Skip to main content
ကက္ရွ္မီးယားအေရးမွာ အိႏၵိယျပည္တြင္းေရးကိစၥသာျဖစ္ေၾကာင္း အိႏၵိယ ေျပာဆို
Ads Block

ကက္ရွ္မီးယားအေရးမွာ အိႏၵိယျပည္တြင္းေရးကိစၥသာျဖစ္ေၾကာင္း အိႏၵိယ ေျပာဆို

ဂ်မူးကက္ရွ္မီးယားအေျခအေနႏွင့္ပတ္သက္၍ တရုတ္ - ပါကစၥတန္တို႔က ကမၻာသို႔ တပ္လွန္႔လ်က္ရွိစဥ္ ကုလသမဂၢလံုၿခံဳေရးေကာင္စီ၌ သံတမန္နည္းလမ္းျဖင့္ပါ ႏွစ္ဖက္ညွပ္ေဆာင္ရြက္လာသည့္အေပၚအိႏၵိယ က မတုန္မလွဳပ္တုံ႔ျပန္ခဲ့သည္ဟု The Times of India က ယေန႔ေရးသားသည္။
ဂ်မူးႏွင့္ ကက္ရွ္မီးယားကို အိႏၵိယႏိုင္ငံတိုက္ရိုက္အုပ္ခ်ဳပ္မွဳအျဖစ္ ေျပာင္းလဲျခင္းသည္ အျခားမည့္သည့္ ျပည္ပေရးရာအျဖစ္ လုပ္ေဆာင္ရန္မဟုတ္ေၾကာင္း ကုလသမဂၢလံုျခံဳေရးေကာင္စီ၌ အိႏၵိယ အၿမဲတမ္းသံအမတ္ႀကီး ေဆယက္အဘကၠာအူဒင္ က သတင္းေထာက္မ်ားအား ေျပာဆိုသည္။
အိႏၵိယႏိုင္ငံ၏ ဖြဲ႔စည္းပံုဥပေဒ ပုဒ္မ ၃၇၀ ပါ ေဖာ္ျပခ်က္မ်ားသည္ အိႏၵိယ၏ ျပည္တြင္းေရးသာျဖစ္ၿပီး ဂ်မူးကက္ရွ္မီးယားအေရးႏွင့္ ပတ္သက္၍ အိႏၵိယက တည္ၿငိမ္ေအးခ်မ္းစြာ ေျဖရွင္းသြားမည္ျဖစ္ေၾကာင္း၊ ေျမျပင္ပကတိအေျခအေနမ်ားႏွင့္ ကြဲလြဲဆန္႔က်င္လ်က္ရွိသူတို႔သည္ စီမံကိန္းခ် လွံဳ႕ေဆာ္လ်က္ရွိေၾကာင္း၊ အိႏၵိယႏိုင္ငံအတြင္း အၾကမ္းဖက္မွဳ ျမင့္တက္လာေစရန္ႏွင့္ အိႏၵိယအား ဆန္႔က်င္လာေစရန္ ၄င္းတို႔၏ ေခါင္းေဆာင္မ်ားသည္ “ ဂ်ီဟဒ္ “ ဆိုသည့္ ေ၀ါဟာရကို တြင္တြင္သံုးလ်က္ရွိသည္ကို မိမိတို႔ သတိျပဳမိ သည္ဟု ပါကစၥတန္အား တိုက္ရိုက္ရည္ညႊန္းျခင္းမရွိပဲ သံအမတ္ႀကီးက ေျပာၾကားသည္။
သတင္းေထာက္မ်ားႏွင့္ ေတြ႔ဆံုေသာ ပါကစၥတန္သံအမတ္ႀကီးကမူ ကက္ရွ္မီးယားျပႆနာမွာ ႏိုင္ငံတကာ အေရးအျဖစ္သို႔ ေျပာင္းလဲလ်က္ရွိေၾကာင္း ေျပာဆိုသည္။
ကက္ရွ္မီးယားအေရးႏွင့္ ပတ္သက္၍ ကုလသမဂၢ၌ လံုျခံဳေရးေကာင္စီ အဖြဲ႔၀င္ ၁၅ ႏိုင္ငံပါ၀င္ေသာ တံခါးပိတ္ အစည္းအေ၀းသည္ ပံုမွန္အတိုင္း ဆႏၵမဲေပးျခင္း၊ ဆံုးျဖတ္ခ်က္ခ်မွတ္ျခင္း၊ ေၾကညာခ်က္ ထုတ္ျပန္ျခင္း တစ္စံုတစ္ရာမရွိပဲ ၿပီးဆံုးသြားသည္။ လံုျခံဳေရးေကာင္စီသည္ ၄င္းတို႔၏ အျမင္ကို တင္ျပၾကရာ၌ မည္သည့္ႏိုင္ငံကို ရည္ညႊန္းေၾကာင္း တိုက္ရိုက္ေျပာဆိုျခင္း မရွိခဲ့ေခ်။
ပိုင္ဆိုင္မွဳအျငင္းပြားေဒသအေရးႏွင့္ ပတ္သက္၍ ညဴးကလီယာလက္နက္ပိုင္ အိမ္နီးခ်င္းႏွစ္ႏိုင္ငံတို႔သည္ ကုလသမဂၢတံခါးပိတ္ အစည္းအေ၀းျပင္ပတြင္ တစ္ဖက္ႏွင့္တစ္ဖက္ မခံခ်ိမခံသာျဖစ္ေအာင္ ေျပာဆို ၾကသည္ဟု Al Jazeera က ယေန႔ေရးသားသည္။
ၾသဂုတ္လ ၁၃ ရက္ေန႔တြင္ ပါကစၥတန္ႏိုင္ငံက ကုလသမဂၢလံုၿခံဳေရးေကာင္စီသို႔ စာေရးသားေပးပို႔ခဲ့ၿပီး အၿမဲတမ္းအဖြဲ႔၀င္ တရုတ္ႏိုင္ငံ၏ ေတာင္းဆိုခ်က္အရ ယခု အစည္းအေ၀းျပဳလုပ္ျခင္းျဖစ္သည္။ ေသာၾကာေန႔တြင္ ျပဳလုပ္သည့္ အဆိုပါအစည္းအေ၀းသည္ မိနစ္ ၉၀ ၾကာျမင့္ၿပီး အဖြဲ႔၀င္ ၁၅ ႏိုင္ငံႏွင့္ ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္၏ ျငိမ္းခ်မ္းမွဳ တည္ေဆာက္ေထာက္ကူေရးဆိုင္ရာ လက္ေထာက္အရာရွိ ေအာ္စကာဖါနန္ဒက္စ္၊ ကုလသမဂၢၿငိမ္းခ်မ္းမွဳထိန္းသိမ္းေရး စစ္ဆင္ေရးမ်ားဆိုင္ရာ စစ္ဖက္အႀကံေပး ကာလို႔စ္ဟန္ဘာတိုလြိဳင္တီတို႔ တက္ေရာက္သည္။
အဆိုပါအစည္းအေ၀းမတိုင္မီ ပါကစၥတန္၀န္ႀကီးခ်ဳပ္ အင္မရန္ခန္းသည္ ကက္ရွ္မီးယားအေရးႏွင့္ ပတ္သက္၍ ၄င္း၏ စိုးရိမ္ပူပန္မွဳကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ထံ အသိေပးခဲ့ေၾကာင္း ပါကစၥတန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာနအား ကိုးကား၍ Russia Today က ယမန္ေန႔ေရးသားသည္။
ထိုအေတာအတြင္း ကက္ရွ္မီးယားတြင္မူ အိႏၵိယက ၄င္းတို႔ ထိန္းခ်ဳပ္ရာနယ္ေျမ၌ အေျခအေနအရပ္ရပ္ကို ထိန္းခ်ဳပ္ပိတ္ဆို႔ထားဆဲျဖစ္သည္။

- Htay Oung ( အကုန္သိ သတင္းဌာန )

Unicode Version

 

ဂျမူးကက်ရှ်မီးယားအခြေအနေနှင့်ပတ်သက်၍ တရုတ် - ပါကစ္စတန်တို့က ကမ္ဘာသို့ တပ်လှန့်လျက်ရှိစဉ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ သံတမန်နည်းလမ်းဖြင့်ပါ နှစ်ဖက်ညှပ်ဆောင်ရွက်လာသည့်အပေါ်အိန္ဒိယ က မတုန်မလှုပ်တုံ့ပြန်ခဲ့သည်ဟု The Times of India က ယနေ့ရေးသားသည်။
ဂျမူးနှင့် ကက်ရှ်မီးယားကို အိန္ဒိယနိုင်ငံတိုက်ရိုက်အုပ်ချုပ်မှုအဖြစ် ပြောင်းလဲခြင်းသည် အခြားမည့်သည့် ပြည်ပရေးရာအဖြစ် လုပ်ဆောင်ရန်မဟုတ်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အိန္ဒိယ အမြဲတမ်းသံအမတ်ကြီး ဆေယက်အဘက္ကာအူဒင် က သတင်းထောက်များအား ပြောဆိုသည်။
အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၃၇၀ ပါ ဖော်ပြချက်များသည် အိန္ဒိယ၏ ပြည်တွင်းရေးသာဖြစ်ပြီး ဂျမူးကက်ရှ်မီးယားအရေးနှင့် ပတ်သက်၍ အိန္ဒိယက တည်ငြိမ်အေးချမ်းစွာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ မြေပြင်ပကတိအခြေအနေများနှင့် ကွဲလွဲဆန့်ကျင်လျက်ရှိသူတို့သည် စီမံကိန်းချ လှုံ့ဆော်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံအတွင်း အကြမ်းဖက်မှု မြင့်တက်လာစေရန်နှင့် အိန္ဒိယအား ဆန့်ကျင်လာစေရန် ၎င်းတို့၏ ခေါင်းဆောင်များသည် “ ဂျီဟဒ် “ ဆိုသည့် ဝေါဟာရကို တွင်တွင်သုံးလျက်ရှိသည်ကို မိမိတို့ သတိပြုမိ သည်ဟု ပါကစ္စတန်အား တိုက်ရိုက်ရည်ညွှန်းခြင်းမရှိပဲ သံအမတ်ကြီးက ပြောကြားသည်။
သတင်းထောက်များနှင့် တွေ့ဆုံသော ပါကစ္စတန်သံအမတ်ကြီးကမူ ကက်ရှ်မီးယားပြဿနာမှာ နိုင်ငံတကာ အရေးအဖြစ်သို့ ပြောင်းလဲလျက်ရှိကြောင်း ပြောဆိုသည်။
ကက်ရှ်မီးယားအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ၌ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော တံခါးပိတ် အစည်းအဝေးသည် ပုံမှန်အတိုင်း ဆန္ဒမဲပေးခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ကြေညာချက် ထုတ်ပြန်ခြင်း တစ်စုံတစ်ရာမရှိပဲ ပြီးဆုံးသွားသည်။ လုံခြုံရေးကောင်စီသည် ၎င်းတို့၏ အမြင်ကို တင်ပြကြရာ၌ မည်သည့်နိုင်ငံကို ရည်ညွှန်းကြောင်း တိုက်ရိုက်ပြောဆိုခြင်း မရှိခဲ့ချေ။
ပိုင်ဆိုင်မှုအငြင်းပွားဒေသအရေးနှင့် ပတ်သက်၍ ညူးကလီယာလက်နက်ပိုင် အိမ်နီးချင်းနှစ်နိုင်ငံတို့သည် ကုလသမဂ္ဂတံခါးပိတ် အစည်းအဝေးပြင်ပတွင် တစ်ဖက်နှင့်တစ်ဖက် မခံချိမခံသာဖြစ်အောင် ပြောဆို ကြသည်ဟု Al Jazeera က ယနေ့ရေးသားသည်။
သြဂုတ်လ ၁၃ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ စာရေးသားပေးပို့ခဲ့ပြီး အမြဲတမ်းအဖွဲ့ဝင် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရ ယခု အစည်းအဝေးပြုလုပ်ခြင်းဖြစ်သည်။ သောကြာနေ့တွင် ပြုလုပ်သည့် အဆိုပါအစည်းအဝေးသည် မိနစ် ၉၀ ကြာမြင့်ပြီး အဖွဲ့ဝင် ၁၅ နိုင်ငံနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ငြိမ်းချမ်းမှု တည်ဆောက်ထောက်ကူရေးဆိုင်ရာ လက်ထောက်အရာရှိ အော်စကာဖါနန်ဒက်စ်၊ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေး စစ်ဆင်ရေးများဆိုင်ရာ စစ်ဖက်အကြံပေး ကာလို့စ်ဟန်ဘာတိုလွိုင်တီတို့ တက်ရောက်သည်။
အဆိုပါအစည်းအဝေးမတိုင်မီ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်းသည် ကက်ရှ်မီးယားအရေးနှင့် ပတ်သက်၍ ၎င်း၏ စိုးရိမ်ပူပန်မှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ အသိပေးခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနအား ကိုးကား၍ Russia Today က ယမန်နေ့ရေးသားသည်။
ထိုအတောအတွင်း ကက်ရှ်မီးယားတွင်မူ အိန္ဒိယက ၎င်းတို့ ထိန်းချုပ်ရာနယ်မြေ၌ အခြေအနေအရပ်ရပ်ကို ထိန်းချုပ်ပိတ်ဆို့ထားဆဲဖြစ်သည်။

- Htay Oung ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။