Skip to main content
တပ္မေတာ္ အာဏာသိမ္းၿပီးေနာက္ပုိင္းမွ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔မ်ား ပုိမ်ားလာဟု အေ၀းေရာက္ အစုိးရအဖြဲ႔ ၀န္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာစိန္၀င္းေျပာ
Ads Block

တပ္မေတာ္ အာဏာသိမ္းၿပီးေနာက္ပုိင္းမွ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔မ်ား ပုိမ်ားလာဟု အေ၀းေရာက္ အစုိးရအဖြဲ႔ ၀န္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာစိန္၀င္းေျပာ

တုိင္းျပည္ကုိ တပ္မေတာ္က ထိန္းသိမ္းၿပီးေနာက္ပုိင္းတြင္ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔မ်ား ပုိမ်ားလာခဲ့ေၾကာင္း အေ၀း ေရာက္ ညြန္႔ေပါင္းအစုိးရအဖြဲ႔ ၀န္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာ စိန္၀င္းက ေျပာသည္။
ၾသဂုတ္လအတြင္း အကုန္သိသတင္းဌာနႏွင့္ သီးသန္႔ေတြ႔ဆုံေမးျမန္းရာတြင္  တပ္မေတာ္ႏွင့္ပတ္သက္သည့္ အခန္းက႑မ်ားကုိ ေဒါက္တာစိန္၀င္းက ေျပာၾကားစဥ္ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“ ခက္တယ္။ ခက္တယ္ဆုိတာက ဗမာျပည္ႏုိင္ငံေရးသမုိင္းေၾကာင္းမွာ တပ္မေတာ္က အာဏာသိမ္းလုိက္တဲ့ အခ်ိန္မွာ။ ၁၉၆၂ တကၠသုိလ္အရြယ္ တကၠသုိလ္ေက်ာင္းသားေပါ့။ ၁၉၆၂ မွာ ဗုိလ္ခ်ဳပ္ေန၀င္းက သိမ္းလုိက္တာ။ ဘာေၾကာင့္ သိမ္းလုိက္တယ္ ဆုိေတာ့ တုိင္းျပည္မွာ ကြဲျပားမွာေၾကာက္လုိ႔တဲ့။  တုိင္းျပည္ႀကီး တစ္စိပ္တစ္ပုိင္းျဖစ္မွာ ေၾကာက္လုိ႔။ အဲဒီအခ်ိန္ရွမ္းနဲ႔ပတ္ သက္ တာရွိတယ္။ ဒါေၾကာင့္မုိ႔လုိ႔ တပ္မေတာ္က ထိန္းသိမ္းလုိက္ရပါတယ္တဲ့။ အုိေက။ ထိန္းသိမ္းေပါ့။ ထိန္းသိမ္းခ်င္လည္း ထိန္းသိမ္း ေပါ့။ ဒါေပမဲ့ လက္ေတြ႔က်ေတာ့ တပ္မေတာ္ထိန္းသိမ္းလုိက္ၿပီးမွ လက္နက္ကုိင္ေတြ ပုိမ်ားလာတယ္။ တပ္မေတာ္ မထိန္းသိမ္း ခင္က လက္နက္ကုိင္က ကရင္တုိ႔ ဗကပတုိ႔ ေလာက္ပဲရွိတာ။ ကခ်င္ကေနာက္မွ ၀င္လာတာ။ တပ္မေတာ္ထိန္းသိမ္းလုိက္တာနဲ႔ ပုိမ်ားလာတယ္ အဲဒါဘာေၾကာင့္လဲ” ဟု ေဒါက္တာစိန္၀င္းက ေျပာသည္။
၂၀၁၅ ခုနွစ္ ေအာက္တုိဘာ ၁၅ ရက္တြင္ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာ သေဘာတူစာခ်ဳပ္ NCAကုိ တုိင္းရင္း သား လက္နက္ကုိင္အဖြဲ႔ (၈) ဖြဲ႔မွ သေဘာတူလက္မွတ္ေရးထုိးခဲ့သည္။
၂၀၁၇ ခုနွစ္တြင္ မြန္ျပည္သစ္ပါတီ၊ လားဟူဒီမုိကရက္တစ္ပါတီမွ NCA စာခ်ဳပ္အား ထပ္မံလက္မွတ္ေရးထုိးခဲ့ၾကသည္။
လက္ရွိတြင္ အပစ္ရပ္လက္မွတ္ထုိးရန္ က်န္ရွိေနေသာ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔မ်ားမွာ AA၊ KIA၊ TNLA၊ KNPP၊ SSPP၊ MNDAA အစရွိသည့္ ေျမာက္ပုိင္းတုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔တုိ႔ျဖစ္သည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

တိုင်းပြည်ကို တပ်မတော်က ထိန်းသိမ်းပြီးနောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပိုများလာခဲ့ကြောင်း အဝေး ရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ စိန်ဝင်းက ပြောသည်။
သြဂုတ်လအတွင်း အကုန်သိသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင်  တပ်မတော်နှင့်ပတ်သက်သည့် အခန်းကဏ္ဍများကို ဒေါက်တာစိန်ဝင်းက ပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ ခက်တယ်။ ခက်တယ်ဆိုတာက ဗမာပြည်နိုင်ငံရေးသမိုင်းကြောင်းမှာ တပ်မတော်က အာဏာသိမ်းလိုက်တဲ့ အချိန်မှာ။ ၁၉၆၂ တက္ကသိုလ်အရွယ် တက္ကသိုလ်ကျောင်းသားပေါ့။ ၁၉၆၂ မှာ ဗိုလ်ချုပ်နေဝင်းက သိမ်းလိုက်တာ။ ဘာကြောင့် သိမ်းလိုက်တယ် ဆိုတော့ တိုင်းပြည်မှာ ကွဲပြားမှာကြောက်လို့တဲ့။  တိုင်းပြည်ကြီး တစ်စိပ်တစ်ပိုင်းဖြစ်မှာ ကြောက်လို့။ အဲဒီအချိန်ရှမ်းနဲ့ပတ် သက် တာရှိတယ်။ ဒါကြောင့်မို့လို့ တပ်မတော်က ထိန်းသိမ်းလိုက်ရပါတယ်တဲ့။ အိုကေ။ ထိန်းသိမ်းပေါ့။ ထိန်းသိမ်းချင်လည်း ထိန်းသိမ်း ပေါ့။ ဒါပေမဲ့ လက်တွေ့ကျတော့ တပ်မတော်ထိန်းသိမ်းလိုက်ပြီးမှ လက်နက်ကိုင်တွေ ပိုများလာတယ်။ တပ်မတော် မထိန်းသိမ်း ခင်က လက်နက်ကိုင်က ကရင်တို့ ဗကပတို့ လောက်ပဲရှိတာ။ ကချင်ကနောက်မှ ဝင်လာတာ။ တပ်မတော်ထိန်းသိမ်းလိုက်တာနဲ့ ပိုများလာတယ် အဲဒါဘာကြောင့်လဲ” ဟု ဒေါက်တာစိန်ဝင်းက ပြောသည်။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCAကို တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့မှ သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
၂၀၁၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်ပါတီမှ NCA စာချုပ်အား ထပ်မံလက်မှတ်ရေးထိုးခဲ့ကြသည်။
လက်ရှိတွင် အပစ်ရပ်လက်မှတ်ထိုးရန် ကျန်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ AA၊ KIA၊ TNLA၊ KNPP၊ SSPP၊ MNDAA အစရှိသည့် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ဖြစ်သည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။