမပါမဖြစ်ရှိနေတဲ့အတွက် ဒီအချက်အလက်တွေအရဆိုရင် သမိုင်းအရရော၊ သဘာဝအရအရော အရေးပါတဲ့အမွေအနှစ်တစ်ခုဖြစ်တဲ့အတွက် အခုလို အပြာရောင်ကမ္ပည်းပြားတပ်ဆင်ရတာဖြစ်ပါတယ်။”ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ စီမံချက်အရာရှိ ဦးသူရိန်အောင်ကပြောသည်။

အဆိုပါသစ်ပုပ်ပင်သည် သက်တမ်းရင့်ရွက်ကြွေပင်ကြီးတစ်ပင်ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Tetramelesnudiflora.R.Br(Datiscaceae)ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၏ အထင်ရှားဆုံးသစ်ပင်ကြီးများအနက်တစ်ခုဖြစ်သည့် သစ်ပုပ်ပင်၏သက်တမ်းကို တိကျစွာခန့်မှန်းရန်ခက်ခဲပြီး ၁၉၂၀ ခုနှစ်တွင် အစပြုခဲ့သည့် ရန်ကုန်တက္ကသိုလ်ထက် ပိုမိုသက်တမ်းရင့်သည်ကို ငြင်းနိုင်မည်မဟုတ်ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ်စော့င်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ရန်ကုန်တက္ကသိုလ်ကြီးဟာလာမယ့်နှစ်ဆိုရင် နှစ် ၁၀၀လည်းပြည့်မြောက်တော့မှာဖြစ်ပါတယ်။ ဒီသစ်ပုပ်ပင်ကြီးဟာရန်ကုန်တက္ကသိုလ်ကြီးမတည်ခင်ကတည်းကတည်ရှိနေခဲ့တာကြောင့် နှစ် ၁၀၀ ကျော်ရှိနေပြီဖြစ်ပြီးတော့ မြို့ပြအထိမ်းအမှတ်အဖြစ်သတ်မှတ်သင့်တာကြာပါပြီ။ အခုလိုသတ်မှတ်ပြီး အပြာရောင်ကမ္ပည်းပြားကိုတပ်ဆင်လိုက်တာဟာ အများပြည်သူတွေကိုအမွေအနှစ်တစ်ခုကို သိသာမြင်သာအောင်ဖော်ပြလိုက်တာပါပဲ”ဟု ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

ရန်ကုန်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် နေရာများ၊ အဆောက်အအုံများကို အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်ခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ပြအမွေအနှစ်စောင်ရှောက်ရေးအဖွဲ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ကူညီမှုဖြင့် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။

“ ဒီလိုမျိုးရန်ကုန်မြို့တွင်းမှာရှိတဲ့ ရှေးဟောင်းနေရာ၊ အဆောက်အအုံတွေကို မြို့ပြအထိမ်းအမှတ်အဖြစ် သတ်မှတ်လုပ်ဆောင်နေရာမှာရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကဦးဆောင်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီနေ့တော့ ရန်ကုန်တက္ကသိုလ်ရဲ့ အထင်ကရအထိမ်းအမှတ်ဖြစ်တဲ့ သစ်ပုပ်ပင်ကြီးကို မြို့ပြရဲ့အမွေအနှစ်အထိမ်းအမှတ်အဖြစ် သတ်မှတ်ဖို့အတွက် အပြာရောင်ကမ္ပည်းပြား တပ်ဆင်တာဖြစ်ပါတယ်။ ဒီလိုမျိုးတွေတပ်ဆင်တဲ့အတွက် ရန်ကုန်မြို့နေပြည်သူလူထုကလည်း ကိုယ့်မြို့ရဲ့အထိမ်းအမှတ်တွေကိုသိသိသာသာတွေ့မြင်လာမှာဖြစ်ပါတယ်။”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ယင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးအပါအဝင် တာဝန်ရှိသူများတက်ရောက်ပြီး အပြာရောင်ကမ္ပည်းပြား တပ်ဆင်ပေးခဲ့သည်။

- ထက်ဝေလင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။