Skip to main content
႐ိုမာ၏ လူေပ်ာက္ေၾကညာထည့္သြင္းမႈအစီအစဥ္တြင္ ထည့္သြင္းေဖာ္ျပခဲ့သည့္ မိန္းကေလးငယ္တစ္ဦးအား ျပန္လည္ရွာေဖြေတြ႕ရွိ
Ads Block

႐ိုမာ၏ လူေပ်ာက္ေၾကညာထည့္သြင္းမႈအစီအစဥ္တြင္ ထည့္သြင္းေဖာ္ျပခဲ့သည့္ မိန္းကေလးငယ္တစ္ဦးအား ျပန္လည္ရွာေဖြေတြ႕ရွိ

အီတလီစီးရီးေအကလပ္ ႐ိုမာအသင္း၏ လူမႈေရးစာမ်က္ႏွာတြင္ ေပ်ာက္ဆံုးေနသည့္ ကေလးငယ္မ်ားအတြက္ လူေပ်ာက္ေၾကညာထည့္သြင္းေဖာ္ျပေပးမႈ အစီအစဥ္တြင္ ပါ၀င္ခဲ့သည့္ ကေလးငယ္တစ္ဦးအား ေဘးကင္းလံုၿခံဳစြာျဖင့္ ျပန္လည္ေတြ႕ရွိခဲ့ၿပီျဖစ္ေၾကာင္း သတင္းမ်ားတြင္ ေရးသားေဖာ္ျပထားသည္။ ျပန္လည္ရွာေဖြေတြ႕ရွိခဲ့သည့္ ကေလးငယ္မွာ လန္ဒန္မွ အသက္ ၁၅ ႏွစ္ အရြယ္ရွိ မိန္းကေလးငယ္တစ္ဦးျဖစ္သည္ဟု ဆုိသည္။ ႐ိုမာအသင္းသည္ အသင္းမွ ေခၚယူသည့္ ကစားသမားသစ္မ်ားအား အသင္းလူမႈေရးစာမ်က္ႏွာမွတဆင့္ မိတ္ဆက္ေဖာ္ျပသည့္ ဗီဒီယိုမ်ားေဖာ္ျပရာတြင္ ကမၻာတ၀န္းမွ ေပ်ာက္ဆံုးေနသည့္ ကေလးငယ္မ်ားအတြက္ လူအမ်ား ပိုမိုသတိျပဳမိေစရန္ ရည္ရြယ္ခ်က္ျဖင့္ လူေပ်ာက္ေၾကညာမ်ား ပူးတြဲေဖာ္ျပေပးသည့္ လႈပ္ရွားမႈ တစ္ခုကို စတင္ျပဳလုပ္ေနသည့္အသင္း ျဖစ္သည္။ ႐ုိမာအသင္းသည္ ၿပီးခဲ့သည့္ ၾသဂုတ္လ ၁၆ ရက္တြင္ တူရကီကလပ္ Genclerbirligi အသင္းမွ ေခၚယူခဲ့သည့္ တူရကီဗဟိုခံစစ္မွဴး မာတီဆီတင္ (၂၂ ႏွစ္) အား မိတ္ဆက္သည့္ ဗီဒီယိုအား အသင္းလူမႈေရးစာမ်က္ႏွာတြင္ ေဖာ္ျပခ်ိန္၌ လန္ဒန္မွ ေပ်ာက္ဆံုးေနသည့္ မိန္းကေလးငယ္၏ ဓာတ္ပံုႏွင့္ အမည္ကို ထည့္သြင္း ေဖာ္ျပခဲ့သည့္အျပင္ ေပ်ာက္ဆံုးေနသည့္ ကေလးငယ္ႏွင့္ ပတ္သက္သည့္ သတင္း အခ်က္အလက္မ်ား ေပးပို႔ႏိုင္ရန္အတြက္ ဖုန္းနံပါတ္ကိုလည္း ပူးတြဲေဖာ္ျပေပးခဲ့သည္။ ယခုအခါ လူေပ်ာက္ေၾကညာ ထည့္သြင္းေဖာ္ျပခဲ့သည့္ကေလးငယ္မ်ားအနက္ လန္ဒန္မွ မိန္းကေလး ငယ္အား ျပန္လည္ေတြ႕ရွိခဲ့ၿပီျဖစ္ေၾကာင္း ႐ိုမာအသင္းက သတင္းထုတ္ျပန္ခဲ့ကာ ဥပေဒဆုိင္ရာ အေျခအေနမ်ားေၾကာင့္ ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ၿပီျဖစ္သည့္ မိန္းကေလးငယ္၏ အမည္ႏွင့္ ဓာတ္ပံုအား အသင္း၏ လူမႈေရးစာမ်က္ႏွာမွ ျပန္လည္ဖယ္ရွားခဲ့ၿပီျဖစ္သည္။ လတ္တေလာေပ်ာက္ဆံုးေနသည့္ ကေလးငယ္မ်ားအတြက္ လူေပ်ာက္ေၾကညာထည့္သြင္းမႈ စတင္ျပဳလုပ္ခဲ့သည့္ အခ်ိန္တြင္ ႐ိုမာအသင္းမွ တာ၀န္ရွိသူတစ္ဦးက “႐ိုမာအသင္းဟာ အခုေႏြရာသီကစားသမားေစ်းကြက္ ကာလအတြင္း ေခၚယူတဲ့ ကစားသမားသစ္ေတြရဲ႕ ေခၚယူေၾကာင္းသတင္းေၾကညာခ်က္တိုင္းမွာ လတ္တေလာ ေပ်ာက္ဆံုးေနတဲ့ ကေလးငယ္ေတြရဲ႕ မ်က္ႏွာပံု၊ အခ်က္အလက္ေတြ ေဖာ္ျပထားတဲ့ ဗီဒီယိုကို ပူးတြဲ ေဖာ္ျပသြားမွာပါ။ ဒီလိုေဖာ္ျပရျခင္းရဲ႕ ရည္ရြယ္ခ်က္က ေပ်ာက္ဆံုးေနတဲ့ ကေလးငယ္ေတြနဲ႔ ပတ္သက္ၿပီး အဖိုးတန္တဲ့ သတင္းအခ်က္အလက္ေတြ ေပးပို႔ႏုိင္ေအာင္ျဖစ္ပါတယ္”ဟု ေျပာဆုိခဲ့သည္။ ႐ုိမာအသင္းသည္ ေပ်ာက္ဆံုးကေလးငယ္မ်ားႏွင့္ပတ္သက္၍ ကူညီေပးေနေသာ အသင္းအဖြဲ႕ မ်ားျဖစ္သည့္ အေမရိကန္အေျခစိုက္ National Center for Missing and Exploited Children (NCMEC) ႏွင့္ Telefono Azzurro တို႔ႏွင့္ ပူးေပါင္းကာ လူေပ်ာက္ေၾကညာပူးတြဲေဖာ္ျပသည့္ လႈပ္ရွားမႈအား ၿပီးခဲ့သည့္ ဇူလုိင္လမွ စတင္ကာ လုပ္ေဆာင္ေနျခင္းျဖစ္သည္။

- အကုန္သိ သတင္းဌာန

Unicode Version

 

အီတလီစီးရီးအေကလပ် ရိုမာအသင်း၏ လူမှုရေးစာမျက်နှာတွင် ပျောက်ဆုံးနေသည့် ကလေးငယ်များအတွက် လူပျောက်ကြေညာထည့်သွင်းဖော်ပြပေးမှု အစီအစဉ်တွင် ပါဝင်ခဲ့သည့် ကလေးငယ်တစ်ဦးအား ဘေးကင်းလုံခြုံစွာဖြင့် ပြန်လည်တွေ့ရှိခဲ့ပြီဖြစ်ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည့် ကလေးငယ်မှာ လန်ဒန်မှ အသက် ၁၅ နှစ် အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးဖြစ်သည်ဟု ဆိုသည်။ ရိုမာအသင်းသည် အသင်းမှ ခေါ်ယူသည့် ကစားသမားသစ်များအား အသင်းလူမှုရေးစာမျက်နှာမှတဆင့် မိတ်ဆက်ဖော်ပြသည့် ဗီဒီယိုများဖော်ပြရာတွင် ကမ္ဘာတဝန်းမှ ပျောက်ဆုံးနေသည့် ကလေးငယ်များအတွက် လူအများ ပိုမိုသတိပြုမိစေရန် ရည်ရွယ်ချက်ဖြင့် လူပျောက်ကြေညာများ ပူးတွဲဖော်ပြပေးသည့် လှုပ်ရှားမှု တစ်ခုကို စတင်ပြုလုပ်နေသည့်အသင်း ဖြစ်သည်။ ရိုမာအသင်းသည် ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်တွင် တူရကီကလပ် Genclerbirligi အသင်းမှ ခေါ်ယူခဲ့သည့် တူရကီဗဟိုခံစစ်မှူး မာတီဆီတင် (၂၂ နှစ်) အား မိတ်ဆက်သည့် ဗီဒီယိုအား အသင်းလူမှုရေးစာမျက်နှာတွင် ဖော်ပြချိန်၌ လန်ဒန်မှ ပျောက်ဆုံးနေသည့် မိန်းကလေးငယ်၏ ဓာတ်ပုံနှင့် အမည်ကို ထည့်သွင်း ဖော်ပြခဲ့သည့်အပြင် ပျောက်ဆုံးနေသည့် ကလေးငယ်နှင့် ပတ်သက်သည့် သတင်း အချက်အလက်များ ပေးပို့နိုင်ရန်အတွက် ဖုန်းနံပါတ်ကိုလည်း ပူးတွဲဖော်ပြပေးခဲ့သည်။ ယခုအခါ လူပျောက်ကြေညာ ထည့်သွင်းဖော်ပြခဲ့သည့်ကလေးငယ်များအနက် လန်ဒန်မှ မိန်းကလေး ငယ်အား ပြန်လည်တွေ့ရှိခဲ့ပြီဖြစ်ကြောင်း ရိုမာအသင်းက သတင်းထုတ်ပြန်ခဲ့ကာ ဥပဒေဆိုင်ရာ အခြေအနေများကြောင့် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည့် မိန်းကလေးငယ်၏ အမည်နှင့် ဓာတ်ပုံအား အသင်း၏ လူမှုရေးစာမျက်နှာမှ ပြန်လည်ဖယ်ရှားခဲ့ပြီဖြစ်သည်။ လတ်တလောပျောက်ဆုံးနေသည့် ကလေးငယ်များအတွက် လူပျောက်ကြေညာထည့်သွင်းမှု စတင်ပြုလုပ်ခဲ့သည့် အချိန်တွင် ရိုမာအသင်းမှ တာဝန်ရှိသူတစ်ဦးက “ရိုမာအသင်းဟာ အခုနွေရာသီကစားသမားဈေးကွက် ကာလအတွင်း ခေါ်ယူတဲ့ ကစားသမားသစ်တွေရဲ့ ခေါ်ယူကြောင်းသတင်းကြေညာချက်တိုင်းမှာ လတ်တလော ပျောက်ဆုံးနေတဲ့ ကလေးငယ်တွေရဲ့ မျက်နှာပုံ၊ အချက်အလက်တွေ ဖော်ပြထားတဲ့ ဗီဒီယိုကို ပူးတွဲ ဖော်ပြသွားမှာပါ။ ဒီလိုဖော်ပြရခြင်းရဲ့ ရည်ရွယ်ချက်က ပျောက်ဆုံးနေတဲ့ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး အဖိုးတန်တဲ့ သတင်းအချက်အလက်တွေ ပေးပို့နိုင်အောင်ဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။ ရိုမာအသင်းသည် ပျောက်ဆုံးကလေးငယ်များနှင့်ပတ်သက်၍ ကူညီပေးနေသော အသင်းအဖွဲ့ များဖြစ်သည့် အမေရိကန်အခြေစိုက် National Center for Missing and Exploited Children (NCMEC) နှင့် Telefono Azzurro တို့နှင့် ပူးပေါင်းကာ လူပျောက်ကြေညာပူးတွဲဖော်ပြသည့် လှုပ်ရှားမှုအား ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ကာ လုပ်ဆောင်နေခြင်းဖြစ်သည်။

- အကုန်သိ သတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။