Skip to main content
fcafgwegwgeswg
Ads Block

ထုိင္း - ျမန္မာ နယ္စပ္ ခ်င္းရုိင္မွာ ေဒၚလာေငြအတု အေျမာက္အျမားနဲ႔ အမ်ဳိးသမီးတစ္ဦးကုိ ဖမ္းမိ

               ျမန္မာႏုိင္ငံနဲ႕ နယ္စပ္ ထုိင္းႏုိင္ငံ ခ်င္းရုိင္ခရုိင္မွာ ေဒၚလာေငြစကၠဴအတုေတြ ေရာင္းခ်ဖုိ ့ လုပ္ေနတယ္ဆုိတဲ့ စြပ္စြဲခ်က္နဲ႕ ၾကာသပေတးေန႕က အသက္ ၅၄ ႏွစ္အရြယ္ အမ်ဳိးသမီးတစ္ဦးကုိ ဖမ္ဆီးလုိက္ေၾကာင္း သိရပါတယ္။   

                ဘတ္ သန္း ၃၀ ေလာက္နဲ႕ ညီမွ်တဲ့ ေဒၚလာေငြအတုေတြ လက္၀ယ္ေတြ႔ရွိမႈနဲ႕ မာဆာရတ္ နစ္တီဆက္ယုိသင္အမည္ရ အမ်ဳိးသမီးကုိ ဖမ္းဆီးခဲ့တာျဖစ္တယ္လုိ ့ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ ဒုတိယရဲမွဴး ရဲမွဴးခ်ဳပ္ ဆန္ေသာင္ ခ်ာလမ္ကီရတ္ က ေျပာဆုိပါတယ္။ သူမကေတာ့ ယင္း ေငြစကၠဴေတြဟာ သူ႕ဟာေတြ မဟုတ္ေၾကာင္းနဲ႕ သူ႕မွာ အျပစ္မရွိေၾကာင္း အခုထိ ျငင္းဆုိေနတယ္လုိ႕ သိရပါတယ္။

rtjtrjrtjrj

                    အမွတ္ ၃၂ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ ရဲမွဴးႀကီး ၀ါခ်ီရာ ပယာႏြဳိင္က ဦးေဆာင္ကာ ရွာေဖြ စီးနင္းမႈေတြလုပ္ခဲ့ၿပီး သူမကုိ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ ေဒၚလာ၀ယ္မယ့္သူတစ္ဦးအျဖစ္ အသြင္ယူထားတဲ့ ၀ါခ်ီရာကုိ သူမက ရင္ကြတ္ၿမိဳ႕ရွိ သူမရဲ႕ ေနအိမ္ကုိ ေခၚသြားခဲ့ကာ ေငြစကၠဴေတြကုိ ျပခဲ့တာျဖစ္ေၾကာင္း၊ ေငြစကၠဴေတြဟာ ဓါတုေဆးရည္စိမ္ၿပီး သန္႕ရွင္းရမယ့္ အဆင့္ေရာက္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။ ဓါတုေဆးရည္ခအတြက္ ဘတ္ ၄.၃ သန္းေပးဖုိ ့ ၀ါခ်ီရာက သေဘာတူခဲ့ကာ ေငြစကၠဴေတြ တဆင့္ေရာင္းခ်မႈက ရရွိလာတာကုိ ၅၀ ရာခုိင္ႏႈန္းဆီ ခြဲယူဖုိ ့ ဆုံးျဖတ္ခဲ့ၾကတယ္လုိ ့ ဆုိပါတယ္။

          ယင္းေနာက္မွာေတာ့ ရွာေဖြ၀ရမ္းပါလာခဲ့တဲ့ အျခား ရဲတပ္ဖြဲ႕၀င္ေတြ မာဆရတ္ကုိ ၀င္ေရာက္ ဖမ္းဆီးခဲ့ကာ ေငြစကၠဴအတုေတြ၊ လုံၿခဳံေရး ေသတၱာတစ္လုံးနဲ႕ ေငြေရစက္တစ္လုံးတုိ ့ကုိ သိမ္းဆည္း ခဲ့ၾကပါတယ္။ မာဆရတ္ကုိ ေငြစကၠဴအတုေတြ လက္၀ယ္ေတြ႕ရွိမႈ သုိ႔မဟုတ္ ႏုိင္ငံျခားေငြစကၠဴအတုျပဳလုပ္မႈ စြဲခ်က္နဲ႕ အမႈဖြင့္ေဆာင္ရြက္သြားမယ္လုိ ့ သိရပါတယ္။

rjrjrjrjjjrj

- ကုိလင္း(အကုန္သိ သတင္းဌာန)                                                      The Nation

Unicode Version

 

ထိုင်း - မြန်မာ နယ်စပ် ချင်းရိုင်မှာ ဒေါ်လာငွေအတု အမြောက်အမြားနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းမိ

               မြန်မာနိုင်ငံနဲ့ နယ်စပ် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်မှာ ဒေါ်လာငွေစက္ကူအတုတွေ ရောင်းချဖို့ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကြာသပတေးနေ့က အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်ဆီးလိုက်ကြောင်း သိရပါတယ်။   

                ဘတ် သန်း ၃၀ လောက်နဲ့ ညီမျှတဲ့ ဒေါ်လာငွေအတုတွေ လက်ဝယ်တွေ့ရှိမှုနဲ့ မာဆာရတ် နစ်တီဆက်ယိုသင်အမည်ရ အမျိုးသမီးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဒုတိယရဲမှူး ရဲမှူးချုပ် ဆန်သောင် ချာလမ်ကီရတ် က ပြောဆိုပါတယ်။ သူမကတော့ ယင်း ငွေစက္ကူတွေဟာ သူ့ဟာတွေ မဟုတ်ကြောင်းနဲ့ သူ့မှာ အပြစ်မရှိကြောင်း အခုထိ ငြင်းဆိုနေတယ်လို့ သိရပါတယ်။

                    အမှတ် ၃၂ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရဲမှူးကြီး ဝါချီရာ ပယာနွိုင်က ဦးဆောင်ကာ ရှာဖွေ စီးနင်းမှုတွေလုပ်ခဲ့ပြီး သူမကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒေါ်လာဝယ်မယ့်သူတစ်ဦးအဖြစ် အသွင်ယူထားတဲ့ ဝါချီရာကို သူမက ရင်ကွတ်မြို့ရှိ သူမရဲ့ နေအိမ်ကို ခေါ်သွားခဲ့ကာ ငွေစက္ကူတွေကို ပြခဲ့တာဖြစ်ကြောင်း၊ ငွေစက္ကူတွေဟာ ဓါတုဆေးရည်စိမ်ပြီး သန့်ရှင်းရမယ့် အဆင့်ရောက်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဓါတုဆေးရည်ခအတွက် ဘတ် ၄.၃ သန်းပေးဖို့ ဝါချီရာက သဘောတူခဲ့ကာ ငွေစက္ကူတွေ တဆင့်ရောင်းချမှုက ရရှိလာတာကို ၅၀ ရာခိုင်နှုန်းဆီ ခွဲယူဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

          ယင်းနောက်မှာတော့ ရှာဖွေဝရမ်းပါလာခဲ့တဲ့ အခြား ရဲတပ်ဖွဲ့ဝင်တွေ မာဆရတ်ကို ဝင်ရောက် ဖမ်းဆီးခဲ့ကာ ငွေစက္ကူအတုတွေ၊ လုံခြုံရေး သေတ္တာတစ်လုံးနဲ့ ငွေရေစက်တစ်လုံးတို့ကို သိမ်းဆည်း ခဲ့ကြပါတယ်။ မာဆရတ်ကို ငွေစက္ကူအတုတွေ လက်ဝယ်တွေ့ရှိမှု သို့မဟုတ် နိုင်ငံခြားငွေစက္ကူအတုပြုလုပ်မှု စွဲချက်နဲ့ အမှုဖွင့်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

- ကိုလင်း(အကုန်သိ သတင်းဌာန)                                                      The Nation

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။