Skip to main content
nrdnrdrt
Ads Block

“၂၀၀၈ ဖြဲ႔စည္းပံုကို မျပင္ရင္ တိုင္းျပည္က ဒီအတိုင္း ဆက္သြားမွာပဲ” အေ၀းေရာက္ညြန္႔ေပါင္း အစိုးရအဖြဲ႔ ၀န္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာစိန္၀င္းႏွင့္ ေတြ႔ဆံုေမးျမန္းျခင္း


၁၉၉၀ ေရြးေကာက္ပြဲ ရလဒ္အေပၚ အဲဒီအခ်ိန္ တပ္မေတာ္ အစိုးရရဲ႕ အသိအမွတ္မျပဳခဲ့တဲ့အတြက္ တိုင္းျပည္ရဲ႕ အေျခအေနဟာ ဆိုးရြားတဲ့ အေျခကို ေရာက္သြားခဲ့ရတာ အားလံုး လက္ခံထားရမယ့္ အရာပါ။ ေရြးေကာက္ပြဲ ရလဒ္ကို အသိအမွတ္ျပဳၿပီး အာ ဏာလႊဲေပးပါ့မယ္ဆိုတဲ့ ကတိက၀တ္ ေျပာင္ေျပင္တင္းတင္း ခ်ိဳးေဖာက္ခဲ့တဲ့ေနာက္မွာေတာ့ ၉၀ ေရြးေကာက္ပြဲ အႏိုင္ရ အခ်ိဳ႕ ဟာ ျမန္မာျပည္ ဒီမိုကေရစီ ခရီးၾကမ္းကို တိုက္ပြဲ၀င္ဖို႔ ျပည္ပကို ထြက္ခြာခဲ့တဲ့လမ္းကို ေရြးခဲ့ၾကပါတယ္။

gphgp[


အဲဒီအထဲမွာေတာ့ ပဲခူးတိုင္း ေဒသႀကီး၊ ျပည္ခရိုင္၊ ေပါက္ေခါင္းၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ စိန္၀င္းလည္း တစ္ေယာက္အပါအ၀င္ ျဖစ္ပါတယ္။ ေဒါက္တာစိန္၀င္းပါတယ္။  ၁၉၉၁ ခုႏွစ္မွာ ၁၉၉၀ ခုႏွစ္၊ ေရြးေကာက္ပြဲ အႏိုင္ရ ကိုယ္စား လွယ္ ၁၁ ဦးနဲ႔ ျပည္ေထာင္စုျမန္မာႏိုင္ငံ အမ်ိဳးသားညြန္႕ေပါင္းအစုိးရအဖြဲ႕(National Coalition Government of The Union of Burma-NCGUB )အျဖစ္ စင္ၿပိဳင္အစိုးရကို ဖြဲ႕စည္းခဲ့ၿပီး ၀န္ႀကီးခ်ဳပ္ရာထူးျဖင့္ ေဆာင္ရြက္ခဲ့သူျဖစ္ပါတယ္။ ဒီအေ၀းေရာက္ ညြန္ေပါင္းအစိုးရအဖြဲ႔ကို  စစ္အစိုးရက အၾကမ္းဖက္အဖြဲ႔အျဖစ္ သတ္မွတ္ခဲ့သလို ေဆြမ်ိဳးေတာ္စပ္သူေတြကုိလည္း မတရားအ သင္း ဆက္သြယ္သူ အျဖစ္သတ္ မွတ္ခဲ့ပါတယ္။
အစိုးရအေျပာင္းအလဲျဖစ္သည့္ သမၼတ ဦးသိန္းစိန္အစိုးရ လက္ထက္ ၂၀၁၂ ခုႏွစ္မွာေတာ့ ေဒါက္တာ စိန္၀င္း ဦးေဆာင္တဲ့  ျပည္ေထာင္စုျမန္မာႏိုင္ငံ အမ်ိဳးသားညြန္႕ေပါင္းအစုိးရအဖြဲ႕(National Coalition Government of The Union of Burma-NCGUB ) တရား၀င္ ဖ်က္သိမ္းခဲ့ၿပီး  ၂၀၁၈ ခုႏွစ္၊ ဇြန္ ၈ ရက္မွာ သူတို႔ရဲ႕ စင္ၿပိဳင္အစိုးရကို မတရားအသင္းသတ္မွထားရာမွ ဖ်က္သိမ္းေပးခဲ့ပါတယ္။

tjrjrtj


လက္ရိွအခ်ိန္မွာေတာ့ ၀န္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာစိန္၀င္းဟာ ျပည္ေတာ္ျပန္လာၿပီျဖစ္တဲ့အတြက္ လက္ရိွ ျမန္မာ့ ႏိုင္ငံေရး အခင္းအက်င္းနဲ႔ ေရွ႕အလားအလာေတြ၊ သူလႈပ္ရွားေဆာင္ရြက္သြားမယ့္ ႏိုင္ငံေရးလႈပ္ရွားေဆာင္ရြက္မႈအေျခအေနေတြအေပၚ အကုန္သိသတင္းဌာနက ေတြ႔ဆံု ေမးျမန္းျဖစ္ခဲ့ပါတယ္။
ေမး။    ။ ပထမဆံုးအေနနဲ႔ အန္ကယ္ ျမန္မာျပည္ ျပန္လာတဲ့ဆီက စခ်င္ပါတယ္။ အန္ကယ္အေနနဲ႔ ျမန္မာ ျပည္ ျပန္လာရတဲ့ ေမွ်ာ္လင့္ခ်က္က ဘာျဖစ္မလဲ။ ဘယ္လို ေမွ်ာ္လင့္ခ်က္နဲ႔ ျပန္လာျဖစ္တာလဲဆို သိခ်င္ပါ တယ္။
ေျဖ။    ။ ဟုတ္ကဲ့။ ဘာေၾကာင့္ ျပန္လာလဲ၊ ဒီေလာက္ၾကာေနၿပီ အျပင္ဘက္မွာ။ ဘာ့ေၾကာင့္ ဒီေလာက္ၾကာ ေနလဲ အျပင္ ဘက္မွာ ဆိုတဲ့ ေမးခြန္းေတါကေတာ့ ရိွတယ္။ (၁) အခ်က္ကေတာ့ ကၽြန္ေတာ္တို႔ ဘာ့ေၾကာင့္ အျပင္ေရာက္ေနလဲ။ လူတိုင္း လူတိုင္းမွာ ၊ အျပင္ေရာက္တဲ့ လူတိုင္းမွာေတာ့ သူ႔ရဲ႕ အေၾကင္းတရားရိွတယ္။ ကၽြန္ေတာ္တို႔ကေတာ့ NCGUB ဆိုတဲ့ အေ၀း ေရာက္ ညြန္႔ေပါင္းအစိုးရ ဖြဲ႔ဖို႔အတြက္ဆိုၿပီး အျပင္ေရာက္လာတာ။ ဒီအေ၀းေရာက္အစိုးရကလည္း ဘာနဲ႔ ဆက္စပ္လဲဆိုေတာ့ ၁၉၉၀ ေရြးေကာက္ပြဲနဲ႔ ဆက္စပ္တယ္။ ၁၉၉၀ ေရြးေကာက္ပြဲကလည္း ဘာနဲ႔ ဆက္စပ္လည္းဆိုေတာ့ ရွစ္ဆယ့္ရွစ္ ေက်ာင္း သား၊ ျပည္သူလူထုေတြရဲ႕ ဆႏၵျပပြဲ ေတြနဲ႔ ဆက္စပ္တယ္။ အဲဒီအခ်ိန္ပဲ ဗိုလ္ခ်ဳပ္မွဴးႀကီး ေစာေမာင္က ခင္ဗ်ားတို႔ ေအးေအး ေဆးေဆး ေနၾကပါ။ က်ဳပ္တို႔ ေရြးေကာ္ပြဲ လုပ္ေပးမယ္။ ေရြးေကာက္ပြဲၿပီးရင္ က်ဳပ္တို႔ စစ္တန္းလ်ားျပန္မယ္။ စစ္တန္း လ်ားျပန္ ၿပီးရင္ အေျခခံ ဥပေဒကိုဆြဲဖို႔ဆိုတာ က်ဳပ္တို႔တာ၀န္မဟုတ္ဘူး။ႏိုင္တဲ့ ပါတီက ကမကထ လုပ္ၿပီး ဆြဲပါလို႔ ေျပာတာ။ အဲဒါကို ဘယ္ႏွစ္ခု မွန္သလဲ။ 

jjjj


အဲဒါေၾကာင့္ ကၽြန္ေတာ္တို႔က ထြက္လာတာ။ မဟုတ္ရင္ ထြက္စရာအေၾကာင္း မရိွဘူး။ အဲဒီတုန္းက ေရြး ေကာက္ပြဲႏိုင္တဲ့ NLD ကို သူေျပာတဲ့အတိုင္း အပ္လိုက္ရင္ ျပႆနာမရိွဘူး။ ဒါ ကၽြန္ ေတာ့အျမင္။ တကယ္ လည္း အဲဒီအတိုင္း ျဖစ္လာမယ္လို႔ ကၽြန္ ေတာ္ ယံုၾကည္ခဲ့တာ။ ဘာေၾကာင့္ ကၽြန္ေတာ္ တို႔ အျပင္ထြက္လာလဲ၊ ဘာေၾကာင့္ ကၽြန္ေတာ္တို႔ အၾကာႀကီးေနလဲဆိုေတာ့ ေနာက္ေရြးေကာက္ပြဲ တစ္ခု မလာဘူးဗ်။ မလာဘဲနဲ႔ ကိုယ့္ဟာကိုယ္ ဆက္ၿပီး နာမည္ယူထားတဲ့အစိုးရပဲ။ ျပည္သူလူထုက တင္ ေျမွာက္တာ မဟုတ္ဘူး။ အဲဒါ ဘယ္ ေလာက္ၾကာ သြားလဲ။ အခုအခ်ိန္မွာေတာ့ ေရြးေကာက္ပြဲက ၂ ခုရိွသြားၿပီ။ အခ်ိဳ႕အ ေျပာင္း အလဲေတြရိွတယ္။ ကၽြန္ေတာ္တို႔ ရဲေဘာ္ရဲဘက္ေတြလည္း ျပန္ၾကတယ္ေပါ့။ ကၽြန္ေတာ္တို႔ အားရ ေက်နပ္ေလာက္တဲ့ အေျပာင္း အလဲေတာ့ မဟုတ္ဘူး။ သို႔ေသာ္ အေျပာင္းအလဲေတြေတာ့ ရိွတယ္။
ေနာက္ၿပီးေတာ့ ကၽြန္ေတာ္တို႔က ဟိုတစ္ခ်ိန္တုန္းက ကိုယ္စားလွယ္ေတာ္အလုပ္ လုပ္ရတယ္ဗ်။ ျပည္တြင္းမွာ ဘာေတြျဖစ္ေန လဲ။ ေဒၚေအာင္ဆန္းစုၾကည္ကို ဘယ္လို အက်ယ္ခ်ဳပ္နဲ႔ ထားသလဲ။ ျပည္တြင္းက ဒီေလာက္ မပြင့္ဘူး။ အဲဒီေတာ့ ႏိုင္ငံတကာ ကလည္း သိခ်င္တယ္။ ကၽြန္ေတာ္တို႔ကလည္း ေျပာခ်င္တယ္။ အဲဒီေတာ့ ကၽြန္ ေတာ္တို႔က အစိုးရတင္မကဘူး။ ကိုယ္စားလွယ္ လို ေျပာတယ္။ အခုပြင့္သြားတဲ့အခ်ိန္မွာ ဒါေတြဟာ ရွင္းရွင္း ေျပာရင္ေတာ့ အလုပ္မျဖစ္ဘူးေပါ့ဗ်ာ။ အဲဒီေတာ့ အလုပ္မရိွတာလဲ ပါတယ္။ ၀င္မရႈပ္ခ်င္တာလည္းပါမယ္ေပါ့။ ကၽြန္ေတာ္တို႔ ဒီအခ်ိန္ဒီအခါမွာ ဒါေတြ လိုအပ္တယ္ဆိုတဲ့အေပၚ ၾကည့္ၿပီး အလုပ္ လုပ္တာ။ အဲဒါေၾကာင့္ မို႔လို႔ NCGUB ကို ဖ်က္သိမ္းလိုက္တယ္။ ဖ်က္သိမ္းၿပီးရင္ ကၽြန္ေတာ္တို႔ ျပန္တယ္။ ကိုယ့္တိုင္းျပည္ကိုယ္ ျပန္ခ်င္တာ ပဲဗ်။ အတူးသျဖင့္ ႏွစ္ေပါင္းဒီေလာက္ၾကာလာေတာ့ ရဲေဘာ္ရဲဖက္ေတြနဲ႔ ေတြ႔ခ်င္တယ္။ ေဆြမ်ိဳးသားခ်င္ေတြနဲ႔ ေတြ႔ ခ်င္တယ္။ တိုင္းျပည္ကိုလည္း ျပန္ျမင္ခ်င္တယ္။ ေနာက္ဘာလုပ္မလဲဆိုတာကေတာ့ ေနာင္ခါလာ ေနာင္ခါေစ်းေပါ့ေနာ္။ အရင္ ဆံုးကေတာ့ အဲဒါ ျဖစ္ခ်င္တယ္။ အဲဒါေၾကာင့္ ႀကိဳးစားတယ္။ ျပန္လာတယ္။

mfmfrmrr


ေမး။    ။ ျပန္လာဖို႔ ႀကိဳးစားတဲ့အခါမွာေရာ ဘယ္လို အခက္အခဲေတြ ရိွခဲ့လဲ။
ေျဖ။    ။ အဲဒါက အခက္အခဲတင္မကဘူး။ ပံုစံေတြ က်ဳပ္တို႔ မႀကိဳက္တာေတြ အမ်ားႀကီးရိွတယ္ဗ်။ ဟုတ္ၿပီ အခု တပ္ကလည္း အေရြ႕နဲ႔။ NLD ကလည္း အေရြ႕နဲ႔ က်န္တဲ့ လူေတြကလည္း အေရြ႕နဲ႔ ညိွၾကတဲ့အခ်ိန္ တိုင္းျပည္ေကာင္းေအာင္ ဘယ္လို လုပ္မ လဲ။ အရင္တုန္းကဟာေတြေတာ့ ခင္ဗ်ားတို႔ သိပ္မေျပာၾကနဲ႔ဗ်ာ။ အဲဒီလို ျဖစ္ရမွာ။ သို႔ေသာ္လည္းပဲ ျပန္ၾကည္လိုက္တဲ့ အခါက် ေတာ့ အျပင္ကလူေတြ ေျပာတာေတါဆိုတာေတြ ကၽြန္ေတာ္ နားေထာင္လို႔ ၾကားတယ္။ အတြင္းကေန မႀကိဳဆိုဘူးတဲ့။ လာ ၾက ပါ။ ခင္ဗ်ားတို႔ အျပင္မွာ ႏွစ္ေပါင္း မ်ားစြာအၾကာႀကီးေနခဲ့တာ။ ခင္ဗ်ားတို႔ အေတြ႔အႀကံဳေတြရိွတယ္။ က်ဳပ္တို႔အတူတြဲလုပ္ရ ေအာင္ဆိုတာမ်ိဳး ႀကိဳဆိုတာ မရိွဘူး။ အသိအမွတ္မျပဳတဲ့အဆင့္ေလာက္ေရာက္ေနတယ္လို႔ ေျပာတယ္။ ဒါမေကာင္းဘူးဗ်။ ကၽြန္ ေတာ့္အတြက္ မဟုတ္ပါဘူး။ အျပင္ဘက္က လုပ္တဲ့လူေတြကလည္း အျပင္ကိစၥ လုပ္ခဲ့တာပဲ။ အတြင္း မွာလည္း အတြင္း ကိစၥ ေတြေပါ့။ ဘာအတြက္ လုပ္လဲ။ ဒီမိုကေရစီအတြက္ လုပ္တာ။ တိုင္းျပည္ ျပဳျပင္ ေရး အတြက္ လုပ္တာ။ ကိုယ္က်ိဳးအတြက္ လုပ္ တာမဟုတ္ဘူး။ အဲဒီေတာ့ ဒီလို တစ္ေယာက္နဲ႔ တစ္ေယာက္ သဟဇာတမျဖစ္တာ မေကာင္းဘူးဗ်။ 
ကၽြန္ေတာ္ ျပန္ေျပမယ္။ ဘာျဖစ္သလဲဆိုတာကို။ ဗီဇာေတြ ပံုစံအမ်ိဳးမ်ိဳးရိွတယ္။ ျပန္လာတဲ့ သူေတြက ဗမာပဲ။ ဒါေပမဲ့ ႏိုင္ငံျခား သား ခံယူထားတဲ့လူေတြကို အလည္အပတ္ဗီဇာနဲ႔ ျပန္လာခြင့္ျပဳတယ္။ ခင္ဗ်ား ဧည့္သည္ပဲ ျမန္မာႏိုင္သားမဟုတ္ဘူး။ ဒီအခြင့္ ေရး ဒီအခြင့္ေရးေတြေတာ့ ရိွတယ္။ အိုေခ၊ ျပန္တဲ့သူကလည္း ျပန္။ ဒါေပမဲ့ ဆိုရွယ္ဗီဇာက်ေတာ့ ၾကပ္ပီဗ်။ ခင္ဗ်ားတို႔လည္း သိတယ္။ က်ဳပ္တို႔လည္း သိတယ္။ ၾကပ္ၿပီ။ မလိုအပ္တာ ေတြ လည္း အမ်ားႀကီးရိွတယ္။ အဲဒီလို ၾကပ္တာကို ကၽြန္ေတာ္က မႀကိဳက္ဘူး။ ဟုတ္ပါတယ္။ လိုအပ္တဲ့ဟာေတြ လုပ္ပါ။ ဒါေပမဲ့ မလိုအပ္ဘဲနဲ႔ ခင္ဗ်ားတို႔ ဒါ မလုပ္ရဘူး။ လုပ္မွာမွ မဟုတ္တာ။ လုပ္ရင္လည္း မေက်နပ္ရင္ ျပန္လႊတ္လိုက္ေပါ့။ ႏိုင္ငံေရး မလုပ္ရဘူး။ ျပန္သြားတဲ့ သူေတြက ႏိုင္ငံေရးသမားေတြ။ ရယ္ျဖဴဂ်ီ သမားေတြ။ ဒီလူေတြက ႏိုင္ငံေရးလုပ္လို႔ အဲဒီအေျခအေနေရာက္တာ။ ရိုးရိုးတန္းတန္းဆို မေရာက္ဘူး။ 
ႏိုင္ငံေရး လုပ္တဲ့ သူေတြ ျပန္သြားရင္ ႏိုင္ငံေရးမလုပ္ပါဘူးဆိုတာကို လက္မွတ္ထိုးပါဆိုေတာ့ ႀကိဳက္ပါ့မလား။ ကၽြန္ေတာ္တို႔က ေျပာတာ ခင္ဗ်ားတို႔ အဲဒီလိုမလုပ္ပါနဲ႔။ ေနာက္တစ္ခါ ဥပေဒတစ္ခု ထြက္လာရင္ မ်က္စိမိွတ္ခ်င္မိွတ္လို႔ရ ေအာင္ လို႔ ဥပေဒေတြ ကလည္း တစ္မ်ိဳးပဲ။ LA ကတစ္မ်ိဳး၊ ဟိုကတစ္မ်ိဳး ဒီကတစ္မ်ိဳး။ သံရံုးေတြအေနနဲ႔ ဒီလို မလုပ္ပါနဲ႔ ။အခုေခာတ္ႀကီးမွာ ၀က္ဆိုဒ္ ကေန အတိအလင္း ေၾကညာ။ ဒါမလိုေတာ့ဘူး၊ ဒါလိုတယ္။ ဒါကို ဖ်က္ပစ္လိုက္ၿပီ။ ကၽြန္ေတာ္တို႔ အဲဒါေတြလည္း ရင္ဆိုင္ရ ေတာ့ ကၽြန္ေတာ္တို႔ အခ်ိန္ေတြ ၾကာတယ္။ ေနာက္ပိုင္းမွာ ဗမာျပည္ သားခံယူဖို႔ ကိစၥ ကၽြန္ေတာ္တို႔ လုပ္တယ္။ ဗမာျပည္သား အသစ္ည္း မဟုတ္ဘူး။ အေဟာင္းလည္း မဟုတ္ဘူး။ ကၽြန္ေတာ့္ အင္တာဗ်ဴး ဖတ္ၾကည့္။ မိုးမခမွာ။ 
ဗမာျပည္သားဟာ ဗမာျပည္သားပဲ။ အဲဒီမွာလည္း ၾကာတာပဲ။ တစ္ခုခုေရးလိုက္တယ္ဆိုရင္ အထက္ကို တင္ရ မယ္ဆိုရင္ အထက္က ဘာမွန္းလည္းမသိဘူး။ ဘယ္ေတာ့ ျပန္ၿပီး အေျဖရမလဲဆိုတာလည္း မသိဘူး။ ဒါမ်ိဳးမ ျဖစ္သင့္ဘူးဗ်ာ။ အထူး သျဖင့္ေတာ့ သံရံုးေတြဟာ ဗမာ ျပည္သူျပည္သားေတြကို ျပည္ပမွာေနတဲ့ ျပည္သူေတြ ကို ကူညီဖို႔ သူတို႔မွာ တာ၀န္ရိွတယ္ဗ်။ အခုက ကူညီတာထက္ ညွစ္သလို ျဖစ္ေနတယ္။ အဲဒီဟာမွာ အခ်ိန္ေတြ ၾကာခဲ့တယ္။ အခုေတာ့ ၿပီးသြားၿပီေပါ့ဗ်ာ။ သူတို႔က ဟိုဟာျပန္အပ္ ဒီဟာျပန္အပ္။ ကမန္ေတာ္တို႔ မအပ္ႏိုင္ဘူး။

,mgt,mgtmfgtv


ေမး။    ။ျပည္တြင္း ျပန္ေရာက္ေတာ့ေရာ ဘာေတြ လႈပ္ရွားေနလဲ။ ျမန္မာႏိုင္ငံသားခံယူဖို႔ ကိစၥကအစ ဘာေတြ လႈပ္ရွားေနလဲ။
ေျဖ။    ။ အဲဒါကေတာ့ တစ္ဦးခ်င္းလႈပ္ရွားၾက။ ကၽြန္ေတာ္ေတာ့ မပါဘူး။ ပါေတာ့ ပါတယ္ေပါ့ဗ်ာ။ ကၽြန္ေတာ္တို႔ ဘယ္လို လႈပ္ ရွားလဲ။ ဆန္႔က်င္လဲ။ ဆန္႔က်င္တယ္လို႔ေျပာရမွာေပါ့ဗ်ာ။ မတရားတဲ့ အာဏာေတြကိုေတာ့ ကၽြန္ေတာ္တို႔ လက္ခံလို႔မရဘူး။ ခုဏ က ေျပာသလိုေပါ့၊ ဆိုရွယ္ဗီဇာမွာ ႏိုင္ငံေရးမလုပ္ရဘူးလို႔ လက္မွတ္ထိုးခိုင္းရင္ ကၽြန္ေတာ္တို႔ လက္မွတ္မထိုးႏိုင္ဘူး။ သေဘာ က၊ သူတို႔ ဗဇာေပးေပး မေပးေပးေပါ့ဗ်ာ။ ဒါမ်ိဳးေတြ လုပ္ရမယ္ဗ်။ တစ္ေယာက္တည္းေတာ့ လုပ္လို႔မေကာင္းဘူး။ အမ်ားက လုပ္ ရမွာ။ 
ေမး။    ။ လက္ရိွ ျမန္မာ့ ႏိုင္ငံေရးအေျခအေနအေနေပၚမွာရာ ဘယ္လိုျမင္လဲ။ ျပည္ပမွာ ေရာက္ေနတုန္းကနဲ႔ အခု ျပန္ေရာက္ လာၿပီးမွ အေျခအေနေတြအေပၚ ဘယ္လို ရႈျမင္သံုးသပ္ခ်င္လဲ။
ေျဖ။    ။ ေက်နပ္စရာေတာ့ မရိွဘူးဗ်။ ခင္ဗ်ားတို႔ ေက်နပ္လားေတာ့ မသိဘူး။ ေႏွးတယ္လို႔လည္း ခံစားရ တယ္။ မဟုတ္တဲ့ ေနရာမွၾ အလုပ္မ်ားေနတယ္လို႔လည္း ခံစားရတယ္။ ဥပမာ ကၽြန္ေတာ့ ကိစၥဆိုရင္ေပါ့ေနာ္။ ဒီေလာက္ၾကာဖို႔ မလိုဘူးေပါ့ေနာ္။ တစ္ခ်ိဳ႕ အလုပ္လုပ္တဲ့ ေနရာမွာ လက္ရိွ NLD ကေတာ့ အေရးယူတယ္ဗ်။ အေရးယူတယ္။ အဂတိ ကိစၥေတြ ဘာေတြမွာ အေရးယူတယ္။ လြတ္သြားတာေတြလည္း ရိွတယ္။ အကုန္လံုး အေရးယူတာ မဟုတ္ဘူး။  ဒါေပမဲ့လို႔ ခင္ဗ်ားတို႔ရဲ႕ တာ၀န္က ဒါတစ္ခုတည္းတင္ မဟုတ္ဘူး။ တျခားဟာလည္း ေထာက္ျပရမယ္။ ဒီျပင္ဟာ ေထာက္ရမယ္ဆိုတာ ခုျဖစ္ေနတာလည္း ေထာက္ျပရမယ္။ အရင္တုန္းက ဟာလည္းေထာက္ျပရမယ္။ NLD က ဒါေတြ ဒါေတြ အေရးယူခဲ့တယ္။ အဲဒါမ်ိဳးက ဒီျပင္ အစိုးရ အဆက္အဆက္မွာ ရိွသလား။ ေမးခြန္းထုတ္ရမယ္။ ခင္ဗ်ားတို႔ ေမးခြန္းမထုတ္ရင္ ျပည္သူလူထု ဘယ္လိုလုပ္ သိမလဲ။ ျပည္ သူလူထု ဘယ္လုပ္ ေမးခြန္းထုတ္မလဲ။ 
အဲဒီေတာ့ ကမန္ေတာ္က ေျပာခ်င္တာကေတာ့ မွ်ေတာ့ မွ်တရမယ္။ ေ၀ဖန္ပါ။ ေ၀ဖန္တဲ့အခါမွာ ၁ အခ်က္ မွ်တရမယ္။ ၂ အခ်က္ တိုင္းျပည္ရဲ႕ ေရွးေရး။ ခင္ဗ်ားတို႔ အစိုးရလို႔ ေျပာတ တကယ့္ အစိုးရမဟုတ္ဘူး။ နာမည္ပဲ ရိွတယ္။ ဘာေၾကာင့္လဲ။ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒေၾကာင့္။ ဒီ ၂၀၀၈ ဖြဲ႔စည္းပံု မျပင္ရင္ ဒီအတိုင္းပဲ ဆက္သြားမွာပဲ။ ျပင္ႏိုင္ေအာင္ႀကိဳးစားဖို႔ေပါ့။ ဒါကေတာ့ ဘယ္လိုႀကိဳးစားၾကမလဲ ဘယ္လိုလုပ္ၾကမလဲကေတာ့ တစ္ပိုင္းေပါ့။ အဲဒီေတာ့ ေရႊသမင္ ဘယ္ကထြက္ မင္းႀကီးတာကထြက္။ အဲဒီလိုပဲ။ ေျပာစရာရိွရင္ ေျပာပါ။ ဒါေပမဲ့ အစိုးရဆိုတာ ေရလိုမသံုးပါနဲ႔။ ဒီအစိုးရမွာ ကာကြယ္ေရးကို ဘယ္သူကိုင္သလဲ။ ျပည္ထဲေရးကို ဘယ္သူကိုင္သလဲ။ ျပည္ထဲေရးမွာ ဘာျပႆနာေတြ တက္ေနသလဲ။ ခင္ဗ်ားတို႔ ေထာက္ျပ ရမွာ။ အစိုးရ၊ ေဒၚစု အစိုးရ၊ NLD အစိုးရ၊ NLD အစိုးရက ဘာလုပ္ေနသလဲ။ ကၽြန္ေတာ္ အဲဒါမ်ိဳးေတာ့ မႀကိဳက္ဘူး။ မွ်တရမယ္။ တိုင္းျပည္ အက်ိဳးအတြက္ ျဖစ္ရမယ္။ ေျပာစရာရိွရင္ ေျပာရမယ္။ 
ေမး။    ။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေရာ ေတြ႔ဖို႔အစီအစဥ္ရိွလား။
ေျဖ။    ။ အခုေတာ့ မရိွပါဘူး။ ဒါေပမဲ့ အခ်ိန္ရိွမွာေပါ့ဗ်ာ။ ကၽြန္ေတာ္လည္း ဒီမွာ ေနႏိုင္မယ္။ သြားရျပဳရတာလည္း လြယ္မယ္ အဲဒီလိုဆိုရင္ေတာ့ ပိုၿပီးလြယ္မွာေပါ့ဗ်ာ။ အခုခ်က္ခ်င္းေတာ့ ကၽြန္ေတာ္ မရိွဘူး။
ေမး။   ။ ေနာက္တစ္ခုေပါ့။ အကယ္၍သာ ၉၀ ေရြးေကာက္ပြဲရလဒ္ကို အဲဒီအခ်ိန္ အစိုးရက လက္ခံခဲ့ရင္ ျမန္မာႏိုင္ငံရဲ႕ အေျခအေနဟာ ဘယ္ေလာက္ထိ တိုးတက္လာမယ္လို႔ျမင္လဲ။
ေျဖ။   ။ ႏွစ္အရၾကည့္ရင္ အဲဒီအခ်ိန္ကသာ  ေပးလိုက္ရင္ ႏွစ္ေပါင္း ၃၀ ေလာက္ အခုျဖစ္ေနၿပီ။ ဒီ ႏွစ္ေပါင္း၃၀ ဒီမိုကေရစီ အကူးအေျပာင္းျဖစ္ေနၿပီ။ အခုဟာက ႏွစ္ေပါင္း ၃၀ မဟုတ္ဘူး။ အခုမွ စၿပီး ၅ႏွစ္ေလာက္ ၁၀ ႏွစ္ေလာက္ပဲ ရိွေသးတယ္။ ဒါ ေတာင္မွ အတိအက်မဟုတ္ဘူး။ ၁၉၉၀ တုန္းက ကၽြန္ေတာ္တို႔ စစ္တန္းလ်ား ျပန္ပါမယ္။ ဖြဲ႔စည္းပံုကို မဆြဲပါဘူးေျပာသြားတာ။ အခု ၂၀၀၈ ဖြဲ႔စည္းပံုက ျပႆနာႀကီးတက္ေနၿပီ။ ဒါကို ျပင္ဖိုပလည္း လိုေနတယ္။ အမ်ားႀကီးေျပာင္းလဲႏိုင္တယ္လို႔ ကၽြန္ေတာ္ တို႔ ယံုၾကည္တယ္ဗ်ာ။ ယံုၾကည္တာပဲ ေျပာလို႔ရတာေပါ့။ အမ်ားႀကီးေျပာင္းလဲ ႏိုင္တယ္။ 
ေမး။   ။ လက္ရိွမွာ လႊတ္ေတာ္ထဲက တစ္ဆင့္ ၂၀၀၈ ဖြဲ႔စည္းပံု ျပင္ဆင္ႏိုင္ေရး ႀကိဳးပမ္းေနၾကတာလည္း ရိွတာေပါ့ေနာ္။ သူတို႔ရဲ႕ ဖြဲ႔စည္းပံု ျပင္ဆင္ေရးေမွ်ာ္မွန္းခ်က္ကေရာ ေမွ်ာ္မွန္းသေလာက္ အဆင္ေျပပါ့မလား။ တစ္ဖက္မွာတပ္ရဲ႕ အခန္း က႑ကလည္းရိွေနေသးေတာ့။ ေအာင္ျမင္ႏိုင္မယ့္ အလားအလာျမင္ရလား။
ေျဖ။    ။ ခ်က္ခ်င္းေတာ့ ဘယ္ေအာင္ျမင္မလည္းဗ်ာ။ ဒါေပမဲ့ လုပ္သင့္ လုပ္တိုက္တာကို  အခု လုပ္ဖို႔တယ္။ ျပည္သူလူထုေတြ လည္း ဒီအတိုင္းပဲ။ လုပ္သင့္ လုပ္ထိုက္တာကို လုပ္ပါ။ ကိုယ္က လုပ္ႏိုင္မယ္လို႔ေတာ့ ျဖစ္ခ်င္မွ ျဖစ္မယ္။ သို႔ေသာ္လည္း ျပည္ သူ လူထုကလည္း က်ဳပ္တို႔ ဒါကို မႀကိဳက္ဘူးဆိုတာကိုေတာ့ ေျပာရမယ္။ မေျပာဘူး၊ NLDပဲ ေျပာမယ္။ မီဒီယာပဲ ေျပာမယ္။ ဟိုလူေျပာမယ္ ဒီလူေျပာမယ္ဆိုရင္ သူတို႔က ေျပာလာမွာ ျပည္သူလူထုက ဘာမွ မေျပာဘူး။ ခင္ဗ်ားတို႔ခ်ည္းေျပာေနတာ။ မဟုတ္ဘူး။ ျပည္သူလူထုကလည္း က်ဳပ္တိုပ မႀကိဳက္ဘူး။ ျပင္ခ်င္တယ္။ ဒါက်ဳပ္တို႔ ဆႏၵမဟုတ္ဘူးဆိုတာကို ေျပာရမယ္။ ျပင္လို႔ရတာမရတာက ေနာက္မွ ။ ဒါကို ေျပာရမယ္။
ေမး။    ။ လက္ရိွ ျမန္မာ့ ႏိုင္ငံေရး အခန္းက႑မွာ တပ္မေတာ္က ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားမ်ား ပါ၀င္ေနတာဆိုေတာ့ ဒီအ ေပၚမွာလည္း သံုးသပ္ေပးပါဦး။ တပ္မေတာ္သည္ ႏိုင္ငံေရးအခန္းက႑ကေန ျပန္လည္ ဆုတ္ခြာသင့္ၿပီလား။
ေျဖ။     ။ အဲဒါက ခက္တယ္ဗ်။ ခက္တယ္ဆိုတာက ဗမာျပည္ ႏိုင္ငံေရး သမိုင္းေၾကာင္းေပါ့။ တပ္မေတာ္က အာဏာကို သိမ္း လိုက္တဲ့အခ်ိန္မွာ ၁၉၆၂  ကမန္ေတာ္တို႔ တကၠသိုလ္ ေက်ာင္းသားအရြယ္ေပါ့။ ၁၉၆၂ မွာ ဗိုလ္ခ်ဳပ္ေန၀င္းက အာဏာ သိမ္း လိုက္တာ။ အဲဒီကတည္းက သိမ္းလိုက္တာ။ ဘာေၾကာင့္ သိမ္းလိုက္တယ္ ဆိုတာကို ေျပာဖို႔က ႏိုင္းျပည္မာ ကြဲျပားမွာေၾကာက္ လို႔တဲ့။ တိုင္းျပည္ႀကီး တစ္စိတ္တစ္ပိုင္းျဖစ္မွာေၾကာက္လို႔။ အဲဒီအခ်ိန္မွာ ရွမ္းနဲ႔ ပတ္သက္တာေတြ ရိွတယ္။ ဒါေၾကင့္  တပ္မ ေတာ္က ထိန္းသိမ္းလိုက္ရပါတယ္တဲ့။ အိုေခ။ ထိန္းသိမ္းေပါ့။ ဒါေပမဲ့ လက္ေတြ႔က်ေတာ့ တပ္မေတာ္ ထိန္းသိမ္းၿပီးမွ လက္နက္ ကိုင္ေတြက ပိုမ်ား လာတယ္။ တပ္မေတာ္ မထန္းသိမ္းခင္က လက္နက္ကိုင္က ကရင္တို႔ ကြန္ျမဴနစ္တို႔ေလာက္ပဲ ရိွတာ။ ကခ်င္ က ေနာက္မွ ၀င္လာတာ။ တပ္မေတာ္ထိန္းသိမ္းလိုက္တာနဲ႔ ပိုမ်ားလာတယ္။ အဲဒါ ဘာေၾကာင့္လဲ။ ၂ အခ်က္ ၊ တိုင္းျပည္ရဲ႕ စီးပြားေရး ထိုးက်သြားတယ္။ ကၽြန္ေတာ္တို႔ ရိွတုန္းက ဒီေနာက္လူေတြ သိခ်င္မွ သိမယ္။ ကၽြန္ေတာ္တို႔ တိုင္းျပည္ရဲ႕ စီးပြားေရး ထိပ္မွာ ရိွတယ္။ ထိပ္မွာဆိုတာ အေရွ႕ေတာင္အာရွမွာ ရိွတယ္။ အဲဒီေတာ့ သူတို႔ေျပာတဲ့ အောကာင္းျပခ်က္နဲ႔ တကယ္ျဖစ္တဲ့ ပံုစံနဲ႔က ကိုက္သလား။ ဒါ ပထမဆံုးေျပာတာ။
ေနာက္ပိုင္းက်ေတာ့ ဘာျဖစ္လာလဲဆိုေတာ့ လက္နက္ကိုင္ေတြ မ်ားတယ္တဲ့။ တစ္ေယာက္တစ္ေပါက္ျဖစ္မယ္။ တိုင္းျပည္တစ္ခါ ကြဲဦးမယ္။ မကြဲေအာင္ သူတို႔ရိွရမယ္တဲ့ တစ္ခါ လုပ္ျပန္ေရာ။ ထားလိုက္ေတာ့ ၊ တပ္မေတာ္ လအစိုးအစိုးရနဲ႔ တပ္မေတာ္ရဲ႕ ႏိုင္ငံေရးအခန္းက႑ ။ အဲဒီေတာ့ ဘာလုပ္ၾကမွာလဲ။ တိုင္းျပည္က ဒီတိုင္းလ သြားလို႔ေတာ့ မေကာင္းဘူး။  အျဒီေတာ့ ၿငိမ္း ခ်မ္းေရးက အေရးႀကီးတယ္ဆိုၿပီးျဖစ္လာတယ္။ ၿငိမ္းခ်မ္းေရး ဆိုေတာ့ဘာလဲ။ ႏွစ္ဖက္ တိုက္တဲ့အေပၚမွာတည္တာ။ ဟုတ္ တယ္။ NLDကလည္းေျပာႏိုင္တယ္။ ႏိုင္ငံတကာ ကလည္း အႀကံဥာဏ္ေပးႏိုင္တယ္။ ဒါကို လက္ေတြ႔ ဘယ္လို ေျဖရွင္းမလဲ။ ဒါေပမဲ့ တကယ္ လုပ္ရ လမယ့္လူ က ဘယ္သူလဲဆိုေတာ့ ႏွစ္ဖက္ တိုက္တဲ့လူ။ တပ္မေတာ္နဲ႔ လက္နက္ိုင္ေတြ။ ကၽြန္ေတာ္တို႔ အျပင္မွာ ရိွတုန္းက မာနယ္ပေလာမွာ ကၽြန္ေတာ္တို႔ေနတယ္။ ပထမဦးစြာ။ အဲဒီအခ်ိန္တုန္းက ကရင္နဲ႔ အဆက္အစပ္ရိွ တယ္။ မြန္နဲ႔ အဆက္အစပ္ရိွတယ္။ ကခ်င္နဲ႔ အဆက္အစပ္ရိွတယ္။ အဲဒီမွာ ကၽြန္ေတာ္တို႔ေျပာေနတယ္။ ခင္ဗ်ားတို႔ တိုက္တာတိုက္။ ဒါကေတာ့ ခင္ဗ်ားတို႔ သေဘာနဲ႔။ သေဘာတရားအရ မေက်နပ္လို႔ တိုက္ၾကတာေပါ့ဗ်ာ။ ဒါေပမဲ့လို႔ ဗမာျပည္ရဲ႕ ေရွ႕ေရးကို ခင္ ဗ်ားတို႔ စဥ္းစားပါ။ အဲဒီမွာ ကမန္ေတာ္တို႔က ပရိုပို႔စ္လုပ္တာက ဖက္ဒရယ္ စစ္စဆန္။ ျပည္ေထာင္စု စစ္စတန္။ ခြဲထြက္တာကို ကၽြန္ေတာ္တို႔မႀကိဳက္ဘူး။ ခြဲလည္းမထံက္သင့္ဘူး။ အဲဒါကို ကၽြန္ေတာ္တို႔ တြန္းခဲ့တယ္။ သက္ေသေတြ အမ်ားႀကီးရီွတယ္။ ဆို ေတာ့ ဒီႏွစ္ဖက္က တစ္ဖက္နဲ႔ တစ္ဖက္ စကားေျပာရေတာ့မယ့္ အေျခအေနရိွတယ္။ မေျပာဘူး၊ ဟိုေရွာင္မယ္ ဒီေရွာင္ မယ္ ဆိုရင္ေတာ့ အရစ္ရွည္ သြားမွာပဲ။ 
ေမး။      ။ အန္ကယ့္ အင္တာဗ်ဴးတစ္ခုမွာ ၾကည့္လိုက္ရပါတယ္။ ျမန္မာျပည္ကို ၿငိမ္းခ်မ္းေရး ရေစခ်င္ၿပီဆိုတာ။ လက္ရိွမွာေရာ ျမန္မာျပည္က ၿငိမ္းခ်မ္းေရး ရဖို႔နီးၿပီလား။ ၿငိမ္းခ်မ္းေရး ေရာင္နီသန္းၿပီလား။
ေျဖ။      ။ ကၽြန္ေတာ္က သန္းတယ္လို႔ မျမင္ဘူးဗ်။ AA ေပၚလာတာၾကည့္ပါလား။ ၿငိမ္းခ်မ္းေရးက မသန္းဘူး။ စကား ေျပာရ မယ္။  လက္နက္ါကိုင္တဲ့ သူအခ်င္းခ်င္း စကားေျပာရမယ္။ မင္းက ဒီလိုကြာ၊ ငါကဒီလိုကြာ။ ခင္ ဗ်ားတို႔ကေတာ့ စစ္သားစု ေဆာင္း ေနတာပဲ။ က်ဳပ္တို႔က ဘာလို႔မစုရမွာလဲ။ ေအး … မင္းတို႔လည္း စုေဆာင္း ငါတို႔လည္း စုေဆာင္းမယ္။ဒါေပမဲ့ ေရွ႕ေရး က်ရင္ ဘယ္လို လုပ္မယ္ ဆိုၿပီးေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ လုပ္ရမွာ။ တပ္မေတာ္က အင္အားအရိွဆံုး လက္နက္ ကိုင္ တာ။ သူက အေလွ်ာ့ေပးညိွႏိႈင္းရမယ္။ သူက ေျပာ ရမယ္။ ဒါေပမဲ့ တပ္မေတာ္ ကိုယ္တိုင္က ကန္႔လန္႔ကန္႔လန္႔ လုပ္ရင္ေတာ့ က်န္တဲ့ လူက လိုက္မွာ မဟုတ္ ဘူးဗ်။ လက္နက္ကိုင္ေတြကိုး။ လက္နက္ကိုင္မွာပဲ။ တပ္မေတာ္က မင္းတို႔က ဘာလုပ္ သင့္ တယ္။ ညာလုပ္ သင့္တယ္ေျပာၿပီး သူလုပ္သင့္တာက် မလုပ္ဘူးဆိုရင္ ဘယ္လက္ခံမလဲ။
ေမ။      ။ လက္ရိွသြားေနတဲ့ ႏိုင္ငံေရးေဆြးပြဲ စကား၀ိုင္းေတြကေရာ ၿငိမ္းခ်မ္းေရးအတြက္ ဘယ္ေလာက္ အတိုင္း အတာအထိ ထိေရာက္မယ္လို႔ သံုးသပ္လို႔ရမလဲ။
ေျဖ။      ။ လံုး၀ မထိေရာက္ဘူးလို႔ေတာ့ မေျပာခ်င္ဘူး။ တစ္ခ်ိဳ႕ေတြ ေျပာတယ္။ ေသနတ္ေဖာက္တာထက္ စာရင္ ေဆြးေႏြးတာ ပိုေကာင္းပါတယ္။ သို႔ေသာ္လည္းပဲ လက္နက္ကိုင္တဲ့ ဂရု ၂ခုက ကၽြန္ေတာ္တို႔လို မဟုတ္ဘူးဗ်။ လက္နက္မကိုင္တဲ့ လူေတြလို မဟုတ္ဘူးဗ်။ 
ေမး။      ။ ၾကာဦးမယ္ ဆိုတဲ့ သေဘာေပါ့။
ေျဖ။      ။ ၾကာေတာ့ ၾကာႏိုင္တယ္။ ၾကာႏိုင္တယ္။ ဒါေပမဲ့လို႔ ၾကာတာက ေကာင္းတာေတာ့ မဟုတ္ဘူးဗ်။ ဒီၾကားထဲမွာ ျပႆ နာေတြ အမ်ားႀကီးရိွတယ္။
ေမး။      ။ အန္ကယ့္အေနနဲ႔ေရာ ႏိုင္ငံေရးေလာကထဲ ျပန္ၿပီးလႈပ္ရွားဖို႔ေရာ အစီအစဥ္ရိွလား။
ေျဖ။      ။ တိုက္ရိုက္ႀကီး ပါတီေထာင္တာတို႔၊ ဒီျပင္ပါတီထဲ ၀င္တာတို႔ အဲဒါမ်ိဳးေတာ့ မရိွပါဘူး။ ၉၀ ေရြးေကာက္ပြဲ အႏိုင္ရသူ ေတြလည္း သူတို႔ဟာသူတို႔ လုပ္ခ်င္လုပ္ေပါ့။ ကၽြန္ေတာ္ကေတာ့ မပါဘူး။ သို႔ေသာ္လည္းပဲ ႏိုင္ငံေရးသမားျဖစ္တဲ့အတြက္ေတာ့ ေလွ်ာက္သြားေနမွာေပါ့ဗ်ာ။ ႏိုင္ငံေရးသမား ကိုယ့္အေဖာ္ေတြနဲ႔လည္း ေတြ႔မွာေပါ့။ ပါးစပ္ကလည္း ေလွ်ာက္ေျပာမွာေပါ့ဗ်ာ။ အႀကံေပးမယ္ေပါ့ဗ်ာ။ ယူခ်င္ယူ မယူခ်င္ေနေပါ့။ ႏိုင္ငံေရးနဲ႔ တိုက္ရိုက္မဆိုင္ဘူး။ လူမႈေရးေတြ ၊ဒါေတြလည္း လုပ္ခ်င္တာေပါ့။ 
ေမး။     ။ ပါတီႏိုင္င့ေရးအေပၚမွာ စိတ္ကုန္သြားၿပီလို႔ ေျပာလို႔ရမလား။
ေျဖ။     ။ စိတ္ေတာ့ မကုန္ဘူး။ က်ဳပ္က ေ၀းေနတယ္ဗ်။ ခုမွ ၀င္မယ္ဆို မ၀င္နဲ႔ဆို ဘယ္လိုလုပ္မလဲ။ ေနာက္ဆယ္ႏွစ္ေစာင့္ဦး၊ ေနာက္ဆယ္ႏွစ္ဆို က်ဳပ္က ခု ၇၅ ႏွစ္ကေန ၈၅ ႏွစ္ျဖစ္ၿပီ။ သေဘာေျပာျပတာပါ။
ေမး။     ။ လာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ေရာ လုပ္ေဖာ္ကိုင္ဖက္ ႏိုင္ငံေရးသမားေတြနဲ႔ ပါတီေတြကို ဘာေတြ အႀကံေပး ခ်င္တာ ရိွမလဲ။
ေျဖ။     ။ ၂၀၂၀ ကေတာ့ သူ႔တို႔ဟာ သူတို႔ လုပ္သြားမွာပဲဗ်။ ျပည္သူလူထုကေတာ့ ေသခ်ာ စဥ္းစားေပါ့ဗ်ာ။ ျပည္သူလူထုလည္း စဥ္းစားတတ္တာပဲ။ ဘယ္ပါတီကို ထည့္ရမယ္၊ ေရွ႕ေရးက ဘယ္လို ရိွသလဲ။ ဒီေရွ႕ေရးကို ရင္ဆိုင္ဖို႔ ဘယ္သူေတြ လိုသလဲ။ ျပည္သူလူထုက ဆံုးျဖတ္ရမွာေပါ့။ သို႔ေသာ္လည္းပဲ ပါတီေတြကေတာ့ သိပ္သိပ္သည္းသည္းရိွဖို႔ ျပည္သူလူထုအေပၚမွာ ေစတ နာရိွဖို႔ ၊ေနာက္ၿပီးေတာ့ ေလ့လာမႈေတြကေတာ့ လို တယ္ဗ်ာ။ မေလ့လာရင္ မေလ့လာတဲ့အဆင့္မွာပဲ က်န္ခဲ့မွာ။
ေမး။    ။ ၂၀၂၀ မွာ NLD ရဲ႕ အခန္းက႑ကိုေရာ ဘယ္လို ျမင္လဲ။ လက္ရိွအေျခအေနနဲ႔ဆို ၂၀၁၅ တုန္းကလို အႏိုင္ရႏိုင္ ဦးမ လား။ သူတို႔အေပၚ အျမင္မၾကည္ၾကတာေတြလည္း ရိွေနေတာ့။
ေျဖ။    ။ အဲဒါ ဆိုးတယ္ဗ်။ က်ဳပ္က ေျပာလိုက္ရင္ NLD ကို ပင္းတယ္လို႔ ျဖစ္ဦးမယ္။ ေျပာရတာ ခက္တယ္ဗ်။ တကယ္ေျပာ ရင္ ေတာ့။ ျပႆနာအႀကီးႀကီးက ရိွေနတယ္။ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒနဲ႔ ဘယ္ပါတီမဆို ကန္႔လန္႔ႀကီးေတာ့ ျဖစ္ေနမွာပဲ။ အဲ ဒါကို မျပင္မခ်င္း ကန္႔လန္႔ႀကီး ျဖစ္မွာပဲ။ NLD တက္လည္း ဆက္ၿပီး ကန္႔ လန္႔ ျဖစ္ဦးမွာပဲ။ NLD မတက္လို႔ ဘယ္ပါတီ တက္ တက္ ကန္႔လန္႔ျဖစ္မွာပဲ။ ဘယ္ေလာက္ကန္႔လန္႔ျဖစ္မလဲ၊ ဘယ္ေလာက္လုပ္ႏိုင္မလဲ၊ ဘယ္ေလာက္ အင္အားရိွမလဲ။ အင္အားကို အင္အားနဲ႔ ၿပိဳင္ရတာဗ်။ ရွင္းရွင္း ေျပာ ရင္ ႏွစ္ေယာက္တစ္ပိုင္းနဲ႔ ၿပိဳင္လို႔မရဘူး။ အဲဒီေတာ့ NLD ရဲ႕ အေျခခံ အင္အား ဘယ္ ေလာက္ရိွလဲ။ ဒီဟာေတြကို ေစာင့္ၿပီး ၾကည့္ရမွာပဲ။
ေမး။     ။ ေနာက္ဆံုးအေနနဲ႔ ျဖည့္စြက္ၿပီး ေျပာခ်င္တာ ရိွေသးရင္လည္း ေျပာေပးပါဦး။
ေျဖ။     ။ မရိွပါဘူးကြာ။ ဒါေတြဟာ တိုင္းျပည္တစ္ျပည္မွာ လူေတြဟာ မွန္မွန္ကန္ကန္ ရိွဖို႔ေတာ့ လိုတာေပါ့။ မွန္မွန္ကန္ကန္ မရိွရင္ မလြယ္ဘူး။ ကိုယ့္တိုင္းျပည္ ကိုယ့္လူမ်ိဳးေကာင္းစားဖို႔ေတာ့ ၾကည့္ရမွာေပါ့။ 
ဟုတ္ကဲ့ပါ .. အခုလိုမ်ိဳး ကၽြန္ေတာ္တို႔ကို အခ်ိန္ေပး ေျဖၾကားေပးတဲ့အတြက္ အန္ကယ္ကို ေက်းဇူးတင္ပါတယ္ …. ။

ေတြ႔ဆံုေမးျမန္းသူ - မ်ိဳးသူေအာင္ၿငိမ္း

Unicode Version

“၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ရင် တိုင်းပြည်က ဒီအတိုင်း ဆက်သွားမှာပဲ”
အဝေးရောက်ညွန့်ပေါင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
-----------------------------------------------------------------
၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အပေါ် အဲဒီအချိန် တပ်မတော် အစိုးရရဲ့ အသိအမှတ်မပြုခဲ့တဲ့အတွက် တိုင်းပြည်ရဲ့ အခြေအနေဟာ ဆိုးရွားတဲ့ အခြေကို ရောက်သွားခဲ့ရတာ အားလုံး လက်ခံထားရမယ့် အရာပါ။ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပြီး အာ ဏာလွှဲပေးပါ့မယ်ဆိုတဲ့ ကတိကဝတ် ပြောင်ပြေင်တင်းတင်း ချိုးဖောက်ခဲ့တဲ့နောက်မှာတော့ ၉၀ ရွေးကောက်ပွဲ အနိုင်ရ အချို့ ဟာ မြန်မာပြည် ဒီမိုကရေစီ ခရီးကြမ်းကို တိုက်ပွဲဝင်ဖို့ ပြည်ပကို ထွက်ခွာခဲ့တဲ့လမ်းကို ရွေးခဲ့ကြပါတယ်။
အဲဒီအထဲမှာတော့ ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိန်ဝင်းလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ ဒေါက်တာစိန်ဝင်းပါတယ်။  ၁၉၉၁ ခုနှစ်မှာ ၁၉၉၀ ခုနှစ်၊ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စား လှယ် ၁၁ ဦးနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့(National Coalition Government of The Union of Burma-NCGUB )အဖြစ် စင်ပြိုင်အစိုးရကို ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးချုပ်ရာထူးဖြင့် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ဒီအဝေးရောက် ညွန်ပေါင်းအစိုးရအဖွဲ့ကို  စစ်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့သလို ဆွေမျိုးတော်စပ်သူတွေကိုလည်း မတရားအ သင်း ဆက်သွယ်သူ အဖြစ်သတ် မှတ်ခဲ့ပါတယ်။
အစိုးရအပြောင်းအလဲဖြစ်သည့် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်မှာတော့ ဒေါက်တာ စိန်ဝင်း ဦးဆောင်တဲ့  ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့(National Coalition Government of The Union of Burma-NCGUB ) တရားဝင် ဖျက်သိမ်းခဲ့ပြီး  ၂၀၁၈ ခုနှစ်၊ ဇွန် ၈ ရက်မှာ သူတို့ရဲ့ စင်ပြိုင်အစိုးရကို မတရားအသင်းသတ်မှထားရာမှ ဖျက်သိမ်းပေးခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းဟာ ပြည်တော်ပြန်လာပြီဖြစ်တဲ့အတွက် လက်ရှိ မြန်မာ့ နိုင်ငံရေး အခင်းအကျင်းနဲ့ ရှေ့အလားအလာတွေ၊ သူလှုပ်ရှားဆောင်ရွက်သွားမယ့် နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုအခြေအနေတွေအပေါ် အကုန်သိသတင်းဌာနက တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး။    ။ ပထမဆုံးအနေနဲ့ အန်ကယ် မြန်မာပြည် ပြန်လာတဲ့ဆီက စချင်ပါတယ်။ အန်ကယ်အနေနဲ့ မြန်မာ ပြည် ပြန်လာရတဲ့ မျှော်လင့်ချက်က ဘာဖြစ်မလဲ။ ဘယ်လို မျှော်လင့်ချက်နဲ့ ပြန်လာဖြစ်တာလဲဆို သိချင်ပါ တယ်။
ဖြေ။    ။ ဟုတ်ကဲ့။ ဘာကြောင့် ပြန်လာလဲ၊ ဒီလောက်ကြာနေပြီ အပြင်ဘက်မှာ။ ဘာ့ကြောင့် ဒီလောက်ကြာ နေလဲ အပြင် ဘက်မှာ ဆိုတဲ့ မေးခွန်းတေါကတော့ ရှိတယ်။ (၁) အချက်ကတော့ ကျွန်တော်တို့ ဘာ့ကြောင့် အပြင်ရောက်နေလဲ။ လူတိုင်း လူတိုင်းမှာ ၊ အပြင်ရောက်တဲ့ လူတိုင်းမှာတော့ သူ့ရဲ့ အကြေင်းတရားရှိတယ်။ ကျွန်တော်တို့ကတော့ NCGUB ဆိုတဲ့ အဝေး ရောက် ညွန့်ပေါင်းအစိုးရ ဖွဲ့ဖို့အတွက်ဆိုပြီး အပြင်ရောက်လာတာ။ ဒီအဝေးရောက်အစိုးရကလည်း ဘာနဲ့ ဆက်စပ်လဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ဆက်စပ်တယ်။ ၁၉၉၀ ရွေးကောက်ပွဲကလည်း ဘာနဲ့ ဆက်စပ်လည်းဆိုတော့ ရှစ်ဆယ့်ရှစ် ကျောင်း သား၊ ပြည်သူလူထုတွေရဲ့ ဆန္ဒပြပွဲ တွေနဲ့ ဆက်စပ်တယ်။ အဲဒီအချိန်ပဲ ဗိုလ်ချုပ်မှူးကြီး စောမောင်က ခင်ဗျားတို့ အေးအေး ဆေးဆေး နေကြပါ။ ကျုပ်တို့ ရွေးကော်ပွဲ လုပ်ပေးမယ်။ ရွေးကောက်ပွဲပြီးရင် ကျုပ်တို့ စစ်တန်းလျားပြန်မယ်။ စစ်တန်း လျားပြန် ပြီးရင် အခြေခံ ဥပဒေကိုဆွဲဖို့ဆိုတာ ကျုပ်တို့တာဝန်မဟုတ်ဘူး။နိုင်တဲ့ ပါတီက ကမကထ လုပ်ပြီး ဆွဲပါလို့ ပြောတာ။ အဲဒါကို ဘယ်နှစ်ခု မှန်သလဲ။ 
အဲဒါကြောင့် ကျွန်တော်တို့က ထွက်လာတာ။ မဟုတ်ရင် ထွက်စရာအကြောင်း မရှိဘူး။ အဲဒီတုန်းက ရွေး ကောက်ပွဲနိုင်တဲ့ NLD ကို သူပြောတဲ့အတိုင်း အပ်လိုက်ရင် ပြဿနာမရှိဘူး။ ဒါ ကျွန် တော့အမြင်။ တကယ် လည်း အဲဒီအတိုင်း ဖြစ်လာမယ်လို့ ကျွန် တော် ယုံကြည်ခဲ့တာ။ ဘာကြောင့် ကျွန်တော် တို့ အပြင်ထွက်လာလဲ၊ ဘာကြောင့် ကျွန်တော်တို့ အကြာကြီးနေလဲဆိုတော့ နောက်ရွေးကောက်ပွဲ တစ်ခု မလာဘူးဗျ။ မလာဘဲနဲ့ ကိုယ့်ဟာကိုယ် ဆက်ပြီး နာမည်ယူထားတဲ့အစိုးရပဲ။ ပြည်သူလူထုက တင် မြှောက်တာ မဟုတ်ဘူး။ အဲဒါ ဘယ် လောက်ကြာ သွားလဲ။ အခုအချိန်မှာတော့ ရွေးကောက်ပွဲက ၂ ခုရှိသွားပြီ။ အချို့အ ပြောင်း အလဲတွေရှိတယ်။ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေလည်း ပြန်ကြတယ်ပေါ့။ ကျွန်တော်တို့ အားရ ကျေနပ်လောက်တဲ့ အပြောင်း အလဲတော့ မဟုတ်ဘူး။ သို့သော် အပြောင်းအလဲတွေတော့ ရှိတယ်။
နောက်ပြီးတော့ ကျွန်တော်တို့က ဟိုတစ်ချိန်တုန်းက ကိုယ်စားလှယ်တော်အလုပ် လုပ်ရတယ်ဗျ။ ပြည်တွင်းမှာ ဘာတွေဖြစ်နေ လဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို အကျယ်ချုပ်နဲ့ ထားသလဲ။ ပြည်တွင်းက ဒီလောက် မပွင့်ဘူး။ အဲဒီတော့ နိုင်ငံတကာ ကလည်း သိချင်တယ်။ ကျွန်တော်တို့ကလည်း ပြောချင်တယ်။ အဲဒီတော့ ကျွန် တော်တို့က အစိုးရတင်မကဘူး။ ကိုယ်စားလှယ် လို ပြောတယ်။ အခုပွင့်သွားတဲ့အချိန်မှာ ဒါတွေဟာ ရှင်းရှင်း ပြောရင်တော့ အလုပ်မဖြစ်ဘူးပေါ့ဗျာ။ အဲဒီတော့ အလုပ်မရှိတာလဲ ပါတယ်။ ဝင်မရှုပ်ချင်တာလည်းပါမယ်ပေါ့။ ကျွန်တော်တို့ ဒီအချိန်ဒီအခါမှာ ဒါတွေ လိုအပ်တယ်ဆိုတဲ့အပေါ် ကြည့်ပြီး အလုပ် လုပ်တာ။ အဲဒါကြောင့် မို့လို့ NCGUB ကို ဖျက်သိမ်းလိုက်တယ်။ ဖျက်သိမ်းပြီးရင် ကျွန်တော်တို့ ပြန်တယ်။ ကိုယ့်တိုင်းပြည်ကိုယ် ပြန်ချင်တာ ပဲဗျ။ အတူးသဖြင့် နှစ်ပေါင်းဒီလောက်ကြာလာတော့ ရဲဘော်ရဲဖက်တွေနဲ့ တွေ့ချင်တယ်။ ဆွေမျိုးသားချင်တွေနဲ့ တွေ့ ချင်တယ်။ တိုင်းပြည်ကိုလည်း ပြန်မြင်ချင်တယ်။ နောက်ဘာလုပ်မလဲဆိုတာကတော့ နောင်ခါလာ နောင်ခါဈေးပေါ့နော်။ အရင် ဆုံးကတော့ အဲဒါ ဖြစ်ချင်တယ်။ အဲဒါကြောင့် ကြိုးစားတယ်။ ပြန်လာတယ်။
မေး။    ။ ပြန်လာဖို့ ကြိုးစားတဲ့အခါမှာရော ဘယ်လို အခက်အခဲတွေ ရှိခဲ့လဲ။
ဖြေ။    ။ အဲဒါက အခက်အခဲတင်မကဘူး။ ပုံစံတွေ ကျုပ်တို့ မကြိုက်တာတွေ အများကြီးရှိတယ်ဗျ။ ဟုတ်ပြီ အခု တပ်ကလည်း အရွေ့နဲ့။ NLD ကလည်း အရွေ့နဲ့ ကျန်တဲ့ လူတွေကလည်း အရွေ့နဲ့ ညှိကြတဲ့အချိန် တိုင်းပြည်ကောင်းအောင် ဘယ်လို လုပ်မ လဲ။ အရင်တုန်းကဟာတွေတော့ ခင်ဗျားတို့ သိပ်မပြောကြနဲ့ဗျာ။ အဲဒီလို ဖြစ်ရမှာ။ သို့သော်လည်းပဲ ပြန်ကြည်လိုက်တဲ့ အခါကျ တော့ အပြင်ကလူတွေ ပြောတာတေါဆိုတာတွေ ကျွန်တော် နားထောင်လို့ ကြားတယ်။ အတွင်းကနေ မကြိုဆိုဘူးတဲ့။ လာ ကြ ပါ။ ခင်ဗျားတို့ အပြင်မှာ နှစ်ပေါင်း များစွာအကြာကြီးနေခဲ့တာ။ ခင်ဗျားတို့ အတွေ့အကြုံတွေရှိတယ်။ ကျုပ်တို့အတူတွဲလုပ်ရ အောင်ဆိုတာမျိုး ကြိုဆိုတာ မရှိဘူး။ အသိအမှတ်မပြုတဲ့အဆင့်လောက်ရောက်နေတယ်လို့ ပြောတယ်။ ဒါမကောင်းဘူးဗျ။ ကျွန် တော့်အတွက် မဟုတ်ပါဘူး။ အပြင်ဘက်က လုပ်တဲ့လူတွေကလည်း အပြင်ကိစ္စ လုပ်ခဲ့တာပဲ။ အတွင်း မှာလည်း အတွင်း ကိစ္စ တွေပေါ့။ ဘာအတွက် လုပ်လဲ။ ဒီမိုကရေစီအတွက် လုပ်တာ။ တိုင်းပြည် ပြုပြင် ရေး အတွက် လုပ်တာ။ ကိုယ်ကျိုးအတွက် လုပ် တာမဟုတ်ဘူး။ အဲဒီတော့ ဒီလို တစ်ယောက်နဲ့ တစ်ယောက် သဟဇာတမဖြစ်တာ မကောင်းဘူးဗျ။ 
ကျွန်တော် ပြန်ပြေမယ်။ ဘာဖြစ်သလဲဆိုတာကို။ ဗီဇာတွေ ပုံစံအမျိုးမျိုးရှိတယ်။ ပြန်လာတဲ့ သူတွေက ဗမာပဲ။ ဒါပေမဲ့ နိုင်ငံခြား သား ခံယူထားတဲ့လူတွေကို အလည်အပတ်ဗီဇာနဲ့ ပြန်လာခွင့်ပြုတယ်။ ခင်ဗျား ဧည့်သည်ပဲ မြန်မာနိုင်သားမဟုတ်ဘူး။ ဒီအခွင့် ရေး ဒီအခွင့်ရေးတွေတော့ ရှိတယ်။ အိုခေ၊ ပြန်တဲ့သူကလည်း ပြန်။ ဒါပေမဲ့ ဆိုရှယ်ဗီဇာကျတော့ ကြပ်ပီဗျ။ ခင်ဗျားတို့လည်း သိတယ်။ ကျုပ်တို့လည်း သိတယ်။ ကြပ်ပြီ။ မလိုအပ်တာ တွေ လည်း အများကြီးရှိတယ်။ အဲဒီလို ကြပ်တာကို ကျွန်တော်က မကြိုက်ဘူး။ ဟုတ်ပါတယ်။ လိုအပ်တဲ့ဟာတွေ လုပ်ပါ။ ဒါပေမဲ့ မလိုအပ်ဘဲနဲ့ ခင်ဗျားတို့ ဒါ မလုပ်ရဘူး။ လုပ်မှာမှ မဟုတ်တာ။ လုပ်ရင်လည်း မကျေနပ်ရင် ပြန်လွှတ်လိုက်ပေါ့။ နိုင်ငံရေး မလုပ်ရဘူး။ ပြန်သွားတဲ့ သူတွေက နိုင်ငံရေးသမားတွေ။ ရယ်ဖြူဂျီ သမားတွေ။ ဒီလူတွေက နိုင်ငံရေးလုပ်လို့ အဲဒီအခြေအနေရောက်တာ။ ရိုးရိုးတန်းတန်းဆို မရောက်ဘူး။ 
နိုင်ငံရေး လုပ်တဲ့ သူတွေ ပြန်သွားရင် နိုင်ငံရေးမလုပ်ပါဘူးဆိုတာကို လက်မှတ်ထိုးပါဆိုတော့ ကြိုက်ပါ့မလား။ ကျွန်တော်တို့က ပြောတာ ခင်ဗျားတို့ အဲဒီလိုမလုပ်ပါနဲ့။ နောက်တစ်ခါ ဥပဒေတစ်ခု ထွက်လာရင် မျက်စိမှိတ်ချင်မှိတ်လို့ရ အောင် လို့ ဥပဒေတွေ ကလည်း တစ်မျိုးပဲ။ LA ကတစ်မျိုး၊ ဟိုကတစ်မျိုး ဒီကတစ်မျိုး။ သံရုံးတွေအနေနဲ့ ဒီလို မလုပ်ပါနဲ့ ။အခုခောတ်ကြီးမှာ ဝက်ဆိုဒ် ကနေ အတိအလင်း ကြေညာ။ ဒါမလိုတော့ဘူး၊ ဒါလိုတယ်။ ဒါကို ဖျက်ပစ်လိုက်ပြီ။ ကျွန်တော်တို့ အဲဒါတွေလည်း ရင်ဆိုင်ရ တော့ ကျွန်တော်တို့ အချိန်တွေ ကြာတယ်။ နောက်ပိုင်းမှာ ဗမာပြည် သားခံယူဖို့ ကိစ္စ ကျွန်တော်တို့ လုပ်တယ်။ ဗမာပြည်သား အသစ်ည်း မဟုတ်ဘူး။ အဟောင်းလည်း မဟုတ်ဘူး။ ကျွန်တော့် အင်တာဗျူး ဖတ်ကြည့်။ မိုးမခမှာ။ 
ဗမာပြည်သားဟာ ဗမာပြည်သားပဲ။ အဲဒီမှာလည်း ကြာတာပဲ။ တစ်ခုခုရေးလိုက်တယ်ဆိုရင် အထက်ကို တင်ရ မယ်ဆိုရင် အထက်က ဘာမှန်းလည်းမသိဘူး။ ဘယ်တော့ ပြန်ပြီး အဖြေရမလဲဆိုတာလည်း မသိဘူး။ ဒါမျိုးမ ဖြစ်သင့်ဘူးဗျာ။ အထူး သဖြင့်တော့ သံရုံးတွေဟာ ဗမာ ပြည်သူပြည်သားတွေကို ပြည်ပမှာနေတဲ့ ပြည်သူတွေ ကို ကူညီဖို့ သူတို့မှာ တာဝန်ရှိတယ်ဗျ။ အခုက ကူညီတာထက် ညှစ်သလို ဖြစ်နေတယ်။ အဲဒီဟာမှာ အချိန်တွေ ကြာခဲ့တယ်။ အခုတော့ ပြီးသွားပြီပေါ့ဗျာ။ သူတို့က ဟိုဟာပြန်အပ် ဒီဟာပြန်အပ်။ ကမန်တော်တို့ မအပ်နိုင်ဘူး။
မေး။    ။ပြည်တွင်း ပြန်ရောက်တော့ရော ဘာတွေ လှုပ်ရှားနေလဲ။ မြန်မာနိုင်ငံသားခံယူဖို့ ကိစ္စကအစ ဘာတွေ လှုပ်ရှားနေလဲ။
ဖြေ။    ။ အဲဒါကတော့ တစ်ဦးချင်းလှုပ်ရှားကြ။ ကျွန်တော်တော့ မပါဘူး။ ပါတော့ ပါတယ်ပေါ့ဗျာ။ ကျွန်တော်တို့ ဘယ်လို လှုပ် ရှားလဲ။ ဆန့်ကျင်လဲ။ ဆန့်ကျင်တယ်လို့ပြောရမှာပေါ့ဗျာ။ မတရားတဲ့ အာဏာတွေကိုတော့ ကျွန်တော်တို့ လက်ခံလို့မရဘူး။ ခုဏ က ပြောသလိုပေါ့၊ ဆိုရှယ်ဗီဇာမှာ နိုင်ငံရေးမလုပ်ရဘူးလို့ လက်မှတ်ထိုးခိုင်းရင် ကျွန်တော်တို့ လက်မှတ်မထိုးနိုင်ဘူး။ သဘော က၊ သူတို့ ဗဇာပေးပေး မပေးပေးပေါ့ဗျာ။ ဒါမျိုးတွေ လုပ်ရမယ်ဗျ။ တစ်ယောက်တည်းတော့ လုပ်လို့မကောင်းဘူး။ အများက လုပ် ရမှာ။ 
မေး။    ။ လက်ရှိ မြန်မာ့ နိုင်ငံရေးအခြေအနေအနေပေါ်မှာရာ ဘယ်လိုမြင်လဲ။ ပြည်ပမှာ ရောက်နေတုန်းကနဲ့ အခု ပြန်ရောက် လာပြီးမှ အခြေအနေတွေအပေါ် ဘယ်လို ရှုမြင်သုံးသပ်ချင်လဲ။
ဖြေ။    ။ ကျေနပ်စရာတော့ မရှိဘူးဗျ။ ခင်ဗျားတို့ ကျေနပ်လားတော့ မသိဘူး။ နှေးတယ်လို့လည်း ခံစားရ တယ်။ မဟုတ်တဲ့ နေရာမြှ အလုပ်များနေတယ်လို့လည်း ခံစားရတယ်။ ဥပမာ ကျွန်တော့ ကိစ္စဆိုရင်ပေါ့နော်။ ဒီလောက်ကြာဖို့ မလိုဘူးပေါ့နော်။ တစ်ချို့ အလုပ်လုပ်တဲ့ နေရာမှာ လက်ရှိ NLD ကတော့ အရေးယူတယ်ဗျ။ အရေးယူတယ်။ အဂတိ ကိစ္စတွေ ဘာတွေမှာ အရေးယူတယ်။ လွတ်သွားတာတွေလည်း ရှိတယ်။ အကုန်လုံး အရေးယူတာ မဟုတ်ဘူး။  ဒါပေမဲ့လို့ ခင်ဗျားတို့ရဲ့ တာဝန်က ဒါတစ်ခုတည်းတင် မဟုတ်ဘူး။ တခြားဟာလည်း ထောက်ပြရမယ်။ ဒီပြင်ဟာ ထောက်ရမယ်ဆိုတာ ခုဖြစ်နေတာလည်း ထောက်ပြရမယ်။ အရင်တုန်းက ဟာလည်းထောက်ပြရမယ်။ NLD က ဒါတွေ ဒါတွေ အရေးယူခဲ့တယ်။ အဲဒါမျိုးက ဒီပြင် အစိုးရ အဆက်အဆက်မှာ ရှိသလား။ မေးခွန်းထုတ်ရမယ်။ ခင်ဗျားတို့ မေးခွန်းမထုတ်ရင် ပြည်သူလူထု ဘယ်လိုလုပ် သိမလဲ။ ပြည် သူလူထု ဘယ်လုပ် မေးခွန်းထုတ်မလဲ။ 
အဲဒီတော့ ကမန်တော်က ပြောချင်တာကတော့ မျှတော့ မျှတရမယ်။ ဝေဖန်ပါ။ ဝေဖန်တဲ့အခါမှာ ၁ အချက် မျှတရမယ်။ ၂ အချက် တိုင်းပြည်ရဲ့ ရှေးရေး။ ခင်ဗျားတို့ အစိုးရလို့ ပြောတ တကယ့် အစိုးရမဟုတ်ဘူး။ နာမည်ပဲ ရှိတယ်။ ဘာကြောင့်လဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ မပြင်ရင် ဒီအတိုင်းပဲ ဆက်သွားမှာပဲ။ ပြင်နိုင်အောင်ကြိုးစားဖို့ပေါ့။ ဒါကတော့ ဘယ်လိုကြိုးစားကြမလဲ ဘယ်လိုလုပ်ကြမလဲကတော့ တစ်ပိုင်းပေါ့။ အဲဒီတော့ ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက်။ အဲဒီလိုပဲ။ ပြောစရာရှိရင် ပြောပါ။ ဒါပေမဲ့ အစိုးရဆိုတာ ရေလိုမသုံးပါနဲ့။ ဒီအစိုးရမှာ ကာကွယ်ရေးကို ဘယ်သူကိုင်သလဲ။ ပြည်ထဲရေးကို ဘယ်သူကိုင်သလဲ။ ပြည်ထဲရေးမှာ ဘာပြဿနာတွေ တက်နေသလဲ။ ခင်ဗျားတို့ ထောက်ပြ ရမှာ။ အစိုးရ၊ ဒေါ်စု အစိုးရ၊ NLD အစိုးရ၊ NLD အစိုးရက ဘာလုပ်နေသလဲ။ ကျွန်တော် အဲဒါမျိုးတော့ မကြိုက်ဘူး။ မျှတရမယ်။ တိုင်းပြည် အကျိုးအတွက် ဖြစ်ရမယ်။ ပြောစရာရှိရင် ပြောရမယ်။ 
မေး။    ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တွေ့ဖို့အစီအစဉ်ရှိလား။
ဖြေ။    ။ အခုတော့ မရှိပါဘူး။ ဒါပေမဲ့ အချိန်ရှိမှာပေါ့ဗျာ။ ကျွန်တော်လည်း ဒီမှာ နေနိုင်မယ်။ သွားရပြုရတာလည်း လွယ်မယ် အဲဒီလိုဆိုရင်တော့ ပိုပြီးလွယ်မှာပေါ့ဗျာ။ အခုချက်ချင်းတော့ ကျွန်တော် မရှိဘူး။
မေး။   ။ နောက်တစ်ခုပေါ့။ အကယ်၍သာ ၉၀ ရွေးကောက်ပွဲရလဒ်ကို အဲဒီအချိန် အစိုးရက လက်ခံခဲ့ရင် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဘယ်လောက်ထိ တိုးတက်လာမယ်လို့မြင်လဲ။
ဖြေ။   ။ နှစ်အရကြည့်ရင် အဲဒီအချိန်ကသာ  ပေးလိုက်ရင် နှစ်ပေါင်း ၃၀ လောက် အခုဖြစ်နေပြီ။ ဒီ နှစ်ပေါင်း၃၀ ဒီမိုကရေစီ အကူးအပြောင်းဖြစ်နေပြီ။ အခုဟာက နှစ်ပေါင်း ၃၀ မဟုတ်ဘူး။ အခုမှ စပြီး ၅နှစ်လောက် ၁၀ နှစ်လောက်ပဲ ရှိသေးတယ်။ ဒါ တောင်မှ အတိအကျမဟုတ်ဘူး။ ၁၉၉၀ တုန်းက ကျွန်တော်တို့ စစ်တန်းလျား ပြန်ပါမယ်။ ဖွဲ့စည်းပုံကို မဆွဲပါဘူးပြောသွားတာ။ အခု ၂၀၀၈ ဖွဲ့စည်းပုံက ပြဿနာကြီးတက်နေပြီ။ ဒါကို ပြင်ဖိုပလည်း လိုနေတယ်။ အများကြီးပြောင်းလဲနိုင်တယ်လို့ ကျွန်တော် တို့ ယုံကြည်တယ်ဗျာ။ ယုံကြည်တာပဲ ပြောလို့ရတာပေါ့။ အများကြီးပြောင်းလဲ နိုင်တယ်။ 
မေး။   ။ လက်ရှိမှာ လွှတ်တော်ထဲက တစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး ကြိုးပမ်းနေကြတာလည်း ရှိတာပေါ့နော်။ သူတို့ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမျှော်မှန်းချက်ကရော မျှော်မှန်းသလောက် အဆင်ပြေပါ့မလား။ တစ်ဖက်မှာတပ်ရဲ့ အခန်း ကဏ္ဍကလည်းရှိနေသေးတော့။ အောင်မြင်နိုင်မယ့် အလားအလာမြင်ရလား။
ဖြေ။    ။ ချက်ချင်းတော့ ဘယ်အောင်မြင်မလည်းဗျာ။ ဒါပေမဲ့ လုပ်သင့် လုပ်တိုက်တာကို  အခု လုပ်ဖို့တယ်။ ပြည်သူလူထုတွေ လည်း ဒီအတိုင်းပဲ။ လုပ်သင့် လုပ်ထိုက်တာကို လုပ်ပါ။ ကိုယ်က လုပ်နိုင်မယ်လို့တော့ ဖြစ်ချင်မှ ဖြစ်မယ်။ သို့သော်လည်း ပြည် သူ လူထုကလည်း ကျုပ်တို့ ဒါကို မကြိုက်ဘူးဆိုတာကိုတော့ ပြောရမယ်။ မပြောဘူး၊ NLDပဲ ပြောမယ်။ မီဒီယာပဲ ပြောမယ်။ ဟိုလူပြောမယ် ဒီလူပြောမယ်ဆိုရင် သူတို့က ပြောလာမှာ ပြည်သူလူထုက ဘာမှ မပြောဘူး။ ခင်ဗျားတို့ချည်းပြောနေတာ။ မဟုတ်ဘူး။ ပြည်သူလူထုကလည်း ကျုပ်တိုပ မကြိုက်ဘူး။ ပြင်ချင်တယ်။ ဒါကျုပ်တို့ ဆန္ဒမဟုတ်ဘူးဆိုတာကို ပြောရမယ်။ ပြင်လို့ရတာမရတာက နောက်မှ ။ ဒါကို ပြောရမယ်။
မေး။    ။ လက်ရှိ မြန်မာ့ နိုင်ငံရေး အခန်းကဏ္ဍမှာ တပ်မတော်က ရာခိုင်နှုန်းတော်တော်များများ ပါဝင်နေတာဆိုတော့ ဒီအ ပေါ်မှာလည်း သုံးသပ်ပေးပါဦး။ တပ်မတော်သည် နိုင်ငံရေးအခန်းကဏ္ဍကနေ ပြန်လည် ဆုတ်ခွာသင့်ပြီလား။
ဖြေ။     ။ အဲဒါက ခက်တယ်ဗျ။ ခက်တယ်ဆိုတာက ဗမာပြည် နိုင်ငံရေး သမိုင်းကြောင်းပေါ့။ တပ်မတော်က အာဏာကို သိမ်း လိုက်တဲ့အချိန်မှာ ၁၉၆၂  ကမန်တော်တို့ တက္ကသိုလ် ကျောင်းသားအရွယ်ပေါ့။ ၁၉၆၂ မှာ ဗိုလ်ချုပ်နေဝင်းက အာဏာ သိမ်း လိုက်တာ။ အဲဒီကတည်းက သိမ်းလိုက်တာ။ ဘာကြောင့် သိမ်းလိုက်တယ် ဆိုတာကို ပြောဖို့က နိုင်းပြည်မာ ကွဲပြားမှာကြောက် လို့တဲ့။ တိုင်းပြည်ကြီး တစ်စိတ်တစ်ပိုင်းဖြစ်မှာကြောက်လို့။ အဲဒီအချိန်မှာ ရှမ်းနဲ့ ပတ်သက်တာတွေ ရှိတယ်။ ဒါကြေင့်  တပ်မ တော်က ထိန်းသိမ်းလိုက်ရပါတယ်တဲ့။ အိုခေ။ ထိန်းသိမ်းပေါ့။ ဒါပေမဲ့ လက်တွေ့ကျတော့ တပ်မတော် ထိန်းသိမ်းပြီးမှ လက်နက် ကိုင်တွေက ပိုများ လာတယ်။ တပ်မတော် မထန်းသိမ်းခင်က လက်နက်ကိုင်က ကရင်တို့ ကွန်မြူနစ်တို့လောက်ပဲ ရှိတာ။ ကချင် က နောက်မှ ဝင်လာတာ။ တပ်မတော်ထိန်းသိမ်းလိုက်တာနဲ့ ပိုများလာတယ်။ အဲဒါ ဘာကြောင့်လဲ။ ၂ အချက် ၊ တိုင်းပြည်ရဲ့ စီးပွားရေး ထိုးကျသွားတယ်။ ကျွန်တော်တို့ ရှိတုန်းက ဒီနောက်လူတွေ သိချင်မှ သိမယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ စီးပွားရေး ထိပ်မှာ ရှိတယ်။ ထိပ်မှာဆိုတာ အရှေ့တောင်အာရှမှာ ရှိတယ်။ အဲဒီတော့ သူတို့ပြောတဲ့ အောကာင်းပြချက်နဲ့ တကယ်ဖြစ်တဲ့ ပုံစံနဲ့က ကိုက်သလား။ ဒါ ပထမဆုံးပြောတာ။
နောက်ပိုင်းကျတော့ ဘာဖြစ်လာလဲဆိုတော့ လက်နက်ကိုင်တွေ များတယ်တဲ့။ တစ်ယောက်တစ်ပေါက်ဖြစ်မယ်။ တိုင်းပြည်တစ်ခါ ကွဲဦးမယ်။ မကွဲအောင် သူတို့ရှိရမယ်တဲ့ တစ်ခါ လုပ်ပြန်ရော။ ထားလိုက်တော့ ၊ တပ်မတော် လအစိုးအစိုးရနဲ့ တပ်မတော်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍ ။ အဲဒီတော့ ဘာလုပ်ကြမှာလဲ။ တိုင်းပြည်က ဒီတိုင်းလ သွားလို့တော့ မကောင်းဘူး။  အဒြီတော့ ငြိမ်း ချမ်းရေးက အရေးကြီးတယ်ဆိုပြီးဖြစ်လာတယ်။ ငြိမ်းချမ်းရေး ဆိုတော့ဘာလဲ။ နှစ်ဖက် တိုက်တဲ့အပေါ်မှာတည်တာ။ ဟုတ် တယ်။ NLDကလည်းပြောနိုင်တယ်။ နိုင်ငံတကာ ကလည်း အကြံဉာဏ်ပေးနိုင်တယ်။ ဒါကို လက်တွေ့ ဘယ်လို ဖြေရှင်းမလဲ။ ဒါပေမဲ့ တကယ် လုပ်ရ လမယ့်လူ က ဘယ်သူလဲဆိုတော့ နှစ်ဖက် တိုက်တဲ့လူ။ တပ်မတော်နဲ့ လက်နကိုင်တွေ။ ကျွန်တော်တို့ အပြင်မှာ ရှိတုန်းက မာနယ်ပလောမှာ ကျွန်တော်တို့နေတယ်။ ပထမဦးစွာ။ အဲဒီအချိန်တုန်းက ကရင်နဲ့ အဆက်အစပ်ရှိ တယ်။ မွန်နဲ့ အဆက်အစပ်ရှိတယ်။ ကချင်နဲ့ အဆက်အစပ်ရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ပြောနေတယ်။ ခင်ဗျားတို့ တိုက်တာတိုက်။ ဒါကတော့ ခင်ဗျားတို့ သဘောနဲ့။ သဘောတရားအရ မကျေနပ်လို့ တိုက်ကြတာပေါ့ဗျာ။ ဒါပေမဲ့လို့ ဗမာပြည်ရဲ့ ရှေ့ရေးကို ခင် ဗျားတို့ စဉ်းစားပါ။ အဲဒီမှာ ကမန်တော်တို့က ပရိုပို့စ်လုပ်တာက ဖက်ဒရယ် စစ်စဆန်။ ပြည်ထောင်စု စစ်စတန်။ ခွဲထွက်တာကို ကျွန်တော်တို့မကြိုက်ဘူး။ ခွဲလည်းမထံက်သင့်ဘူး။ အဲဒါကို ကျွန်တော်တို့ တွန်းခဲ့တယ်။ သက်သေတွေ အများကြီးရှီတယ်။ ဆို တော့ ဒီနှစ်ဖက်က တစ်ဖက်နဲ့ တစ်ဖက် စကားပြောရတော့မယ့် အခြေအနေရှိတယ်။ မပြောဘူး၊ ဟိုရှောင်မယ် ဒီရှောင် မယ် ဆိုရင်တော့ အရစ်ရှည် သွားမှာပဲ။ 
မေး။      ။ အန်ကယ့် အင်တာဗျူးတစ်ခုမှာ ကြည့်လိုက်ရပါတယ်။ မြန်မာပြည်ကို ငြိမ်းချမ်းရေး ရစေချင်ပြီဆိုတာ။ လက်ရှိမှာရော မြန်မာပြည်က ငြိမ်းချမ်းရေး ရဖို့နီးပြီလား။ ငြိမ်းချမ်းရေး ရောင်နီသန်းပြီလား။
ဖြေ။      ။ ကျွန်တော်က သန်းတယ်လို့ မမြင်ဘူးဗျ။ AA ပေါ်လာတာကြည့်ပါလား။ ငြိမ်းချမ်းရေးက မသန်းဘူး။ စကား ပြောရ မယ်။  လက်နက်ါကိုင်တဲ့ သူအချင်းချင်း စကားပြောရမယ်။ မင်းက ဒီလိုကွာ၊ ငါကဒီလိုကွာ။ ခင် ဗျားတို့ကတော့ စစ်သားစု ဆောင်း နေတာပဲ။ ကျုပ်တို့က ဘာလို့မစုရမှာလဲ။ အေး … မင်းတို့လည်း စုဆောင်း ငါတို့လည်း စုဆောင်းမယ်။ဒါပေမဲ့ ရှေ့ရေး ကျရင် ဘယ်လို လုပ်မယ် ဆိုပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် လုပ်ရမှာ။ တပ်မတော်က အင်အားအရှိဆုံး လက်နက် ကိုင် တာ။ သူက အလျှော့ပေးညှိနှိုင်းရမယ်။ သူက ပြော ရမယ်။ ဒါပေမဲ့ တပ်မတော် ကိုယ်တိုင်က ကန့်လန့်ကန့်လန့် လုပ်ရင်တော့ ကျန်တဲ့ လူက လိုက်မှာ မဟုတ် ဘူးဗျ။ လက်နက်ကိုင်တွေကိုး။ လက်နက်ကိုင်မှာပဲ။ တပ်မတော်က မင်းတို့က ဘာလုပ် သင့် တယ်။ ညာလုပ် သင့်တယ်ပြောပြီး သူလုပ်သင့်တာကျ မလုပ်ဘူးဆိုရင် ဘယ်လက်ခံမလဲ။
မေ။      ။ လက်ရှိသွားနေတဲ့ နိုင်ငံရေးဆွေးပွဲ စကားဝိုင်းတွေကရော ငြိမ်းချမ်းရေးအတွက် ဘယ်လောက် အတိုင်း အတာအထိ ထိရောက်မယ်လို့ သုံးသပ်လို့ရမလဲ။
ဖြေ။      ။ လုံး၀ မထိရောက်ဘူးလို့တော့ မပြောချင်ဘူး။ တစ်ချို့တွေ ပြောတယ်။ သေနတ်ဖောက်တာထက် စာရင် ဆွေးနွေးတာ ပိုကောင်းပါတယ်။ သို့သော်လည်းပဲ လက်နက်ကိုင်တဲ့ ဂရု ၂ခုက ကျွန်တော်တို့လို မဟုတ်ဘူးဗျ။ လက်နက်မကိုင်တဲ့ လူတွေလို မဟုတ်ဘူးဗျ။ 
မေး။      ။ ကြာဦးမယ် ဆိုတဲ့ သဘောပေါ့။
ဖြေ။      ။ ကြာတော့ ကြာနိုင်တယ်။ ကြာနိုင်တယ်။ ဒါပေမဲ့လို့ ကြာတာက ကောင်းတာတော့ မဟုတ်ဘူးဗျ။ ဒီကြားထဲမှာ ပြဿ နာတွေ အများကြီးရှိတယ်။
မေး။      ။ အန်ကယ့်အနေနဲ့ရော နိုင်ငံရေးလောကထဲ ပြန်ပြီးလှုပ်ရှားဖို့ရော အစီအစဉ်ရှိလား။
ဖြေ။      ။ တိုက်ရိုက်ကြီး ပါတီထောင်တာတို့၊ ဒီပြင်ပါတီထဲ ဝင်တာတို့ အဲဒါမျိုးတော့ မရှိပါဘူး။ ၉၀ ရွေးကောက်ပွဲ အနိုင်ရသူ တွေလည်း သူတို့ဟာသူတို့ လုပ်ချင်လုပ်ပေါ့။ ကျွန်တော်ကတော့ မပါဘူး။ သို့သော်လည်းပဲ နိုင်ငံရေးသမားဖြစ်တဲ့အတွက်တော့ လျှောက်သွားနေမှာပေါ့ဗျာ။ နိုင်ငံရေးသမား ကိုယ့်အဖော်တွေနဲ့လည်း တွေ့မှာပေါ့။ ပါးစပ်ကလည်း လျှောက်ပြောမှာပေါ့ဗျာ။ အကြံပေးမယ်ပေါ့ဗျာ။ ယူချင်ယူ မယူချင်နေပေါ့။ နိုင်ငံရေးနဲ့ တိုက်ရိုက်မဆိုင်ဘူး။ လူမှုရေးတွေ ၊ဒါတွေလည်း လုပ်ချင်တာပေါ့။ 
မေး။     ။ ပါတီနိုင်င့ရေးအပေါ်မှာ စိတ်ကုန်သွားပြီလို့ ပြောလို့ရမလား။
ဖြေ။     ။ စိတ်တော့ မကုန်ဘူး။ ကျုပ်က ဝေးနေတယ်ဗျ။ ခုမှ ဝင်မယ်ဆို မဝင်နဲ့ဆို ဘယ်လိုလုပ်မလဲ။ နောက်ဆယ်နှစ်စောင့်ဦး၊ နောက်ဆယ်နှစ်ဆို ကျုပ်က ခု ၇၅ နှစ်ကနေ ၈၅ နှစ်ဖြစ်ပြီ။ သဘောပြောပြတာပါ။
မေး။     ။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက်ရော လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမားတွေနဲ့ ပါတီတွေကို ဘာတွေ အကြံပေး ချင်တာ ရှိမလဲ။
ဖြေ။     ။ ၂၀၂၀ ကတော့ သူ့တို့ဟာ သူတို့ လုပ်သွားမှာပဲဗျ။ ပြည်သူလူထုကတော့ သေချာ စဉ်းစားပေါ့ဗျာ။ ပြည်သူလူထုလည်း စဉ်းစားတတ်တာပဲ။ ဘယ်ပါတီကို ထည့်ရမယ်၊ ရှေ့ရေးက ဘယ်လို ရှိသလဲ။ ဒီရှေ့ရေးကို ရင်ဆိုင်ဖို့ ဘယ်သူတွေ လိုသလဲ။ ပြည်သူလူထုက ဆုံးဖြတ်ရမှာပေါ့။ သို့သော်လည်းပဲ ပါတီတွေကတော့ သိပ်သိပ်သည်းသည်းရှိဖို့ ပြည်သူလူထုအပေါ်မှာ စေတ နာရှိဖို့ ၊နောက်ပြီးတော့ လေ့လာမှုတွေကတော့ လို တယ်ဗျာ။ မလေ့လာရင် မလေ့လာတဲ့အဆင့်မှာပဲ ကျန်ခဲ့မှာ။
မေး။    ။ ၂၀၂၀ မှာ NLD ရဲ့ အခန်းကဏ္ဍကိုရော ဘယ်လို မြင်လဲ။ လက်ရှိအခြေအနေနဲ့ဆို ၂၀၁၅ တုန်းကလို အနိုင်ရနိုင် ဦးမ လား။ သူတို့အပေါ် အမြင်မကြည်ကြတာတွေလည်း ရှိနေတော့။
ဖြေ။    ။ အဲဒါ ဆိုးတယ်ဗျ။ ကျုပ်က ပြောလိုက်ရင် NLD ကို ပင်းတယ်လို့ ဖြစ်ဦးမယ်။ ပြောရတာ ခက်တယ်ဗျ။ တကယ်ပြော ရင် တော့။ ပြဿနာအကြီးကြီးက ရှိနေတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဘယ်ပါတီမဆို ကန့်လန့်ကြီးတော့ ဖြစ်နေမှာပဲ။ အဲ ဒါကို မပြင်မချင်း ကန့်လန့်ကြီး ဖြစ်မှာပဲ။ NLD တက်လည်း ဆက်ပြီး ကန့် လန့် ဖြစ်ဦးမှာပဲ။ NLD မတက်လို့ ဘယ်ပါတီ တက် တက် ကန့်လန့်ဖြစ်မှာပဲ။ ဘယ်လောက်ကန့်လန့်ဖြစ်မလဲ၊ ဘယ်လောက်လုပ်နိုင်မလဲ၊ ဘယ်လောက် အင်အားရှိမလဲ။ အင်အားကို အင်အားနဲ့ ပြိုင်ရတာဗျ။ ရှင်းရှင်း ပြော ရင် နှစ်ယောက်တစ်ပိုင်းနဲ့ ပြိုင်လို့မရဘူး။ အဲဒီတော့ NLD ရဲ့ အခြေခံ အင်အား ဘယ် လောက်ရှိလဲ။ ဒီဟာတွေကို စောင့်ပြီး ကြည့်ရမှာပဲ။
မေး။     ။ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြီး ပြောချင်တာ ရှိသေးရင်လည်း ပြောပေးပါဦး။
ဖြေ။     ။ မရှိပါဘူးကွာ။ ဒါတွေဟာ တိုင်းပြည်တစ်ပြည်မှာ လူတွေဟာ မှန်မှန်ကန်ကန် ရှိဖို့တော့ လိုတာပေါ့။ မှန်မှန်ကန်ကန် မရှိရင် မလွယ်ဘူး။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကောင်းစားဖို့တော့ ကြည့်ရမှာပေါ့။ 
ဟုတ်ကဲ့ပါ .. အခုလိုမျိုး ကျွန်တော်တို့ကို အချိန်ပေး ဖြေကြားပေးတဲ့အတွက် အန်ကယ်ကို ကျေးဇူးတင်ပါတယ် …. ။

- တွေ့ဆုံမေးမြန်းသူ - မျိုးသူအောင်ငြိမ်း

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။