Skip to main content
၁၂ နှစ်ကြာတွဲလာတဲ့ ချစ်သူနဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့  “ The Rock ”
Ads Block
၁၂ နှစ်ကြာတွဲလာတဲ့ ချစ်သူနဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ “ The Rock ”
‘The Rock’ လို့ လူအများကသိကြတဲ့ မင်းသား ဒွိန်းဂျွန်ဆင် ဟာ နှစ်ရှည်လများလက်တွဲလာခဲ့တဲ့ ချစ်သူ Lauren Hashian နဲ့ ၄င်းတို့ရဲ့ချစ်သက်တမ်း ၁၂ ပြည့်ပြီးနောက်မှတော့ တရားဝင်လက်ထပ် လိုက်ပြီဖြစ်ပါတယ်။
ယခင်က နပန်းသမားဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ အသက် ၄၇ နှစ်အရွယ် မင်းသား ဒွိန်းဂျွန်ဆင်ဟာ ၄င်းရဲ့ အထက်တန်းကျောင်းသားဘဝကို ဟာဝိုင်ယီဒေသမှာ ဖြတ်သန်းခဲ့ဖူးတာကြောင့် ဟာဝိုင်ရီနဲ့ပတ်သက်လို့ အမှတ်တရတွေရှိသူတစ်ဦးလို့ ဆိုရမှာပါ။ ၄င်းရဲ့ဇနီး Hashian ကတော့ အဆိုတော်တစ်ဦးဖြစ်ပြီး အဖေဖြစ်သူ ကလည်း ဘော့စတွန်မြို့က ဒရမ်သမားတစ်ဦးဖြစ်တာကြောင့် အနုပညာနဲ့မစိမ်းသူတစ်ယောက်ပဲဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်က စတင်စုံစည်းခဲ့ကြတဲ့ ၄င်းတို့စုံတွဲမှာ အခုဆိုရင် အသက် ၁၆ နှစ်အရွယ် တီနာ ဂျွန်ဆင် နဲ့ သုံးနှစ်အရွယ် ဂျက်စမင် ဂျွန်ဆင်ဆိုတဲ့ ချစ်စရာသမီးနှစ်ဦးအပြင် ဒွိန်းဂျွန်ဆင်ရဲ့ ပထမဇနီးနဲ့ ရတဲ့ အသက် ၁၈ နှစ်အရွယ် ဆိုင်မွန် ဆိုတဲ့ သမီးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားကြပြီးဖြစ်ပါတယ်။  
ဒွိန်းဂျွန်ဆင်ဟာ နှစ်ကြိမ်တောင်အချစ်ဆိုတဲ့အရာနဲ့တွေ့ခဲ့ရလို့ ၄င်းကို၎င်း အချစ်နဲ့ပတ်သက်လို့ ကံကောင်းသူ တစ်ဦးဖြစ်တယ်လို့ ၂၀၁၂ ခုနှစ်က မဂ္ဂဇင်းတစ်ခုမျာဖြေခဲ့ဖူးပါတယ်။
Unicode Version
‘The Rock’ လို့ လူအများကသိကြတဲ့ မင်းသား ဒွိန်းဂျွန်ဆင် ဟာ နှစ်ရှည်လများလက်တွဲလာခဲ့တဲ့ ချစ်သူ Lauren Hashian နဲ့ ၎င်းတို့ရဲ့ချစ်သက်တမ်း ၁၂ ပြည့်ပြီးနောက်မှတော့ တရားဝင်လက်ထပ် လိုက်ပြီဖြစ်ပါတယ်။
၎င်းတို့စုံတွဲဟာ မင်္ဂလာပွဲကို ဟာဝိုင်ယီကျွန်းမှာ သြဂုတ်လ ၁၈ ရက် တနင်္ဂနွေနေ့က ကျင်ပခဲ့ကြတာဖြစ်ပြီး မင်္ဂလာဓာတ်ပုံတွေကိုတော့ မင်္ဂလာပွဲပြီးနောက်နေ့မှာ ဂျွန်ဆင်က ၎င်းရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ တာဖြစ်ပါတယ်။ အဆိုပါဓာတ်ပုံတွေနဲ့အတူ “ ငါတို့လက်ထပ်လိုက်ပြီ၊ သြဂုတ်လ ၁၈ ရက်၊ ၂၀၁၉၊ ဟာဝိုင်ယီ၊ မင်္ဂလာရှိသော” လို့ ရေးသားထားခဲ့ပါတယ်။
ဓာတ်ပုံထဲမှာ သတို့သား နဲ့ သတို့သမီးနှစ်ယောက်စလုံး အဖြူရောင်ဝတ်စုံတွေ ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။ သတို့သားက အဖြူရောင်လက်ရှည်ရှပ်အင်္ကျ ီကို ရင်ဘက်မှာ ကြယ်သီးတွေဖြုတ်ကာ ဘောင်းဘီအဖြူနဲ့တွဲဖတ်ဝတ်ဆင်ထားပြီး သတို့သမီး Hashian ၃၄ နှစ်ကတော့ အဖြူရောင်ဇာဂါဝန်ကို ဝတ်ဆင်ထားတာဖြစ်ပါတယ်။  
ယခင်က နပန်းသမားဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ အသက် ၄၇ နှစ်အရွယ် မင်းသား ဒွိန်းဂျွန်ဆင်ဟာ ၎င်းရဲ့ အထက်တန်းကျောင်းသားဘဝကို ဟာဝိုင်ယီဒေသမှာ ဖြတ်သန်းခဲ့ဖူးတာကြောင့် ဟာဝိုင်ရီနဲ့ပတ်သက်လို့ အမှတ်တရတွေရှိသူတစ်ဦးလို့ ဆိုရမှာပါ။ ၎င်းရဲ့ဇနီး Hashian ကတော့ အဆိုတော်တစ်ဦးဖြစ်ပြီး အဖေဖြစ်သူ ကလည်း ဘော့စတွန်မြို့က ဒရမ်သမားတစ်ဦးဖြစ်တာကြောင့် အနုပညာနဲ့မစိမ်းသူတစ်ယောက်ပဲဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်က စတင်စုံစည်းခဲ့ကြတဲ့ ၎င်းတို့စုံတွဲမှာ အခုဆိုရင် အသက် ၁၆ နှစ်အရွယ် တီနာ ဂျွန်ဆင် နဲ့ သုံးနှစ်အရွယ် ဂျက်စမင် ဂျွန်ဆင်ဆိုတဲ့ ချစ်စရာသမီးနှစ်ဦးအပြင် ဒွိန်းဂျွန်ဆင်ရဲ့ ပထမဇနီးနဲ့ ရတဲ့ အသက် ၁၈ နှစ်အရွယ် ဆိုင်မွန် ဆိုတဲ့ သမီးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားကြပြီးဖြစ်ပါတယ်။  
ဒွိန်းဂျွန်ဆင်ဟာ နှစ်ကြိမ်တောင်အချစ်ဆိုတဲ့အရာနဲ့တွေ့ခဲ့ရလို့ ၎င်းကို၎င်း အချစ်နဲ့ပတ်သက်လို့ ကံကောင်းသူ တစ်ဦးဖြစ်တယ်လို့ ၂၀၁၂ ခုနှစ်က မဂ္ဂဇင်းတစ်ခုမျာဖြေခဲ့ဖူးပါတယ်။
၎င်းရဲ့မင်္ဂလာဆောင်နဲ့ပတ်သက်လို့ အနုပညာရှင်သူငယ်ချင်းတွေကလည်း ဆုတောင်းစကားဆိုထားကြပြီး ဂယ်ဂဒေါ့၊ နစ်ခ်ဂျုန်း၊ ရွိုင်ယန်ရေးနိုးဒ်၊ ဟယ်လီဘယ်ရီ နဲ့ ခရစ္စတီးနား အက်ဂီလယ် တို့လို့ နာမည်ကြီးအနုပညာကြယ်ပွင့်တွေကလည်း လူမှုကွန်ရက်တွေကနေ ဂုဏ်ပြုထားတာကိုတွေ့ခဲ့ရပါတယ်။
-  မေ ( အကုန်သိ သတင်းဌာန ) | Ref : CNA
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။