Skip to main content
ညစ္ညမ္းေလထု ေန႔စဥ္႐ွဴ႐ႈိက္ေနရျခင္းက ေဆးလိပ္ တစ္ရက္တစ္ဘူးႏႈန္း ေသာက္သည့္အလား က်န္းမာေရးကုိ ထိခုိက္ေစ
Ads Block

ညစ္ညမ္းေလထု ေန႔စဥ္႐ွဴ႐ႈိက္ေနရျခင္းက ေဆးလိပ္ တစ္ရက္တစ္ဘူးႏႈန္း ေသာက္သည့္အလား က်န္းမာေရးကုိ ထိခုိက္ေစ

ညစ္ညမ္းေလထုကုိ ကာလၾကာရွည္ ႐ွဴ႐ႈိက္ရျခင္းဟာ ေဆးလိပ္ တစ္ေန႔တစ္ဘူးႏႈန္း ေသာက္ျခင္း ကဲ့သုိ႔ အသက္႐ႈလမ္းေၾကာင္းဆုိင္ရာ ေရာဂါေတြ ျဖစ္ပြားေစႏုိင္ၿပီး က်န္းမာေရးကုိ ဆုိး႐ြားစြာ ထိခုိက္ေစႏုိင္ေၾကာင္း သတင္းရရွိပါတယ္။
ေဆးသိပၸံဂ်ာနယ္ JAMA ရဲ႕ ၾသဂုတ္ ၁၃ ရက္ ထုတ္ျပန္ခ်က္အရ ၄င္းတုိ႔သုေတသီအဖြဲ႕ဟာ ညစ္ညမ္း ေလထု ႐ွဴ႐ႈိက္ရျခင္းရဲ႕ ဆုိးက်ိဳးေတြကုိ သိရွိႏုိင္ရန္ ဆယ္ႏွစ္ခန္႔ သုေတသနျပဳ၊ ေစာင့္ၾကည့္ခဲ့တယ္လုိ႔ သိရပါတယ္။ ထုိ႔အတြက္ ေဘာ္လ္တီမုိး၊ ရွီကာဂုိ၊ အယ္လ္ေအ၊ နယူးေယာက္၊ စိန္႔ေပါ၊ မင္နီဆုိးတား၊ ဝင္စတန္ ဆဲလ္လမ္ စတဲ့ လူေနထူထပ္တဲ့ အေမရိကန္ၿမိဳ႕ႀကီး ၇ ၿမိဳ႕မွာ ေနထုိင္သူ အသက္ ၄၅-၈၄ အ႐ြယ္ လူ ၇,၀၀၀ ေက်ာ္ကုိ ဆယ္စုႏွစ္တစ္ခုစာ ေစာင့္ၾကည့္ခဲ့ပါတယ္။
၄င္းတုိ႔ကုိ စီတီ စကန္ ႐ုိက္ၾကည့္ခဲ့ရာ ေလထုတြင္း ပါဝင္ေနတဲ့ ညစ္ညမ္းအမႈန္ေတြဟာ ေရရွည္မွာ အသက္႐ွဴမဝတဲ့ေရာဂါ ျဖစ္ေစႏုိင္တယ္လုိ႔ ေတြ႕ခဲ့ရပါတယ္။ ေသြးထဲ ေအာက္စီဂ်င္ေရာက္မႈႏႈန္းကုိ ေလ်ာ့ပါးေစတဲ့ ၄င္းေရာဂါဟာ နာတာရွည္ေရာဂါမ်ိဳးျဖစ္ၿပီး မ်ားေသာအားျဖင့္ ေဆးလိပ္ေသာက္သူ ေတြမွာ အျဖစ္မ်ားပါတယ္။
ဒါ့ျပင္ ေစာင့္ၾကည့္ခံေတြရဲ႕ ေလ ႐ွဴသြင္း႐ွဴထုတ္ပမာဏကုိ Spirometry နည္းျဖင့္ စစ္ေဆးၾကည့္ခဲ့ ရာမွာလည္း ယခင္ထက္ ေလ်ာ့နည္းလာတာကုိ ေတြ႕ခဲ့ရတဲ့အတြက္ အဆုတ္ရဲ႕လုပ္ငန္း ေဆာင္တာေတြ ယုတ္ေလ်ာ့လာတယ္လုိ႔ ေကာက္ခ်က္ခ်ႏုိင္ခဲ့ပါတယ္။

ေစာင့္ၾကည့္ခံ အားလုံးဟာ ကနဦးမွာ က်န္းမာသူေတြျဖစ္ၿပီး ၄င္းတုိ႔ကုိ စစ္တမ္းေကာက္ခဲ့ရာမွာ အသက္အ႐ြယ္ ႀကီးရင့္လာျခင္း၊ ေဆးလိပ္ တုိက္႐ုိက္(သုိ႔) တစ္ဆင့္ခံ ေသာက္သုံး႐ွဴ႐ႈိက္ျခင္း စတဲ့ အျခားအခ်က္ေတြကို ထိန္းခ်ဳပ္တြက္ခ်က္ခဲ့တယ္လုိ႔ သိရပါတယ္။

ပါဝင္တဲ့အမႈန္ေတြအနက္ ေျမျပင္အျမင့္ရွိ အုိဇုန္းဓာတ္ေငြ႕ေတြဟာ အသက္႐ွဴမဝတဲ့ေရာဂါနဲ႔ အဆက္စပ္ေနဆုံးျဖစ္ၿပီး အဆုတ္ရဲ႕လုပ္ငန္းေဆာင္တာ ယုတ္ေလ်ာ့လာျခင္းအတြက္မွာဆုိရင္ တစ္ခုတည္းေသာ ညစ္ညမ္းအမႈန္ေတြ ျဖစ္ေနပါတယ္။

ေျမျပင္အျမင့္ရွိ အုိဇုန္းေတြကေတာ့ သာမန္မီးခုိးျမဴေတြထဲမွာ ပါဝင္ေနၿပီး အေရာင္မရွိ၊ မျမင္ရပါဘူး။ ႐ုပ္ႂကြင္းေလာင္စာမွ ထြက္တဲ့ ညစ္ညမ္းအမႈန္ေတြနဲ႔ ေနေရာင္ျခည္မွာ ပါဝင္တဲ့ ခရမ္းလြန္ ေရာင္ျခည္တုိ႔ ဓာတ္ျပဳတဲ့အခါမွာ ထုိအုိဇုန္းေတြ ထြက္လာၿပီး ၄င္းတုိ႔ကုိ ႐ွဴရႈိက္မိပါက အဆုတ္ ယားယံေရာင္ရမ္းျခင္း အေမာမခံႏုိင္ျခင္းနဲ႔ ပန္းနာရင္ၾကပ္တုိ႔ ျဖစ္ေစႏုိင္တဲ့အျပင္ ပုိးဝင္မႈ ခံႏုိင္ရည္ ကုိလည္း ေလ်ာ့က်ေစပါတယ္။

ယခုေတြ႕ရွိခ်က္မွာ အိမ္တြင္း ေလထုညစ္ညမ္းမႈ၊ အိမ္ျပင္ထြက္ခ်ိန္ စတာေတြကုိ မတုိင္းတာ ႏုိင္တာေၾကာင့္ အခ်က္အလက္ဆုိင္ရာ အကန္႔အသတ္အခ်ိဳ႕ ရွိေနတယ္လုိ႔ ဆုိပါတယ္။

ယခင္ေလ့လာခ်က္ေတြမွာေတာ့ ေျမျပင္အျမင့္ရွိ အုိဇုန္းဓာတ္ေငြ႕ေတြဟာ လူ သန္းဂဏန္းကုိ အသက္႐ွဴလမ္းေၾကာင္းဆုိင္ရာ ေရာဂါေတြ ျဖစ္ေစႏုိင္ေလာက္တယ္လုိ႔ ခန္႔မွန္းထားခဲ့ပါတယ္။ ေလထုညစ္ညမ္းမႈအမ်ိဳးအစား အားလုံးေၾကာင့္ အ႐ြယ္မတုိင္ခင္ ေသဆုံးရသူဦးေရဟာ ၂၀၁၁ ခုႏွစ္အတြက္ အေမရိကန္တစ္ႏုိင္ငံတည္းမွာတင္ တစ္သိန္းေက်ာ္ခဲ့တယ္လုိ႔ သိရပါတယ္။

- ZHO ( အကုန္သိ သတင္းဌာန ) | ( Ref : CNN )

Unicode Version

 

ညစ်ညမ်းလေထုကို ကာလကြာရှည် ရှူရှိုက်ရခြင်းဟာ ဆေးလိပ် တစ်နေ့တစ်ဘူးနှုန်း သောက်ခြင်း ကဲ့သို့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားစေနိုင်ပြီး ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း သတင်းရရှိပါတယ်။
ဆေးသိပ္ပံဂျာနယ် JAMA ရဲ့ သြဂုတ် ၁၃ ရက် ထုတ်ပြန်ချက်အရ ၎င်းတို့သုတေသီအဖွဲ့ဟာ ညစ်ညမ်း လေထု ရှူရှိုက်ရခြင်းရဲ့ ဆိုးကျိုးတွေကို သိရှိနိုင်ရန် ဆယ်နှစ်ခန့် သုတေသနပြု၊ စောင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။ ထို့အတွက် ဘော်လ်တီမိုး၊ ရှီကာဂို၊ အယ်လ်အေ၊ နယူးယောက်၊ စိန့်ပေါ၊ မင်နီဆိုးတား၊ ဝင်စတန် ဆဲလ်လမ် စတဲ့ လူနေထူထပ်တဲ့ အမေရိကန်မြို့ကြီး ၇ မြို့မှာ နေထိုင်သူ အသက် ၄၅-၈၄ အရွယ် လူ ၇,၀၀၀ ကျော်ကို ဆယ်စုနှစ်တစ်ခုစာ စောင့်ကြည့်ခဲ့ပါတယ်။
၎င်းတို့ကို စီတီ စကန် ရိုက်ကြည့်ခဲ့ရာ လေထုတွင်း ပါဝင်နေတဲ့ ညစ်ညမ်းအမှုန်တွေဟာ ရေရှည်မှာ အသက်ရှူမဝတဲ့ရောဂါ ဖြစ်စေနိုင်တယ်လို့ တွေ့ခဲ့ရပါတယ်။ သွေးထဲ အောက်စီဂျင်ရောက်မှုနှုန်းကို လျော့ပါးစေတဲ့ ၎င်းရောဂါဟာ နာတာရှည်ရောဂါမျိုးဖြစ်ပြီး များသောအားဖြင့် ဆေးလိပ်သောက်သူ တွေမှာ အဖြစ်များပါတယ်။
ဒါ့ပြင် စောင့်ကြည့်ခံတွေရဲ့ လေ ရှူသွင်းရှူထုတ်ပမာဏကို Spirometry နည်းဖြင့် စစ်ဆေးကြည့်ခဲ့ ရာမှာလည်း ယခင်ထက် လျော့နည်းလာတာကို တွေ့ခဲ့ရတဲ့အတွက် အဆုတ်ရဲ့လုပ်ငန်း ဆောင်တာတွေ ယုတ်လျော့လာတယ်လို့ ကောက်ချက်ချနိုင်ခဲ့ပါတယ်။

စောင့်ကြည့်ခံ အားလုံးဟာ ကနဦးမှာ ကျန်းမာသူတွေဖြစ်ပြီး ၎င်းတို့ကို စစ်တမ်းကောက်ခဲ့ရာမှာ အသက်အရွယ် ကြီးရင့်လာခြင်း၊ ဆေးလိပ် တိုက်ရိုက်(သို့) တစ်ဆင့်ခံ သောက်သုံးရှူရှိုက်ခြင်း စတဲ့ အခြားအချက်တွေကို ထိန်းချုပ်တွက်ချက်ခဲ့တယ်လို့ သိရပါတယ်။

ပါဝင်တဲ့အမှုန်တွေအနက် မြေပြင်အမြင့်ရှိ အိုဇုန်းဓာတ်ငွေ့တွေဟာ အသက်ရှူမဝတဲ့ရောဂါနဲ့ အဆက်စပ်နေဆုံးဖြစ်ပြီး အဆုတ်ရဲ့လုပ်ငန်းဆောင်တာ ယုတ်လျော့လာခြင်းအတွက်မှာဆိုရင် တစ်ခုတည်းသော ညစ်ညမ်းအမှုန်တွေ ဖြစ်နေပါတယ်။

မြေပြင်အမြင့်ရှိ အိုဇုန်းတွေကတော့ သာမန်မီးခိုးမြူတွေထဲမှာ ပါဝင်နေပြီး အရောင်မရှိ၊ မမြင်ရပါဘူး။ ရုပ်ကြွင်းလောင်စာမှ ထွက်တဲ့ ညစ်ညမ်းအမှုန်တွေနဲ့ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန် ရောင်ခြည်တို့ ဓာတ်ပြုတဲ့အခါမှာ ထိုအိုဇုန်းတွေ ထွက်လာပြီး ၎င်းတို့ကို ရှူရှိုက်မိပါက အဆုတ် ယားယံရောင်ရမ်းခြင်း အမောမခံနိုင်ခြင်းနဲ့ ပန်းနာရင်ကြပ်တို့ ဖြစ်စေနိုင်တဲ့အပြင် ပိုးဝင်မှု ခံနိုင်ရည် ကိုလည်း လျော့ကျစေပါတယ်။

ယခုတွေ့ရှိချက်မှာ အိမ်တွင်း လေထုညစ်ညမ်းမှု၊ အိမ်ပြင်ထွက်ချိန် စတာတွေကို မတိုင်းတာ နိုင်တာကြောင့် အချက်အလက်ဆိုင်ရာ အကန့်အသတ်အချို့ ရှိနေတယ်လို့ ဆိုပါတယ်။

ယခင်လေ့လာချက်တွေမှာတော့ မြေပြင်အမြင့်ရှိ အိုဇုန်းဓာတ်ငွေ့တွေဟာ လူ သန်းဂဏန်းကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်စေနိုင်လောက်တယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ လေထုညစ်ညမ်းမှုအမျိုးအစား အားလုံးကြောင့် အရွယ်မတိုင်ခင် သေဆုံးရသူဦးရေဟာ ၂၀၁၁ ခုနှစ်အတွက် အမေရိကန်တစ်နိုင်ငံတည်းမှာတင် တစ်သိန်းကျော်ခဲ့တယ်လို့ သိရပါတယ်။

- ZHO ( အကုန်သိ သတင်းဌာန ) ( Ref : CNN )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။