Skip to main content
heheere
Ads Block

စပါးစ္ကစားသမား အဲရစ္ဆင္အတြက္ ရီးရဲအသင္း ေနာက္ဆံုးအႀကိမ္ ကမ္းလွမ္းမႈျပဳလုပ္မည္

 

စပိန္ကလပ္ ရီးရဲမက္ဒရစ္အသင္းသည္ စပါးစ္အသင္း ကြင္းလယ္တုိက္စစ္ကစားသမား ခရစၥတီယန္အဲရစ္ဆင္အား ေခၚယူေရးအတြက္ ေနာက္ဆံုးအႀကိမ္ ကမ္းလွမ္းမႈအျဖစ္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၆၀ ျဖင့္ ကမ္းလွမ္းမႈ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သတင္းမ်ားတြင္ ေရးသားေဖာ္ျပထားသည္။

haehee

အသက္ ၂၇ ႏွစ္အရြယ္ရွိ ဒိန္းမတ္ကစားသမား အဲရစ္ဆင္ႏွင့္ စပါးစ္အသင္းတုိ႔ ခ်ဳပ္ဆိုထားသည့္ စာခ်ဳပ္သက္ တမ္းမွာ ၁၀ လသာ က်န္ရွိေတာ့သည့္အတြက္ ယခုေႏြရာသီ ဥေရာပေဘာလံုးအေျပာင္းအေရႊ႕ေစ်းကြက္ ပိတ္သိမ္းမည့္ စက္တင္ဘာ ၂ ရက္ မတိုင္မီ အဲရစ္ဆင္အား ေခၚယူႏိုုင္လိမ့္မည္ဟု ရီးရဲအသင္း တာ၀န္ရွိသူမ်ားက ယံုၾကည္ထားသည္ဟု ဆုိသည္။

ရီးရဲအသင္းအေနျဖင့္ ပီအက္စ္ဂ်ီအသင္း တိုက္စစ္မွဴး ေနမာအား ေခၚယူေရးအတြက္ ကြင္းလယ္ကစားသမား လုကာမိုဒရစ္အား အလုိက္ေပးကမ္းလွမ္း ရမည္ဆုိပါက မိုဒရစ္၏ေနရာတြင္ အဲရစ္ဆင္ႏွင့္ အစားထုိးရန္ ရည္ရြယ္ထားျခင္းျဖစ္သည္။ စပါးစ္အသင္းမန္ေနဂ်ာ ပိုခ်က္တီႏိုကလည္း အဲရစ္ဆင္၏ စပါးစ္ကစားသမားဘ၀ အနာဂတ္မွာ ေသခ်ာမႈမရွိေသးေၾကာင္း ၿပီးခဲ့သည့္ သီတင္းပတ္အတြင္းက ၀န္ခံေျပာဆုိထားသည္။

ရီးရဲအသင္းအေနျဖင့္ အဲရစ္ဆင္အား ေခၚယူေရးအတြက္ ပုိမိုအားစုိက္ႀကိဳးစားလာဖြယ္ရွိျခင္းသည္ မန္ယူကြင္းလယ္ကစားသမား ေပါလ္ေပါ့ဂ္ဘာအား ေခၚယူေရး ရည္ရြယ္ေနျခင္းကို အဆံုးသတ္ ေစလိမ့္မည္ဟု ယူဆမႈမ်ား ထြက္ေပၚေနၿပီး မန္ယူကလည္း ေပါ့ဂ္ဘာသည္ ေရာင္းခ်မည့္ ကစားသမားမဟုတ္ဟု ေျပာဆုိထားသည္။

vbwsvbwsvws

အျခားသတင္းတစ္ပုဒ္အရ စပါးစ္အသင္း တာ၀န္ရွိသူမ်ားသည္ အဲရစ္ဆင္အား အသင္းတြင္ ဆက္ထိန္းထားႏိုင္ေရးအတြက္ စာခ်ဳပ္သစ္ ခ်ဳပ္ဆုိရန္ ကမ္းလွမ္းထားသည္ဟုဆုိသည္။ စပါးစ္အသင္းမွ ေျပာင္းေရႊ႕ရန္ စဥ္းစားေနသူ အဲရစ္ဆင္အား ရီးရဲအသင္းအပါအ၀င္ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္စသည့္ ဥေရာပထိပ္တန္းကလပ္မ်ား က စိတ္၀င္စားလ်က္ရွိသည္။

အဲရစ္ဆင္သည္ စပါးစ္အသင္းႏွင့္ လက္ရွိခ်ဳပ္ဆုိထားသည့္ စာခ်ဳပ္အရ တစ္ပတ္လုပ္ခေငြအျဖစ္ ေပါင္ ၈၀၀၀၀ သာရရွိေနသူျဖစ္ၿပီး စပါးစ္တာ၀န္ရွိသူမ်ားက တစ္ပတ္ လုပ္ခေငြ ေပါင္ ၂၀၀၀၀၀ အထိ တုိးျမွင့္ေပးကာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားရန္ ကမ္းလွမ္းထားျခင္းျဖစ္သည္။

အဲရစ္ဆင္အေနျဖင့္ စပါးစ္အသင္းႏွင့္ စာခ်ဳပ္သစ္ခ်ဳပ္ဆုိခဲ့ျခင္း မရိွပါက အဲရစ္ဆင္အား ေျပာင္းေရႊ႕ေၾကးအလြတ္ျဖင့္ လက္မလႊတ္ရေစေရးအတြက္ ယခုေႏြရာသီ ေစ်းကြက္အတြင္းတြင္ ေရာင္းခ်သြားရမည္ျဖစ္သည္။

အဲရစ္ဆင္သည္ ၿပီးခဲ့သည့္ ၂၀၁၈-၁၉ ခုႏွစ္ ေဘာလံုးရာသီတြင္ စပါးစ္အသင္းအတြက္ စုစုေပါင္း ၅၁ ပြဲ ပါ၀င္ကစားထားကာ ၁၀ ဂိုး သြင္းယူ ထားသူျဖစ္သည္။

- အကုန္သိ သတင္းဌာန

Unicode Version

 

စပါးစ်ကစားသမား အဲရစ်ဆင်အတွက် ရီးရဲအသင်း နောက်ဆုံးအကြိမ် ကမ်းလှမ်းမှုပြုလုပ်မည်

 စပိန်ကလပ် ရီးရဲမက်ဒရစ်အသင်းသည် စပါးစ်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်အား ခေါ်ယူရေးအတွက် နောက်ဆုံးအကြိမ် ကမ်းလှမ်းမှုအဖြစ် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ 

အသက် ၂၇ နှစ်အရွယ်ရှိ ဒိန်းမတ်ကစားသမား အဲရစ်ဆင်နှင့် စပါးစ်အသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်သက် တမ်းမှာ ၁၀ လသာ ကျန်ရှိတော့သည့်အတွက် ယခုနွေရာသီ ဥရောပဘောလုံးအပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းမည့် စက်တင်ဘာ ၂ ရက် မတိုင်မီ အဲရစ်ဆင်အား ခေါ်ယူနိုင်လိမ့်မည်ဟု ရီးရဲအသင်း တာဝန်ရှိသူများက ယုံကြည်ထားသည်ဟု ဆိုသည်။ 

ရီးရဲအသင်းအနေဖြင့် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး နေမာအား ခေါ်ယူရေးအတွက် ကွင်းလယ်ကစားသမား လုကာမိုဒရစ်အား အလိုက်ပေးကမ်းလှမ်း ရမည်ဆိုပါက မိုဒရစ်၏နေရာတွင် အဲရစ်ဆင်နှင့် အစားထိုးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ စပါးစ်အသင်းမန်နေဂျာ ပိုချက်တီနိုကလည်း အဲရစ်ဆင်၏ စပါးစ်ကစားသမားဘ၀ အနာဂတ်မှာ သေချာမှုမရှိသေးကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဝန်ခံပြောဆိုထားသည်။

ရီးရဲအသင်းအနေဖြင့် အဲရစ်ဆင်အား ခေါ်ယူရေးအတွက် ပိုမိုအားစိုက်ကြိုးစားလာဖွယ်ရှိခြင်းသည် မန်ယူကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာအား ခေါ်ယူရေး ရည်ရွယ်နေခြင်းကို အဆုံးသတ် စေလိမ့်မည်ဟု ယူဆမှုများ ထွက်ပေါ်နေပြီး မန်ယူကလည်း ပေါ့ဂ်ဘာသည် ရောင်းချမည့် ကစားသမားမဟုတ်ဟု ပြောဆိုထားသည်။ 

အခြားသတင်းတစ်ပုဒ်အရ စပါးစ်အသင်း တာဝန်ရှိသူများသည် အဲရစ်ဆင်အား အသင်းတွင် ဆက်ထိန်းထားနိုင်ရေးအတွက် စာချုပ်သစ် ချုပ်ဆိုရန် ကမ်းလှမ်းထားသည်ဟုဆိုသည်။ စပါးစ်အသင်းမှ ပြောင်းရွှေ့ရန် စဉ်းစားနေသူ အဲရစ်ဆင်အား ရီးရဲအသင်းအပါအဝင် ဘာစီလိုနာ၊ ဂျူဗင်တပ်စသည့် ဥရောပထိပ်တန်းကလပ်များ က စိတ်ဝင်စားလျက်ရှိသည်။ 

အဲရစ်ဆင်သည် စပါးစ်အသင်းနှင့် လက်ရှိချုပ်ဆိုထားသည့် စာချုပ်အရ တစ်ပတ်လုပ်ခငွေအဖြစ် ပေါင် ၈၀၀၀၀ သာရရှိနေသူဖြစ်ပြီး စပါးစ်တာဝန်ရှိသူများက တစ်ပတ် လုပ်ခငွေ ပေါင် ၂၀၀၀၀၀ အထိ တိုးမြှင့်ပေးကာ စာချုပ်သစ်ချုပ်ဆိုသွားရန် ကမ်းလှမ်းထားခြင်းဖြစ်သည်။ 

အဲရစ်ဆင်အနေဖြင့် စပါးစ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်း မရှိပါက အဲရစ်ဆင်အား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်မလွှတ်ရစေရေးအတွက် ယခုနွေရာသီ ဈေးကွက်အတွင်းတွင် ရောင်းချသွားရမည်ဖြစ်သည်။ 

အဲရစ်ဆင်သည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ခုနှစ် ဘောလုံးရာသီတွင် စပါးစ်အသင်းအတွက် စုစုပေါင်း ၅၁ ပွဲ ပါဝင်ကစားထားကာ ၁၀ ဂိုး သွင်းယူ ထားသူဖြစ်သည်။

- အကုန်သိ သတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။