Skip to main content
vsbdfnhdjnj
Ads Block

ကမၻာ့ေရႊေစ်းႏွင့္ေဒၚလာေစ်းက်ဆင္းၿပီး မူဆယ္ကားလမ္းျပန္လည္ပြင့္သြားပါက ျမန္မာ့ေရႊေစ်း က်ဆင္းလာႏိုင္ဟု ဆို

ကမၻာ႔ေရႊေစ်းနွင့္အေမရိကန္ေဒၚလာေစ်းက်ကာ မူဆယ္ကားလမ္းျပန္ပြင့္သြားပါက ျမန္မာ့ေရႊေစ်း က်ဆင္းသြားႏုိင္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီးေရႊလုပ္ငန္းရွင္အသင္းဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာသည္။

b sfdbsdsv

ရန္ကုန္ၿမိဳ႕ရွိ ေရႊလုပ္ငန္းရွင္အသင္းရုံးခန္းတြင္ စက္တင္ဘာလ ၄ ရက္ကက်င္းပေသာ သတင္းစာရွင္းလင္းပြဲတြင္ ယင္းကဲ့သို႔ေျပာျခင္းျဖစ္သည္။

“ ဘဏ္ေကာလာဟလေၾကာင့္ရယ္၊ ေနာက္မူဆယ္ကားလမ္းပိတ္တာရယ္ အဲဒါေတြက ေလာေလာဆယ္ျပသနာေပါ့။ ေနာက္ ကမၻာ႔ေရႊေစ်းလည္းက်သြားမယ္။ ေဒၚလာေစ်းလည္းက်သြားမယ္။ မူဆယ္လမ္းလည္းျပန္ဖြင့္လုိက္မယ္ဆုိရင္ေတာ့ ေရႊေစ်းက၀ုန္းဆုိျပန္ျပဳတ္က်သြားမယ္” ဟု ရန္ကုန္တုိင္းေဒသႀကီးေရႊလုပ္ငန္းရွင္အသင္းဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာသည္။

vfasfvsfvwfw

စက္တင္ဘာ ၄ရက္၊ မနက္ပုိင္း အကယ္ဒမီမီးလင္းေရႊအဖြင့္ေစ်းမွာ ၁၂၇၈၀၀၀ က်ပ္ျဖစ္ၿပီး ကမၻာ႔ေရႊေစ်းမွာ တစ္ေအာင္စလွ်င္ ၁၅၄၂ေဒၚလာ ၊ ျပည္တြင္းေဒၚလာေငြလဲလွယ္ေစ်းနႈန္းမွာတစ္ေဒၚလာလွ်င္ ၁၅၃၁ က်ပ္ ျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ၾသဂုတ္လေနာက္ဆုံးအပတ္မွစတင္ကာ ေျမာက္ပုိင္းမဟာမိတ္ပူးေပါင္းအဖြဲ႔၏ တုိက္ခုိက္မႈမ်ားေၾကာင့္ ရွမ္းျပည္နယ္အတြင္းတုိက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး မူဆယ္ကုန္သြယ္ေရးလမ္းမ်ားလည္း ပိတ္ဆုိ႔ခဲ့ေၾကာင္း သိရသည္။

hjdeddhndhn

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

ကမ္ဘာ့ရွှေဈေးနှင့်ဒေါ်လာဈေးကျဆင်းပြီး မူဆယ်ကားလမ်းပြန်လည်ပွင့်သွားပါက မြန်မာ့ရွှေဈေး ကျဆင်းလာနိုင်ဟု ဆို

ကမ္ဘာ့ရွှေဈေးနှင့်အမေရိကန်ဒေါ်လာဈေးကျကာ မူဆယ်ကားလမ်းပြန်ပွင့်သွားပါက မြန်မာ့ရွှေဈေး ကျဆင်းသွားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ndndg

ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းရှင်အသင်းရုံးခန်းတွင် စက်တင်ဘာလ ၄ ရက်ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။

“ ဘဏ်ကောလာဟလကြောင့်ရယ်၊ နောက်မူဆယ်ကားလမ်းပိတ်တာရယ် အဲဒါတွေက လောလောဆယ်ပြသနာပေါ့။ နောက် ကမ္ဘာ့ရွှေဈေးလည်းကျသွားမယ်။ ဒေါ်လာဈေးလည်းကျသွားမယ်။ မူဆယ်လမ်းလည်းပြန်ဖွင့်လိုက်မယ်ဆိုရင်တော့ ရွှေဈေးကဝုန်းဆိုပြန်ပြုတ်ကျသွားမယ်” ဟု ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

စက်တင်ဘာ ၄ရက်၊ မနက်ပိုင်း အကယ်ဒမီမီးလင်းရွှေအဖွင့်ဈေးမှာ ၁၂၇၈၀၀၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၅၄၂ဒေါ်လာ ၊ ပြည်တွင်းဒေါ်လာငွေလဲလှယ်ဈေးနှုန်းမှာတစ်ဒေါ်လာလျှင် ၁၅၃၁ ကျပ် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော သြဂုတ်လနောက်ဆုံးအပတ်မှစတင်ကာ မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ရှမ်းပြည်နယ်အတွင်းတိုက်ပွဲများဖြစ်ပွားခဲ့ပြီး မူဆယ်ကုန်သွယ်ရေးလမ်းများလည်း ပိတ်ဆို့ခဲ့ကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။