Skip to main content
Ads Block


ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့မှ ခရီးတင်ယာဉ်ဖြင့် လိုက်ပါလာသော အသက် (၃၀) အရွယ် အမျိုးသားသည် သြဂုတ်လ ၁၅ ရက်၊ ညနေ ၅ ခွဲခန့်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည် ကန်ကားဝင်းရောက်စဉ် အသက် ၃၀ နှစ်ခန့်အရပ်ရှည်ရှည်အမျိုးသားမှ လက်ဆွဲအိတ်ကိုဆွဲယူ၍ ၄င်းမှာတက္ကစီသမားဖြစ်ကာ မည်သို့သွားချင်ကြောင်းမေးမြန်းသဖြင့် ခရီးသည်အမျိုးသားမှ ၄၁လမ်း၊ ၅၁×၅၂ ကြားသို့သွားလိုကြောင်း ပြောရာ ၄င်းယာဉ်မောင်းမှ ၄၀၀၀ ကျမည်ဖြစ်ကြောင်းပြောသဖြင့် ငှားရမ်းသွားခဲ့ကြောင်း သိရသည်။
ထိုသို့ငှားရမ်းသွားစဉ် တက္ကစီယာဉ်ပေါ်၌ ယာဉ်မောင်းနှင့်အတူ အသားမဲမဲ လိုက်ပါလာပြီး ၄င်းခရီးသည်အမျိုးသားအား အနောက်ခန်းတွင်ထိုင်ခိုင်းခဲ့ကာ လမ်းအရောက်တွင် ယာဉ်မောင်းမှ ကားခ ၁၅၀၀၀ ကျပ်ပေးရမည်ဆိုပြောဆိုလာ၍ အနည်းငယ်ပိုပေးမည်ပြောသော်လည်း ၆၂ လမ်းနှင့် သိပ္ပံလမ်းထောင့်နား အရောက်တွင် တက္ကစီယာဉ်မောင်းမှ ကားကိုရပ်သဖြင့် ခရီးသည်အမျိုးသားမှာ ကားပေါ်ကဆင်းစဉ် ၄င်းယာဉ်မောင်းနှင့်အတူပါလာသောအမျိုးသားတို့က ကားပေါ်မှဆင်းလာပြီး ယာဉ်စီးခ ၂၀၀၀၀ ကျပ်ပေးရမည်ဟု တောင်းခဲ့ကြောင်း သိရသည်။


Unicode Version

 

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ခရီသည်ထံမှ ခြိမ်းခြောက်ငွေတောင်းယူသူ အငှားယာဉ်မောင်းနှင့် အပေါင်းအပါတစ်ဦးကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့မှ ခရီးတင်ယာဉ်ဖြင့် လိုက်ပါလာသော အသက် (၃၀) အရွယ် အမျိုးသားသည် သြဂုတ်လ ၁၅ ရက်၊ ညနေ ၅ ခွဲခန့်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည် ကန်ကားဝင်းရောက်စဉ် အသက် ၃၀ နှစ်ခန့်အရပ်ရှည်ရှည်အမျိုးသားမှ လက်ဆွဲအိတ်ကိုဆွဲယူ၍ ၎င်းမှာတက္ကစီသမားဖြစ်ကာ မည်သို့သွားချင်ကြောင်းမေးမြန်းသဖြင့် ခရီးသည်အမျိုးသားမှ ၄၁လမ်း၊ ၅၁×၅၂ ကြားသို့သွားလိုကြောင်း ပြောရာ ၎င်းယာဉ်မောင်းမှ ၄၀၀၀ ကျမည်ဖြစ်ကြောင်းပြောသဖြင့် ငှားရမ်းသွားခဲ့ကြောင်း သိရသည်။
ထိုသို့ငှားရမ်းသွားစဉ် တက္ကစီယာဉ်ပေါ်၌ ယာဉ်မောင်းနှင့်အတူ အသားမဲမဲ လိုက်ပါလာပြီး ၎င်းခရီးသည်အမျိုးသားအား အနောက်ခန်းတွင်ထိုင်ခိုင်းခဲ့ကာ လမ်းအရောက်တွင် ယာဉ်မောင်းမှ ကားခ ၁၅၀၀၀ ကျပ်ပေးရမည်ဆိုပြောဆိုလာ၍ အနည်းငယ်ပိုပေးမည်ပြောသော်လည်း ၆၂ လမ်းနှင့် သိပ္ပံလမ်းထောင့်နား အရောက်တွင် တက္ကစီယာဉ်မောင်းမှ ကားကိုရပ်သဖြင့် ခရီးသည်အမျိုးသားမှာ ကားပေါ်ကဆင်းစဉ် ၎င်းယာဉ်မောင်းနှင့်အတူပါလာသောအမျိုးသားတို့က ကားပေါ်မှဆင်းလာပြီး ယာဉ်စီးခ ၂၀၀၀၀ ကျပ်ပေးရမည်ဟု တောင်းခဲ့ကြောင်း သိရသည်။
ထို့နောက် ခရီးသည်အမျိုးသားမှ ယာဉ်စီးခကို ၁၀၀၀၀ သာတတ်နိုင်၍ ၁၀၀၀၀ ပေးမည်ဟု ပြောဆိုရာ ၎င်းတို့ ၂ ဦးက ၂၀၀၀၀ မပေးပါက ခရီးသည်အမျိုးသား၏ ပစ္စည်းများပြန်မပေးနိုင်ကြောင်းအပြင် ခြိမ်းခြောက်ပြောဆိုမှုများကြောင့် ၁၅၀၀၀ ကျပ်ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ခြိမ်းခြောက်ငွေတောင်းယူသူ ယာဉ်မောင်း ကိုမျိုးကျော်၊ ၃၀ နှစ်၊ နေမျိုးအောင် ၂၂နှစ်တို့နှစ်ဦးအား ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ (ပ)၈၇၉/၂၀၁၉၊ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၈၆၊ ခြိမ်းခြောက်ငွေတောင်းယူမှုဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

- ရဲကျော်ထက် ( အကုန်သိ သတင်းဌာန )  | ဓာတ်ပုံ-ထွန်းမင်းနောင်(မန္တလေး)

 

 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။