Skip to main content
ပေထြးက မယားပါသမီးအား အဓမၼျပဳက်င့္ရန္ၾကံစည္မႈျဖစ္ပြား
Ads Block

ပေထြးက မယားပါသမီးအား အဓမၼျပဳက်င့္ရန္ၾကံစည္မႈျဖစ္ပြား

ပေထြးျဖစ္သူက မယားပါသမီးအား အဓမၼျပဳက်င့္ရန္ ၾကံစည္မႈ မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕နယ္၊ ႀကီးရြာအုပ္စု၌ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ႀကီးရြာအုပ္စု၌ မ------ ၊ (၁၈)ႏွစ္ႏွင့္ မိသားစုအားလံုး ေနထိုင္ၾကသည့္ေနအိမ္တြင္ ၾသဂုတ္လ ၁၉ ရက္၊ ညေန ၄ နာရီခန္႔က အိမ္ေဆာက္လုပ္ေရးလုပ္ငန္းမ်ားလုပ္ေဆာင္ေနစဥ္ ပေထြးျဖစ္သူ ကိုေဌး၊ (၅၃)ႏွစ္က ေရခ်ိန္တိုင္းကိုင္ေပးရန္အေၾကာင္းျပေခၚေဆာင္သျဖင့္ မ------- က သြားေရာက္ခဲ့ေၾကာင္း သိရသည္။
ခဏအၾကာတြင္ မ------- ၏ေအာ္သံၾကား၍ မ-------- ၏မိခင္ျဖစ္သူ ေဒၚ ------- က သြားေရာက္ၾကည့္႐ႈခဲ့ရာ မ------- သည္ထဘီကြၽတ္၍နံရံတြင္လဲက်ေနၿပီး ခင္ပြန္းျဖစ္သူ ကိုေဌးက ၎၏ပုဆိုးကိုလွန္ေနသည္ကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ေမးျမန္းရာ ပေထြးျဖစ္သူ၏ အဓမၼျပဳက်င့္ရန္ၾကံစည္မႈကိုသိရွိခဲ့ၿပီး ထပ္မလုပ္ေတာ့ပါဟု ကတိေပးခဲ့သျဖင့္ ရဲစခန္းသို႔တိုင္တန္းျခင္းမျပဳခဲ့ေၾကာင္း သိရသည္။
ယင္းေနာက္ ၾသဂုတ္လ ၂၂ ရက္၊ ညေန(၆)နာရီခန္႔တြင္ ပေထြးျဖစ္သူကိုေဌးက မ------ အား လက္ဟန္ေျခဟန္ျဖင့္ မဖြယ္မရာထပ္မံျပသခဲ့သျဖင့္ အမႈဖြင့္တိုင္တန္းရျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရွိခဲ့ရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ကိုေဌး၊ (၅၃)ႏွစ္အား ပခုကၠဴၿမိဳ႕မရဲစခန္း၌ ပအမွတ္(ပ)၃၅၅၁/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၅၁၁ျဖင့္ အမႈေရးဖြင့္ကာ စစ္ေဆးေနေၾကာင္း သိရသည္။

-  သက္ေနာင္-မင္းလွ ( အကုန္သိ သတင္းဌာန )

Unicode Version

 

ပထွေးဖြစ်သူက မယားပါသမီးအား အဓမ္မပြုကျင့်ရန် ကြံစည်မှု မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကြီးရွာအုပ်စု၌ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကြီးရွာအုပ်စု၌ မ------ ၊ (၁၈)နှစ်နှင့် မိသားစုအားလုံး နေထိုင်ကြသည့်နေအိမ်တွင် သြဂုတ်လ ၁၉ ရက်၊ ညနေ ၄ နာရီခန့်က အိမ်ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ဆောင်နေစဉ် ပထွေးဖြစ်သူ ကိုဌေး၊ (၅၃)နှစ်က ရေချိန်တိုင်းကိုင်ပေးရန်အကြောင်းပြခေါ်ဆောင်သဖြင့် မ------- က သွားရောက်ခဲ့ကြောင်း သိရသည်။
ခဏအကြာတွင် မ------- ၏အော်သံကြား၍ မ-------- ၏မိခင်ဖြစ်သူ ဒေါ် ------- က သွားရောက်ကြည့်ရှုခဲ့ရာ မ------- သည်ထဘီကျွတ်၍နံရံတွင်လဲကျနေပြီး ခင်ပွန်းဖြစ်သူ ကိုဌေးက ၎င်း၏ပုဆိုးကိုလှန်နေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့်မေးမြန်းရာ ပထွေးဖြစ်သူ၏ အဓမ္မပြုကျင့်ရန်ကြံစည်မှုကိုသိရှိခဲ့ပြီး ထပ်မလုပ်တော့ပါဟု ကတိပေးခဲ့သဖြင့် ရဲစခန်းသို့တိုင်တန်းခြင်းမပြုခဲ့ကြောင်း သိရသည်။
ယင်းနောက် သြဂုတ်လ ၂၂ ရက်၊ ညနေ(၆)နာရီခန့်တွင် ပထွေးဖြစ်သူကိုဌေးက မ------ အား လက်ဟန်ခြေဟန်ဖြင့် မဖွယ်မရာထပ်မံပြသခဲ့သဖြင့် အမှုဖွင့်တိုင်တန်းရခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကိုဌေး၊ (၅၃)နှစ်အား ပခုက္ကူမြို့မရဲစခန်း၌ ပအမှတ်(ပ)၃၅၅၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ဖြင့် အမှုရေးဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

-  သက်နောင်-မင်းလှ ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။