Skip to main content
fdfnedrhbrehbr
Ads Block

ရန္ကုန္ၿမိဳ႕တြင္းရွိ ဘတ္စ္ကားမွတ္တိုင္ ၅၀၀ အဆင့္ျမွင့္တင္မႈ ရာႏႈန္းျပည့္နီးပါးၿပီးစီး

ရန္ကုန္ၿမိဳ႕တြင္းရွိ ဘတ္စ္ကားမွတ္တိုင္ ၅၀၀ ကို အဆင့္ျမွင့္တင္မႈရာႏႈန္းျပည့္နီးပါးၿပီးစီးေနၿပီျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔မွ သိရသည္။

bwsbwswww

အဆိုပါ ဘတ္စ္ကားမွတ္တိုင္မ်ားအဆင့္ျမွင့္တင္ရန္ ျပင္သစ္အေျခစိုက္ JCDecaux ၏ ရာႏႈန္းျပည့္ လက္ေအာက္ခံကုမၸဏီျဖစ္သည့္ JCDecaux S.A ႏွင့္ ျမန္မာႏိုင္ငံမွ FMI တို႔ ပူးေပါင္းတည္ေထာင္ထားသည့္ FMI Decaux ကုမၸဏီလီမိတက္ကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရက ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္တြင္ လုပ္ကိုင္ခြင့္ျပဳခဲ့ျခင္း ျဖစ္သည္။

bsbszsdvzszs

 “မွတ္တိုင္ေတြက ေတာ္ေတာ္မ်ားမ်ားၿပီးေနၿပီ။ အခုဆိုရင္ ၿပီးတဲ့ေနရာေတြကို တစ္ခ်က္ၾကည့္ၾကည့္လိုက္။ ခရီးသည္ေတြအတြက္ လံုးဝအဆင္ေျပတယ္။ ဖုန္းအားသြင္းတဲ့ USB ေပါက္ေတြလည္းပါတယ္။ မၾကာခင္ အကုန္ၿပီးစီးေတာ့မွာပါ။ ၿပီးေတာ့ ခရီးသည္လံုျခံဳေရးအတြက္လည္း CCTV ကင္မရာတပ္ဆင္ထားမယ္” ဟု ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔မွ အတြင္းေရးမွဴး ေဒါက္တာေမာင္ေအာင္က ေျပာသည္။

ရန္ကုန္ၿမိဳ႕တြင္းဘတ္စ္ကားမွတ္တိုင္ေပါင္း ၄၀၀၀ ရွိၿပီး မွတ္တိုင္ေပါင္း ၅၀၀ ကို FMI Decaux ကုမၸဏီမွ တာဝန္ယူေဆာင္ရြက္ေနၿပီး က်န္ရွိသည့္မွတ္တိုင္မ်ား ဆက္လက္ေဆာင္ရြက္ရန္ တင္ဒါေခၚယူထားကာ ဦးစားေပးအေနျဖင့္ ျပည္တြင္းကုမၸဏီမ်ားကို ေရြးခ်ယ္မည္ျဖစ္ေၾကာင္း သိရသည္။

“ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာနယ္နိမိတ္အတြင္း ဘတ္စ္ကားမွတ္တိုင္ေတြမွာ ေခတ္မီခရီးသည္ နားခိုေဆာင္ (Bus Shelter) မ်ား ေဆာက္လုပ္ဖို႔အတြက္ အက်ဳိးတူ ပူးေပါင္းေဆာင္ရြက္လိုတဲ့ ျပည္တြင္းကုမၸဏီမ်ား တင္ဒါေခၚယူမႈကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလက စၿပီးေခၚယူခဲ့တယ္။ လာေလွ်ာက္တဲ့ ကုမၸဏီေတြရွိတယ္” ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ(လမ္း၊တံတား)ဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

 

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

 

ရန်ကုန်မြို့တွင်းရှိ ဘတ်စ်ကားမှတ်တိုင် ၅၀၀ အဆင့်မြှင့်တင်မှု ရာနှုန်းပြည့်နီးပါးပြီးစီး

ရန်ကုန်မြို့တွင်းရှိ ဘတ်စ်ကားမှတ်တိုင် ၅၀၀ ကို အဆင့်မြှင့်တင်မှုရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

အဆိုပါ ဘတ်စ်ကားမှတ်တိုင်များအဆင့်မြှင့်တင်ရန် ပြင်သစ်အခြေစိုက် JCDecaux ၏ ရာနှုန်းပြည့် လက်အောက်ခံကုမ္ပဏီဖြစ်သည့် JCDecaux S.A နှင့် မြန်မာနိုင်ငံမှ FMI တို့ ပူးပေါင်းတည်ထောင်ထားသည့် FMI Decaux ကုမ္ပဏီလီမိတက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

 “မှတ်တိုင်တွေက တော်တော်များများပြီးနေပြီ။ အခုဆိုရင် ပြီးတဲ့နေရာတွေကို တစ်ချက်ကြည့်ကြည့်လိုက်။ ခရီးသည်တွေအတွက် လုံးဝအဆင်ပြေတယ်။ ဖုန်းအားသွင်းတဲ့ USB ပေါက်တွေလည်းပါတယ်။ မကြာခင် အကုန်ပြီးစီးတော့မှာပါ။ ပြီးတော့ ခရီးသည်လုံခြုံရေးအတွက်လည်း CCTV ကင်မရာတပ်ဆင်ထားမယ်” ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ရန်ကုန်မြို့တွင်း၌ ဘတ်စ်ကားမှတ်တိုင်ပေါင်း ၄၀၀၀ ရှိပြီး မှတ်တိုင်ပေါင်း ၅၀၀ ကို FMI Decaux ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေပြီး ကျန်ရှိသည့်မှတ်တိုင်များ ဆက်လက်ဆောင်ရွက်ရန် တင်ဒါခေါ်ယူထားကာ ဦးစားပေးအနေဖြင့် ပြည်တွင်းကုမ္ပဏီများကို ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ဘတ်စ်ကားမှတ်တိုင်တွေမှာ ခေတ်မီခရီးသည် နားခိုဆောင် (Bus Shelter) များ ဆောက်လုပ်ဖို့အတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုတဲ့ ပြည်တွင်းကုမ္ပဏီများ တင်ဒါခေါ်ယူမှုကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက စပြီးခေါ်ယူခဲ့တယ်။ လာလျှောက်တဲ့ ကုမ္ပဏီတွေရှိတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(လမ်း၊တံတား)ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 - စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။