Skip to main content
ေငြလာအပ္သူ၏အေကာင့္ကိုအသံုးျပဳကာ ရည္းစားထံက်ပ္သိန္း ၂၀၀၀ ေက်ာ္လႊဲေျပာင္းေပးခဲ့သည့္ ဧရာ၀တီဘဏ္စာေရးကို ဖမ္းဆီးရမိ
Ads Block

ေငြလာအပ္သူ၏အေကာင့္ကိုအသံုးျပဳကာ ရည္းစားထံက်ပ္သိန္း ၂၀၀၀ ေက်ာ္လႊဲေျပာင္းေပးခဲ့သည့္ ဧရာ၀တီဘဏ္စာေရးကို ဖမ္းဆီးရမိ

ေငြလာအပ္သူတစ္ဦး၏ ဘဏ္အေကာင့္ကိုအသံုးျပဳကာ ရည္းစားျဖစ္သူထံ ေငြလႊဲေပးခဲ့သည့္ ဧရာ၀တီ ဘဏ္စာေရးပါ၀င္သည့္အဖြဲ႕ကို ၁ လအၾကာတြင္ဖမ္းဆီးရမိခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မရမ္းကုန္းၿမိဳ႕နယ္၊ (၁)ရပ္ကြက္ရွိဧရာ၀တီဘဏ္တြင္ စာေရးအျဖစ္ လုပ္ကိုင္သူ မႏွင္းဦးေ၀၊ (၂၆)ႏွစ္သည္ ဘဏ္၌ေငြအပ္သူေဒၚၾကင္ျမင့္(၅၅)ႏွစ္ပိုင္ဆိုင္ေသာေငြစာရင္းအမွတ္ကိုအသံုးျပဳ၍ က်ပ္ ၂၁၀၀ သိန္းကို ၎၏ရည္းစားၿဖိဳးေ၀စိုး(၂၅)ႏွစ္ထံသို႔ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္ ၁၅ ရက္၊ နံနက္ ၁၀ နာရီခြဲတြင္ လႊဲေပးခဲ့ေၾကာင္း သိရွိခဲ့ရသည္။
လႊဲေပးလိုက္ေသာေငြမ်ားကိုလိႈင္သာယာၿမိဳ႕နယ္ရွိဧရာ၀တီဘဏ္ခြဲ(၂)၌ ၿဖိဳးေ၀စိုးက ယင္းေန႔ ေန႔လယ္ပိုင္းတြင္ က်ပ္ ၁၇၀၀ သိန္းကိုထုတ္ယူသြားခဲ့ၿပီးေနာက္ Light Truck ယာဥ္ျဖင့္ ထြက္ခြာသြားေၾကာင္း CCTV မွတ္တမ္းမ်ားအရ ရဲတပ္ဖဲြ႔ကစံုစမ္းႏိုင္ခဲ့သည္။
ဆက္လက္စံုစမ္းခဲ့ရာ၌ ေငြထုတ္ယူသြားသူ ၿဖိဳးေ၀စိုးသည္ ေရႊျပည္သာၿမိဳ႕နယ္၊ ပုလဲလမ္းဆံုအေရာက္၌ ဆင္းသြားကာ အျခားကားတစ္စီးကိုငွားရမ္းသြားခဲ့သည့္အတြက္ ဆက္လက္စံုစမ္းမႈကြင္းဆက္ ျပတ္ေတာက္သြားခဲ့ရသည္။
သို႔ေသာ္လည္း ၎ေနာက္ဆံုးငွားရမ္းခဲ့သည့္ယာဥ္ကိုစံုစမ္းရာ ေရႊျ့ပည္သာၿမိဳ႕နယ္(၃၀)ရပ္ကြက္တြင္ေနထိုင္သူ မျမင့္ျမင့္စိုး၊ ၂၄ ႏွစ္၏ယာဥ္ျဖစ္ေၾကာင္းစံုစမ္းရမိခဲ့သျဖင့္ကြင္းဆက္မိသြားခဲ့ၿပီး ဆက္လက္စံုစမ္း ေဖာ္ထုတ္ခ်က္မ်ားအရ မျမင့္ျမင့္စိုး၏ဦးေလးေနထိုင္ရာ ဧရာ၀တီတုိင္း၊ ဝါးခယ္မျမဳိ႕နယ္ က်ဳံပတုတ္ေက်း႐ြာတြင္ ၿဖိဳးေ၀စိုးရွိေနသည္ကို ရဲတပ္ဖြဲ႔ကစံုစမ္းႏုိင္ခဲ့သည္။
ယင္းအတြက္ေၾကာင့္ အဆိုပါေက်းရြာအပိုင္ နယ္ေျမစခန္းျဖစ္ေသာ ေရႊေလာင္းရဲစခန္းမွတပ္ဖြဲ႔၀င္မ်ားႏွင့္ ခ်ိတ္ဆက္၍ ၾသဂုတ္လ ၁၅ ရက္၊ နံနက္ ၃ နာရီခြဲတြင္ ၿဖိဳးေ၀စိုးကိုဖမ္းဆီးႏုိင္ခဲ့သည္။
စစ္ေဆးခ်က္မ်ားအရ ၎ထံသို႔ေငြလႊဲေပးခဲ့သည့္ ရည္းစားျဖစ္သူ ႏွင္းဦးေ၀၊ (၂၆) ႏွစ္အျပင္ မျမင့္ျမင့္စိုး (၂၄)ႏွစ္ႏွင့္ ေက်ာ္စြာ(၂၇)ႏွစ္တို႔လည္း ပါ၀င္ေၾကာင္း ၿဖိဳးေ၀စိုး(၂၅)ႏွစ္၏ထြက္ဆိုခ်က္အရသိရွိရသည့္အျပင္ ၎တို႔(၄)ဦးစလံုးကိုဖမ္းဆီးႏုိင္ေၾကာင္း ဘုရင့္ေနာင္နယ္ေျမရဲတပ္ဖြဲ႔ထံမွ သိရသည္။
“ဖမ္းဆီးရမိသူ ၄ ဦးကေတာ့ အခုကြ်န္ေတာ္တို႔ရဲစခန္းမွာ ခ်ဳပ္ေႏွာင္ထိန္းသိမ္းထားပါတယ္။ တရားစြဲတင္ေဆာင္ရြက္ဖို႔လုပ္ေဆာင္ေနဆဲေပါ့” ဟုဘုရင့္ေနာင္နယ္ေျမရဲစခန္းမွ တာ၀န္က်အရာရွိတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
လက္ရွိတြင္ ႏွင္းဦးေ၀၊ (၂၆)ႏွစ္ပါ ၄ ဦးတို႔ကို ဘုရင့္ေနာင္နယ္ေျမရဲစခန္း၌ (ပ)၁၂၄၀/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ- ၄၀၈/၁၁၄(စာေရးမွ ယုံၾကည္အပ္ႏွံေရးေဖာက္ဖ်က္မႈ၊ အားေပးကူညီမႈ)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။  

- ဒါးဇ ( အကုန္သိ သတင္းဌာန ) | Source - [email protected]

Unicode Version

 

ငွေလာအပ်သူတစ်ဦး၏ ဘဏ်အကောင့်ကိုအသုံးပြုကာ ရည်းစားဖြစ်သူထံ ငွေလွှဲပေးခဲ့သည့် ဧရာဝတီ ဘဏ်စာရေးပါဝင်သည့်အဖွဲ့ကို ၁ လအကြာတွင်ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်ရှိဧရာဝတီဘဏ်တွင် စာရေးအဖြစ် လုပ်ကိုင်သူ မနှင်းဦးဝေ၊ (၂၆)နှစ်သည် ဘဏ်၌ငွေအပ်သူဒေါ်ကြင်မြင့်(၅၅)နှစ်ပိုင်ဆိုင်သောငွေစာရင်းအမှတ်ကိုအသုံးပြု၍ ကျပ် ၂၁၀၀ သိန်းကို ၎င်း၏ရည်းစားဖြိုးဝေစိုး(၂၅)နှစ်ထံသို့ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၅ ရက်၊ နံနက် ၁၀ နာရီခွဲတွင် လွှဲပေးခဲ့ကြောင်း သိရှိခဲ့ရသည်။
လွှဲပေးလိုက်သောငွေများကိုလှိုင်သာယာမြို့နယ်ရှိဧရာဝတီဘဏ်ခွဲ(၂)၌ ဖြိုးဝေစိုးက ယင်းနေ့ နေ့လယ်ပိုင်းတွင် ကျပ် ၁၇၀၀ သိန်းကိုထုတ်ယူသွားခဲ့ပြီးနောက် Light Truck ယာဉ်ဖြင့် ထွက်ခွာသွားကြောင်း CCTV မှတ်တမ်းများအရ ရဲတပ်ဖွဲ့ကစုံစမ်းနိုင်ခဲ့သည်။
ဆက်လက်စုံစမ်းခဲ့ရာ၌ ငွေထုတ်ယူသွားသူ ဖြိုးဝေစိုးသည် ရွှေပြည်သာမြို့နယ်၊ ပုလဲလမ်းဆုံအရောက်၌ ဆင်းသွားကာ အခြားကားတစ်စီးကိုငှားရမ်းသွားခဲ့သည့်အတွက် ဆက်လက်စုံစမ်းမှုကွင်းဆက် ပြတ်တောက်သွားခဲ့ရသည်။
သို့သော်လည်း ၎င်းနောက်ဆုံးငှားရမ်းခဲ့သည့်ယာဉ်ကိုစုံစမ်းရာ ရွြှေ့ပည်သာမြို့နယ်(၃၀)ရပ်ကွက်တွင်နေထိုင်သူ မမြင့်မြင့်စိုး၊ ၂၄ နှစ်၏ယာဉ်ဖြစ်ကြောင်းစုံစမ်းရမိခဲ့သဖြင့်ကွင်းဆက်မိသွားခဲ့ပြီး ဆက်လက်စုံစမ်း ဖော်ထုတ်ချက်များအရ မမြင့်မြင့်စိုး၏ဦးလေးနေထိုင်ရာ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် ကျုံပတုတ်ကျေးရွာတွင် ဖြိုးဝေစိုးရှိနေသည်ကို ရဲတပ်ဖွဲ့ကစုံစမ်းနိုင်ခဲ့သည်။
ယင်းအတွက်ကြောင့် အဆိုပါကျေးရွာအပိုင် နယ်မြေစခန်းဖြစ်သော ရွှေလောင်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်၍ သြဂုတ်လ ၁၅ ရက်၊ နံနက် ၃ နာရီခွဲတွင် ဖြိုးဝေစိုးကိုဖမ်းဆီးနိုင်ခဲ့သည်။
စစ်ဆေးချက်များအရ ၎င်းထံသို့ငွေလွှဲပေးခဲ့သည့် ရည်းစားဖြစ်သူ နှင်းဦးဝေ၊ (၂၆) နှစ်အပြင် မမြင့်မြင့်စိုး (၂၄)နှစ်နှင့် ကျော်စွာ(၂၇)နှစ်တို့လည်း ပါဝင်ကြောင်း ဖြိုးဝေစိုး(၂၅)နှစ်၏ထွက်ဆိုချက်အရသိရှိရသည့်အပြင် ၎င်းတို့(၄)ဦးစလုံးကိုဖမ်းဆီးနိုင်ကြောင်း ဘုရင့်နောင်နယ်မြေရဲတပ်ဖွဲ့ထံမှ သိရသည်။
“ဖမ်းဆီးရမိသူ ၄ ဦးကတော့ အခုကျွန်တော်တို့ရဲစခန်းမှာ ချုပ်နှောင်ထိန်းသိမ်းထားပါတယ်။ တရားစွဲတင်ဆောင်ရွက်ဖို့လုပ်ဆောင်နေဆဲပေါ့” ဟုဘုရင့်နောင်နယ်မြေရဲစခန်းမှ တာဝန်ကျအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် နှင်းဦးဝေ၊ (၂၆)နှစ်ပါ ၄ ဦးတို့ကို ဘုရင့်နောင်နယ်မြေရဲစခန်း၌ (ပ)၁၂၄၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၄၀၈/၁၁၄(စာရေးမှ ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု၊ အားပေးကူညီမှု)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။  

- ဒါးဇ ( အကုန်သိ သတင်းဌာန ) | Source - [email protected]

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။