Skip to main content
zvbswsgv
Ads Block

အရက္ေကာင္းေကာင္းေသာက္မွ ေနာက္တစ္ရက္ေခါင္း ၂ ဆၾကည္မည္ဟု လႊတ္ေတာ္ကိုယ္စားလွယ္ ေျပာ

အရက္ေကာင္းေကာင္းေသာက္မွ ေနာက္တစ္ရက္ေခါင္း ၂ ဆၾကည္မည္ဟု ဥပမာေပးကာ အရက္အခြန္ေလွ်ာ့ေကာက္ရန္ စမ္းေခ်ာင္းမဲဆႏၵနယ္မွလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဘုိဘိုဦးက ေျပာလိုက္သည္။

စက္တင္ဘာလ ၆ ရက္ကက်င္းပသည့္ ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္ ၁၃ ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး ၂၁ ရက္ေျမာက္ေန႔အစီအစဥ္တြင္ ၂၀၁၉ ခုႏွစ္ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒၾကမ္းႏွင့္စပ္လ်ဥ္းၿပီးေဆြးေႏြးရာတြင္ ထည့္သြင္းေျပာၾကားလုိက္ျခင္းျဖစ္သည္။

“ အခြန္ေကာက္ခံျခင္းသဘာဝအရ ေလွ်ာ့ေကာက္မွ အခြန္မ်ားမ်ားရပါမယ္။ အရက္အရည္အေသြး ေကာင္းေကာင္းေသာက္မွ ေနာက္တစ္ေန႔ေခါင္း ၂ ဆၾကည္ပါမယ္။ အရက္တစ္လီတာတန္ဖိုး ၁၅၀၀၁ က်ပ္မွအထက္ကို ၁ လီတာတန္ဖုိး၏ ၆၀ ရာခုိင္ႏႈန္းအစား ၂၅ ရာခုိင္ႏႈန္းေကာက္ခံသင့္ပါတယ္” ဟု စမ္းေခ်ာင္းမဲဆႏၵနယ္မွလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဘုိဘိုဦးက ေျပာသည္။

အရက္အမ်ိဳးမ်ိဳးႏွင့္ ပတ္သက္ၿပီးတစ္လီတာတန္ဖုိး ၁၅၀၀၁ က်ပ္မွအထက္ဆိုပါက ၁ လီတာတန္ဖုိး ၆၀ ရာခုိင္ႏႈန္းေကာက္ခံမည္သည့္အတြက္ အခြန္ျမင့္မားမႈေၾကာင့္ တင္သြင္းမႈနည္းပါးသြားကာ အခြန္ရလမ္း နည္းပါးသြားၿပီး တရားမဝင္တင္သြင္းမႈရွိလာမည္ျဖစ္ေၾကာင္းလည္း ၎ကထည့္သြင္းေျပာၾကားသည္။

“ တရားမဝင္တင္သြင္းမႈနဲ႔အတူကုန္ပစၥည္းအတုအပတုိးပြားလာပါမယ္။ ႏုိင္ငံေတာ္၏ ရည္မွန္းခ်က္ျဖစ္ေသာ အခြန္တုိးျမွင့္ရရွိေရး၊ တရားမဝင္ကုန္သြယ္တုိက္ဖ်က္ျခင္း၊ ျပည္သူ႔က်န္းမာေရးထိခုိက္မႈေလွ်ာ့ခ်ေရးတုိ႔အတြက္ ထိခုိက္ေစပါတယ္” ဟု ဦးဘုိဘုိဦးက ဆက္ေျပာသည္။

အရက္အမ်ိဳးမ်ိဳးတြင္ တစ္လီတာတန္ဖိုး ၁၅၀၀၁ က်ပ္ေက်ာ္ပါက ၆၀ ရာခိုင္ႏႈန္းအစား ၂၆၀၀၁ က်ပ္ ႏွင့္အထက္ကို ၃၀ ရာခုိင္ႏႈန္း၊ ဘီယာအမ်ိဳးမ်ိဳးအား ၆၀ ရာခုိင္ႏႈန္းမွ ၂၅ ရာခုိင္ႏႈန္းသို႔လည္းေကာင္း၊ ဝုိင္အမ်ိဳးမ်ိဳးတစ္လီတာတန္ဖုိး ၂၆၀၀၁ က်ပ္ႏွင့္အထက္ျဖစ္ပါကတစ္လီတာတန္ဖုိး ၂၅ ရာခုိင္ႏႈန္းမွ ၁၀ ရာခုိင္ႏႈန္းသို႔ျပင္ဆင္ျပ႒ာန္းရန္လည္း လႊတ္ေတာ္ကိုယ္စားလွယ္ဦးေက်ာ္နီႏုိင္က အႀကံျပဳေဆြးေႏြးခဲ့သည္။

- 

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

 

အရက်ကောင်းကောင်းသောက်မှ နောက်တစ်ရက်ခေါင်း ၂ ဆကြည်မည်ဟု လွှတ်တော်ကိုယ်စားလှယ် ပြော

အရက်ကောင်းကောင်းသောက်မှ နောက်တစ်ရက်ခေါင်း ၂ ဆကြည်မည်ဟု ဥပမာပေးကာ အရက်၊ အခွန်လျှော့ကောက်ရန် စမ်းချောင်းမဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောလိုက်သည်။

စက်တင်ဘာလ ၆ ရက်ကကျင်းပသည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့အစီအစဉ်တွင် ၂၀၁၉ ခုနှစ်ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီးဆွေးနွေးရာတွင် ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။

“ အခွန်ကောက်ခံခြင်းသဘာဝအရ လျှော့ကောက်မှ အခွန်များများရပါမယ်။ အရက်အရည်အသွေး ကောင်းကောင်းသောက်မှ နောက်တစ်နေ့ခေါင်း ၂ ဆကြည်ပါမယ်။ အရက်တစ်လီတာတန်ဖိုး ၁၅၀၀၁ ကျပ်မှအထက်ကို ၁ လီတာတန်ဖိုး၏ ၆၀ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းကောက်ခံသင့်ပါတယ်” ဟု စမ်းချောင်းမဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောသည်။

အရက်အမျိုးမျိုးနှင့် ပတ်သက်ပြီးတစ်လီတာတန်ဖိုး ၁၅၀၀၁ ကျပ်မှအထက်ဆိုပါက ၁ လီတာတန်ဖိုး ၆၀ ရာခိုင်နှုန်းကောက်ခံမည်သည့်အတွက် အခွန်မြင့်မားမှုကြောင့် တင်သွင်းမှုနည်းပါးသွားကာ အခွန်ရလမ်း နည်းပါးသွားပြီး တရားမဝင်တင်သွင်းမှုရှိလာမည်ဖြစ်ကြောင်းလည်း ၎င်းကထည့်သွင်းပြောကြားသည်။

“ တရားမဝင်တင်သွင်းမှုနဲ့အတူကုန်ပစ္စည်းအတုအပတိုးပွားလာပါမယ်။ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သော အခွန်တိုးမြှင့်ရရှိရေး၊ တရားမဝင်ကုန်သွယ်တိုက်ဖျက်ခြင်း၊ ပြည်သူ့ကျန်းမာရေးထိခိုက်မှုလျှော့ချရေးတို့အတွက် ထိခိုက်စေပါတယ်” ဟု ဦးဘိုဘိုဦးက ဆက်ပြောသည်။

အရက်အမျိုးမျိုးတွင် တစ်လီတာတန်ဖိုး ၁၅၀၀၁ ကျပ်ကျော်ပါက ၆၀ ရာခိုင်နှုန်းအစား ၂၆၀၀၁ ကျပ် နှင့်အထက်ကို ၃၀ ရာခိုင်နှုန်း၊ ဘီယာအမျိုးမျိုးအား ၆၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဝိုင်အမျိုးမျိုးတစ်လီတာတန်ဖိုး ၂၆၀၀၁ ကျပ်နှင့်အထက်ဖြစ်ပါကတစ်လီတာတန်ဖိုး ၂၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ပြင်ဆင်ပြဋ္ဌာန်းရန်လည်း လွှတ်တော်ကိုယ်စားလှယ်ဦးကျော်နီနိုင်က အကြံပြုဆွေးနွေးခဲ့သည်။

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။