Skip to main content
bsszsbgs
Ads Block

YBS မွတ္တိုင္မ်ားအဆင့္ျမွင့္တင္ခြင့္ရရွိသည့္ကုမၸဏီမ်ားမွ လုပ္ငန္းမ်ားစတင္ေန

ဘတ္စ္ကားမွတ္တိုင္မ်ားအဆင့္ျမွင့္တင္ရန္ လုပ္ကိုင္ခြင့္ရရွိသည့္ကုမၸဏီမ်ားမွ လုပ္ငန္းမ်ားစတင္ေနၿပီ ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔မွ သိရသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ လိႈင္သာယာ၊ ေရႊျပည္သာ၊ အင္းစိန္၊ မဂၤလာဒံုႏွင့္ ေျမာက္ဥကၠလာပ ၿမိဳ႕နယ္မ်ားမွ ဘတ္စ္ကားမွတ္တိုင္ ၂၅၀ ကို Ganad ကုမၸဏီမွ လည္းေကာင္း၊ ဒဂံုအေရွ႕၊ ဒဂံုဆိပ္ကမ္း၊ ေဒါပံု၊ သာေကတ၊ ေတာင္ဒဂံု၊ ေျမာက္ဒဂံု ၿမိဳ႕နယ္မ်ားရွိ ဘတ္စ္ကားမွတ္တိုင္ ၄၀၉ ခုကို Zenith ကုမၸဏီမွ လည္းေကာင္း အဆင့္ျမွင့္တင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“လုပ္ကိုင္ခြင့္ရရွိတဲ့ ကုမၸဏီေတြက လုပ္ငန္းေတြစတင္ဖို႔ျပင္ေနၿပီ။ FMI ကုမၸဏီကေဆာင္ရြက္ေနတဲ့ မွတ္တိုင္ ၅၀၀ ကလည္း ၿပီးခါနီးေနၿပီ။ ဘတ္စ္ကားမွတ္တိုင္ေတြကို ႏိုင္ငံတကာအဆင့္ အဆင့္ျမွင့္တင္သြားမွာ ျဖစ္ပါတယ္။ မွတ္တိုင္ေပါင္း ၁၀၀၀ ေက်ာ္ကို ပုဂၢလိကကုမၸဏီေတြကို တင္ဒါေခၚၿပီးေဆာင္ရြက္တာရွိပါတယ္။ က်န္တဲ့ဟာေတြကိုေတာ့ ၿမိဳ႕ေတာ္စည္ပင္က တာဝန္ယူေဆာင္ရြက္မွာ ျဖစ္ပါတယ္”ဟု ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ရန္ကုန္ၿမိဳ႕တြင္းဘတ္စ္ကားမွတ္တိုင္ေပါင္း ၄၀၀၀ ေက်ာ္ရွိကာ လက္ရွိဘတ္စ္ကားမွတ္တိုင္ ၅၀၀ အဆင့္ျမွင့္တင္မႈတြင္ ကန္ေဒၚလာ ၁၃ သန္းရင္းႏွီးျမွဳပ္ႏွံထားေၾကာင္း သိရသည္။

ဘတ္စ္ကားမွတ္တိုင္မ်ားတြင္ ခရီးသည္မ်ားလံုျခံဳေရးအတြက္ cctv ကင္မရာမ်ားတပ္ဆင္သြားမည္ ျဖစ္သည့္အျပင္ ဖုန္းအားသြင္းႏိုင္ရန္ USB ႀကိဳးမ်ား တပ္ဆင္ေပးထားကာ ဘတ္စ္ကားမွတ္တိုင္မ်ား ေဘးတြင္လည္း ေစ်းဆိုင္ခန္းမ်ားတည္ေဆာက္ရန္ျပင္ဆင္ေနေၾကာင္း သိရသည္။

 

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

 

 

Unicode Version

 

 

YBS မှတ်တိုင်များအဆင့်မြှင့်တင်ခွင့်ရရှိသည့်ကုမ္ပဏီများမှ လုပ်ငန်းများစတင်နေ

 

 

ဘတ်စ်ကားမှတ်တိုင်များအဆင့်မြှင့်တင်ရန် လုပ်ကိုင်ခွင့်ရရှိသည့်ကုမ္ပဏီများမှ လုပ်ငန်းများစတင်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံနှင့် မြောက်ဥက္ကလာပ မြို့နယ်များမှ ဘတ်စ်ကားမှတ်တိုင် ၂၅၀ ကို Ganad ကုမ္ပဏီမှ လည်းကောင်း၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ဒေါပုံ၊ သာကေတ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ မြို့နယ်များရှိ ဘတ်စ်ကားမှတ်တိုင် ၄၀၉ ခုကို Zenith ကုမ္ပဏီမှ လည်းကောင်း အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

“လုပ်ကိုင်ခွင့်ရရှိတဲ့ ကုမ္ပဏီတွေက လုပ်ငန်းတွေစတင်ဖို့ပြင်နေပြီ။ FMI ကုမ္ပဏီကဆောင်ရွက်နေတဲ့ မှတ်တိုင် ၅၀၀ ကလည်း ပြီးခါနီးနေပြီ။ ဘတ်စ်ကားမှတ်တိုင်တွေကို နိုင်ငံတကာအဆင့် အဆင့်မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ မှတ်တိုင်ပေါင်း ၁၀၀၀ ကျော်ကို ပုဂ္ဂလိကကုမ္ပဏီတွေကို တင်ဒါခေါ်ပြီးဆောင်ရွက်တာရှိပါတယ်။ ကျန်တဲ့ဟာတွေကိုတော့ မြို့တော်စည်ပင်က တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း၌ ဘတ်စ်ကားမှတ်တိုင်ပေါင်း ၄၀၀၀ ကျော်ရှိကာ လက်ရှိဘတ်စ်ကားမှတ်တိုင် ၅၀၀ အဆင့်မြှင့်တင်မှုတွင် ကန်ဒေါ်လာ ၁၃ သန်းရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

ဘတ်စ်ကားမှတ်တိုင်များတွင် ခရီးသည်များလုံခြုံရေးအတွက် cctv ကင်မရာများတပ်ဆင်သွားမည် ဖြစ်သည့်အပြင် ဖုန်းအားသွင်းနိုင်ရန် USB ကြိုးများ တပ်ဆင်ပေးထားကာ ဘတ်စ်ကားမှတ်တိုင်များ ဘေးတွင်လည်း ဈေးဆိုင်ခန်းများတည်ဆောက်ရန်ပြင်ဆင်နေကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။