Skip to main content
bsdfbdfs
Ads Block

ရန္ကုန္ၿမိဳ႕ပတ္ကားလုိင္းတြင္ Scania ကားမ်ားအသံုးျပဳေျပးဆြဲေပးသြားမည္

ရန္ကုန္ၿမိဳ႕ပတ္ကားလုိင္းတြင္ Scania ကားမ်ားအသံုးျပဳကာ ယခု ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ေနာက္ဆံုးထားကာ ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔မွ တြဲဖက္အတြင္းေရးမွဴး ဦးလွေအာင္က ေျပာသည္။

bsbsbsdf

YRTA ရံုးခ်ဳပ္တြင္ က်င္းပခဲ့သည့္ YRTA ေဆာင္ရြက္ခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါအတိုင္းေျပာၾကားျခင္းျဖစ္သည္။

“ ၿမိဳ႕ပတ္ကားသီးသန္႔ေျပးဆြဲဖို႔အတြက္ လမ္းေၾကာင္းေတြလည္း ကြင္းဆင္းေလ့လာၿပီးၿပီ။ ကုမၸဏီဘက္ကလည္း ဒီလေနာက္ဆံုးအပတ္ထားၿပီး ေျပးဆြဲေပးမယ္လို႔ တင္ျပလာတယ္။ သူတို႔ေျပးဆြဲတဲ့အခါမွာ ကိုယ္ပိုင္ယာဥ္ရပ္နားဝင္းရွိဖို႔လိုတယ္။ အဲဒီအတြက္လည္း ျပင္ဆင္ေနတယ္။ Scania ကားေတြျဖစ္တဲ့အတြက္ အျပင္မွာ ရပ္ထားလို႔မရဘူး။ သူ႔အတြက္ ယာဥ္ရပ္နားဝင္းသီးသန္႔ရွိမွရမယ္”ဟု ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔မွ တြဲဖက္အတြင္းေရးမွဴး ဦးလွေအာင္က ေျပာသည္။

.cgmzd

ေျပးဆြဲမည့္ YBS ၿမိဳ႕ပတ္၏ ခရီးစဥ္လမ္းေၾကာင္းမွာ ေအာင္မဂၤလာအေဝးေျပး-အမွတ္(၃) လမ္းမႀကီး- (၆) ေကြ႔-သုဓမၼာလမ္း-ေဝဇယႏၱာလမ္း- ပါရမီမီးပြိဳင့္- ပါရမီလမ္း- ေဘလီထိပ္-သံသုမာလမ္း- စံျပေစ်း- ျပည္ေထာင္စုခံုးေက်ာ္တံတား- သံသုမာလမ္း(သုဝဏၰ)-ၾကက္ဘဲေစ်း- သမိန္ဗရမ္းလမ္း- အထက္ပုဇြန္ေတာင္လမ္း-(၅၁) လမ္းထိပ္- ဗိုလ္တေထာင္ဘုရားလမ္း- ကမ္းနားလမ္း- ၾကည့္ျမင္တိုင္ကမ္းနားလမ္း-ဘုရင့္ေနာင္လမ္း- ဘုရင္ေနာင္လမ္းဆံု- သမိုင္းဘူတာရံုလမ္း- သမိုင္းလမ္းဆံု- က်ိဳက္ဝိုင္းဘုရားလမ္း-(၈) မိုင္- ကမာၻေအးဘုရားလမ္း-နဝေဒး- အုတ္ပံုဆိပ္လမ္း- သုဓမၼာလမ္း-(၆) ေကြ႔- အမွတ္(၃) လမ္းမႀကီး- ေအာင္မဂၤလာတြင္ ျပန္လည္ဂိတ္ဆံုးမည္ျဖစ္ေၾကာင္း သိရသည္။

ယာဥ္စီးခႏႈန္းထားအျဖစ္ ခရီးစဥ္တစ္ပိုင္းလွ်င္ ၅၀၀ က်ပ္၊ ခရီးစဥ္အစ/အဆံုး ၁၀၀၀ က်ပ္သတ္မွတ္ထားၿပီး ယာဥ္အစီးေရ ၃၉ စီးျဖင့္ ေျပးဆြဲသြားမည္ျဖစ္ကာ မွတ္တိုင္ေပါင္း (၆၇) ခု ရပ္နားသြားမည္ျဖစ္ေၾကာင္း သိရသည္။

 

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

 

ရန်ကုန်မြို့ပတ်ကားလိုင်းတွင် Scania ကားများအသုံးပြုပြေးဆွဲပေးသွားမည်

 

ရန်ကုန်မြို့ပတ်ကားလိုင်းတွင် Scania ကားများအသုံးပြုကာ ယခု ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးထားကာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

YRTA ရုံးချုပ်တွင် ကျင်းပခဲ့သည့် YRTA ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

“ မြို့ပတ်ကားသီးသန့်ပြေးဆွဲဖို့အတွက် လမ်းကြောင်းတွေလည်း ကွင်းဆင်းလေ့လာပြီးပြီ။ ကုမ္ပဏီဘက်ကလည်း ဒီလနောက်ဆုံးအပတ်ထားပြီး ပြေးဆွဲပေးမယ်လို့ တင်ပြလာတယ်။ သူတို့ပြေးဆွဲတဲ့အခါမှာ ကိုယ်ပိုင်ယာဉ်ရပ်နားဝင်းရှိဖို့လိုတယ်။ အဲဒီအတွက်လည်း ပြင်ဆင်နေတယ်။ Scania ကားတွေဖြစ်တဲ့အတွက် အပြင်မှာ ရပ်ထားလို့မရဘူး။ သူ့အတွက် ယာဉ်ရပ်နားဝင်းသီးသန့်ရှိမှရမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

ပြေးဆွဲမည့် YBS မြို့ပတ်၏ ခရီးစဉ်လမ်းကြောင်းမှာ အောင်မင်္ဂလာအဝေးပြေး-အမှတ်(၃) လမ်းမကြီး- (၆) ကွေ့-သုဓမ္မာလမ်း-ဝေဇယန္တာလမ်း- ပါရမီမီးပွိုင့်- ပါရမီလမ်း- ဘေလီထိပ်-သံသုမာလမ်း- စံပြဈေး- ပြည်ထောင်စုခုံးကျော်တံတား- သံသုမာလမ်း(သုဝဏ္ဏ)-ကြက်ဘဲဈေး- သမိန်ဗရမ်းလမ်း- အထက်ပုဇွန်တောင်လမ်း-(၅၁) လမ်းထိပ်- ဗိုလ်တထောင်ဘုရားလမ်း- ကမ်းနားလမ်း- ကြည့်မြင်တိုင်ကမ်းနားလမ်း-ဘုရင့်နောင်လမ်း- ဘုရင်နောင်လမ်းဆုံ- သမိုင်းဘူတာရုံလမ်း- သမိုင်းလမ်းဆုံ- ကျိုက်ဝိုင်းဘုရားလမ်း-(၈) မိုင်- ကမ္ဘာအေးဘုရားလမ်း-နဝဒေး- အုတ်ပုံဆိပ်လမ်း- သုဓမ္မာလမ်း-(၆) ကွေ့- အမှတ်(၃) လမ်းမကြီး- အောင်မင်္ဂလာတွင် ပြန်လည်ဂိတ်ဆုံးမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်စီးခနှုန်းထားအဖြစ် ခရီးစဉ်တစ်ပိုင်းလျှင် ၅၀၀ ကျပ်၊ ခရီးစဉ်အစ/အဆုံး ၁၀၀၀ ကျပ်သတ်မှတ်ထားပြီး ယာဉ်အစီးရေ ၃၉ စီးဖြင့် ပြေးဆွဲသွားမည်ဖြစ်ကာ မှတ်တိုင်ပေါင်း (၆၇) ခု ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

 

 

 

 

 

 

 

 

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။