Skip to main content
bsdbsdbds
Ads Block

မုိးညွင္းဒီဂရီေကာလိပ္ကို တကၠသုိလ္အျဖစ္အဆင့္တုိးျမွင့္မည္

ကခ်င္ျပည္နယ္၊ မုိးညွင္းၿမိဳ႕နယ္ရွိ မုိးညွင္းဒီဂရီေကာလိပ္ကို တကၠသုိလ္အျဖစ္ အဆင့္တုိးျမင့္ေပးမည္ ျဖစ္ေၾကာင္း ပညာေရး၀န္ႀကီးဌာနမွ ဒုတိယ၀န္ႀကီး ဦး၀င္းေမာ္ထြန္းကေျပာသည္။

စက္တင္ဘာလ ၅ ရက္ကက်င္းပသည့္ ဒုတိယအႀကိမ္အမ်ိဳးသားလႊတ္ေတာ္ ၁၃ ႀကိမ္ေျမာက္ ပုံမွန္အစည္းအေ၀း၊ ၁၇ ရက္ေျမာက္အစီအစဥ္တြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။

bgwerwergrwe

 “ကြ်န္ေတာ္တုိ႔ပညာေရး၀န္ႀကီးဌာနအေနျဖင့္ မုိးညွင္းဒီဂရီေကာလိပ္ကုိတကၠသုိလ္အဆင့္တုိးျမင့္ျခင္းျဖင့္ လက္ရွိပညာသင္ယူေနၾကေသာ တုိင္းရင္းသားလူငယ္မ်ားေဒသအက်ိဳးျပဳ၊ ႏုိင္ငံအက်ိဳးျပဳ အသိပညာရွင္မ်ား၊ အတတ္ပညာရွင္မ်ားပုိမုိေပၚထြန္းလာေစရန္ ရည္ရြယ္ၿပီးမုိးညွင္းဒီဂရီေကာလိပ္အားတကၠသုိလ္အျဖစ္ အဆင့္တုိးျမင့္ေဆာင္ရြက္ရာမွာလုိအပ္တဲ့ အခ်က္အလက္မ်ားတဲ့ အဆုိျပဳဖြဲ႔စည္းပုံ၊ ေဒသရွိလူဦးေရ၊ စာရင္းတက္မယ့္ေက်ာင္းသား၊တုိးလာမယ့္ေက်ာင္းသား ဒါေတြျပဳစုေနပါတယ္။ ဒါေတြလုပ္ၿပီးရင္ေတာ့ တကၠသုိလ္အျဖစ္ဖြင့္လွစ္ႏုိင္ေရးဆက္လက္ေဆာင္ရြက္သြားမွာျဖစ္ပါတယ္’’ဟု ပညာေရး၀န္ႀကီးဌာနမွ ဒုတိယ၀န္ႀကီး ဦး၀င္းေမာ္ထြန္းကေျပာသည္။

gvwawvgfe

မုိးညွင္းဒီဂရီေကာလိပ္တြင္ လက္ရွိ၌ ေက်ာင္းသား၊ ေက်ာင္းသူဦးေရ ၂၃၃၂ ဦး ေန႔ေက်ာင္းတက္ေရာက္ေနကာ အေ၀းသင္အျဖစ္ ေက်ာင္းသား၊ ေက်ာင္းသူဦးေရ ၄၈၆၀ ဦးတက္ေရာက္ေနေၾကာင္း သိရသည္။

မုိးညွင္းဒီဂရီေကာလိပ္ကို ၂၀၀၃ ခုႏွစ္တြင္စတင္ဖြင့္လွစ္ခဲ့ၿပီး လက္ရွိတစ္ႏုိင္ငံလုံးတြင္ တကၠသုိလ္ ဒီဂရီေကာလိပ္ေပါင္း ၁၀၀ ေက်ာ္ႏွင့္ပညာေရးေကာလိပ္ဒီဂရီေကာလိပ္ေပါင္း ၂၅ ခုရွိေၾကာင္းသိရသည္။

မုိးညွင္းၿမိဳ႕နယ္သည္ ယခင္ကတုိက္နယ္ျဖစ္ၿပီး ၂၀၀၄ ခုႏွစ္တြင္သီးျခားခရုိင္ျဖစ္လာခဲ့ၿပီး ၁၉၆ စတုရန္းမုိင္ က်ယ္၀န္းကာ ေက်းရြာအုပ္စု ၂၄ ခုတြင္ ၅၅၈၁၉ ဦးေနထုိင္ၾကေၾကာင္းသိရသည္။

vsdvdvvdsd

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

မိုးညှင်းဒီဂရီကောလိပ်ကို တက္ကသိုလ်အဖြစ်အဆင့်တိုးမြှင့်မည်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ မိုးညှင်းဒီဂရီကောလိပ်ကို တက္ကသိုလ်အဖြစ် အဆင့်တိုးမြင့်ပေးမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကပြောသည်။

စက်တင်ဘာလ ၅ ရက်ကကျင်းပသည့် ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ၁၇ ရက်မြောက်အစီအစဉ်တွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

 “ကျွန်တော်တို့ပညာရေးဝန်ကြီးဌာနအနေဖြင့် မိုးညှင်းဒီဂရီကောလိပ်ကိုတက္ကသိုလ်အဆင့်တိုးမြင့်ခြင်းဖြင့် လက်ရှိပညာသင်ယူနေကြသော တိုင်းရင်းသားလူငယ်များဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု အသိပညာရှင်များ၊ အတတ်ပညာရှင်များပိုမိုပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီးမိုးညှင်းဒီဂရီကောလိပ်အားတက္ကသိုလ်အဖြစ် အဆင့်တိုးမြင့်ဆောင်ရွက်ရာမှာလိုအပ်တဲ့ အချက်အလက်များတဲ့ အဆိုပြုဖွဲ့စည်းပုံ၊ ဒေသရှိလူဦးရေ၊ စာရင်းတက်မယ့်ကျောင်းသား၊တိုးလာမယ့်ကျောင်းသား ဒါတွေပြုစုနေပါတယ်။ ဒါတွေလုပ်ပြီးရင်တော့ တက္ကသိုလ်အဖြစ်ဖွင့်လှစ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ဟု ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကပြောသည်။

မိုးညှင်းဒီဂရီကောလိပ်တွင် လက်ရှိ၌ ကျောင်းသား၊ ကျောင်းသူဦးရေ ၂၃၃၂ ဦး နေ့ကျောင်းတက်ရောက်နေကာ အဝေးသင်အဖြစ် ကျောင်းသား၊ ကျောင်းသူဦးရေ ၄၈၆၀ ဦးတက်ရောက်နေကြောင်း သိရသည်။

မိုးညှင်းဒီဂရီကောလိပ်ကို ၂၀၀၃ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတစ်နိုင်ငံလုံးတွင် တက္ကသိုလ် ဒီဂရီကောလိပ်ပေါင်း ၁၀၀ ကျော်နှင့်ပညာရေးကောလိပ်ဒီဂရီကောလိပ်ပေါင်း ၂၅ ခုရှိကြောင်းသိရသည်။

မိုးညှင်းမြို့နယ်သည် ယခင်ကတိုက်နယ်ဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင်သီးခြားခရိုင်ဖြစ်လာခဲ့ပြီး ၁၉၆ စတုရန်းမိုင် ကျယ်ဝန်းကာ ကျေးရွာအုပ်စု ၂၄ ခုတွင် ၅၅၈၁၉ ဦးနေထိုင်ကြကြောင်းသိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။