Skip to main content
အေျခအေနေတြ ပုိဆုိးလာရင္ ေဟာင္ေကာင္မွာ ခ်ထားတဲ့ တရုတ္တပ္ေတြက လက္ပုိက္ၾကည့္ေနမွာ မဟုတ္
Ads Block

အေျခအေနေတြ ပုိဆုိးလာရင္ ေဟာင္ေကာင္မွာ ခ်ထားတဲ့ တရုတ္တပ္ေတြက လက္ပုိက္ၾကည့္ေနမွာ မဟုတ္

ေဟာင္ေကာင္မွာ ခ်ထားတဲ့ တရုတ္စစ္သားေတြဟာ အခ်ဳပ္အခ်ာပုိင္ျဖစ္တယ္ဆုိရုံ သေကၤတသေဘာ ခ်ထားျခင္းမ်ဳိးမဟုတ္ဘဲ ၿမိဳ႕ရဲ႕ အေျခအေနေတြ ဆုိး၀ါးလာခဲ့ရင္ ၄င္းတုိ ့အတြက္ လက္ပုိက္ထုိင္ၾကည့္ေနစရာ အေၾကာင္းရွိမွာ မဟုတ္ဘူးလုိ ့ ၾသဂုတ္ ၃၀ ရက္ ခ်ဳိင္းနားေဒးလီးသတင္းစာ အယ္ဒီတာအာေဘာ္မွာ ေရးသားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ဇြန္လမွစတင္ခဲ့ၿပီး တစ္ခါတရံ အၾကမ္းဖက္ဆူပူေတြအထိ ေရာက္သြားတတ္တဲ့ ဆႏၵျပမႈေတြ ေပၚေပါက္ေနရာ ၿဗိတိသွ် ကုိလုိနီေဟာင္း ေဒသမွာ ခ်ထားတဲ့ ၾကည္း၊ေရ၊ ေလ တပ္ေတြ ပုံမွန္ အလွည့္က် လဲလွယ္ျခင္းကုိ တရုတ္က ၾကာသပေတးေန ့မွာ အၿပီးေဆာင္ရြက္ထားခဲ့ပါတယ္။ ေဟာင္ေကာင္ကုိ ၁၉၉၇ ခုႏွစ္က ၿဗိတိသွ် အုပ္ခ်ဳပ္မႈေအာက္ကေန လႊဲေျပာင္းရယူခဲ့ၿပီးေနာက္မွစကာ တရုတ္ ျပည္သူ႕လြတ္ေျမာက္ေရး တပ္မေတာ္ PLA ရဲ႕ တပ္ဖြဲ႕၀င္ေတြကုိ အလွည့္က်ေနရာခ်ထားခဲ့တာျဖစ္ပါတယ္။
လက္ရွိအခ်ိန္ တပ္ေတြလဲလွယ္ ေရႊ႕ေျပာင္းလုိက္တာဟာ လခ်ီၾကာေနၿပီျဖစ္တဲ့ ေဟာင္ေကာင္ ဆႏၵျပမႈေတြကုိ ႏွိမ္နင္းဖုိ႕ ျဖစ္ႏုိင္ေခ်ရွိေနတယ္လုိ႕ဆုိပါတယ္။ ဒါေပမဲ့လည္း ေဟာင္ေကာင္အစုိးရကေတာ့ အျခအေနေတြကုိ ၄င္းတုိ ့ကုိယ္တုိင္ ကုိင္တြယ္ေျဖရွင္းႏုိင္ေၾကာင္း ေပက်င္းကုိ ထပ္မံ အသိေပးထားပါတယ္။
ခြဲထြက္ေရး အေတြးအေခၚရွိ ျပႆနာဖန္တီးသူေတြရဲ႕ ဇာတ္ကြက္ေအာက္မွာ အၾကမ္းဖက္မႈ၊ ပုန္ကန္မႈေတြ မထိန္းခ်ဳပ္ႏုိင္ေလာက္တဲ့ အေနအထားသုိ ့ အရွိန္ျမင့္တက္လာမႈနဲ႕အတူ နဂုိတည္းက အရုပ္ဆုိး အက်ည္းတန္စြာျဖစ္ေနတဲ့ အေျခအေနေတြ အဆုိး၀ါးဆုံးျဖစ္လာခဲ့ရင္ေတာ့ ေဟာင္ေကာင္မွာ ခ်ထားတဲ့ တပ္ေတြက လက္ပုိက္ၾကည့္ေနစရာ အေၾကာင္းရွိမွာမဟုတ္ဘူးလုိ႕ တရုတ္အစုိးရက အဂၤလိပ္ဘာသာနဲ႕ ထုတ္ေ၀တဲ့ သတင္းစာမွာ ေဖာ္ျပခဲ့ပါတယ္။
PLA ရဲ႕ ေဟာင္ေကာင္ အိမ္ေစာင့္တပ္ဟာ ၿမိဳ႕ျပေဒသအေပၚ တရုတ္အခ်ဳပ္အခ်ာပုိင္မႈအတြက္ သေကၤတသေဘာမ်ဳိး သက္သက္မဟုတ္ေၾကာင္းလည္း သတင္းစာရဲ႕ အယ္ဒီတာအာေဘာ္မွာ ေရးသား ခဲ့ပါတယ္။

-  ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : CNA

Unicode Version

 

ဟောင်ကောင်မှာ ချထားတဲ့ တရုတ်စစ်သားတွေဟာ အချုပ်အချာပိုင်ဖြစ်တယ်ဆိုရုံ သင်္ကေတသဘော ချထားခြင်းမျိုးမဟုတ်ဘဲ မြို့ရဲ့ အခြေအနေတွေ ဆိုးဝါးလာခဲ့ရင် ၎င်းတို့အတွက် လက်ပိုက်ထိုင်ကြည့်နေစရာ အကြောင်းရှိမှာ မဟုတ်ဘူးလို့ သြဂုတ် ၃၀ ရက် ချိုင်းနားဒေးလီးသတင်းစာ အယ်ဒီတာအာဘော်မှာ ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လမှစတင်ခဲ့ပြီး တစ်ခါတရံ အကြမ်းဖက်ဆူပူတွေအထိ ရောက်သွားတတ်တဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်နေရာ ဗြိတိသျှ ကိုလိုနီဟောင်း ဒေသမှာ ချထားတဲ့ ကြည်း၊ရေ၊ လေ တပ်တွေ ပုံမှန် အလှည့်ကျ လဲလှယ်ခြင်းကို တရုတ်က ကြာသပတေးနေ့မှာ အပြီးဆောင်ရွက်ထားခဲ့ပါတယ်။ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ်က ဗြိတိသျှ အုပ်ချုပ်မှုအောက်ကနေ လွှဲပြောင်းရယူခဲ့ပြီးနောက်မှစကာ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ရဲ့ တပ်ဖွဲ့ဝင်တွေကို အလှည့်ကျနေရာချထားခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန် တပ်တွေလဲလှယ် ရွှေ့ပြောင်းလိုက်တာဟာ လချီကြာနေပြီဖြစ်တဲ့ ဟောင်ကောင် ဆန္ဒပြမှုတွေကို နှိမ်နင်းဖို့ ဖြစ်နိုင်ချေရှိနေတယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း ဟောင်ကောင်အစိုးရကတော့ အခြအနေတွေကို ၎င်းတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း ပေကျင်းကို ထပ်မံ အသိပေးထားပါတယ်။
ခွဲထွက်ရေး အတွေးအခေါ်ရှိ ပြဿနာဖန်တီးသူတွေရဲ့ ဇာတ်ကွက်အောက်မှာ အကြမ်းဖက်မှု၊ ပုန်ကန်မှုတွေ မထိန်းချုပ်နိုင်လောက်တဲ့ အနေအထားသို့ အရှိန်မြင့်တက်လာမှုနဲ့အတူ နဂိုတည်းက အရုပ်ဆိုး အကျည်းတန်စွာဖြစ်နေတဲ့ အခြေအနေတွေ အဆိုးဝါးဆုံးဖြစ်လာခဲ့ရင်တော့ ဟောင်ကောင်မှာ ချထားတဲ့ တပ်တွေက လက်ပိုက်ကြည့်နေစရာ အကြောင်းရှိမှာမဟုတ်ဘူးလို့ တရုတ်အစိုးရက အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
PLA ရဲ့ ဟောင်ကောင် အိမ်စောင့်တပ်ဟာ မြို့ပြဒေသအပေါ် တရုတ်အချုပ်အချာပိုင်မှုအတွက် သင်္ကေတသဘောမျိုး သက်သက်မဟုတ်ကြောင်းလည်း သတင်းစာရဲ့ အယ်ဒီတာအာဘော်မှာ ရေးသား ခဲ့ပါတယ်။

-  ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။