Skip to main content
သူငယ္ခ်င္းမ်ား အရက္ေသာက္ရာမွ စကားမ်ားရန္ျဖစ္ကာ ဓားျဖင့္ခုတ္သတ္မႈျဖစ္ပြား
Ads Block

သူငယ္ခ်င္းမ်ား အရက္ေသာက္ရာမွ စကားမ်ားရန္ျဖစ္ကာ ဓားျဖင့္ခုတ္သတ္မႈျဖစ္ပြား

ရွမ္းျပည္နယ္၊ ေညာင္ေရႊၿမိဳ႕နယ္၊ မင္းေခ်ာင္းေက်းရြာအုပ္စုတြင္ သူငယ္ခ်င္း ၄ ေယာက္ အရက္အတူ ထုိင္ေသာက္ရာမွ စကား မ်ား ရန္ျဖစ္ကာ ဓားျဖင့္ခုတ္သတ္မႈတစ္ခု ျဖစ္ပြားခဲ့ေၾကာင္း ေရႊေမတၱာလူမႈေစာင့္ေရွာက္ေရးႏွင့္နာေရးကူညီမႈအဖြဲ႕မွ သိရသည္။
ျဖစ္စဥ္မွာ ၾသဂုတ္လ ၁၇ ရက္ ေန႔လယ္ ၁ နာရီခန္႔အခ်ိန္တြင္ ေညာင္ေရႊၿမိ့ဳနယ္၊ မင္းေခ်ာင္းေက်းရြာအုပ္စု၊ မင္းေခ်ာင္းအေနာက္ ေက်းရြာတြင္ ေနထုိင္သူ နီလာထြန္း၏ ေနအိမ္တြင္ တစ္ရြာထဲေနသူငယ္ခ်င္းမ်ား ျဖစ္ေသာ ၾကာညိဳ၊ မ်ိဳးေအာင္၊ ညြန္႔လႈိင္ဦး တုိ႔ ႏွင့္အတူ အရက္ေသာက္ၾကစဥ္ မ်ိဳးေအာင္ႏွင့္ ညြန္႔လိႈင္ဦးတုိ႔မွာ စကားမ်ားရန္ျဖစ္ၿပီး မ်ဳိးေအာင္မွ ဓားျဖင့္ခုတ္ခဲ့သည့္အတြက္ ညြန္႔လိႈင္ဦးမွာ ေသဆုံးခဲ့ေၾကာင္း သိရသည္။
“နီလာထြန္းတုိ႔အိမ္မွာ ၾကာညိဳ၊ မ်ိဳးေအာင္၊ ညြန္႔လႈိင္ဦးတုိ႔ အရက္ထုိင္ေသာက္က်ရင္း ညြန္႔လႈိင္ဦးဆုိတဲ့ ေကာင္ေလးနဲ႔ မ်ဳိး ေအာင္ဆုိတဲ့ ေကာင္ေလးက စကားမ်ားရန္ျဖစ္ၿပီး မ်ဳိးေအာင္ဆုိတဲ့ ေကာင္ေလးကဓားနဲ႔ ခုတ္လုိက္တာလုိ႔ သိရတယ္။ သူတုိ႔အား လုံးက တစ္ရြာတည္းေနၾကတဲ့ သူငယ္ခ်င္းေတြလုိ႔ သိရပါတယ္”ဟု ေရႊေမတၱာလူမႈေစာင့္ေရွာက္ေရးႏွင့္ နာေရးကူညီမႈအဖြဲ႕မွ အဖြဲ႔၀င္တစ္ဦးကေျပာသည္။
ေသဆုံးသူ  ညြန္႔လႈိင္ဦး(၁၇)ႏွစ္၏ အေလာင္းအား ေရႊေမတၱာလူမႈေစာင့္ေရွာက္ ေရးႏွင့္နာေရးကူညီမႈအဖြဲ႕မွ ေညာင္ေရႊျပည္သူ႔ ေဆးရုံသုိ႔ ပုိ႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

-  ရဲေက်ာ္ထက္ ( အကုန္သိ သတင္းဌာန ) | ဓာတ္ပုံ- lay nge

Unicode Version

 

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ မင်းချောင်းကျေးရွာအုပ်စုတွင် သူငယ်ချင်း ၄ ယောက် အရက်အတူ ထိုင်သောက်ရာမှ စကား များ ရန်ဖြစ်ကာ ဓားဖြင့်ခုတ်သတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရွှေမေတ္တာလူမှုစောင့်ရှောက်ရေးနှင့်နာရေးကူညီမှုအဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၁၇ ရက် နေ့လယ် ၁ နာရီခန့်အချိန်တွင် ညောင်ရွှေမြိ့ုနယ်၊ မင်းချောင်းကျေးရွာအုပ်စု၊ မင်းချောင်းအနောက် ကျေးရွာတွင် နေထိုင်သူ နီလာထွန်း၏ နေအိမ်တွင် တစ်ရွာထဲနေသူငယ်ချင်းများ ဖြစ်သော ကြာညို၊ မျိုးအောင်၊ ညွန့်လှိုင်ဦး တို့ နှင့်အတူ အရက်သောက်ကြစဉ် မျိုးအောင်နှင့် ညွန့်လှိုင်ဦးတို့မှာ စကားများရန်ဖြစ်ပြီး မျိုးအောင်မှ ဓားဖြင့်ခုတ်ခဲ့သည့်အတွက် ညွန့်လှိုင်ဦးမှာ သေဆုံးခဲ့ကြောင်း သိရသည်။
“နီလာထွန်းတို့အိမ်မှာ ကြာညို၊ မျိုးအောင်၊ ညွန့်လှိုင်ဦးတို့ အရက်ထိုင်သောက်ကျရင်း ညွန့်လှိုင်ဦးဆိုတဲ့ ကောင်လေးနဲ့ မျိုး အောင်ဆိုတဲ့ ကောင်လေးက စကားများရန်ဖြစ်ပြီး မျိုးအောင်ဆိုတဲ့ ကောင်လေးကဓားနဲ့ ခုတ်လိုက်တာလို့ သိရတယ်။ သူတို့အား လုံးက တစ်ရွာတည်းနေကြတဲ့ သူငယ်ချင်းတွေလို့ သိရပါတယ်”ဟု ရွှေမေတ္တာလူမှုစောင့်ရှောက်ရေးနှင့် နာရေးကူညီမှုအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
သေဆုံးသူ  ညွန့်လှိုင်ဦး(၁၇)နှစ်၏ အလောင်းအား ရွှေမေတ္တာလူမှုစောင့်ရှောက် ရေးနှင့်နာရေးကူညီမှုအဖွဲ့မှ ညောင်ရွှေပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

-  ရဲကျော်ထက် ( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ- lay nge

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။