Skip to main content
ငှက်ပျောခိုင်တွေအကြား ရောနှောင်မှောင်ခိုသွင်းလာတဲ့ ကိုကင်းတွေ ဘူလ်ဂေးရီးယားမှာ တွေ့ရှိ
Ads Block
ငှက်ပျောခိုင်တွေအကြား ရောနှောင်မှောင်ခိုသွင်းလာတဲ့ ကိုကင်းတွေ ဘူလ်ဂေးရီးယားမှာ တွေ့ရှိ
ငှက်ပျောခိုင်တွေအကြား ရောနှောင်မှောင်ခိုသွင်းလာတဲ့ ကိုကင်းတွေ ဘူလ်ဂေးရီးယားမှာ တွေ့ရှိ
ဘားဂတ်စ်မြို့မှာဖမ်းဆီးရမိတဲ့ ၄င်းကိုကင်းတွေဟာ ယခုနှစ်အတွင်းပမာဏအများဆုံးဖမ်းဆီးရမိမှုဖြစ်ပါတယ်။
Unicode Version
အီကွေဒေါ ကနေ ဘူလ်ဂေးရီးယားနိုင်ငံ ဘားဂတ်စ်ပင်လယ်နက်ဆိပ်ကမ်းမြို့ကို သင်္ဘောနဲ့တင်ပို့ခဲ့တဲ့ ငှက်ပျောခိုင်တွေကြားထဲမှာ ကိုကင်း ၇၅ ကီလိုဂရမ်ကို  ဂိုထောင်အလုပ်သမားတစ်ဦးက ရှာဖွေတွေ့ရှိခဲ့ကြောင်း အစိုးရရှေ့နေ နဲ့ ရဲတွေက စနေနေ့(သြဂုတ် ၁၇) မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
သင်္ဘောပေါ်က ငှက်ပျောခိုင်တွေထည့်ထားတဲ့ သေတ္တာ ၂၀,၆၂၆ လုံးထဲမှာ ခဲပတ်တွေနဲ့ပတ်ပြီး လျှို့ဝှက်တင်ဆောင်လာခဲ့တဲ့ ၎င်းကိုကင်းထုတ်တွေကို InterCitrus သစ်သီးဖြန့်ဖြူးတဲ့ ကုမ္ပဏီ ဂိုထောင်အလုပ်သမားက တွေ့ရှိခဲ့တာဖြစ်ကြောင်း  ဘားဂတ်စ်မြို့ဆိုင်ရာအစိုးရရှေ့နေက သတင်းထောာက်တွေကိုပြောခဲ့ပါတယ်။ ဂိုထောင်အလုပ်သမားဟာ ကိုကင်းထုတ်တွေကို စနေနေ့မနက်က မမျှော်လင့်ဘဲတွေ့ရှိခဲ့တာဖြစ်ပြီး ထို့နောက် ရဲတွေကိုအကြောင်းကြားခဲ့တာဖြစ်တယ်လို့ ရဲမှူးချုပ်ကပြောပါတယ်။
၎င်းသင်္ဘောဟာ ဘားဂတ်စ်မြို့ကို ဇူလိုင် ၂၇ ရက်နေ့က ဆိုက်ကပ်ခဲ့တာဖြစ်ပြီး ယင်းဒီမတိုင်ခင် အီတလီမှာ ခရီးတစ်ထောက်နားခဲ့သေးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သစ်သီးဖြန့်ဖြူးတဲ့ကုမ္ပဏီက ၎င်းငှက်ပျောခိုင်တွေထဲက အချို့ကို  ရိုမေးနီးယားနိုင်ငံကို တင်ပို့ခဲ့ပြီးဖြစ်တာကြောင့် အာဏာပိုင်တွေက အခြားဂိုထောင်အလုပ်သမားတွေကိုလည်း စစ်ဆေးမေးမြန်မှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။
ရိုမေးနီးယား နဲ့ ဘူလ်ဂေးရီးယားနိုင်ငံတွေဟာ လက်တင်အမေရိက ကနေ အနောက်ဥရောပနိုင်ငံတွေကို ကိုကင်းမှောင်ခိုတင်ပို့မှုလမ်းကြောင်းမှာ  အဓိကကုန်အကူးအပြောင်းလုပ်ရာနိုင်ငံတွေဖြစ်ပါတယ်။
ဘားဂတ်စ်မြို့မှာဖမ်းဆီးရမိတဲ့ ၎င်းကိုကင်းတွေဟာ ယခုနှစ်အတွင်းပမာဏအများဆုံးဖမ်းဆီးရမိမှုဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကလည်း အမေရိကတောင်ပိုင်း နဲ့ အလယ်ပိုင်းကနေ အလားတူနည်းနဲ့ သယ်ဆောင်လာတဲ့ကိုကင်းတွေကို ဥရောပနိုင်ငံအနှံ့အပြားမှာ ဖမ်းဆီးရမိခဲ့ပါသေးတယ်။
- မေ ( အကုန်သိ သတင်းဌာန ) | Ref : CNA
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။