Skip to main content
တရားမ၀င္ ကုန္သြယ္မႈသည္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို အဓိကအဟန္႔အတားျဖစ္ေနေၾကာင္း ဒုသမၼတ (၁) ဦးျမင့္ေဆြေျပာ
Ads Block

တရားမ၀င္ ကုန္သြယ္မႈသည္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို အဓိကအဟန္႔အတားျဖစ္ေနေၾကာင္း ဒုသမၼတ (၁) ဦးျမင့္ေဆြေျပာ

တရားမ၀င္ ကုန္သြယ္မႈသည္ ျမန္မာႏိုင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို အဓိက အဟန္႔အတားျဖစ္ေစေသာ အခ်က္တစ္ခု ျဖစ္ ေနေၾကာင္း ဒုသမၼတ (၁) ဦးျမင့္ေဆြက ေျပာၾကားလုိက္သည္။
တရားမ၀င္ကုန္သြယ္မႈ တုိက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီ၏ အစည္းအေ၀းကုိ ၾသဂုတ္လ တတိယပတ္ စိးပြားေရးႏွင့္ ကူးသန္း ေရာင္း၀ယ္ေရး ၀န္ႀကီးဌာန အစည္းအေ၀းခန္းမတြင္က်င္းပစဥ္ ဒုသမၼတ (၁) ဦးျမင့္ေဆြက အထက္ပါ အတုိင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“တရားမဝင္ကုန္သြယ္မႈႏွင့္ ပတ္သက္၍ The Economist Intelligence Unit မွ ထုတ္ျပန္ခဲ့သည့္ ၂၀၁၈ ခုႏွစ္ ကမၻာ့ တရား မဝင္ ကုန္သြယ္မႈတိုက္ဖ်က္ေရး အေျခအေန အၫႊန္းကိန္းတြင္ ျမန္မာႏိုင္ငံသည္ ႏိုင္ငံေပါင္း (၈၄)ႏိုင္ငံအနက္ (၈၂)ေနရာတြင္ ရပ္တည္ေနၿပီး ရမွတ္မွာ (၂၃)မွတ္သာ ရရွိသည္ကို ေတြ႔ရပါေၾကာင္း၊ ကမၻာလံုးဆိုင္ရာ တရားမဝင္ကုန္သြယ္မႈ အေျခအေန အ ၫႊန္းကိန္းကို ညႊန္းကိန္း (၄)ခုျဖင့္ တိုင္းတာပါေၾကာင္း၊ အဆိုပါ ညႊန္းကိန္း (၄)ခုမွာ အစိုးရ၏ မူဝါဒ၊ ေရာင္းလိုအားႏွင့္ ဝယ္လို အား၊ ပြင့္လင္း ျမင္သာမႈရွိသည့္ ကုန္သြယ္မႈႏွင့္ အေကာက္ခြန္ဆိုင္ရာ လုပ္ငန္းစဥ္မ်ားျဖစ္ပါေၾကာင္း၊ တရားမ၀င္ ကုန္သြယ္မႈ သည္ ျမန္မာႏိုင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို အဓိက အဟန္႔အတားျဖစ္ေစေသာ အခ်က္မ်ားထဲမွ အဓိကက်သည့္ အခ်က္ တစ္ခုျဖစ္ပါေၾကာင္း၊ တရားမဝင္ကုန္သြယ္မႈက႑ အင္အားႀကီးေနသည္ႏွင့္အမၽွ တရားဝင္လုပ္ကိုင္ေသာ လုပ္ငန္းမ်ားကို အ ဟန္႔ အတားျဖစ္ေစပါေၾကာင္း” ဟု ဒုသမၼတ (၁) ဦးျမင့္ေဆြက ေျပာသည္။
တရား၀င္ ကုန္သြယ္မႈပမာဏ မွာ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၂၉ ဒသမ ၂၀၉ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၃၃ ဒသမ ၅၃၇ ဘီလီယံႏွင့္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ (ေအာက္တိုဘာလမွ ဇြန္လအထိ) အေမရိကန္ေဒၚလာ ၂၆ ဒသမ ၂၂၃ ဘီလီယံ အသီးသီးေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
“၂၀၁၉ ခုႏွစ္၊ ဇြန္လအတြင္း ျမန္မာႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔၏ နယ္စပ္ကုန္သြယ္မႈစာရင္းဇယား မ်ားကို ေလ့လာရာတြင္ စုစု ေပါင္းကုန္သြယ္မႈစာရင္းမွာ အေမရိကန္ေဒၚလာသန္း(၁၅၀)ေက်ာ္ ကြာဟမႈရွိေနသည္ကို ေတြ႔ရွိရသည့္အတြက္ တရား မဝင္ နယ္စပ္ကုန္သြယ္မႈ ပမာဏ မည္မၽွ ႀကီးမားမည္ကို မွန္းဆၾကည့္ႏိုင္ပါေၾကာင္း၊ ထို႔အျပင္ တရားမဝင္ သစ္ခိုးထုတ္မႈသည္ စီး ပြားေရးကို ထိခိုက္ေစသည့္အျပင္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးကိုလည္း ထိခိုက္ေစပါေၾကာင္း၊ ကုန္ပစၥည္းအတုအပမ်ား အ ထူးသျဖင့္ ေဆးဝါးႏွင့္ အရက္အတုမ်ားသည္ စီးပြားေရးကို ထိခိုက္ေစ႐ုံသာမက စားသုံးသူမ်ား၏ ေဘးကင္းမႈကိုပါ ထိခိုက္ ေစႏိုင္ပါေၾကာင္း”ဟု ဒုသမၼတ ဦးျမင့္ေဆြက ထပ္မံေျပာသည္။
ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ မြန္ျပည္ နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ (၉)ခုတို႔တြင္ တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးထိန္းခ်ဳပ္ေရးအထူးအဖြဲ႕မ်ား ဖြဲ႕စည္း၍ ဖမ္းဆီးအေရးယူမႈမ်ား ေဆာင္ရြက္ခဲ့ရာ ၂၀၁၉ ခုႏွစ္၊ ဇြန္လအထိ ဖမ္းဆီး အေရးယူမႈ (၆၆၉)ႀကိမ္၊ ခန္႔မွန္းတန္ဖိုးေငြက်ပ္ ၁၁ ဒသမ ၈၂၈ ဘီလီယံ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

တရားမဝင် ကုန်သွယ်မှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိက အဟန့်အတားဖြစ်စေသော အချက်တစ်ခု ဖြစ် နေကြောင်း ဒုသမ္မတ (၁) ဦးမြင့်ဆွေက ပြောကြားလိုက်သည်။
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ အစည်းအဝေးကို သြဂုတ်လ တတိယပတ် စိးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပစဉ် ဒုသမ္မတ (၁) ဦးမြင့်ဆွေက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ The Economist Intelligence Unit မှ ထုတ်ပြန်ခဲ့သည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အခြေအနေ အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း (၈၄)နိုင်ငံအနက် (၈၂)နေရာတွင် ရပ်တည်နေပြီး ရမှတ်မှာ (၂၃)မှတ်သာ ရရှိသည်ကို တွေ့ရပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှု အခြေအနေ အ ညွှန်းကိန်းကို ညွှန်းကိန်း (၄)ခုဖြင့် တိုင်းတာပါကြောင်း၊ အဆိုပါ ညွှန်းကိန်း (၄)ခုမှာ အစိုးရ၏ မူဝါဒ၊ ရောင်းလိုအားနှင့် ဝယ်လို အား၊ ပွင့်လင်း မြင်သာမှုရှိသည့် ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ တရားမဝင် ကုန်သွယ်မှု သည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိက အဟန့်အတားဖြစ်စေသော အချက်များထဲမှ အဓိကကျသည့် အချက် တစ်ခုဖြစ်ပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုကဏ္ဍ အင်အားကြီးနေသည်နှင့်အမျှ တရားဝင်လုပ်ကိုင်သော လုပ်ငန်းများကို အ ဟန့် အတားဖြစ်စေပါကြောင်း” ဟု ဒုသမ္မတ (၁) ဦးမြင့်ဆွေက ပြောသည်။
တရားဝင် ကုန်သွယ်မှုပမာဏ မှာ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၂၀၉ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅၃၇ ဘီလီယံနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဇွန်လအထိ) အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၂၂၃ ဘီလီယံ အသီးသီးဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
“၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်ကုန်သွယ်မှုစာရင်းဇယား များကို လေ့လာရာတွင် စုစု ပေါင်းကုန်သွယ်မှုစာရင်းမှာ အမေရိကန်ဒေါ်လာသန်း(၁၅၀)ကျော် ကွာဟမှုရှိနေသည်ကို တွေ့ရှိရသည့်အတွက် တရား မဝင် နယ်စပ်ကုန်သွယ်မှု ပမာဏ မည်မျှ ကြီးမားမည်ကို မှန်းဆကြည့်နိုင်ပါကြောင်း၊ ထို့အပြင် တရားမဝင် သစ်ခိုးထုတ်မှုသည် စီး ပွားရေးကို ထိခိုက်စေသည့်အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း ထိခိုက်စေပါကြောင်း၊ ကုန်ပစ္စည်းအတုအပများ အ ထူးသဖြင့် ဆေးဝါးနှင့် အရက်အတုများသည် စီးပွားရေးကို ထိခိုက်စေရုံသာမက စားသုံးသူများ၏ ဘေးကင်းမှုကိုပါ ထိခိုက် စေနိုင်ပါကြောင်း”ဟု ဒုသမ္မတ ဦးမြင့်ဆွေက ထပ်မံပြောသည်။
ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည် နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (၉)ခုတို့တွင် တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်ရေးအထူးအဖွဲ့များ ဖွဲ့စည်း၍ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ ဖမ်းဆီး အရေးယူမှု (၆၆၉)ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁ ဒသမ ၈၂၈ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။