Skip to main content
အစားအသောက်မှာထားတာကြာလို့  စားပွဲထိုးကို သေနတ်နဲ့ ပစ်သတ်ခဲ့သူ
Ads Block
အစားအသောက်မှာထားတာကြာလို့  စားပွဲထိုးကို သေနတ်နဲ့ ပစ်သတ်ခဲ့သူ
ပြင်သစ်နိုင်ငံရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ လာရောက်စားသုံးသူတစ်ဦးဟာ ၄င်းမှာထားတဲ့ ဆန်းဒ၀စ်ကို စောင့်ရတာကြာနေတာကြောင့် ဒေါသထွက်ကာ စားပွဲထိုးကို သေနတ်နဲ့ ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။
 မြို့တော်ပါရီရဲ့ ဆင်ခြေဖုံးရပ်ကွက် Noisy-le-Grand မှာ သောကြာနေ့ညက ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့တာဖြစ်ပြီး  ၄င်းစားပွဲထိုးရဲ့ပခုံးကို သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရကြောင်း ၄င်းရဲ့လုပ်ဖော်ကိုင်တွေက ရဲတွေဆီ အကြောင်းကြာခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း တစ်ခြားပြည်သူတွေကတော့ ၄င်းရပ်ကွက်တစ်ဝိုက်ဟာ ရာဇ၀တ်မှုတွေဖြစ်ပွားလေ့ရှိကြောင်း မှတ်ချက်ပြုခဲ့ပြီး အထူးသဖြင့် မူးယစ်ဆေးဝါးအရောင်းအ၀ယ်တွေရှိတဲ့ အမှောင်နယ်မြေဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
Unicode Version
ပြင်သစ်နိုင်ငံရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ လာရောက်စားသုံးသူတစ်ဦးဟာ ၎င်းမှာထားတဲ့ ဆန်းဒဝစ်ကို စောင့်ရတာကြာနေတာကြောင့် ဒေါသထွက်ကာ စားပွဲထိုးကို သေနတ်နဲ့ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။
 မြို့တော်ပါရီရဲ့ ဆင်ခြေဖုံးရပ်ကွက် Noisy-le-Grand မှာ သောကြာနေ့ညက ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့တာဖြစ်ပြီး  ၎င်းစားပွဲထိုးရဲ့ပခုံးကို သေနတ်နဲ့ပစ်ခတ်ခံခဲ့ရကြောင်း ၎င်းရဲ့လုပ်ဖော်ကိုင်တွေက ရဲတွေဆီ အကြောင်းကြာခဲ့တာဖြစ်ပါတယ်။
သေနတ်ဒဏ်ရာရရှိသူ အသက် ၂၈ နှစ်အရွယ် ၄င်အမျိုးသားကို အရေးပေါ်ကုသမှုတွေလုပ်ခဲ့ပေမယ့်လည်း အခင်းဖြစ်ပွားရာနေရာမှာတင်သေဆုံးသွားခဲ့ပါတယ်။
ပြစ်မှုကျူးလွန်သူအမျိုးသားကို လိုက်လံစုံစမ်းနေပြီး စနေနေ့ကထိတော့ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ ရဲတွေက ပြင်သစ်သတင်းဌာန AFP ကိုပြောခဲ့ပါတယ်။
ပီဇာနဲ့ ဆန်းဒဝစ်တွေကိုအဓိကရောင်းချတဲ့ ၎င်းစားသောက်ဆိုင်မှာ လွန်ခဲ့တဲ့လအနည်းငယ်လောက်ကမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဘာပြဿနာမှမရှိဘဲ အတော်ကိုတိတ်ဆိတ်အေးချမ်းတဲ့ဆိုင်လေးဖြစ်ပြီး  ဆန်းဒဝစ်တစ်ခုအတွက်နဲ့ လူကိုတောင်သတ်သွားတယ်ဟုဆိုကာ ဒေသခံပြည်သူတွေက မယုံကြည်နိုင်အောင်ဖြစ်ခဲ့ဖြစ်ပါတယ်။
သို့သော်လည်း တစ်ခြားပြည်သူတွေကတော့ ၎င်းရပ်ကွက်တစ်ဝိုက်ဟာ ရာဇဝတ်မှုတွေဖြစ်ပွားလေ့ရှိကြောင်း မှတ်ချက်ပြုခဲ့ပြီး အထူးသဖြင့် မူးယစ်ဆေးဝါးအရောင်းအဝယ်တွေရှိတဲ့ အမှောင်နယ်မြေဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
- မေ ( အကုန်သိ သတင်းဌာန ) | Ref : The Straits Times
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။