Skip to main content
လူတိုင္းဥပေဒကိုနားလည္ၿပီး လုိက္နာရမည္ျဖစ္ေၾကာင္း ရန္ကုန္တုိင္း စီမံ/ဘ႑ာ၀န္ႀကီးဦးျမင့္ေသာင္း ေျပာ
Ads Block

လူတိုင္းဥပေဒကိုနားလည္ၿပီး လုိက္နာရမည္ျဖစ္ေၾကာင္း ရန္ကုန္တုိင္း စီမံ/ဘ႑ာ၀န္ႀကီးဦးျမင့္ေသာင္း ေျပာ

မည္သူမဆို ဥပေဒကိုနားလည္ၿပီးလုိက္နာၾကရမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ စီမံကိန္းႏွင့္ဘ႑ာေရး၀န္ႀကီး ဦးျမင့္ေသာင္းက ေျပာလုိက္သည္။
ရန္ကုန္ၿမိဳ႕ရွိ UMFCCI တြင္ ၾသဂုတ္လ ၃၀ ရက္ကက်င္းပေသာ စာေပႏွင့္အႏုပညာမူပုိင္ခြင့္ဥပေဒ ၂၀၁၉ ၊ သဘင္ႏွင့္ရုပ္ရွင္ဆုိင္ရာစကား၀ုိင္းတြင္ ယင္းကဲ့သို႔ေျပာျခင္းျဖစ္သည္။
“အႏုပညာရွင္မ်ားက သူတုိ႔ရဲ႕ဦးေႏွာက္နဲ႔ တီထြင္ဆန္းသစ္ထားတဲ့ ထုတ္လုပ္ထားတဲ့ ဥပမာ- သီခ်င္းေရးတဲ့ဆရာက သီခ်င္းေရးထားတယ္။ ျပဳစုထားတယ္။ အဲဒါသူ႔ရဲ႕မူပုိင္ခြင့္ပစၥည္းပါ။ ဥပမာဆုိပါစုိ႔။ ဆရာၿမိဳ႕မၿငိမ္းရဲ႕ စစ္ကုိင္းေတာင္ရုိး၊ ေရႊမင္းဂံတုိ႔၊ ဒီသီခ်င္းေတြကုိ ကြ်န္ေတာ္တုိ႔ကသိသာသိထားတယ္။ အစကေတာ့ ဘယ္သူေရးစပ္မွန္းမသိဘူးေပါ့။ ေနာက္ပုိင္းမွသိရေတာ့ ဒါသူ႔ရဲ႕အသိဥာဏ္ဆုိင္ရာပစၥည္း ျဖစ္တဲ့အတြက္ေၾကာင့္ အေရးႀကီးပါတယ္။ ဒါနဲ႔စပ္မိလုိ႔ေျပာရရင္ ကြ်န္ေတာ္ ဒီဥပေဒေတြကုိ နားမလည္ဘူးေပါ့ေလ။ အဲဒီေတာ့ ဥပေဒနားမလည္ျခင္းကလည္း မသိဘူးလုိ႔ေတာ့ေျပာလုိ႔မရပါဘူး။ လူတုိင္းဟာဥပေဒကုိနားကုိနားလည္ၾကရမယ္။လုိက္ကုိလုိက္နာၾကရမယ္’’ဟု ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွစီမံကိန္းႏွင့္ဘ႑ာေရး၀န္ႀကီး ဦးျမင့္ေသာင္းက ေျပာသည္။
လက္ရွိတြင္ စာေပႏွင့္အႏုပညာမူပုိင္ခြင့္ဥပေဒ ၂၀၁၉ ထြက္ရွိလာေသာ္လည္း နည္းဥပေဒ ထပ္မံေရးဆြဲရဦးမည္ျဖစ္ေၾကာင္း သိရသည္။
စာေပႏွင့္အႏုပညာမူပုိင္ခြင့္ဥပေဒ ၂၀၁၉ ထြက္လာၿပီးေနာက္ နယ္ၿမိဳ႕မ်ားရွိဆိုင္း၀ိုင္းမ်ားတြင္ သီဆိုေနသူ မင္းသား၊ မင္းသမီးမ်ားအေနျဖင့္ တရားစြဲဆိုခံရမည္ကိုစိုးရိမ္ေနၾကေၾကာင္းလည္း ဆုိင္းပညာရွင္ ျမန္မာျပည္ေက်ာက္စိမ္းက ေျပာထားသည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

မည်သူမဆို ဥပဒေကိုနားလည်ပြီးလိုက်နာကြရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောလိုက်သည်။
ရန်ကုန်မြို့ရှိ UMFCCI တွင် သြဂုတ်လ ၃၀ ရက်ကကျင်းပသော စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ၂၀၁၉ ၊ သဘင်နှင့်ရုပ်ရှင်ဆိုင်ရာစကားဝိုင်းတွင် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။
“အနုပညာရှင်များက သူတို့ရဲ့ဦးနှောက်နဲ့ တီထွင်ဆန်းသစ်ထားတဲ့ ထုတ်လုပ်ထားတဲ့ ဥပမာ- သီချင်းရေးတဲ့ဆရာက သီချင်းရေးထားတယ်။ ပြုစုထားတယ်။ အဲဒါသူ့ရဲ့မူပိုင်ခွင့်ပစ္စည်းပါ။ ဥပမာဆိုပါစို့။ ဆရာမြို့မငြိမ်းရဲ့ စစ်ကိုင်းတောင်ရိုး၊ ရွှေမင်းဂံတို့၊ ဒီသီချင်းတွေကို ကျွန်တော်တို့ကသိသာသိထားတယ်။ အစကတော့ ဘယ်သူရေးစပ်မှန်းမသိဘူးပေါ့။ နောက်ပိုင်းမှသိရတော့ ဒါသူ့ရဲ့အသိဉာဏ်ဆိုင်ရာပစ္စည်း ဖြစ်တဲ့အတွက်ကြောင့် အရေးကြီးပါတယ်။ ဒါနဲ့စပ်မိလို့ပြောရရင် ကျွန်တော် ဒီဥပဒေတွေကို နားမလည်ဘူးပေါ့လေ။ အဲဒီတော့ ဥပဒေနားမလည်ခြင်းကလည်း မသိဘူးလို့တော့ပြောလို့မရပါဘူး။ လူတိုင်းဟာဥပဒေကိုနားကိုနားလည်ကြရမယ်။လိုက်ကိုလိုက်နာကြရမယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
လက်ရှိတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ၂၀၁၉ ထွက်ရှိလာသော်လည်း နည်းဥပဒေ ထပ်မံရေးဆွဲရဦးမည်ဖြစ်ကြောင်း သိရသည်။
စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ၂၀၁၉ ထွက်လာပြီးနောက် နယ်မြို့များရှိဆိုင်းဝိုင်းများတွင် သီဆိုနေသူ မင်းသား၊ မင်းသမီးများအနေဖြင့် တရားစွဲဆိုခံရမည်ကိုစိုးရိမ်နေကြကြောင်းလည်း ဆိုင်းပညာရှင် မြန်မာပြည်ကျောက်စိမ်းက ပြောထားသည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။