Skip to main content
အေမဇုံေတာမီးႀကီးအေရး ထိထိေရာက္ေရာက္ ကုိင္တြယ္ေျဖရွင္းဖုိ ့ မင္းသားႀကီး လီယုိနာဒုိ တုိက္တြန္း
Ads Block

အေမဇုံေတာမီးႀကီးအေရး ထိထိေရာက္ေရာက္ ကုိင္တြယ္ေျဖရွင္းဖုိ ့ မင္းသားႀကီး လီယုိနာဒုိ တုိက္တြန္း

အေမဇံုသစ္ေတာႀကီး မီးအႀကီးအက်ယ္ေလာင္ေနတာဟာ  အလြန္ေၾကကြဲစရာေကာင္းတဲ့ျဖစ္ရပ္ျဖစ္ေၾကာင္း ကမာၻေက်ာ္မင္းသားႀကီး  လီယိုနာဒို ဒီကာပရီယိုက တနလၤာေန႔မွာ ေျပာဆုိခဲ့ပါတယ္။
ကမာၻ႔အႀကီးဆံုးအပူပိုင္းမိုးသစ္ေတာႀကီး  မီး၀ါးၿမိဳခံေနမႈနဲ႔ပတ္သက္လို႔  ႏိုင္ငံတကာက စိုးရိမ္မႈေတြထြက္ေပၚလာေနတာေၾကာင့္  အစိုးရအာဏာပိုင္ေတြအေနနဲ႔  ပိုမိုထိေရာက္တဲ့ ေျဖရွင္းမႈေတြျပဳလုပ္ဖို႔လည္း  ၄င္းကတိုက္တြန္းထားပါတယ္။
စီးပြားေရလုပ္ေရးလုပ္ငန္းရွင္ေတြျဖစ္တဲ့ Laurene Powell Jobs ၊ Brian Sheth  နဲ႕အတူ ၄င္းရဲ႕ Earth Alliance ပရဟိတအက်ိဳးေဆာင္လုပ္ငန္းစတင္ထူေထာင္တဲ့ ပဏာမေျခလွမ္းအျဖစ္  ၄င္းသစ္ေတာမီးေလာင္မႈကိုထိန္းခ်ဳပ္ရာမွာ ကူညီဖုိ ့ ရန္ပံုေငြအျဖစ္ အေမရိကန္ေဒၚလာ ၅ သန္း ထည့္ဝင္လွဴဒါန္းခဲ့ၿပီးေနာက္  မင္းသား ဒီကာပရီယို က ယခုလိုတိုက္တြန္းေျပာၾကားခဲ့တာပဲျဖစ္ပါတယ္။
ယခုနွစ္အတြင္းမွာပဲ  ဘရာဇီးႏိုင္ငံမွာ ေတာမီးေလာင္မႈေပါင္း ၇၈,၀၀၀ ထက္မနည္းရွိခဲ့ၿပီး  ယမန္ႏွစ္ကထက္  ၂ ဆျမင့္တက္လာတာကိုေတြ႔ရပါတယ္။  
ကုိယ္က်ဳိးရွာသမားေတြဟာ စိုက္ပ်ိဳးေမြးျမဴေရးသမားေတြကို  ေရာင္းခ်ဖို႔ သစ္ေတာေျမေတြကို ခုတ္ထြင္ရွင္းလင္းမီးရွိဳ႕တာေတြကေန  ေတာမီးေလာင္မႈေတြျဖစ္ေနရေၾကာင္း သဘာဝပတ္ဝန္က်င္ထိန္းသိမ္းသူေတြက ျပစ္တင္ေ၀ဖန္ခဲ့ပါတယ္။
အေမဇံုသစ္ေတာႀကီးမီးေလာင္ေနမႈကို  ထိန္းခ်ဳပ္ဖို႔အတြက္ ဘရာဇီးသမၼတ Jair Bolsonaro  အစိုးရကေနၿပီး စစ္တပ္ကို ေစလႊတ္ဖို႔ဆံုးျဖတ္ခဲ့ေပမယ့္လည္း  ျမန္ျမန္သြက္သြက္လုပ္ေဆာင္မႈမရွိဘူးလို႔  ေဝဖန္ခံခဲ့ရပါတယ္။ ေတာမီးေလာင္ေနမႈကို ဘယ္လိုေျဖရွင္းၿပီး ျပန္လည္ျပဳျပင္ထိန္းသိမ္းမလဲ ဆိုတာကို ဖြံၿဖိဳးၿပီး ကမာၻ႔ႏိုင္ငံအသီးသီးကေခါင္းေဆာင္ေတြနဲ႔ သေဘာတူေဆြးေႏြးမႈရွိခဲ့ေၾကာင္း  ျပင္သစ္သမၼတ  Emmanuel Macron ကလည္း  ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္ပတဲ့ G7 ထိပ္သီးအစည္းအေဝးႀကီးမွာ  ထည့္သြင္းေျပာၾကားခဲ့ပါတယ္။
ဘရာဇီးႏိုင္ငံအပါအဝင္ ကမာၻတစ္ဝန္းကအစိုးရေတြအေနနဲ႔ ေသခ်ာတဲ့လုပ္ေဆာင္မႈေတြကိုအတူပူးေပါင္းလုပ္ေဆာင္ဖို႔လိုအပ္ေနၿပီး  အခုထိေတာ့အေကာင္အထည္မေဖာ္ေသးဘူးလို႔  ဒီကာပရီယိုက ေျပာထားပါတယ္။

- ေမ ( အကုန္သိ သတင္းဌာန ) | Ref : Reuters

Unicode Version

 

အမေဇုံသစ်တောကြီး မီးအကြီးအကျယ်လောင်နေတာဟာ  အလွန်ကြေကွဲစရာကောင်းတဲ့ဖြစ်ရပ်ဖြစ်ကြောင်း ကမ္ဘာကျော်မင်းသားကြီး  လီယိုနာဒို ဒီကာပရီယိုက တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံးအပူပိုင်းမိုးသစ်တောကြီး  မီးဝါးမြိုခံနေမှုနဲ့ပတ်သက်လို့  နိုင်ငံတကာက စိုးရိမ်မှုတွေထွက်ပေါ်လာနေတာကြောင့်  အစိုးရအာဏာပိုင်တွေအနေနဲ့  ပိုမိုထိရောက်တဲ့ ဖြေရှင်းမှုတွေပြုလုပ်ဖို့လည်း  ၎င်းကတိုက်တွန်းထားပါတယ်။
စီးပွားရေလုပ်ရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ Laurene Powell Jobs ၊ Brian Sheth  နဲ့အတူ ၎င်းရဲ့ Earth Alliance ပရဟိတအကျိုးဆောင်လုပ်ငန်းစတင်ထူထောင်တဲ့ ပဏာမခြေလှမ်းအဖြစ်  ၎င်းသစ်တောမီးလောင်မှုကိုထိန်းချုပ်ရာမှာ ကူညီဖို့ ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၅ သန်း ထည့်ဝင်လှူဒါန်းခဲ့ပြီးနောက်  မင်းသား ဒီကာပရီယို က ယခုလိုတိုက်တွန်းပြောကြားခဲ့တာပဲဖြစ်ပါတယ်။
ယခုနှစ်အတွင်းမှာပဲ  ဘရာဇီးနိုင်ငံမှာ တောမီးလောင်မှုပေါင်း ၇၈,၀၀၀ ထက်မနည်းရှိခဲ့ပြီး  ယမန်နှစ်ကထက်  ၂ ဆမြင့်တက်လာတာကိုတွေ့ရပါတယ်။  
ကိုယ်ကျိုးရှာသမားတွေဟာ စိုက်ပျိုးမွေးမြူရေးသမားတွေကို  ရောင်းချဖို့ သစ်တောမြေတွေကို ခုတ်ထွင်ရှင်းလင်းမီးရှို့တာတွေကနေ  တောမီးလောင်မှုတွေဖြစ်နေရကြောင်း သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းသူတွေက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
အမေဇုံသစ်တောကြီးမီးလောင်နေမှုကို  ထိန်းချုပ်ဖို့အတွက် ဘရာဇီးသမ္မတ Jair Bolsonaro  အစိုးရကနေပြီး စစ်တပ်ကို စေလွှတ်ဖို့ဆုံးဖြတ်ခဲ့ပေမယ့်လည်း  မြန်မြန်သွက်သွက်လုပ်ဆောင်မှုမရှိဘူးလို့  ဝေဖန်ခံခဲ့ရပါတယ်။ တောမီးလောင်နေမှုကို ဘယ်လိုဖြေရှင်းပြီး ပြန်လည်ပြုပြင်ထိန်းသိမ်းမလဲ ဆိုတာကို ဖွံဖြိုးပြီး ကမ္ဘာ့နိုင်ငံအသီးသီးကခေါင်းဆောင်တွေနဲ့ သဘောတူဆွေးနွေးမှုရှိခဲ့ကြောင်း  ပြင်သစ်သမ္မတ  Emmanuel Macron ကလည်း  ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်ပတဲ့ G7 ထိပ်သီးအစည်းအဝေးကြီးမှာ  ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဘရာဇီးနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းကအစိုးရတွေအနေနဲ့ သေချာတဲ့လုပ်ဆောင်မှုတွေကိုအတူပူးပေါင်းလုပ်ဆောင်ဖို့လိုအပ်နေပြီး  အခုထိတော့အကောင်အထည်မဖော်သေးဘူးလို့  ဒီကာပရီယိုက ပြောထားပါတယ်။

- မေ ( အကုန်သိ သတင်းဌာန ) | Ref : Reuters

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။