Skip to main content
   bsbsbsbsb
Ads Block

ေက်ာင္းသားေတြ ဖမ္းဆီးထိန္းသိမ္းခံရမႈအတြက္ ပါပူအာျပည္နယ္ ပါလီမန္အေဆာက္အအုံကုိ ဆႏၵျပသူေတြ မီးရႈိ႕

              မၾကာခင္က ပါပူအာေဒသခံ ေက်ာင္းသားေတြ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတာနဲ ့ပတ္သက္ၿပီး အင္ဒုိနီးရွားႏုိင္ငံရဲ႕ အေရွ႕ဘက္စြန္းျပည္နယ္ ပါပူအာမွာ ဆႏၵျပမႈေတြ ေပၚေပါက္ေနခဲ့ကာ တနလၤာေန ့မွာေတာ့ ဆႏၵျပသူေတြဟာ ကားတာယာေတြကုိ မီးရႈိ႕ခဲ့ၾကသလုိ ေဒသဆုိင္ရာ ပါလီမန္အေဆာက္အအုံကုိလည္း မီးတင္ရႈိ႕ခဲ့ေၾကာင္း ေဒသတြင္း မီဒီယာေတြက ေဖာ္ျပပါတယ္။

bwserheh

 

           ပါပူအာျပည္နယ္ဟာ ခြဲထြက္ေရးလႈပ္ရွားမႈေတြ ေပၚေပါက္ေနခဲ့တဲ့ေနရာျဖစ္ၿပီး အင္ဒုိလုံၿခဳံေရးတပ္ဖြဲ႕ေတြရဲ႕ လူ႕အခြင့္အေရးခ်ဳိးေဖာက္မႈေတြနဲ ့ပတ္သက္လုိ ့လည္း မေက်နပ္ခ်က္ေတြ မၾကာခဏဆုိသလုိ ေပၚထြက္ခဲ့ပါတယ္။ ၾသဂုတ္ ၁၇ ရက္က အင္ဒုိနီးရွားလြတ္လပ္ေရးေန ့ အခမ္းအနားအတြင္း ေက်ာင္းအိပ္ေဆာင္တစ္ခုေရွ႕ရွိ အလံတုိင္ကုိ ေကြးေကာက္ပစ္ခဲ့မႈအတြက္ အေရွ႕ဂ်ာဗားျပည္နယ္ ဆူရာဘာယာၿမိဳ႕က ပါပူအာ ေက်ာင္းသားမ်ားစြာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္။ ရဲတပ္ဖြဲ႕ဟာ အိပ္ေဆာင္ထဲကုိ မ်က္ရည္ယုိဓါတ္ေငြ႔ေတြ ပစ္သြင္းခဲ့ၿပီးေနာက္ ေက်ာင္းသား ၄၃ ဦးကုိ ဖမ္းဆီးခဲ့ကာ ဖမ္းဆီးခ်ိန္အတြင္း ေက်ာင္းသားေတြကုိ “ ေမ်ာက္ေတြ” လုိ ့လည္း သုံးႏႈန္းေျပာဆုိခဲ့ေၾကာင္း ပါပူအာ တက္ၾကြလႈပ္ရွားသူတစ္ဦးက တနဂၤေႏြေန ့က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆုိခဲ့ပါတယ္။

nddxbd

               တနလၤာေန ့မွာေတာ့ ပါပူအာ ဆႏၵျပသူေတြဟာ ေဒသဆုိင္ရာ ပါလီမန္အေဆာက္အအုံကုိ မီးရႈိ႕ခဲ့ၾကကာ အေနာက္ပါပူအာေဒသ ၿမိဳ႕ေတာ္ မန္ႏုိကြာရီရွိ လမ္းေတြေပၚမွာ ကားတာယာေတြ သစ္ကုိင္းေတြကုိ မီးရႈိ႕ကာ လမ္းပိတ္ဆုိ ့မႈေတြ လုပ္ခဲ့ၾကေၾကာင္း ျပည္နယ္လက္ေထာက္ အုပ္ခ်ဳပ္ေရးမွဴး မုိဟာမက္ လာေကာ့တာနီက ေျပာဆုိပါတယ္။

            ပါလီမန္အေဆာက္အအုံရဲ႕ ေနာက္ေက်ာဘက္မွာ ၿမိဳ႕လယ္၊ ေစ်း၊ ဆိပ္ကမ္းနဲ ့ ေစ်း၀ယ္စင္တာေတြ ရွိေနခဲ့ကာ ယင္းေနရာေတြအားလုံး ထိခုိက္သက္ေရာက္မႈေတြရွိခဲ့ေၾကာင္း၊ လႈပ္ရွားသြားလာမႈေတြ လုံးလုံး ရပ္သြားၿပီလုိ ့ ေျပာမရဘူးဆုိရင္ေတာင္ တကယ့္တကယ္မွာေတာ့ ၿမိဳ႕ေတာ္တစ္ခုလုံး လုပ္ငန္းေဆာင္တာေတြ ရပ္ေနၿပီျဖစ္ေၾကာင္း လာေကာ့တာနီက ဆုိပါတယ္။

fngngn

         အခင္းျဖစ္ေနရာက ရုပ္သံဖုိင္ေတြအရ မန္ႏုိကြာရီၿမိဳ႕က လမ္းေတြေပၚမွာ လူ ၁၅၀ ခန္ ့ ခ်ီတက္သြားလာေနတာေတြ႕ရသလုိ ပါလီမန္အေဆာက္အအုံကေန မီးခုိးေတြ ထြက္ေနတာလည္း ေတြ႕ရပါတယ္။ အေရွ႕ဂ်ာဗားက လူေတြ၊ ရဲတပ္ဖြဲ႕နဲ ့စစ္တပ္တုိ ့ရဲ႕ လူမ်ဳိးေရးခြဲျခားလြန္းတဲ့ စကားလုံး ေတြေၾကာင့္ ပါပူအာသားေတြ ေဒါသထြက္ခဲ့ရေၾကာင္း ပါပူအာအုပ္ခ်ဳပ္ေရးမွဴး လူကပ္စ္ အန္နမ္ဘီက ေျပာဆုိခဲ့ပါတယ္။

CNA

 

ကုိလင္း (အကုန္သိ သတင္းဌာန)

 

 

Unicode Version

 

 

ကျောင်းသားတွေ ဖမ်းဆီးထိန်းသိမ်းခံရမှုအတွက် ပါပူအာပြည်နယ် ပါလီမန်အဆောက်အအုံကို ဆန္ဒပြသူတွေ မီးရှို့

 

 

              မကြာခင်က ပါပူအာဒေသခံ ကျောင်းသားတွေ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အရှေ့ဘက်စွန်းပြည်နယ် ပါပူအာမှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့ကာ တနင်္လာနေ့မှာတော့ ဆန္ဒပြသူတွေဟာ ကားတာယာတွေကို မီးရှို့ခဲ့ကြသလို ဒေသဆိုင်ရာ ပါလီမန်အဆောက်အအုံကိုလည်း မီးတင်ရှို့ခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။  

           ပါပူအာပြည်နယ်ဟာ ခွဲထွက်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်နေခဲ့တဲ့နေရာဖြစ်ပြီး အင်ဒိုလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့လည်း မကျေနပ်ချက်တွေ မကြာခဏဆိုသလို ပေါ်ထွက်ခဲ့ပါတယ်။ သြဂုတ် ၁၇ ရက်က အင်ဒိုနီးရှားလွတ်လပ်ရေးနေ့ အခမ်းအနားအတွင်း ကျောင်းအိပ်ဆောင်တစ်ခုရှေ့ရှိ အလံတိုင်ကို ကွေးကောက်ပစ်ခဲ့မှုအတွက် အရှေ့ဂျာဗားပြည်နယ် ဆူရာဘာယာမြို့က ပါပူအာ ကျောင်းသားများစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ဟာ အိပ်ဆောင်ထဲကို မျက်ရည်ယိုဓါတ်ငွေ့တွေ ပစ်သွင်းခဲ့ပြီးနောက် ကျောင်းသား ၄၃ ဦးကို ဖမ်းဆီးခဲ့ကာ ဖမ်းဆီးချိန်အတွင်း ကျောင်းသားတွေကို “ မျောက်တွေ” လို့လည်း သုံးနှုန်းပြောဆိုခဲ့ကြောင်း ပါပူအာ တက်ကြွလှုပ်ရှားသူတစ်ဦးက တနင်္ဂနွေနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ 

               တနင်္လာနေ့မှာတော့ ပါပူအာ ဆန္ဒပြသူတွေဟာ ဒေသဆိုင်ရာ ပါလီမန်အဆောက်အအုံကို မီးရှို့ခဲ့ကြကာ အနောက်ပါပူအာဒေသ မြို့တော် မန်နိုကွာရီရှိ လမ်းတွေပေါ်မှာ ကားတာယာတွေ သစ်ကိုင်းတွေကို မီးရှို့ကာ လမ်းပိတ်ဆို့မှုတွေ လုပ်ခဲ့ကြကြောင်း ပြည်နယ်လက်ထောက် အုပ်ချုပ်ရေးမှူး မိုဟာမက် လာကော့တာနီက ပြောဆိုပါတယ်။

            ပါလီမန်အဆောက်အအုံရဲ့ နောက်ကျောဘက်မှာ မြို့လယ်၊ ဈေး၊ ဆိပ်ကမ်းနဲ့ ဈေးဝယ်စင်တာတွေ ရှိနေခဲ့ကာ ယင်းနေရာတွေအားလုံး ထိခိုက်သက်ရောက်မှုတွေရှိခဲ့ကြောင်း၊ လှုပ်ရှားသွားလာမှုတွေ လုံးလုံး ရပ်သွားပြီလို့ ပြောမရဘူးဆိုရင်တောင် တကယ့်တကယ်မှာတော့ မြို့တော်တစ်ခုလုံး လုပ်ငန်းဆောင်တာတွေ ရပ်နေပြီဖြစ်ကြောင်း လာကော့တာနီက ဆိုပါတယ်။

         အခင်းဖြစ်နေရာက ရုပ်သံဖိုင်တွေအရ မန်နိုကွာရီမြို့က လမ်းတွေပေါ်မှာ လူ ၁၅၀ ခန့် ချီတက်သွားလာနေတာတွေ့ရသလို ပါလီမန်အဆောက်အအုံကနေ မီးခိုးတွေ ထွက်နေတာလည်း တွေ့ရပါတယ်။ အရှေ့ဂျာဗားက လူတွေ၊ ရဲတပ်ဖွဲ့နဲ့စစ်တပ်တို့ရဲ့ လူမျိုးရေးခွဲခြားလွန်းတဲ့ စကားလုံး တွေကြောင့် ပါပူအာသားတွေ ဒေါသထွက်ခဲ့ရကြောင်း ပါပူအာအုပ်ချုပ်ရေးမှူး လူကပ်စ် အန်နမ်ဘီက ပြောဆိုခဲ့ပါတယ်။

CNA

- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။