Skip to main content
geryheyheh
Ads Block

MCE ဆပ္ျပာစက္ရံုမွထြက္ရွိေသာ ကုန္ပစၥည္းမ်ား၀ယ္ယူမသုံးစြဲရန္ MCE အလုပ္သမားသမဂၢဥကၠ႒ ေျပာ

MCE ဆပ္ျပာစက္ရုံမွ ရိန္းဘုိးအမွတ္တံဆိပ္ကုန္ပစၥည္းမ်ားကုိ ၀ယ္ယူမသုံးစြဲရန္ ျပည္သူမ်ားသုိ႔ေမတၱာရပ္ခံေၾကာင္း MCE စက္ရုံအလုပ္သမားသမဂၢဥကၠ႒ မအိဇင္မုိးက ေျပာသည္။

bnhewgrg

ရန္ကုန္တုိင္းေဒသႀကီးဒဂုံဆိပ္ကမ္းၿမိဳ႕နယ္တြင္ ယေန႔(စက္တင္ဘာလ ၆ ရက္) က MCE ဆပ္ျပာစက္ရုံမွ အလုပ္သမားမ်ားဆႏၵထုတ္ေဖာ္မႈတြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။

gsgsdgsdgsg

“ တုိက္ခုိက္တာေတာ့ မဟုတ္ပါဘူး။ လုပ္ငန္းရွင္ကအခုကြ်န္မတုိ႔ရဲ႕ဒီသပိတ္အေပၚ ဘယ္လုိမွ အေရးမစုိက္တဲ့ပုံျပေနပါတယ္။ သူတုိ႔ရဲ႕ပုံစံက ဒီသပိတ္စခန္းမွာကြ်န္မတုိ႔ ျဖစ္ခ်င္ရာျဖစ္၊ သူတုိ႔လည္း လုပ္ခ်င္ရာလုပ္မယ္ဆုိတဲ့ပုံစံျဖစ္ေနပါတယ္။ ေနာက္အလုပ္သမားအခ်င္းခ်င္းေသြးခြဲတာေတြလည္း တစ္ခုနဲ႔တစ္ခု ဆက္တုိက္ဆုိသလုိလုပ္ေနတယ္။ ေငြသုံးေသာင္းဆီထုတ္ေပးၿပီး အလုပ္သမားအခ်င္းခ်င္း ရန္တုိက္ေပးတာေတြရွိတယ္။ ေနာက္အျပင္ကလူေတြကုိေန႔စားေပါ့။ ပုံမွန္ဆုိ ၄၈၀၀ ေပးတာကုိ ၆၀၀၀ ေပးခုိင္းေနတယ္။ ဒါေတြကုိၾကည္ျခင္းအားျဖင့္ ကြ်န္မတုိ႔ရဲ႕ဒီသပိတ္စခန္းကုိေျပလည္ေအာင္ ေျဖရွင္းခ်င္စိတ္မရွိဘူးဆုိတာ ေပၚလြင္ေနပါတယ္။ ဒါေၾကာင့္ ကြ်န္မတုိ႔ဘက္ကလည္း ဒီသပိတ္စခန္းႀကီးကုိ ေျပလည္ေအာင္ကူညီတဲ့အေနနဲ႔ ရိန္းဘုိးဆပ္ျပာေတြကုိ ၀ယ္ယူအသုံးျပဳမႈမလုပ္ျခင္းျဖင့္ မိဘျပည္သူေတြအေနနဲ႔ ကြ်န္မတုိ႔ကုိတစ္တပ္တစ္အားကူညီရာေရာက္ပါတယ္’’ဟု အလုပ္သမားသမဂၢ ဥကၠ႒ မအိဇင္မုိးက ေျပာသည္။

sgsgsgsgsg

အဆုိပါ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္စက္မႈဇုန္ရွိ MCE ဆပ္ျပာစက္ရုံတြင္ ၀န္ထမ္းေပါင္း ၃၀၀ ဦးေက်ာ္ရွိၿပီး  လက္ရွိစက္ရုံေရွ႕၌ သပိတ္စခန္းဖြင့္လွစ္ထားေသာ ၀န္ထမ္းအင္အားမွာ ၉၀ ဦးခန္႔ရွိေၾကာင္းသိရသည္။

“ သမီးတုိ႔က ၁၃ ခ်က္ေတာင္းထားတာ ၁ ခ်က္ပဲက်န္ေတာ့တယ္။အဲဒီတစ္ခ်က္ပဲမရေသးတာ။ ကြ်မ္းက်င္ေၾကးတစ္ႏွစ္ သုံးေသာင္းေပးဖုိ႔ေပါ့။အခုဆုိအျပင္ကလူေတြ သပိတ္စခန္းကလူေတြကုိ အလုပ္ထုတ္မယ္ေျပာတယ္။ အဲဒီမွာနားေယာင္တဲ့သူကျပန္တယ္။မေယာင္တဲ့သူေတာ့က်န္ေနခဲ့တယ္။ စာေတြလည္းအထဲမွာကပ္ထားတယ္။သက္မွတ္ထားတဲ့ရက္အလုပ္ထဲျပန္၀င္၊ မ၀င္ရင္ အဲဒီလူေတြ အလုပ္ထုတ္လုိက္ၿပီဆုိၿပီးဆုိင္းဘုတ္ေတြကပ္ထားတယ္။ သူတုိ႔သက္မွတ္တဲ့ရက္က ၾသဂုတ္လ ၂၈၊၂၉ ရက္ေပါ့’’ ဟု MCE ဆပ္ျပာစက္ရုံမွ ၀န္ထမ္းတစ္ဦးျဖစ္သူ မသီသီေအာင္က ေျပာသည္။

hey3wtewgbedg

သပိတ္စခန္းကို ၾသဂုတ္လ ၂၂ ရက္တြင္စတင္ဖြင့္လွစ္ခဲ့ၿပီး MCE ဆပ္ျပာစက္ရုံမွ လက္ေထာက္မန္ေနဂ်ာအား အလုပ္မွထုတ္ပယ္ေပးေရး၊ တစ္နွစ္လွ်င္ကြ်မ္းက်င္လုပ္သားေၾကးသုံးေသာင္းေပးေရး၊ အလုပ္ခ်ိန္တြင္ စက္ရုံရွိအပူခ်ိန္ေလွ်ာ့ခ်ေပးေရးတုိ႔ ေတာင္းဆုိခဲ့ျခင္းျဖစ္သည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

MCE ဆပ်ပြာစက်ရုံမှထွက်ရှိသော ကုန်ပစ္စည်းများဝယ်ယူမသုံးစွဲရန် MCE အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ ပြော

MCE ဆပ်ပြာစက်ရုံမှ ရိန်းဘိုးအမှတ်တံဆိပ်ကုန်ပစ္စည်းများကို ဝယ်ယူမသုံးစွဲရန် ပြည်သူများသို့မေတ္တာရပ်ခံကြောင်း MCE စက်ရုံအလုပ်သမားသမဂ္ဂဥက္ကဋ္ဌ မအိဇင်မိုးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးဒဂုံဆိပ်ကမ်းမြို့နယ်တွင် ယနေ့(စက်တင်ဘာလ ၆ ရက်) က MCE ဆပ်ပြာစက်ရုံမှ အလုပ်သမားများဆန္ဒထုတ်ဖော်မှုတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

“ တိုက်ခိုက်တာတော့ မဟုတ်ပါဘူး။ လုပ်ငန်းရှင်ကအခုကျွန်မတို့ရဲ့ဒီသပိတ်အပေါ် ဘယ်လိုမှ အရေးမစိုက်တဲ့ပုံပြနေပါတယ်။ သူတို့ရဲ့ပုံစံက ဒီသပိတ်စခန်းမှာကျွန်မတို့ ဖြစ်ချင်ရာဖြစ်၊ သူတို့လည်း လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ပုံစံဖြစ်နေပါတယ်။ နောက်အလုပ်သမားအချင်းချင်းသွေးခွဲတာတွေလည်း တစ်ခုနဲ့တစ်ခု ဆက်တိုက်ဆိုသလိုလုပ်နေတယ်။ ငွေသုံးသောင်းဆီထုတ်ပေးပြီး အလုပ်သမားအချင်းချင်း ရန်တိုက်ပေးတာတွေရှိတယ်။ နောက်အပြင်ကလူတွေကိုနေ့စားပေါ့။ ပုံမှန်ဆို ၄၈၀၀ ပေးတာကို ၆၀၀၀ ပေးခိုင်းနေတယ်။ ဒါတွေကိုကြည်ခြင်းအားဖြင့် ကျွန်မတို့ရဲ့ဒီသပိတ်စခန်းကိုပြေလည်အောင် ဖြေရှင်းချင်စိတ်မရှိဘူးဆိုတာ ပေါ်လွင်နေပါတယ်။ ဒါကြောင့် ကျွန်မတို့ဘက်ကလည်း ဒီသပိတ်စခန်းကြီးကို ပြေလည်အောင်ကူညီတဲ့အနေနဲ့ ရိန်းဘိုးဆပ်ပြာတွေကို ဝယ်ယူအသုံးပြုမှုမလုပ်ခြင်းဖြင့် မိဘပြည်သူတွေအနေနဲ့ ကျွန်မတို့ကိုတစ်တပ်တစ်အားကူညီရာရောက်ပါတယ်’’ဟု အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မအိဇင်မိုးက ပြောသည်။

အဆိုပါ ဒဂုံဆိပ်ကမ်းမြို့နယ်စက်မှုဇုန်ရှိ MCE ဆပ်ပြာစက်ရုံတွင် ဝန်ထမ်းပေါင်း ၃၀၀ ဦးကျော်ရှိပြီး  လက်ရှိစက်ရုံရှေ့၌ သပိတ်စခန်းဖွင့်လှစ်ထားသော ဝန်ထမ်းအင်အားမှာ ၉၀ ဦးခန့်ရှိကြောင်းသိရသည်။

“ သမီးတို့က ၁၃ ချက်တောင်းထားတာ ၁ ချက်ပဲကျန်တော့တယ်။အဲဒီတစ်ချက်ပဲမရသေးတာ။ ကျွမ်းကျင်ကြေးတစ်နှစ် သုံးသောင်းပေးဖို့ပေါ့။အခုဆိုအပြင်ကလူတွေ သပိတ်စခန်းကလူတွေကို အလုပ်ထုတ်မယ်ပြောတယ်။ အဲဒီမှာနားယောင်တဲ့သူကပြန်တယ်။မယောင်တဲ့သူတော့ကျန်နေခဲ့တယ်။ စာတွေလည်းအထဲမှာကပ်ထားတယ်။သက်မှတ်ထားတဲ့ရက်အလုပ်ထဲပြန်ဝင်၊ မဝင်ရင် အဲဒီလူတွေ အလုပ်ထုတ်လိုက်ပြီဆိုပြီးဆိုင်းဘုတ်တွေကပ်ထားတယ်။ သူတို့သက်မှတ်တဲ့ရက်က သြဂုတ်လ ၂၈၊၂၉ ရက်ပေါ့’’ ဟု MCE ဆပ်ပြာစက်ရုံမှ ဝန်ထမ်းတစ်ဦးဖြစ်သူ မသီသီအောင်က ပြောသည်။

သပိတ်စခန်းကို သြဂုတ်လ ၂၂ ရက်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး MCE ဆပ်ပြာစက်ရုံမှ လက်ထောက်မန်နေဂျာအား အလုပ်မှထုတ်ပယ်ပေးရေး၊ တစ်နှစ်လျှင်ကျွမ်းကျင်လုပ်သားကြေးသုံးသောင်းပေးရေး၊ အလုပ်ချိန်တွင် စက်ရုံရှိအပူချိန်လျှော့ချပေးရေးတို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)


 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။