Skip to main content
အိမ္သာတက္ရန္သြားသည့္ အမ်ဳိးသားတစ္ဦးအေပၚ ၿခံစည္းရုိးအုတ္တံတုိင္းၿပဳိက် ေသဆုံး
Ads Block

အိမ္သာတက္ရန္သြားသည့္ အမ်ဳိးသားတစ္ဦးအေပၚ ၿခံစည္းရုိးအုတ္တံတုိင္းၿပဳိက် ေသဆုံး

ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမဳိ႕နယ္အတြင္း အိမ္သာတက္ရန္သြားသည့္ အမ်ဳိးသားတစ္ဦးအေပၚ အေနာက္ေနအိမ္ ၿခံစည္းရုိး အုတ္တံတုိင္းၿပဳိက်ကာ ပိမိေသာေၾကာင့္ ေသဆုံးသြားခဲ့ေၾကာင္း ေတာင္ႀကီးၿမဳိ႕အမွတ္(၁)ၿမဳိ႕မရဲစခန္းမွ သိရသည္။
ျဖစ္စဥ္မွာ ဩဂုတ္လ ၁၇ ရက္ည ၈ နာရီခန္႔တြင္ ေတာင္ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစုရပ္ကြက္၊ ရဲေဘာ္ေစ်းအနီး ဖရဲေငြေတာင္ အ တက္၊ စိန္စြယ္လမ္းသြယ္ေန ဦးလွျမင့္ (၆၈) ႏွစ္မွာ အိမ္သာတက္ရန္သြားစဥ္ အေနာက္ဘက္ရွိ ေနအိမ္မွ အျမင့္ (၈)ေပခန္႔ ၿခံစည္းရုိးအုတ္တံတုိင္းၿပဳိကာ ၄င္းအေပၚပိမိ၍ ေသဆုံးခဲ့ေၾကာင္း သိရသည္။
“အခင္းျဖစ္တဲ့ မေန႔ညက မုိးကေတာ္ေတာ္ႀကီးတယ္။ ေသဆုံးသူက အိမ္သာသြားတဲ့ အခ်ိန္မွာ အေနာက္အိမ္က ၿခံစည္းရုိး အုတ္တံတုိင္းၿပဳိက်ေတာ့ သူအေပၚတစ္ခါတည္း ပိၿပီးသားျဖစ္သြားၿပီး ေသဆုံးသြားတာလုိ႔ သိရပါတယ္” ေတာင္ႀကီးၿမဳိ႕ အမွတ္ (၁)ၿမဳိ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။
ေသဆုံးသူအမ်ဳိးသား၏ အေလာင္းကုိ စ၀္စံထြန္းေဆးရုံႀကီးသုိ႔ ပုိေဆာင္ခဲ့ၿပီး ေတာင္ႀကီးၿမဳိ႕အမွတ္(၁)ၿမဳိ႕မရဲစခန္း၌ ေသမႈ ေသခင္း အမွတ္စဥ္ (၁၇/၂၀၁၉)ျဖင့္ အမႈေရးဖြင့္ထားေၾကာင္း သိရသည္။

- ရဲေက်ာ္ထက္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်း အိမ်သာတက်ရန်သွားသည့် အမျိုးသားတစ်ဦးအပေါ် အနောက်နေအိမ် ခြံစည်းရိုး အုတ်တံတိုင်းပြိုကျကာ ပိမိသောကြောင့် သေဆုံးသွားခဲ့ကြောင်း တောင်ကြီးမြို့အမှတ်(၁)မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၁၇ ရက်ည ၈ နာရီခန့်တွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ရဲဘော်ဈေးအနီး ဖရဲငွေတောင် အ တက်၊ စိန်စွယ်လမ်းသွယ်နေ ဦးလှမြင့် (၆၈) နှစ်မှာ အိမ်သာတက်ရန်သွားစဉ် အနောက်ဘက်ရှိ နေအိမ်မှ အမြင့် (၈)ပေခန့် ခြံစည်းရိုးအုတ်တံတိုင်းပြိုကာ ၎င်းအပေါ်ပိမိ၍ သေဆုံးခဲ့ကြောင်း သိရသည်။
“အခင်းဖြစ်တဲ့ မနေ့ညက မိုးကတော်တော်ကြီးတယ်။ သေဆုံးသူက အိမ်သာသွားတဲ့ အချိန်မှာ အနောက်အိမ်က ခြံစည်းရိုး အုတ်တံတိုင်းပြိုကျတော့ သူအပေါ်တစ်ခါတည်း ပိပြီးသားဖြစ်သွားပြီး သေဆုံးသွားတာလို့ သိရပါတယ်” တောင်ကြီးမြို့ အမှတ် (၁)မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
သေဆုံးသူအမျိုးသား၏ အလောင်းကို စဝ်စံထွန်းဆေးရုံကြီးသို့ ပိုဆောင်ခဲ့ပြီး တောင်ကြီးမြို့အမှတ်(၁)မြို့မရဲစခန်း၌ သေမှု သေခင်း အမှတ်စဉ် (၁၇/၂၀၁၉)ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

- ရဲကျော်ထက် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။