Skip to main content
n bdfdeherg
Ads Block

မႏၱေလးတကၠသိုလ္ပါေမာကၡခ်ဳပ္အား စစ္ေဆးေရးအဖြဲ႔ျဖင့္ စစ္ေဆးမည္

ႏုိင္ငံေတာ္သမၼတညႊန္ၾကားခ်က္ကိုခ်ိဳးေဖာက္ၿပီး တင္ဒါေပးခဲ့သည္ဟုတုိင္ၾကားခံရသည့္ မႏၱေလးတကၠသိုလ္ ပါေမာကၡခ်ဳပ္ကို ဌာနတြင္းစစ္ေဆးမႈမ်ားျပဳလုပ္ရန္ စစ္ေဆးေရးအဖြဲ႔ ဖြဲ႔စည္းထားၿပီျဖစ္ေၾကာင္း သိရသည္။

မႏၱေလးတကၠသိုလ္ပါေမာကၡခ်ဳပ္ ေဒါက္တာသီတာဝင္းသည္ ႏုိင္ငံေတာ္သမၼတညႊန္ၾကားခ်က္အား ခ်ိဳးေဖာက္ၿပီး  ၎ႏွင့္ ရင္းႏွီးကၽြမ္းဝင္သည့္ လုပ္ငန္းရွင္အား Food Court လုပ္ပိုိင္ခြင့္ေပးထားသည့္ ကိစၥအား ျပင္းထန္စြာအေရးယူေပးရန္ ပညာေရးဝန္ႀကီးဌာနသို႔တင္ျပခဲ့ျခင္းႏွင့္ပတ္သက္ၿပီး ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးကလက္မွတ္ထုိးကာ စစ္ေဆးေရးအဖြဲ႔ ဖြဲ႔စည္းေပးလုိက္ျခင္း ျဖစ္ေၾကာင္းသိရသည္။

ewrgregsre

 

“ မႏၱေလးတကၠသိုလ္ပါေမာကၡခ်ဳပ္ကိုစစ္ေဆးဖုိ႔ကေတာ့ ဟုတ္ပါတယ္။ အဖြဲ႔ဖြဲ႔စည္းေပးလုိက္တာပါ။ ဒုဝန္ႀကီးေခါင္းေဆာင္ၿပီး မနက္ျဖန္စစစ္မွာပါ” ဟု စစ္ေဆးေရးအဖြဲ႔တြင္ပါဝင္သည့္ အဖြဲ႔ဝင္- ၁ ေဒါက္တာမ်ိဳးညႊန္႔က ေျပာသည္။

စစ္ေဆးေရးအဖြဲ႔တြင္ဥကၠ႒အျဖစ္ ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္း၊ အဖြဲ႔ဝင္- ၁ အျဖစ္ ဦးမ်ိဳးညႊန္႔ ညႊန္ၾကားေရးမွဴးခ်ဳပ္ ျမန္မာႏုိင္ငံစာစစ္ဦးစီးဌာန၊ အဖြ႔ဲဝင္- ၂ အျဖစ္ ေမာ္လၿမိဳင္ တကၠသိုလ္ပါေမာကၡခ်ဳပ္ ေဒါက္တာေအာင္ေက်ာ္စိန္ပါဝင္သည့္ စစ္ေဆးေရးအဖြဲ႔ကို စက္တင္ဘာလ ၅ ရက္ ရက္စြဲျဖင့္ဖြဲ႔စည္းလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

vvdqwfqefqe

“ စံုစမ္းစစ္ေဆးေရးအဖြဲ႔က တကယ္ကို မွန္မွန္ကန္ကန္ မွ်မွ်တတေဆာင္ရြက္မွာလား။ အရင္လုိ အေယာင္ျပပဲလားဆုိတာ ေစာင့္ၾကည့္ဖုိ႔လိုအပ္တယ္။ ေလာေလာဆယ္ေတာ့ စစ္ေဆးတာေတာ့မရွိေတာ့ဘူး။ လက္ရွိကေတာ့သပိတ္ဆက္ေမွာက္ေနတုန္းပါ။ ကၽြန္မတုိ႔ေတာင္းဆုိခ်က္ေတြမရမခ်င္းေတာ့ သပိတ္အရွိန္ျမွင့္ သြားဖုိ႔ရွိပါတယ္” ဟု မႏၱေလးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ ဥကၠ႒ေဟာင္း မယမင္းသူကေျပာသည္။

စစ္ေဆးေတြ႔ရွိခ်က္အစီရင္ခံစာကို စစ္ေဆးေရးအဖြဲ႔အေနျဖင့္ စက္တင္ဘာလ ၁၆ ရက္ထက္ ေနာက္မက်ေစဘဲ ပညာေရးဝန္ႀကီးဌာနဝန္ႀကီးရုံးသို႔ တင္ျပရမည္ဟု ပညာေရး၀န္ႀကီးဌာနမွျပည္ေထာင္စုဝန္ႀကီးက ညႊန္ၾကားထားေၾကာင္း သိရသည္။

Food Court လုပ္ပိုိင္ခြင့္ေပးထားသည့္ကိစၥႏွင္ပတ္သက္ၿပီး မႏၱေလးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢအေနျဖင့္ စက္တင္ဘာလ ၄ ရက္မွစတင္ကာ ပင္မေဆာင္မ်က္ႏွာစာတြင္ သပိတ္ဖြင့္လွစ္ကာ သပိတ္ေမွာက္ေနျခင္းျဖစ္သည္။

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

 

မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်အား စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးမည်

နိုင်ငံတော်သမ္မတညွှန်ကြားချက်ကိုချိုးဖောက်ပြီး တင်ဒါပေးခဲ့သည်ဟုတိုင်ကြားခံရသည့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ကို ဌာနတွင်းစစ်ဆေးမှုများပြုလုပ်ရန် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားပြီဖြစ်ကြောင်း သိရသည်။

မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းသည် နိုင်ငံတော်သမ္မတညွှန်ကြားချက်အား ချိုးဖောက်ပြီး  ၎င်းနှင့် ရင်းနှီးကျွမ်းဝင်သည့် လုပ်ငန်းရှင်အား Food Court လုပ်ပိုင်ခွင့်ပေးထားသည့် ကိစ္စအား ပြင်းထန်စွာအရေးယူပေးရန် ပညာရေးဝန်ကြီးဌာနသို့တင်ပြခဲ့ခြင်းနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကလက်မှတ်ထိုးကာ စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

“ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ကိုစစ်ဆေးဖို့ကတော့ ဟုတ်ပါတယ်။ အဖွဲ့ဖွဲ့စည်းပေးလိုက်တာပါ။ ဒုဝန်ကြီးခေါင်းဆောင်ပြီး မနက်ဖြန်စစစ်မှာပါ” ဟု စစ်ဆေးရေးအဖွဲ့တွင်ပါဝင်သည့် အဖွဲ့ဝင်- ၁ ဒေါက်တာမျိုးညွှန့်က ပြောသည်။

စစ်ဆေးရေးအဖွဲ့တွင်ဥက္ကဋ္ဌအဖြစ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အဖွဲ့ဝင်- ၁ အဖြစ် ဦးမျိုးညွှန့် ညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ အဖွ့ဲဝင်- ၂ အဖြစ် မော်လမြိုင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ကျော်စိန်ပါဝင်သည့် စစ်ဆေးရေးအဖွဲ့ကို စက်တင်ဘာလ ၅ ရက် ရက်စွဲဖြင့်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ စုံစမ်းစစ်ဆေးရေးအဖွဲ့က တကယ်ကို မှန်မှန်ကန်ကန် မျှမျှတတဆောင်ရွက်မှာလား။ အရင်လို အယောင်ပြပဲလားဆိုတာ စောင့်ကြည့်ဖို့လိုအပ်တယ်။ လောလောဆယ်တော့ စစ်ဆေးတာတော့မရှိတော့ဘူး။ လက်ရှိကတော့သပိတ်ဆက်မှောက်နေတုန်းပါ။ ကျွန်မတို့တောင်းဆိုချက်တွေမရမချင်းတော့ သပိတ်အရှိန်မြှင့် သွားဖို့ရှိပါတယ်” ဟု မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း မယမင်းသူကပြောသည်။

စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို စစ်ဆေးရေးအဖွဲ့အနေဖြင့် စက်တင်ဘာလ ၁၆ ရက်ထက် နောက်မကျစေဘဲ ပညာရေးဝန်ကြီးဌာနဝန်ကြီးရုံးသို့ တင်ပြရမည်ဟု ပညာရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားကြောင်း သိရသည်။

Food Court လုပ်ပိုင်ခွင့်ပေးထားသည့်ကိစ္စနှင်ပတ်သက်ပြီး မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအနေဖြင့် စက်တင်ဘာလ ၄ ရက်မှစတင်ကာ ပင်မဆောင်မျက်နှာစာတွင် သပိတ်ဖွင့်လှစ်ကာ သပိတ်မှောက်နေခြင်းဖြစ်သည်။

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။