Skip to main content
၉ နှစ်သမီးလေးတစ်ဦး ခွေးဘီလူးသုံးကောင်ဝိုင်းဆွဲလို့  သေဆုံး၊ ခွေးပိုင်ရှင်ကို တရားစွဲဆိုထား
Ads Block

၉ နှစ်သမီးလေးတစ်ဦး ခွေးဘီလူးသုံးကောင်ဝိုင်းဆွဲလို့  သေဆုံး၊ ခွေးပိုင်ရှင်ကို တရားစွဲဆိုထား


၉ နှစ်သမီးလေးတစ်ဦး ခွေးဘီလူးသုံးကောင်ဝိုင်းဆွဲလို့  သေဆုံး၊ ခွေးပိုင်ရှင်ကို တရားစွဲဆိုထား


ကြာသပတေးနေ့ က ခွေးပိုင်ရှင် ကလီဗယ်လန့် အပေါ် စွဲချက်တွေကို ကြားနာမှုအတွင်း ၄င်းက အပြစ်မရှိကြောင်း လျှောက်လှဲခဲ့သလို ၄င်းရဲ့ မိသားစုဝင်တွေဟာ တရားရုံးမှာ ငိုကြွေးခဲ့ကြပါတယ်။ ၄င်းရဲ့ ရှေ့နေ အမ်မက် ဂရင်းဝုဒ်က အာမခံကြေး ဒေါ်လာ ၂ သန်းဟာ များပြားပြင်းထန်လွန်းပါကြောင်း သူ့အမှုသည်ဟာ ပြစ်မှုရာဇ၀င်မရှိသလို ထွက်ပြေးမယ့် အနေအထားလည်းမရှိတာကြောင့် အာမခံကြေး လျှော့ပေးပါမည့်အကြောင်း တရားသူကြီးကို တင်ပြခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
ကလီဗယ်လန့်ရဲ့ နေအိမ်ဟာ မိန်းကလေးနေတဲ့ အိမ်ကို သွားရာလမ်းပေါ်မှာ တည်ရှိပြီး ၄င်းရဲ့ နေအိမ်ခြံစည်းရိုး ပျက်စီးနေတာကြောင့် ခွေးတွေ လွတ်ထွက်လာမှုတွေ ရှိနေကြောင်း ပတ်ဝန်းကျင်က တိုင်တောမှုတွေ ရှိခဲ့တယ်လို့  သတင်းတွေက ဖော်ပြပါတယ်။ ဒါ့အပြင် သေဆုံးခဲ့တဲ့ အမ်မာရဲ့ဖခင် အာမန်ဒို ဟာနန်ဒက် ကလည်း ၄င်း ခြံစည်းရိုးဟာ ခွေးတွေကို ထိန်းထားနိုင်လောက်တဲ့ အနေအထားမရှိဘဲ ခိုင်ခံ့မှုအရမ်းနည်းနေကြောင်း ပိုင်ရှင်အမျိုးသားကို စောဒက တက်ခဲ့သေးတယ်လို့ဆိုပါတယ်။
အမ်မာရဲ့ ရုပ်အလောင်းကို သီတင်းပတ်အကုန်မှာ သဂြိုင်္ဟ်သွားမှာဖြစ်ပြီး သူမရဲ့ အိမ်ရှေ့မှာ ၀မ်းနည်ခြင်း အထိမ်းအမှတ်ပူဖောင်းတွေ၊ ပန်းစည်းတွေ ချကာ ကောင်းရာဘုံဘ၀ရောက်ပါစေကြောင်း ဆန္ဒပြုသူတွေရှိနေပါတယ်။ ဒါ့အပြင် အမ်မာလေးရဲ့ သဂြိုင်္ဟ်စရိတ်အတွက် ကူပံ့နိုင်ဖို့  GoFundMe အမည်ရ ပေ့ခ်ျဖွင့်ထားကြောင်းလည်း သိရပါတယ်။


Unicode Version

 

ယခု သီတင်းပတ်အစောပိုင်းက အမေရိကန်ပြည်ထောင်စု ဒက်ထရွိုက်မြို့မှာ အသက် ၉ နှစ်အရွယ် ကောင်မလေးတစ်ဦး ခွေးဘီလူးသုံးကောင် ဝိုင်းကိုက်ခံရကာ သေဆုံးခဲ့ရမှုနဲ့ပတ်သက်လို့ ခွေးပိုင်ရှင်ကို လူသေစေမှုအပါအဝင် စွဲချက်တွေနဲ့ဖမ်းဆီးခဲ့ကာ သြဂုတ် ၂၂ ရက်မှာ ကန်ဒေါ်လာ ၂ သန်းနဲ့ တရားရုံးက အာမခံပေးလိုက်ကြောင်း သိရပါတယ်။
ခွေးပိုင်ရှင် ပီယာရီ ကလီဗယ်လန် ၃၃ နှစ်ကို လူသေစေမှု၊ အန္တရာယ်ပေးနိုင်တဲ့ တိရိစ္ဆာန်တွေ မွေးမြူထားမှုအပြင် လူသတ်မှုစွဲချက်တွေနဲ့ပါ စွဲဆိုခဲ့တာဖြစ်ကြောင်း Detroit Free Press အပါအဝင် ဒေသတွင်းမီဒီယာသတင်းတွေက ဖော်ပြခဲ့ပါတယ်။
၉ နှစ်သမီးလေး အမ်မာ ဟာနန်ဒက်ဟာ တနင်္လာနေ့(သြဂုတ် ၁၉) က နေအိမ်ကို စက်ဘီး စီးပြန်လာစဉ် ခွေးဘီလူးသုံးကောင်ရဲ့ တိုက်ခိုက်မှုခံခဲ့ရတာဖြစ်ပြီး အိမ်နီးချင်းတွေက သူမကို ဝိုင်းကယ် ခဲ့ကြပေမယ့် ခွေးကိုက်ဒဏ်ရာတွေနဲ့ ဆေးရုံမှာ သေဆုံးသွားခဲ့တာပါ။ အိမ်နီးချင်းတစ်ဦးက ခွေးတွေကို အုတ်ခဲနဲ့ ပစ်ပေါက်ခဲ့သလို အခြားတစ်ဦးက ခွေးတစ်ကောင်ကို ပစ္စတိုနဲ့ပစ်ကာ အမ်မာလေး အသက် ဘေးလွတ်ဖို့ ကူညီခဲ့ကြပါတယ်။
ကြာသပတေးနေ့က ခွေးပိုင်ရှင် ကလီဗယ်လန့်အပေါ် စွဲချက်တွေကို ကြားနာမှုအတွင်း ၎င်းက အပြစ်မရှိကြောင်း လျှောက်လှဲခဲ့သလို ၎င်းရဲ့ မိသားစုဝင်တွေဟာ တရားရုံးမှာ ငိုကြွေးခဲ့ကြပါတယ်။ ၎င်းရဲ့ ရှေ့နေ အမ်မက် ဂရင်းဝုဒ်က အာမခံကြေး ဒေါ်လာ ၂ သန်းဟာ များပြားပြင်းထန်လွန်းပါကြောင်း သူ့အမှုသည်ဟာ ပြစ်မှုရာဇဝင်မရှိသလို ထွက်ပြေးမယ့် အနေအထားလည်းမရှိတာကြောင့် အာမခံကြေး လျှော့ပေးပါမည့်အကြောင်း တရားသူကြီးကို တင်ပြခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
ကလီဗယ်လန့်ရဲ့ နေအိမ်ဟာ မိန်းကလေးနေတဲ့ အိမ်ကို သွားရာလမ်းပေါ်မှာ တည်ရှိပြီး ၎င်းရဲ့ နေအိမ်ခြံစည်းရိုး ပျက်စီးနေတာကြောင့် ခွေးတွေ လွတ်ထွက်လာမှုတွေ ရှိနေကြောင်း ပတ်ဝန်းကျင်က တိုင်တောမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဒါ့အပြင် သေဆုံးခဲ့တဲ့ အမ်မာရဲ့ဖခင် အာမန်ဒို ဟာနန်ဒက် ကလည်း ၎င်း ခြံစည်းရိုးဟာ ခွေးတွေကို ထိန်းထားနိုင်လောက်တဲ့ အနေအထားမရှိဘဲ ခိုင်ခံ့မှုအရမ်းနည်းနေကြောင်း ပိုင်ရှင်အမျိုးသားကို စောဒက တက်ခဲ့သေးတယ်လို့ဆိုပါတယ်။
အမ်မာရဲ့ ရုပ်အလောင်းကို သီတင်းပတ်အကုန်မှာ သဂြိုၤဟ်သွားမှာဖြစ်ပြီး သူမရဲ့ အိမ်ရှေ့မှာ ဝမ်းနည်ခြင်း အထိမ်းအမှတ်ပူဖောင်းတွေ၊ ပန်းစည်းတွေ ချကာ ကောင်းရာဘုံဘဝရောက်ပါစေကြောင်း ဆန္ဒပြုသူတွေရှိနေပါတယ်။ ဒါ့အပြင် အမ်မာလေးရဲ့ သဂြိုၤဟ်စရိတ်အတွက် ကူပံ့နိုင်ဖို့ GoFundMe အမည်ရ ပေ့ချ်ဖွင့်ထားကြောင်းလည်း သိရပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။