Skip to main content
ကက္ရွ္မီးယားမွာ ကာဖ်ဴးထုတ္ထားမႈ ခ်က္ခ်င္း ရုပ္သိမ္းဖုိ ့ OIC က အိႏၵိယ အစုိးရကုိ ေတာင္းဆုိ
Ads Block

ကက္ရွ္မီးယားမွာ ကာဖ်ဴးထုတ္ထားမႈ ခ်က္ခ်င္း ရုပ္သိမ္းဖုိ ့ OIC က အိႏၵိယ အစုိးရကုိ ေတာင္းဆုိ

ကက္ရွ္မီးယားေဒသမွာ ညမထြက္ရအမိန္ ့ ကာဖ်ဴးထုတ္ထားမႈကုိ ခ်က္ခ်င္းရုပ္သိမ္းဖုိ ့ အစၥလာမ္မစ္ ပူေပါင္းေဆာင္ရြက္ေရး အဖြဲ႕(OIC) က အႏၵိယ အစုိးရကုိ တုိက္တြန္းလုိက္ေၾကာင္း သိရပါတယ္။
သိမ္းပုိက္ခံ ကက္ရွ္မီးယားေဒသမွာ ကာဖ်ဴးထုတ္ထားမႈကုိ ခ်က္ခ်င္းရုပ္သိမ္းဖုိ ့ OIC က ေတာင္းဆုိခဲ့တာဟာ ပါကစၥတန္အတြက္ ေနာက္ထပ္ သံတမန္ေရး ေအာင္ျမင္မႈတစ္ခုျဖစ္ေၾကာင္း ပါကစၥတန္ႏုိင္ငံျခားေရး၀န္ႀကီး ရွာဟ္ မာမြတ္ ကာရီရွီက ေျပာဆုိပါတယ္။
မၾကာခင္က ျဖစ္ပ်က္ခဲ့တာေတြနဲ ့ပတ္သက္ၿပီး OIC အဖြဲ႕၀င္ႏုိင္ငံေတြနဲ ့ဆက္သြယ္ေျပာဆုိကာ Jeddh မွာ အဖြဲ႕ရဲ႕ အစည္းအေ၀းလုပ္ခဲ့ေၾကာင္း ကက္ရွ္မီးယားအေရးကုိ  အဖြဲ႕၀င္ႏုိင္ငံေတြနဲ ့ေဆြးေႏြးခဲ့ေၾကာင္း ေဆြးေႏြးပြဲအၿပီး OIC က အစည္းအေ၀းထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ႏုိင္ခဲ့ေၾကာင္း မစၥတာ ကာရီရွီက ေျပာဆုိပါတယ္။ ကာဖ်ဴးထုတ္ထားတာေၾကာင့္ ကက္ရွ္မီးယားေဒသခံေတြ အစားအစာနဲ ့ေဆး၀ါး ျပတ္လပ္ေနကာ ေဆးရုံ ေဆးခန္းေတြလည္း အသြားႏုိင္ျဖစ္ေနေၾကာင္း ၄င္းက ဆုိပါတယ္။
ကာဖ်ဴးရုပ္သိမ္းဖုိ ့ ေတာင္းဆုိခ်က္ဟာ ပါကစၥတန္တစ္ႏုိင္ငံတည္းက လာတာမဟုတ္ဘဲ မြတ္ဆလင္ကမာၻတစ္ခုလုံးက ေတာင္းဆုိလုိက္တာပါလုိ ့ ၄င္းက ဆုိခဲ့ကာ ကုလသမဂၢ လုံၿခဳံေရးေကာင္စီအေနနဲ႕လည္း OIC ရဲ႕ အသံကုိ အေလးဂရုျပဳမိလိမ့္မယ္လုိ ့ ေမွ်ာ္လင့္ေၾကာင္း ဆုိခဲ့ပါတယ္။
ပါကစၥတန္၀န္ႀကီးခ်ဳပ္ အီမရာခန္ဟာ ကက္ရွ္မီးယားအေရးနဲ ့ပတ္သက္ၿပီး အိႏၵိယနဲ ့ပါကစၥတန္တုိ ့အၾကား တင္းမာမႈေတြ ဆက္ျဖစ္ေနတာကုိ ေသာၾကာေန ့မွာ အေမရိကန္သမၼတ ေဒၚနယ္ထရန္ ့နဲ႕ ဖုန္းဆက္ေဆြးေႏြးမႈလုပ္ခဲ့ေၾကာင္း သိရပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref :  The Nation

Unicode Version

 

ကက်ရှ်မီးယားဒေသမှာ ညမထွက်ရအမိန့် ကာဖျူးထုတ်ထားမှုကို ချက်ချင်းရုပ်သိမ်းဖို့ အစ္စလာမ်မစ် ပူပေါင်းဆောင်ရွက်ရေး အဖွဲ့(OIC) က အန္ဒိယ အစိုးရကို တိုက်တွန်းလိုက်ကြောင်း သိရပါတယ်။
သိမ်းပိုက်ခံ ကက်ရှ်မီးယားဒေသမှာ ကာဖျူးထုတ်ထားမှုကို ချက်ချင်းရုပ်သိမ်းဖို့ OIC က တောင်းဆိုခဲ့တာဟာ ပါကစ္စတန်အတွက် နောက်ထပ် သံတမန်ရေး အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှာဟ် မာမွတ် ကာရီရှီက ပြောဆိုပါတယ်။
မကြာခင်က ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး OIC အဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်သွယ်ပြောဆိုကာ Jeddh မှာ အဖွဲ့ရဲ့ အစည်းအဝေးလုပ်ခဲ့ကြောင်း ကက်ရှ်မီးယားအရေးကို  အဖွဲ့ဝင်နိုင်ငံတွေနဲ့ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲအပြီး OIC က အစည်းအဝေးထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်နိုင်ခဲ့ကြောင်း မစ္စတာ ကာရီရှီက ပြောဆိုပါတယ်။ ကာဖျူးထုတ်ထားတာကြောင့် ကက်ရှ်မီးယားဒေသခံတွေ အစားအစာနဲ့ဆေးဝါး ပြတ်လပ်နေကာ ဆေးရုံ ဆေးခန်းတွေလည်း အသွားနိုင်ဖြစ်နေကြောင်း ၎င်းက ဆိုပါတယ်။
ကာဖျူးရုပ်သိမ်းဖို့ တောင်းဆိုချက်ဟာ ပါကစ္စတန်တစ်နိုင်ငံတည်းက လာတာမဟုတ်ဘဲ မွတ်ဆလင်ကမ္ဘာတစ်ခုလုံးက တောင်းဆိုလိုက်တာပါလို့ ၎င်းက ဆိုခဲ့ကာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့လည်း OIC ရဲ့ အသံကို အလေးဂရုပြုမိလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆိုခဲ့ပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် အီမရာခန်ဟာ ကက်ရှ်မီးယားအရေးနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ပါကစ္စတန်တို့အကြား တင်းမာမှုတွေ ဆက်ဖြစ်နေတာကို သောကြာနေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဖုန်းဆက်ဆွေးနွေးမှုလုပ်ခဲ့ကြောင်း သိရပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref :  The Nation

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။