Skip to main content
ပါကစၥတန္တြင္ ဗလီတြင္း ဗုံးေပါက္ကြဲ၊ တာလီဘန္ေခါင္းေဆာင္ရဲ႕ ညီ အပါအဝင္ ေလးဦးေသဆုံး
Ads Block

ပါကစၥတန္တြင္ ဗလီတြင္း ဗုံးေပါက္ကြဲ၊ တာလီဘန္ေခါင္းေဆာင္ရဲ႕ ညီ အပါအဝင္ ေလးဦးေသဆုံး

ပါကစၥတန္မွာ ေသာၾကာေန႔တုန္းက ဗလီတြင္း ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ရာ အာဖဂန္တာလီဘန္ ေခါင္းေဆာင္ရဲ႕ ညီျဖစ္သူ အပါအဝင္ လူ ေလးဦး ေသဆုံးသြားခဲ့ေၾကာင္း သတင္းရရွိပါတယ္။
ပါကစၥတန္ အေနာက္ေတာင္ပုိင္း ဘလုိခ်စၥတန္ျပည္နယ္ က်ဴတားၿမိဳ႕မွာ ျဖစ္ပြားခဲ့တဲ့ အဆုိပါ ေပါက္ကြဲမႈမွာ လူ ၂၀ ေက်ာ္ ဒဏ္ရာရခဲ့ၿပီး ေသဆုံးသူဦးေရ ထပ္တုိးလာႏုိင္တယ္လုိ႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။ ေသသူေတြ မည္သူမည္ဝါျဖစ္မွန္း အတည္မျပဳႏုိင္ေသးဘူးလုိ႔လည္း ေျပာပါတယ္။

ေပါက္ကြဲခ်ိန္ ဗလီတြင္းမွာ ၄င္းတုိ႔ရဲ႕ေခါင္းေဆာင္ျဖစ္သူ ဟုိင္ဘတၱဴလာ အက္ခြန္ဇာဒါ ရွိမေနခဲ့ေပမယ့္ သူ႕ရဲ႕ ညီျဖစ္သူ ဟာဖစ္ဇ္ အာမက္ဒူလာ ေသဆုံးသြားၿပိီး သားျဖစ္သူလည္း ဒဏ္ရာရခဲ့တယ္လုိ႔ တာလီဘန္ဘက္က ထုတ္ျပန္ထားပါတယ္။

ထုိဗလီဟာ အာဖဂန္တာလီဘန္ေတြ လာေရာက္ဝတ္ျပဳရာ ေနရာအျဖစ္ ထင္ရွားၿပီး အၿမဲတမ္း လုံျခဳံေရးတင္းၾကပ္ထားခဲ့တယ္လို႔ သိရပါတယ္။

ဘလုိခ်စၥတန္ျပည္နယ္မွာ ခြဲထြက္ေရးသူပုန္ေတြနဲ႔ အစၥလာမစ္စစ္ေသြးႂကြေတြ ရွိေနေပမဲ့ လူအမ်ားစုကေတာ့ ယခုျဖစ္ရပ္ကုိ အာဖဂန္အစုိးရရဲ႕ လက္ခ်က္လုိ႔ ထင္ေၾကးေပးေနၾကပါတယ္။

လက္ရွိမွာ တာလီဘန္ေတြက အေမရိကန္နဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးေနပါတယ္။ ၄င္းမွာ အေမရိကန္ေတြအေနျဖင့္ တပ္႐ုပ္သိမ္းေပးရန္နဲ႔ တာလီဘန္ေတြအေနျဖင့္ ႏိုင္ငံတကာအထိ အၾကမ္းမဖက္ရန္၊ အာဖဂန္အစုိးရနဲ႔ ၿငိမ္းခ်မ္းေရး ဆက္လက္ေဆြးေႏြးရန္ အေပးအယူ ကမ္းလွမ္းထားၾကပါတယ္။

- ZHO ( အကုန္သိ သတင္းဌာန ) | ( Ref : Reuters )

Unicode Version

 

ပါကစ္စတန်မှာ သောကြာနေ့တုန်းက ဗလီတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အာဖဂန်တာလီဘန် ခေါင်းဆောင်ရဲ့ ညီဖြစ်သူ အပါအဝင် လူ လေးဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါတယ်။
ပါကစ္စတန် အနောက်တောင်ပိုင်း ဘလိုချစ္စတန်ပြည်နယ် ကျူတားမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ ပေါက်ကွဲမှုမှာ လူ ၂၀ ကျော် ဒဏ်ရာရခဲ့ပြီး သေဆုံးသူဦးရေ ထပ်တိုးလာနိုင်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ သေသူတွေ မည်သူမည်ဝါဖြစ်မှန်း အတည်မပြုနိုင်သေးဘူးလို့လည်း ပြောပါတယ်။

ပေါက်ကွဲချိန် ဗလီတွင်းမှာ ၎င်းတို့ရဲ့ခေါင်းဆောင်ဖြစ်သူ ဟိုင်ဘတ္တူလာ အက်ခွန်ဇာဒါ ရှိမနေခဲ့ပေမယ့် သူ့ရဲ့ ညီဖြစ်သူ ဟာဖစ်ဇ် အာမက်ဒူလာ သေဆုံးသွားပြီး သားဖြစ်သူလည်း ဒဏ်ရာရခဲ့တယ်လို့ တာလီဘန်ဘက်က ထုတ်ပြန်ထားပါတယ်။

ထိုဗလီဟာ အာဖဂန်တာလီဘန်တွေ လာရောက်ဝတ်ပြုရာ နေရာအဖြစ် ထင်ရှားပြီး အမြဲတမ်း လုံခြုံရေးတင်းကြပ်ထားခဲ့တယ်လို့ သိရပါတယ်။

ဘလိုချစ္စတန်ပြည်နယ်မှာ ခွဲထွက်ရေးသူပုန်တွေနဲ့ အစ္စလာမစ်စစ်သွေးကြွတွေ ရှိနေပေမဲ့ လူအများစုကတော့ ယခုဖြစ်ရပ်ကို အာဖဂန်အစိုးရရဲ့ လက်ချက်လို့ ထင်ကြေးပေးနေကြပါတယ်။

လက်ရှိမှာ တာလီဘန်တွေက အမေရိကန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေပါတယ်။ ၎င်းမှာ အမေရိကန်တွေအနေဖြင့် တပ်ရုပ်သိမ်းပေးရန်နဲ့ တာလီဘန်တွေအနေဖြင့် နိုင်ငံတကာအထိ အကြမ်းမဖက်ရန်၊ အာဖဂန်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရန် အပေးအယူ ကမ်းလှမ်းထားကြပါတယ်။

- ZHO ( အကုန်သိ သတင်းဌာန ) | ( Ref : Reuters )

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။