Skip to main content
mffgdehbdehbdehdeh
Ads Block

YBS မ်ားေပၚတြင္ အမ်ိဳးသမီးမ်ားမဖြယ္မရာျပဳလုပ္ခံရမႈမ်ားကိုကာကြယ္ႏုိင္ရန္ အမ်ိဳးသမီးသီးသန္႔ယာဥ္ ေျပးဆြဲေပးသင့္ဟု ဆို

ခရီးသည္တင္ယာဥ္လိုင္းမ်ားေပၚတြင္ အမ်ဳိးသမီးမ်ားအားမဖြယ္မရာျပဳလုပ္မႈမ်ားကို ကာကြယ္ႏိုင္ရန္ အမ်ဳိးသမီးသီးသန္႔ယာဥ္ ေျပးဆြဲေပးသင့္ေၾကာင္း ရန္ကုန္ေစာင့္ၾကည့္အဖြဲ႔မွဥပေဒပညာရွင္ ေဒါက္တာညိဳညိဳသင္းက ေျပာသည္။

ခရီးသည္တင္ယာဥ္လိုင္းမ်ားေပၚတြင္ အမ်ဳိးသမီးမ်ား မဖြယ္မရာျပဳလုပ္ခံရျခင္းမ်ားႏွင့္ပတ္သက္၍ ယခုကဲ့သို႔ သံုးသပ္ေျပာဆိုျခင္းျဖစ္သည္။

“ အေကာင္းဆုံးကေတာ့ ရုံးတက္ရုံးဆင္းခ်ိန္ေတြမွာ အမ်ဳိးသမီးေတြသာသုံးတဲ့ အမ်ဳိးသမီးသုံး ဘတ္(စ္)ကားေတြတိုးၿပီးေတာ့ ခ်ေပးလိုက္လို႔ရွိရင္ အဲဒီအစီအစဥ္ကေတာ့ အေကာင္းဆုံးပဲေပါ့။ အဲဒါဆိုရင္ အမ်ဳိးသမီးေတြကိုကာကြယ္ၿပီးသားျဖစ္သြားမယ္။ လူထုကလည္း ဒီလိုကိစၥမ်ဳိးေတြကားေတြေပၚမွာ မ်ားျပားေနတာကို သတိျပဳၿပီးသားျဖစ္သြားမယ္။ အစိုးရအေနနဲ႔လည္း ဒီျပႆနာကိုအသိအမွတ္ျပဳရာ ေရာက္တယ္ေပါ့ေနာ္။ အရင္အစိုးရေခတ္တုန္းကေတာ့ ဒီျပႆနာက်ယ္က်ယ္ျပန္႔ျပန္႔ရွိေနတယ္ဆိုတာကို သက္ဆိုင္ရာအာဏာပိုင္ေတြက အသိမွတ္ျပဳမေပးခ်င္ခဲ့ဘူးေလ။ ဒါေၾကာင့္မို႔လို႔ အခုေခတ္မွာကေတာ့ ဒီျပႆနာရဲ႕အတိမ္အနက္က ဒီထက္ပိုၿပီးက်ယ္ျပန္႔လာတာျဖစ္တယ္။ အထူးသျဖင့္ YRTA အေနနဲ႔က ဒါစီစဥ္ေပးသင့္တယ္ေပါ့” ဟု ဥပေဒပညာရွင္ ေဒါက္တာညိဳညိဳသင္းက ေျပာသည္။

rthjertjt

 

အမ်ိဳးသမီးသီးသန္႔ယာဥ္လိုင္းေျပးဆြဲေပးဖို႔ေရးႏွင့္ပတ္သက္ၿပီး ၿပီးခဲ့ေသာ ၂ဝ၁၁ ခုႏွစ္က ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚညိဳညိဳသင္းက မၾကာခဏ တင္ျပခဲ့ဖူးသည္။

ယင္းေနာက္ ၂၀၁၄ ခုႏွစ္၊ ဇြန္လတြင္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္မွခြင့္ျပဳေပးခဲ့ကာ ရန္ကုန္ၿမိဳ႕တြင္း၌ အမ်ိဳးသမီးသီးသန္႔ယာဥ္လိုင္းအျဖစ္ ေျပးဆြဲခဲ့ဖူးေၾကာင္း သိရသည္။

“ အမ်ိဳးသမီးသီးသန္႔ယာဥ္လုိင္းေျပးဆြဲေပးဖို႔ လတ္တေလာမွာ အစီအစဥ္မရွိေသးပါဘူး” ဟု ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔(YRTA) မွ အတြင္းေရးမွဴး ေဒါက္တာေမာင္ေအာင္က ေျပာသည္။

လက္ရွိေျပးဆြဲေနေသာ YBS ယာဥ္လိုင္းတစ္ခုေပၚတြင္ လိင္ပိုင္းဆိုင္ရာေစာ္ကားခံခဲ့ရေၾကာင္း အမ်ိဳးသမီးတစ္ဦးက ၿပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၃ ရက္က ၄င္း၏ Facebook စာမ်က္ႏွာေပၚတြင္ ေဖာ္ျပခဲ့ကာ လူေျပာမ်ားခဲ့ၾကေသးသည္။

“မေန႔က ကြ်န္ေတာ္တို႔စီးသြားတဲ့ ၂၅ ယာဥ္ေပၚမွာလည္း အဲဒီျပႆနာၾကံဳတယ္။ တခ်ဳိ႕အမ်ဳိးသားေတြက လူမဆန္တဲ့အျပဳအမူနဲ႔ ကားေတြေပၚမွာလုပ္တာေတြကို ကိုယ္တိုင္ေတြ႔ရတယ္။ ကိုယ္တိုင္လည္း သိရတယ္။ အဲဒါဟာ လူ႔အဖြဲ႔အစည္းကို ေစာ္ကားရာေရာက္တဲ့လုပ္ရပ္ျဖစ္လို႔ ေနာက္တစ္နည္းေျပာမယ္ဆိုရင္ အမ်ဳိးသမီးေတြရဲ႕ လြတ္လြတ္လပ္လပ္သြားလာလုပ္ကိုင္ခြင့္ကို အေႏွာင့္အယွက္အဟန္႔အတားေစာ္ကားရာ ေရာက္တဲ့အတြက္ ေလာေလာလတ္လတ္မွာ ရာဇသတ္ႀကီးပုဒ္မ-၅၀၉ နဲ႔ ညိွစြန္းတယ္။ ဒါေတြကို ထိထိေရာက္ေရာက္အေရးယူဖို႔လိုတယ္။ ကားေတြမွာလည္း CCTV မွတ္တမ္းေတြရွိတာပဲ။ တခ်ဳိ႕က သက္သက္မဲ့ကိုယုတ္မာတယ္။ အရြယ္သုံးပါးမေရြး အဲဒီလိုလုပ္တာေတြရွိတယ္” ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ေျပာသည္။

ရာဇသတ္ႀကီးပုဒ္မ- ၅၀၉ အရ မည္သူမဆို အမ်ဳိးသမီးတစ္ဦးဦး၏ကာယိေျႏၵကိုေစာ္ကားရန္ၾကံရြယ္၍ ေျပာဆိုျခင္းျပဳသည္တြင္ (သို႔မဟုတ္) အသံျပဳသည္တြင္ (သို႔မဟုတ္) ကိုယ္အမူအရာကိုျပသသည္တြင္ (သို႔မဟုတ္) အရာဝတၳဳတစ္ခုခုကို ျပသည္တြင္ ေျပာဆိုေသာစကားကိုျဖစ္ေစ၊  ျပဳေသာအသံကိုျဖစ္ေစ၊ ထိုအမ်ဳိးသမီးအား ၾကားေစရန္ၾကံရြယ္လွ်င္ (သို႔မဟုတ္) ျပဳေသာကိုယ္အမူအရာကိုျဖစ္ေစ၊ ျပေသာ အရာဝတၳဳကိုျဖစ္ေစ၊ ထိုအမ်ဳိးသမီးအားျမင္ေစရန္ၾကံရြယ္လွ်င္ (သို႔မဟုတ္) ထိုအမ်ဳိး သမီး၏ ကာယိေျႏၵကို ေစာ္ကားရန္ၾကံရြယ္၍ ထိုအမ်ဳိးသမီး၏ဆိတ္ကြယ္ရာသို႔က်ဴးေက်ာ္လွ်င္ ထိုသူကို (၁) ႏွစ္အထိ အလုပ္မဲ့ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ ၂ ရပ္လုံးျဖစ္ေစခ်မွတ္ရမည္ဟု ေဖာ္ျပထားသည္။

ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode Version

 

YBS များပေါ်တွင် အမျိုးသမီးများမဖွယ်မရာပြုလုပ်ခံရမှုများကိုကာကွယ်နိုင်ရန် အမျိုးသမီးသီးသန့်ယာဉ် ပြေးဆွဲပေးသင့်ဟု ဆို

ခရီးသည်တင်ယာဉ်လိုင်းများပေါ်တွင် အမျိုးသမီးများအားမဖွယ်မရာပြုလုပ်မှုများကို ကာကွယ်နိုင်ရန် အမျိုးသမီးသီးသန့်ယာဉ် ပြေးဆွဲပေးသင့်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့မှဥပဒေပညာရှင် ဒေါက်တာညိုညိုသင်းက ပြောသည်။

ခရီးသည်တင်ယာဉ်လိုင်းများပေါ်တွင် အမျိုးသမီးများ မဖွယ်မရာပြုလုပ်ခံရခြင်းများနှင့်ပတ်သက်၍ ယခုကဲ့သို့ သုံးသပ်ပြောဆိုခြင်းဖြစ်သည်။

“ အကောင်းဆုံးကတော့ ရုံးတက်ရုံးဆင်းချိန်တွေမှာ အမျိုးသမီးတွေသာသုံးတဲ့ အမျိုးသမီးသုံး ဘတ်(စ်)ကားတွေတိုးပြီးတော့ ချပေးလိုက်လို့ရှိရင် အဲဒီအစီအစဉ်ကတော့ အကောင်းဆုံးပဲပေါ့။ အဲဒါဆိုရင် အမျိုးသမီးတွေကိုကာကွယ်ပြီးသားဖြစ်သွားမယ်။ လူထုကလည်း ဒီလိုကိစ္စမျိုးတွေကားတွေပေါ်မှာ များပြားနေတာကို သတိပြုပြီးသားဖြစ်သွားမယ်။ အစိုးရအနေနဲ့လည်း ဒီပြဿနာကိုအသိအမှတ်ပြုရာ ရောက်တယ်ပေါ့နော်။ အရင်အစိုးရခေတ်တုန်းကတော့ ဒီပြဿနာကျယ်ကျယ်ပြန့်ပြန့်ရှိနေတယ်ဆိုတာကို သက်ဆိုင်ရာအာဏာပိုင်တွေက အသိမှတ်ပြုမပေးချင်ခဲ့ဘူးလေ။ ဒါကြောင့်မို့လို့ အခုခေတ်မှာကတော့ ဒီပြဿနာရဲ့အတိမ်အနက်က ဒီထက်ပိုပြီးကျယ်ပြန့်လာတာဖြစ်တယ်။ အထူးသဖြင့် YRTA အနေနဲ့က ဒါစီစဉ်ပေးသင့်တယ်ပေါ့” ဟု ဥပဒေပညာရှင် ဒေါက်တာညိုညိုသင်းက ပြောသည်။

အမျိုးသမီးသီးသန့်ယာဉ်လိုင်းပြေးဆွဲပေးဖို့ရေးနှင့်ပတ်သက်ပြီး ပြီးခဲ့သော ၂ဝ၁၁ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက မကြာခဏ တင်ပြခဲ့ဖူးသည်။

ယင်းနောက် ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှခွင့်ပြုပေးခဲ့ကာ ရန်ကုန်မြို့တွင်း၌ အမျိုးသမီးသီးသန့်ယာဉ်လိုင်းအဖြစ် ပြေးဆွဲခဲ့ဖူးကြောင်း သိရသည်။

“ အမျိုးသမီးသီးသန့်ယာဉ်လိုင်းပြေးဆွဲပေးဖို့ လတ်တလောမှာ အစီအစဉ်မရှိသေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

လက်ရှိပြေးဆွဲနေသော YBS ယာဉ်လိုင်းတစ်ခုပေါ်တွင် လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရကြောင်း အမျိုးသမီးတစ်ဦးက ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်က ၎င်း၏ Facebook စာမျက်နှာပေါ်တွင် ဖော်ပြခဲ့ကာ လူပြောများခဲ့ကြသေးသည်။

“မနေ့က ကျွန်တော်တို့စီးသွားတဲ့ ၂၅ ယာဉ်ပေါ်မှာလည်း အဲဒီပြဿနာကြုံတယ်။ တချို့အမျိုးသားတွေက လူမဆန်တဲ့အပြုအမူနဲ့ ကားတွေပေါ်မှာလုပ်တာတွေကို ကိုယ်တိုင်တွေ့ရတယ်။ ကိုယ်တိုင်လည်း သိရတယ်။ အဲဒါဟာ လူ့အဖွဲ့အစည်းကို စော်ကားရာရောက်တဲ့လုပ်ရပ်ဖြစ်လို့ နောက်တစ်နည်းပြောမယ်ဆိုရင် အမျိုးသမီးတွေရဲ့ လွတ်လွတ်လပ်လပ်သွားလာလုပ်ကိုင်ခွင့်ကို အနှောင့်အယှက်အဟန့်အတားစော်ကားရာ ရောက်တဲ့အတွက် လောလောလတ္လတ္မွာေတာ့ ရာဇသတ်ကြီးပုဒ်မ-၅၀၉ နဲ့ ညှိစွန်းတယ်။ ဒါတွေကို ထိထိရောက်ရောက်အရေးယူဖို့လိုတယ်။ ကားတွေမှာလည်း CCTV မှတ်တမ်းတွေရှိတာပဲ။ တချို့က သက်သက်မဲ့ကိုယုတ်မာတယ်။ အရွယ်သုံးပါးမရွေး အဲဒီလိုလုပ်တာတွေရှိတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ရာဇသတ်ကြီးပုဒ်မ- ၅၀၉ အရ မည်သူမဆို အမျိုးသမီးတစ်ဦးဦး၏ကာယိန္ဒြေကိုစော်ကားရန်ကြံရွယ်၍ ပြောဆိုခြင်းပြုသည်တွင် (သို့မဟုတ်) အသံပြုသည်တွင် (သို့မဟုတ်) ကိုယ်အမူအရာကိုပြသသည်တွင် (သို့မဟုတ်) အရာဝတ္ထုတစ်ခုခုကို ပြသည်တွင် ပြောဆိုသောစကားကိုဖြစ်စေ၊  ပြုသောအသံကိုဖြစ်စေ၊ ထိုအမျိုးသမီးအား ကြားစေရန်ကြံရွယ်လျှင် (သို့မဟုတ်) ပြုသောကိုယ်အမူအရာကိုဖြစ်စေ၊ ပြသော အရာဝတ္ထုကိုဖြစ်စေ၊ ထိုအမျိုးသမီးအားမြင်စေရန်ကြံရွယ်လျှင် (သို့မဟုတ်) ထိုအမျိုး သမီး၏ ကာယိန္ဒြေကို စော်ကားရန်ကြံရွယ်၍ ထိုအမျိုးသမီး၏ဆိတ်ကွယ်ရာသို့ကျူးကျော်လျှင် ထိုသူကို (၁) နှစ်အထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေချမှတ်ရမည်ဟု ဖော်ပြထားသည်။

- နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။