Skip to main content
အာဖဂန္ မဂၤလာေဆာင္တစ္ခု အေသခံဗုံးခြဲတုိက္ခုိက္ခံရလုိ ့ ၆၃ ဦးေသ ၂၀၀ နီးပါး ဒဏ္ရာရ
Ads Block

အာဖဂန္ မဂၤလာေဆာင္တစ္ခု အေသခံဗုံးခြဲတုိက္ခုိက္ခံရလုိ ့ ၆၃ ဦးေသ ၂၀၀ နီးပါး ဒဏ္ရာရ

အာဖဂန္နစၥတန္ႏုိင္ငံမွာ စေနေန ့(ၾသဂုတ္ ၁၇) ညပုိင္းက မဂၤလာေဆာင္တစ္ခု အေသခံဗုံးခြဲတုိက္ခုိက္ခံရလုိ ့ လူ ၆၃ ဦး ေသဆုံးခဲ့ကာ ၁၈၂ ဦး ဒဏ္ရာရခဲ့ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာနက ထုတ္ျပန္ပါတယ္။ ဒီတုိက္ခုိက္မႈေၾကာင့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေတြအတြင္း အေမရိကန္တပ္ေတြ ျပန္ရုပ္သိမ္းမယ့္ ေမွ်ာ္လင့္ခ်က္ေတြ ထြက္ေပၚလာေသာ္ျငား အၾကမ္းဖက္တုိက္ခုိက္မႈေတြကေတာ့ ေလ်ာ့က်သြားမယ့္ လကၡဏာမျပသလုိျဖစ္ခဲ့ပါတယ္။
တာလီဘန္ေတြနဲ ့အေမရိကန္တာ၀န္ရွိသူေတြဟာ အေမရိကန္တပ္ေတြ အာဖဂန္က ရုပ္သိမ္းဖုိ ့နဲ႕ အျပန္အလွန္အားျဖင့္ တုိင္းျပည္ရဲ႕ လုံၿခဳံေရး၊ ၿငိမ္းခ်မ္းေရးတုိ ့အတြက္ အေမရိကန္ေက်ာေထာက္ေနာက္ခံျပဳ အာဖဂန္အစုိးရနဲ ့ တာလီဘန္တုိ ့ ေဆြးေႏြးရမယ္ဆုိတဲ့ သေဘာတူညီခ်က္ရဖုိ ့ ေစ့စပ္ညွိႏႈိင္းမႈေတြ လုပ္ေနၾကတာျဖစ္ပါတယ္။
ကဘူးလ္အေနာက္ပုိင္း လူနည္းစု ရွီးယုိက္ရပ္ကြက္က မဂၤလာခန္းမတစ္ခုမွာ မဂၤလာပြဲလာ ဧည့္ပရိသတ္ေတြနဲ ့ျပည့္ႏွက္ေနစဥ္ အေသခံဗုံးခြဲသူတစ္ဦးက ေဖာက္ခြဲတုိက္ခုိက္ခဲ့မႈဟာ ၄င္းတုိ ့လက္ခ်က္မဟုတ္ဘူးလုိ ့ တာလီဘန္တုိ ့က ျငင္းဆုိပါတယ္။ ေသဆုံးသူေတြထဲမွာ အမ်ဳိးသမီးေတြနဲ ့ကေလးေတြလည္း ပါ၀င္ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာန ေျပာေရးဆုိခြင့္ရွိသူ နာဆရတ္ ရာဟီမီက တနဂၤေႏြေန ့မွာ ထုတ္ေဖာ္ေျပာဆုိပါတယ္။
တာလီဘန္ေခါင္းေဆာင္ ဟုိင္ဘာတူလာ ေအခြန္ဇာဒါရဲ႕ အစ္ကုိတစ္ဦး ေသဆုံးခဲ့တဲ့ ေသာေၾကာေန႕က ပါကစၥတန္ဗလီဗုံးခြဲတုိက္ခုိက္ခံရအၿပီး ယခုတုိက္ခုိက္မႈ ေပၚေပါက္ခဲ့တာပါ။ လူေလးဦး ေသဆုံးၿပီး ၂၀ ခန္ ့ဒဏ္ရာရခဲ့တဲ့ ယင္းတုိက္ခုိက္မႈကုိ ဘယ္အဖြဲ႕က လုပ္တယ္ဆုိတာ ထုတ္ျပန္ျခင္းမရွိေသးပါဘူး။
ယခု တုိက္ခုိက္မႈ အခင္းျဖစ္ေနရာက ပုံရိပ္ေတြမွာေတာ့ မဂၤလာခန္းမအတြင္း ကၽြမ္းထုိးေမွာက္ခုံျဖစ္ေနတဲ့ စားပြဲ ကုလားထုိင္ေတြအၾကား လူေသအေလာင္းေတြ ပ်ံ႕က်ဲေနသလုိ ေကာ္ေဇာေတြမွာလည္း ေသြးေတြေပေက်ံေနတာေတြ ့ရပါတယ္။ ဗုံးခြဲသမားဟာ အမ်ဳိးသားေတြ ဧည့္ခံရာေနရာမွာ ဗုံးခြဲခဲ့တာျဖစ္ေၾကာင္း တာ၀န္ရွိသူေတြက ေျပာပါတယ္။
ဗုံးေပါက္ကြဲၿပီးေနာက္ လူတုိင္း အလန္႕မၾကား ထြက္ေျပးၾကေၾကာင္း ေသဆုံးသူေတြထဲမွာ မိမိတုိ ့ စားပြဲထုိး ၀န္ထမ္းမ်ားစြာလည္း ပါေၾကာင္း မဂၤလာခန္းမမွ တာ၀န္က်စားပြဲထုိးတစ္ဦးက ေျပာဆုိခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ႏုိ၀င္ဘာလအတြင္းကလည္း ကဘူးလ္ၿမိဳ႕က မဂၤလာခန္းမတစ္ခုမွာ ဗုံးေပါက္ကြဲခဲ့လုိ ့ လူ ၄၀ ဦးထက္မနည္း ေသဆုံးထားခဲ့ပါေသးတယ္။
အာဖဂန္မွာ အုိင္အက္စ္စစ္ေသြးၾကြအဖြဲ႕လည္း အေျခစုိက္လႈပ္ရွားမႈေတြရွိေနၿပီး ၿမိဳ႕ႀကီး၊ ၿမိဳ႕ငယ္ေတြမွာ အေသအေပ်ာက္ရွိတဲ့ တုိက္ခုိက္မႈေတြ လုပ္ေဆာင္ေနခဲ့ကာ ၄င္းတုိ ့ဟာ ရွီးယုိက္လူနည္းစုေတြကုိ ပစ္မွတ္ထားတုိက္ခုိက္ေလ့ရွိေၾကာင္း သိရပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : Reuters

Unicode Version

 

အာဖဂန်နစ္စတန်နိုင်ငံမှာ စနေနေ့(သြဂုတ် ၁၇) ညပိုင်းက မင်္ဂလာဆောင်တစ်ခု အသေခံဗုံးခွဲတိုက်ခိုက်ခံရလို့ လူ ၆၃ ဦး သေဆုံးခဲ့ကာ ၁၈၂ ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွင်း အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းမယ့် မျှော်လင့်ချက်တွေ ထွက်ပေါ်လာသော်ငြား အကြမ်းဖက်တိုက်ခိုက်မှုတွေကတော့ လျော့ကျသွားမယ့် လက္ခဏာမပြသလိုဖြစ်ခဲ့ပါတယ်။
တာလီဘန်တွေနဲ့အမေရိကန်တာဝန်ရှိသူတွေဟာ အမေရိကန်တပ်တွေ အာဖဂန်က ရုပ်သိမ်းဖို့နဲ့ အပြန်အလှန်အားဖြင့် တိုင်းပြည်ရဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေးတို့အတွက် အမေရိကန်ကျောထောက်နောက်ခံပြု အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ ဆွေးနွေးရမယ်ဆိုတဲ့ သဘောတူညီချက်ရဖို့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်နေကြတာဖြစ်ပါတယ်။
ကဘူးလ်အနောက်ပိုင်း လူနည်းစု ရှီးယိုက်ရပ်ကွက်က မင်္ဂလာခန်းမတစ်ခုမှာ မင်္ဂလာပွဲလာ ဧည့်ပရိသတ်တွေနဲ့ပြည့်နှက်နေစဉ် အသေခံဗုံးခွဲသူတစ်ဦးက ဖောက်ခွဲတိုက်ခိုက်ခဲ့မှုဟာ ၎င်းတို့လက်ချက်မဟုတ်ဘူးလို့ တာလီဘန်တို့က ငြင်းဆိုပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ကလေးတွေလည်း ပါဝင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဆရတ် ရာဟီမီက တနင်္ဂနွေနေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။
တာလီဘန်ခေါင်းဆောင် ဟိုင်ဘာတူလာ အေခွန်ဇာဒါရဲ့ အစ်ကိုတစ်ဦး သေဆုံးခဲ့တဲ့ သောကြောနေ့က ပါကစ္စတန်ဗလီဗုံးခွဲတိုက်ခိုက်ခံရအပြီး ယခုတိုက်ခိုက်မှု ပေါ်ပေါက်ခဲ့တာပါ။ လူလေးဦး သေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရခဲ့တဲ့ ယင်းတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ယခု တိုက်ခိုက်မှု အခင်းဖြစ်နေရာက ပုံရိပ်တွေမှာတော့ မင်္ဂလာခန်းမအတွင်း ကျွမ်းထိုးမှောက်ခုံဖြစ်နေတဲ့ စားပွဲ ကုလားထိုင်တွေအကြား လူသေအလောင်းတွေ ပျံ့ကျဲနေသလို ကော်ဇောတွေမှာလည်း သွေးတွေပေကျေံနေတာတွေ့ရပါတယ်။ ဗုံးခွဲသမားဟာ အမျိုးသားတွေ ဧည့်ခံရာနေရာမှာ ဗုံးခွဲခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် လူတိုင်း အလန့်မကြား ထွက်ပြေးကြကြောင်း သေဆုံးသူတွေထဲမှာ မိမိတို့ စားပွဲထိုး ဝန်ထမ်းများစွာလည်း ပါကြောင်း မင်္ဂလာခန်းမမှ တာဝန်ကျစားပွဲထိုးတစ်ဦးက ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း ကဘူးလ်မြို့က မင်္ဂလာခန်းမတစ်ခုမှာ ဗုံးပေါက်ကွဲခဲ့လို့ လူ ၄၀ ဦးထက်မနည်း သေဆုံးထားခဲ့ပါသေးတယ်။
အာဖဂန်မှာ အိုင်အက်စ်စစ်သွေးကြွအဖွဲ့လည်း အခြေစိုက်လှုပ်ရှားမှုတွေရှိနေပြီး မြို့ကြီး၊ မြို့ငယ်တွေမှာ အသေအပျောက်ရှိတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့ကာ ၎င်းတို့ဟာ ရှီးယိုက်လူနည်းစုတွေကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိကြောင်း သိရပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : Reuters

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။