Skip to main content
ကမၻာႀကီးပူေႏြးလာမွဳအတြက္ စိုးရိမ္မွဳျမင့္တက္ေနစဥ္ အင္ဒိုနီးရွားၿမိဳ႕ေတာ္အား ေျပာင္းေရႊ႔ရန္ သမၼတ၀ီဒိုဒို ကတိျပဳ
Ads Block

ကမၻာႀကီးပူေႏြးလာမွဳအတြက္ စိုးရိမ္မွဳျမင့္တက္ေနစဥ္ အင္ဒိုနီးရွားၿမိဳ႕ေတာ္အား ေျပာင္းေရႊ႔ရန္ သမၼတ၀ီဒိုဒို ကတိျပဳ

ကမၻာၾကီးတျဖည္းျဖည္းပူေႏြးလာသည့္အတြက္ စိုးရိမ္မွဳျမင့္တက္ေနစဥ္ အေရွ႔ေတာင္အာရွ၏ အၾကီးမားဆံုး စီးပြားေရး က႑ေပၚထြန္းလာေစရန္ အစီအစဥ္မ်ားႏွင့္အတူ ႏိုင္ငံ့ျမိဳ႔ေတာ္အား ေျပာင္းေရႊ႔မည္ျဖစ္ေၾကာင္း ေသာၾကာေန႔၌ သမၼတ ဂ်ိဳကို၀ီဒိုဒိုက ကတိျပဳသည္ဟု abs-cbn က ယေန႔ေရးသားသည္။
ႏိုင္ငံတကာအဆင့္တြင္ ပင္လယ္ေရမ်က္ႏွာေအာက္ လ်င္ျမန္စြာနိမ့္က်ဆံုးျမိဳ႔ေတာ္တစ္ခုျဖစ္ေသာ အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာ၌ နာဖ်ားမွဳ ကပ္ဆိုက္ျခင္း၊ ပတ္၀န္းက်င္ညစ္ညမ္းျခင္း၊ ယာဥ္ေက်ာပိတ္ဆို႔ျခင္း၊ ငလ်င္ႏွင့္ ေရၾကီးေရလွ်ံ ေဘးအႏၱရာယ္ျခိမ္းေျခာက္ျခင္းမႈမ်ား ရင္ဆိုင္ေနရလွ်က္ရွိသည္။ ထို႔အတြက္ ႏိုင္ငံ၏အဓိကတည္ရွိရာ ၿမိဳ႕ေတာ္ ဂ်ာကာတာကို ကာလီမန္တန္ ( ေဘာ္နီယိုကၽြန္း ) သို႔ ေျပာင္းေရႊ႔၍ ျမိဳ႔ေတာ္သစ္ တည္ေဆာက္မည္ျဖစ္၍ အင္ဒိုနီးရွား လႊတ္ေတာ္က စီမံကိန္းအျမန္အျပီးသတ္ရန္ ၀ီဒိုဒိုက တိုက္တြန္းလိုက္သည္။
ျမိဳ႔ေတာ္သည္ အမ်ိဳးသားေရးလကၡဏာသာလွ်င္မဟုတ္ဘဲ ဖြံ႔ျဖိဳးတိုးတက္မွဳကို ကိုယ္စားျပဳမည္ဟု ၀ီဒိုဒိုက ေျပာဆို ေသာ္လည္း ျမိဳ႔ေတာ္သစ္တည္ေဆာက္မည့္ေနရာႏွင့္ မည္သည့္အခ်ိန္ေျပာင္းေရႊ႔မည္ဆိုျခင္းကို အေသးစိတ္ေဖာ္ျပျခင္း မရွိေခ်။
မၾကာေသးမီ ဒုတိယအၾကိမ္ သမၼတသက္တမ္းအတြက္ ေရြးေကာက္ျခင္းခံရသူ ၀ီဒိုဒိုက အင္ဒိုနီးရွားႏိုင္ငံ၏ ၇၄ ႏွစ္ေျမာက္ လြတ္လပ္ေရးအခမ္းအနားတြင္ မိန္႔ခြန္းေျပာၾကားရာ၌ ျပည္ပရင္းႏွီးျမွဳပ္ႏွံမွဳမ်ားကို ဆြဲေဆာင္ရန္ ႏိုင္ငံ၏ ႀကိဳးနီစနစ္အား ျဖတ္ေတာက္မည္ျဖစ္ေၾကာင္း၊ ကုန္ထုတ္လုပ္မွဳ တိုးတက္ေစ၍ အင္ဒိုနီးရွားတြင္ လွ်ပ္စစ္ကားအသံုးျပဳေရး အေျပာင္းအလဲ ျပဳလုပ္ရန္၊ လူဦးေရ သန္း ၂၆၀ ရွိေသာ အင္ဒိုနီးရွားျပည္သူတို႔တြင္ လုပ္ငန္းခြင္အရည္အေသြး တိုးတက္ျမင့္မားလာေစရန္ ၾကိဳးစားေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ ကမၻာ့စီးပြားေရး ၀ရုန္းသုန္းကားျဖစ္လွ်က္ ပထ၀ီႏိုင္ငံေရးမ်ား အေျပာင္းအလဲ ျဖစ္ေပၚလွ်က္ရွိေသာ္လည္း အင္ဒိုနီးရွားသည္ အိမ္နီးခ်င္းႏိုင္ငံမ်ားထက္ တိုးတက္ဖြ႔ံျဖိဳးမွဳ အလ်င္ျမန္ဆံုးႏွင့္ သာလြန္ ေကာင္းမြန္ရေစရမည္ဟု ေျပာၾကားသည္။
အင္ဒိုနီးရွာႏိုင္ငံ၏ ရင္းႏွီးျမွဳပ္ႏွံမွဳတြင္ မူးေ၀လွ်က္ရွိေသာ ျဗဴရိုကေရစီစနစ္၊ အျမစ္တြယ္လွ်က္ရွိေသာ အလုပ္သမား ဥပေဒတို႔ကို အလံုးစံု စစ္ေဆးျပဳျပင္ရလိမ့္မည္ျဖစ္ေၾကာင္း ေလ့လာဆန္းစစ္သူမ်ားက ထင္ျမင္ၾကသည္။
အင္ဒိုနီးရွားႏိုင္ငံသည္ ၂၀၂၀ ခုႏွစ္အတြက္ ဘတ္ဂ်က္ေငြ အေမရိကန္ေဒၚလာ ၁၇၅ ဘီလ်ံကို သံုးစြဲလွ်က္ စီးပြားေရး ဖြ႔ံျဖိဳးတိုးတက္မွဳႏွုန္းထားကို ၅.၂ ရာႏွဳန္းရွိရာမွ ေနာင္တစ္ႏွစ္တြင္ ၅.၃ ရာႏွဳန္းသို႔ ဆြဲတင္ႏိုင္မည္ဟု ၀ီဒိုဒိုအစိုးရက ခန္႔မွန္္းတြက္ခ်က္ထားသည္။
ထိုရည္မွန္းခ်က္ ျပည့္မီေစရန္ မ်က္ေမွာက္ကမၻာၾကီး၏ အေျခအေနအရပ္ရပ္က အဟန္႔အတားသဖြယ္ျဖစ္ေနသည္။ ၀ီဒိုဒို၏ ပထမအၾကိမ္ သမၼတသက္တမ္း ကာလတြင္ ကားလမ္းမွ မီးရထားလမ္းသို႔ စီးပြာေရး အေျခခံအေဆာက္အအံုမ်ား တည္ေဆာက္ရန္ ေမွ်ာ္မွန္းခဲ့ေသာ္လည္း အခက္အခဲမ်ားစြာႏွင့္ ရင္ဆိုင္ခဲ့ရသည္။ ၀ီဒိုဒိုက စီးပြားေရးတိုးတက္မွဳႏွုန္းထား ၇ ရာခိုင္ႏွဳန္း တိုးတက္ေစရန္ ကတိျပဳထားသည့္တိုင္ ၄င္းထက္ ေလွ်ာ့နည္းလွ်က္ ၅ ရာခိုင္ႏွဳန္းသာ ျဖစ္ေပၚခဲ့သည္။ ထို႔ျပင္ ယခုရက္သတၱပတ္မွာ အင္ဒိုနီးရွား၏ ၂ ႏွစ္ကာလအတြင္း စီးပြားေရးတိုးတက္မွဳ အေႏွးေကြးဆံုအျဖစ္ ႀကံဳေတြ႔လွ်က္ ရွိေနသည္။
အေမရိကန္က တရုတ္ႏိုင္ငံအေပၚ ျပင္းထန္စြာ ကုန္သြယ္ေရးစစ္ခင္းလ်က္ရွိစဥ္ သယံဇာတ ၾကြယ္၀သည့္ အင္ဒိုနီးရွား၏ အဓိကထြက္ကုန္ ေက်ာက္မီးေသြးႏွင့္ ေရနံတို႔မွာ ေစ်းႏွဳန္းက်ဆင္းျခင္းႏွင့္ နပမ္းလံုးေနရသည္။

- Htay Oung ( အကုန္သိ သတင္းဌာန )

Unicode Version

 

ကမ္ဘာကြီးတဖြည်းဖြည်းပူနွေးလာသည့်အတွက် စိုးရိမ်မှုမြင့်တက်နေစဉ် အရှေ့တောင်အာရှ၏ အကြီးမားဆုံး စီးပွားရေး ကဏ္ဍပေါ်ထွန်းလာစေရန် အစီအစဉ်များနှင့်အတူ နိုင်ငံ့မြို့တော်အား ပြောင်းရွှေ့မည်ဖြစ်ကြောင်း သောကြာနေ့၌ သမ္မတ ဂျိုကိုဝီဒိုဒိုက ကတိပြုသည်ဟု abs-cbn က ယနေ့ရေးသားသည်။
နိုင်ငံတကာအဆင့်တွင် ပင်လယ်ရေမျက်နှာအောက် လျင်မြန်စွာနိမ့်ကျဆုံးမြို့တော်တစ်ခုဖြစ်သော အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ၌ နာဖျားမှု ကပ်ဆိုက်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ယာဉ်ကျောပိတ်ဆို့ခြင်း၊ ငလျင်နှင့် ရေကြီးရေလျှံ ဘေးအန္တရာယ်ခြိမ်းခြောက်ခြင်းမှုများ ရင်ဆိုင်နေရလျှက်ရှိသည်။ ထို့အတွက် နိုင်ငံ၏အဓိကတည်ရှိရာ မြို့တော် ဂျာကာတာကို ကာလီမန်တန် ( ဘော်နီယိုကျွန်း ) သို့ ပြောင်းရွှေ့၍ မြို့တော်သစ် တည်ဆောက်မည်ဖြစ်၍ အင်ဒိုနီးရှား လွှတ်တော်က စီမံကိန်းအမြန်အပြီးသတ်ရန် ဝီဒိုဒိုက တိုက်တွန်းလိုက်သည်။
မြို့တော်သည် အမျိုးသားရေးလက္ခဏာသာလျှင်မဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်စားပြုမည်ဟု ဝီဒိုဒိုက ပြောဆို သော်လည်း မြို့တော်သစ်တည်ဆောက်မည့်နေရာနှင့် မည်သည့်အချိန်ပြောင်းရွှေ့မည်ဆိုခြင်းကို အသေးစိတ်ဖော်ပြခြင်း မရှိချေ။
မကြာသေးမီ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် ရွေးကောက်ခြင်းခံရသူ ဝီဒိုဒိုက အင်ဒိုနီးရှားနိုင်ငံ၏ ၇၄ နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် နိုင်ငံ၏ ကြိုးနီစနစ်အား ဖြတ်တောက်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်စေ၍ အင်ဒိုနီးရှားတွင် လျှပ်စစ်ကားအသုံးပြုရေး အပြောင်းအလဲ ပြုလုပ်ရန်၊ လူဦးရေ သန်း ၂၆၀ ရှိသော အင်ဒိုနီးရှားပြည်သူတို့တွင် လုပ်ငန်းခွင်အရည်အသွေး တိုးတက်မြင့်မားလာစေရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေး ဝရုန်းသုန်းကားဖြစ်လျှက် ပထဝီနိုင်ငံရေးများ အပြောင်းအလဲ ဖြစ်ပေါ်လျှက်ရှိသော်လည်း အင်ဒိုနီးရှားသည် အိမ်နီးချင်းနိုင်ငံများထက် တိုးတက်ဖွံ့ဖြိုးမှု အလျင်မြန်ဆုံးနှင့် သာလွန် ကောင်းမွန်ရစေရမည်ဟု ပြောကြားသည်။
အင်ဒိုနီးရှာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတွင် မူးဝေလျှက်ရှိသော ဗြူရိုကရေစီစနစ်၊ အမြစ်တွယ်လျှက်ရှိသော အလုပ်သမား ဥပဒေတို့ကို အလုံးစုံ စစ်ဆေးပြုပြင်ရလိမ့်မည်ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ထင်မြင်ကြသည်။
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၀ ခုနှစ်အတွက် ဘတ်ဂျက်ငွေ အမေရိကန်ဒေါ်လာ ၁၇၅ ဘီလျံကို သုံးစွဲလျှက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းထားကို ၅.၂ ရာနှုန်းရှိရာမှ နောင်တစ်နှစ်တွင် ၅.၃ ရာနှုန်းသို့ ဆွဲတင်နိုင်မည်ဟု ဝီဒိုဒိုအစိုးရက ခန့်မှန်းတွက်ချက်ထားသည်။
ထိုရည်မှန်းချက် ပြည့်မီစေရန် မျက်မှောက်ကမ္ဘာကြီး၏ အခြေအနေအရပ်ရပ်က အဟန့်အတားသဖွယ်ဖြစ်နေသည်။ ဝီဒိုဒို၏ ပထမအကြိမ် သမ္မတသက်တမ်း ကာလတွင် ကားလမ်းမှ မီးရထားလမ်းသို့ စီးပွာရေး အခြေခံအဆောက်အအုံများ တည်ဆောက်ရန် မျှော်မှန်းခဲ့သော်လည်း အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ဝီဒိုဒိုက စီးပွားရေးတိုးတက်မှုနှုန်းထား ၇ ရာခိုင်နှုန်း တိုးတက်စေရန် ကတိပြုထားသည့်တိုင် ၎င်းထက် လျှော့နည်းလျှက် ၅ ရာခိုင်နှုန်းသာ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် ယခုရက်သတ္တပတ်မှာ အင်ဒိုနီးရှား၏ ၂ နှစ်ကာလအတွင်း စီးပွားရေးတိုးတက်မှု အနှေးကွေးဆုံအဖြစ် ကြုံတွေ့လျှက် ရှိနေသည်။
အမေရိကန်က တရုတ်နိုင်ငံအပေါ် ပြင်းထန်စွာ ကုန်သွယ်ရေးစစ်ခင်းလျက်ရှိစဉ် သယံဇာတ ကြွယ်ဝသည့် အင်ဒိုနီးရှား၏ အဓိကထွက်ကုန် ကျောက်မီးသွေးနှင့် ရေနံတို့မှာ ဈေးနှုန်းကျဆင်းခြင်းနှင့် နပမ်းလုံးနေရသည်။

- Htay Oung ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။