Skip to main content
z x dvadvadv
Ads Block

ရခုိင္ျပည္နယ္၌ တကၠသုိလ္၀င္တန္းစာေမးပြဲေအာင္ခ်က္ျမင့္မားေရး ဘာသာရပ္ေဆြးေႏြးပြဲမ်ားစီစဥ္ထားဟု ဆို

ရခုိင္ျပည္နယ္ရွိအေျခခံပညာေက်ာင္းမ်ား တကၠသုိလ္၀င္တန္းစာေမးပြဲေအာင္ခ်က္ျမင့္မားရန္ ဘာသာရပ္ေဆြးေႏြးပြဲမ်ားစီစဥ္ထားေၾကာင္း ပညာေရး၀န္ႀကီးဌာနမွဒုတိယ၀န္ႀကီး ဦး၀င္းေမာ္ထြန္းက ေျပာသည္။

စက္တင္ဘာလ ၅ ရက္ကက်င္းပေသာ ဒုတိယအႀကိမ္အမ်ိဳးသားလႊတ္ေတာ္ ၁၃ ႀကိမ္ေျမာက္ ပုံမွန္အစည္းအေ၀း ၁၇ ရက္ေျမာက္ေန႔တြင္ ယင္းကဲ့သို႔ေျပာျခင္းျဖစ္သည္။

vavava

 

“ ေအာင္ခ်က္က်တာကရာခုိင္နႈန္းသာက်တာပါ။ ဦးေရကမက်ပါဘူး။ ကြ်န္ေတာ္တုိ႔အေနနဲ႔ တစ္ေက်ာင္းခ်င္း၊ တစ္ဘာသာခ်င္း၊ ျမန္မာစာမွာဘယ္ႏွစ္ဦးက်လဲ။ အဂၤလိပ္စာမွာဘယ္ေက်ာင္းကက်လဲ။ သခ်ၤာမွာ ဘယ္ႏွစ္ဦးက်လဲ။ ဘယ္ၿမိဳ႕နယ္ကက်လဲ။ တစ္ဦးခ်င္းအေသးစိတ္အခ်က္အလက္ေတြရရွိထားၿပီးျဖစ္ပါတယ္။ ေအာင္ခ်က္နည္းရျခင္းအေၾကာင္းကုိေတာ့ ေသခ်ာျပဳစုၿပီးျဖစ္ပါတယ္။ေအာင္ခ်က္ျမင့္မားေရးအတြက္ ရည္စူးၿပီးေတာ့ ကြ်န္ေတာ္တုိ႔အေျခခံပညာဦးစီးဌာနအေနနဲ႔ စစ္ေတြတကၠသုိလ္နဲ႔ပူးေပါင္းၿပီးလာမယ့္ ေအာက္တုိ္ဘာလနဲ႔ ႏုိ၀င္ဘာလမ်ားမွာ ဘာသာရပ္ေဆြးေႏြးပြဲေတြက်င္းပျပဳလုပ္ဖုိ႔စီစဥ္ထားပါတယ္။ ႏုိ၀င္ဘာလကစၿပီး ျပည္နယ္ပညာေရးမွဴးရုံးကအႀကိဳစစ္ေဆးျခင္းမ်ားကုိ ေလ့က်င့္ေျဖဆုိျခင္းမ်ားျပဳလုပ္ပါမယ္။ ရရွိတဲ့ေအာင္ခ်က္ရာခုိင္နႈန္းမ်ားကုိလည္း ျပည္နယ္အဆင့္ဆင့္သုိ႔တင္ျပေစပါမယ္။ အဲဒီမွာအားနည္းေနရင္ အဲဒီေက်ာင္းမ်ားကုိေခၚယူေတြ႔ဆုံၿပီး ေအာင္ျမင္ေသာေက်ာင္းသား၊ ေက်ာင္းသူမ်ားျဖစ္လာေစေရးအတြက္ နည္းလမ္းရွာၿပီးေဆာင္ရြက္မွာျဖစ္ပါတယ္”ဟု ပညာေရး၀န္ႀကီးဌာနမွဒုတိယ၀န္ႀကီး ဦး၀င္းေမာ္ထြန္းက ေျပာသည္။

absgbs

 

ရခုိင္ျပည္နယ္သည္တကၠသုိလ္၀င္တန္းေအာင္ခ်က္အနိမ့္ပါးဆုံးအျဖစ္ ၅ ႏွစ္ဆက္တုိက္ ရပ္တည္ေနရသည့္ အေၾကာင္းအရင္းသိလုိျခင္းႏွင့္လာမည့္ ၂၀၂၀ ေအာင္ခ်က္ျမင့္မားရန္မည္သုိ႔ေဆာင္ရြက္ထားသည္ကုိ သိရွိလုိျခင္းေမးခြန္းကို ရခုိင္ျပည္နယ္ မဲဆႏၵနယ္အမွတ္- ၁၁ မွ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚထုေမက ေမးျမန္းရာတြင္ ယင္းကဲ့သို႔ေျဖၾကားေပးျခင္းျဖစ္သည္။

လက္ရွိစာရင္းမ်ားအရ ရခုိင္ျပည္နယ္တြင္ အထက္တန္းေက်ာင္း ၁၇၄ ေက်ာင္း၊ အထက္တန္းေက်ာင္းခြဲေပါင္း ၂၂၄ ေက်ာင္း၊  အလယ္တန္းေက်ာင္းေပါင္း ၂၁၈ ေက်ာင္း၊ အလယ္တန္းေက်ာင္းခြဲေပါင္း ၃၀၄ ေက်ာင္း၊ မူလတန္းလြန္ေက်ာင္း ၇၀၈ ေက်ာင္း၊ မူလတန္းေက်ာင္းေပါင္း ၁၃၇၂ ေက်ာင္း ၊ေက်ာင္းခြဲ ၂၈၀ ေက်ာင္း ဖြင့္လွစ္သင္ၾကားေနေၾကာင္းသိရသည္။

ပညာေရး၀န္ထမ္းမ်ားအေနျဖင့္ အထက္တန္းျပ ၂၃၅၂ ဦး၊အထက္တန္းေက်ာင္းသား၊ ေက်ာင္းသူ ၄၃၉၂၀ ဦး ရွိေၾကာင္း သိရသည္။

herhe

 

ၿပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္တကၠသုိလ္၀င္စာေမးပြဲတြင္ ရခုိင္ျပည္နယ္မွေျဖဆုိသူ ၄၀၁၈၀ ဦးရွိသည့္အနက္ ေအာင္ျမင္သူ ၈၆၂၀ ဦး ျဖင့္ ေအာင္ခ်က္ ၂၀ ဒႆမ ၄၅ ရာခုိင္နႈန္းရွိၿပီး ၂၀၁၉ ခုႏွစ္ တကၠသုိလ္၀င္စာေမးပြဲတြင္ ေျဖဆုိသူ ၄၂၄၁၆ ဦး၊ ေအာင္ျမင္သူ ၁၀၁၆၅ ဦး၊ ေအာင္ခ်က္ ၂၃ ဒႆမ ၉၇ ရာခုိင္ႏႈန္းရွိေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

ရခိုင်ပြည်နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲများစီစဉ်ထားဟု ဆို

ရခိုင်ပြည်နယ်ရှိအခြေခံပညာကျောင်းများ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မားရန် ဘာသာရပ်ဆွေးနွေးပွဲများစီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။

စက်တင်ဘာလ ၅ ရက်ကကျင်းပသော ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့တွင် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။

“ အောင်ချက်ကျတာကရာခိုင်နှုန်းသာကျတာပါ။ ဦးရေကမကျပါဘူး။ ကျွန်တော်တို့အနေနဲ့ တစ်ကျောင်းချင်း၊ တစ်ဘာသာချင်း၊ မြန်မာစာမှာဘယ်နှစ်ဦးကျလဲ။ အင်္ဂလိပ်စာမှာဘယ်ကျောင်းကကျလဲ။ သင်္ချာမှာ ဘယ်နှစ်ဦးကျလဲ။ ဘယ်မြို့နယ်ကကျလဲ။ တစ်ဦးချင်းအသေးစိတ်အချက်အလက်တွေရရှိထားပြီးဖြစ်ပါတယ်။ အောင်ချက်နည်းရခြင်းအကြောင်းကိုတော့ သေချာပြုစုပြီးဖြစ်ပါတယ်။အောင်ချက်မြင့်မားရေးအတွက် ရည်စူးပြီးတော့ ကျွန်တော်တို့အခြေခံပညာဦးစီးဌာနအနေနဲ့ စစ်တွေတက္ကသိုလ်နဲ့ပူးပေါင်းပြီးလာမယ့် အောက်တိုဘာလနဲ့ နိုဝင်ဘာလများမှာ ဘာသာရပ်ဆွေးနွေးပွဲတွေကျင်းပပြုလုပ်ဖို့စီစဉ်ထားပါတယ်။ နိုဝင်ဘာလကစပြီး ပြည်နယ်ပညာရေးမှူးရုံးကအကြိုစစ်ဆေးခြင်းများကို လေ့ကျင့်ဖြေဆိုခြင်းများပြုလုပ်ပါမယ်။ ရရှိတဲ့အောင်ချက်ရာခိုင်နှုန်းများကိုလည်း ပြည်နယ်အဆင့်ဆင့်သို့တင်ပြစေပါမယ်။ အဲဒီမှာအားနည်းနေရင် အဲဒီကျောင်းများကိုခေါ်ယူတွေ့ဆုံပြီး အောင်မြင်သောကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရေးအတွက် နည်းလမ်းရှာပြီးဆောင်ရွက်မှာဖြစ်ပါတယ်”ဟု ပညာရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။

ရခိုင်ပြည်နယ်သည်တက္ကသိုလ်ဝင်တန်းအောင်ချက်အနိမ့်ပါးဆုံးအဖြစ် ၅ နှစ်ဆက်တိုက် ရပ်တည်နေရသည့် အကြောင်းအရင်းသိလိုခြင်းနှင့်လာမည့် ၂၀၂၀ အောင်ချက်မြင့်မားရန်မည်သို့ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းမေးခွန်းကို ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်- ၁၁ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက မေးမြန်းရာတွင် ယင်းကဲ့သို့ဖြေကြားပေးခြင်းဖြစ်သည်။

လက်ရှိစာရင်းများအရ ရခိုင်ပြည်နယ်တွင် အထက်တန်းကျောင်း ၁၇၄ ကျောင်း၊ အထက်တန်းကျောင်းခွဲပေါင်း ၂၂၄ ကျောင်း၊  အလယ်တန်းကျောင်းပေါင်း ၂၁၈ ကျောင်း၊ အလယ်တန်းကျောင်းခွဲပေါင်း ၃၀၄ ကျောင်း၊ မူလတန်းလွန်ကျောင်း ၇၀၈ ကျောင်း၊ မူလတန်းကျောင်းပေါင်း ၁၃၇၂ ကျောင်း ၊ကျောင်းခွဲ ၂၈၀ ကျောင်း ဖွင့်လှစ်သင်ကြားနေကြောင်းသိရသည်။

ပညာရေးဝန်ထမ်းများအနေဖြင့် အထက်တန်းပြ ၂၃၅၂ ဦး၊အထက်တန်းကျောင်းသား၊ ကျောင်းသူ ၄၃၉၂၀ ဦး ရှိကြောင်း သိရသည်။

ပြီးခဲ့သော ၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ရခိုင်ပြည်နယ်မှဖြေဆိုသူ ၄၀၁၈၀ ဦးရှိသည့်အနက် အောင်မြင်သူ ၈၆၂၀ ဦး ဖြင့် အောင်ချက် ၂၀ ဒဿမ ၄၅ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ ၄၂၄၁၆ ဦး၊ အောင်မြင်သူ ၁၀၁၆၅ ဦး၊ အောင်ချက် ၂၃ ဒဿမ ၉၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။