Skip to main content
အနက္ ၁၀ ေပခန္႔ရွိေသာအင္းအတြင္း ပန္းသြားခူးသည့္ ကေလး ၅ ဦး ေလွတိမ္းေမွာက္၍ ေသဆံုး
Ads Block

အနက္ ၁၀ ေပခန္႔ရွိေသာအင္းအတြင္း ပန္းသြားခူးသည့္ ကေလး ၅ ဦး ေလွတိမ္းေမွာက္၍ ေသဆံုး

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္အတြင္း ကေလး ၅ ဦး ေလွတိမ္းေမွာက္၍ ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ဘားအံၿမိဳ႕နယ္၊ ေအာက္ေကာ့ရင္းေက်းရြာအုပ္၊  စိမ့္ပိုင္းေက်း႐ြာတြင္ေနထုိင္သည့္ကေလး ၅ ဦးမွာ ဩဂုတ္လ ၁၄ ရက္၊ နံနက္ ၁၁ နာရီခြဲခန္႔က ေလသာကုန္းေက်း႐ြာရွိ အနက္ ၁၀ ေပခန္႔ရွိေသာ ေလသာကုန္းအင္းအတြင္း၌ ၀ါဆုိပန္းသြားေရာက္ခူးၾကရာမွ ေလွတိမ္းေမွာက္ၿပီး ေသဆံုးသြားၾကျခင္း ျဖစ္ေၾကာင္း သိရသည္။
 “ကေလးေတြက အဖိတ္ေန႔ဆုိေတာ့ ၀ါဆုိပန္းသြားခူးတဲ့ပုံစံမ်ဳိးနဲ႔ ေရႊဥေဒါင္းရြာဘက္က ဘုရားကုိအသြားမွာ ျဖစ္သြားတာပါ။ ေသဆုံးသြားတဲ့ကေလးေတြက ၈ ႏွစ္အရြယ္ေကာင္ေလးက ၂ ဦး၊ ၁၂ ႏွစ္အရြယ္ ေကာင္ေလးက ၁ ဦး၊ ၁၇ ႏွစ္အရြယ္ေကာင္မေလးက ၂ ဦးပါ။ ေသဆုံးသြားတဲ့ ၅ ဦးထဲမွာ ၂ ဦးကေမာင္ႏွမ၊  က်န္တာကသူငယ္ခ်င္းေတြလုိ႔ သိရတယ္”ဟု ေပးဆပ္သူလူမႈကယ္ဆယ္ေရးအဖြဲ႔မွ ကုိေနလင္းေအာင္က ေျပာသည္။
အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ေသဆုံးသူကေလးငယ္ ၅ ဦးကုိ  ဘားအံၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ၿပီး ဘားအံၿမိဳ႕မရဲစခန္း၌ ေသမႈေသခင္းအမွတ္စဥ္ (၂၅/ ၂၀၁၉) ျဖင့္အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

-  ရဲေက်ာ္ထက္ (အကုန္သိ သတင္းဌာန)  | ဓာတ္ပုံ- ေပးဆပ္သူလူမႈကယ္ဆယ္ေရးအဖြဲ႔

Unicode Version

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ကလေး ၅ ဦး လှေတိမ်းမှောက်၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဘားအံမြို့နယ်၊ အောက်ကော့ရင်းကျေးရွာအုပ်၊  စိမ့်ပိုင်းကျေးရွာတွင်နေထိုင်သည့်ကလေး ၅ ဦးမှာ ဩဂုတ်လ ၁၄ ရက်၊ နံနက် ၁၁ နာရီခွဲခန့်က လေသာကုန်းကျေးရွာရှိ အနက် ၁၀ ပေခန့်ရှိသော လေသာကုန်းအင်းအတွင်း၌ ဝါဆိုပန်းသွားရောက်ခူးကြရာမှ လှေတိမ်းမှောက်ပြီး သေဆုံးသွားကြခြင်း ဖြစ်ကြောင်း သိရသည်။
 “ကလေးတွေက အဖိတ်နေ့ဆိုတော့ ဝါဆိုပန်းသွားခူးတဲ့ပုံစံမျိုးနဲ့ ရွှေဥဒေါင်းရွာဘက်က ဘုရားကိုအသွားမှာ ဖြစ်သွားတာပါ။ သေဆုံးသွားတဲ့ကလေးတွေက ၈ နှစ်အရွယ်ကောင်လေးက ၂ ဦး၊ ၁၂ နှစ်အရွယ် ကောင်လေးက ၁ ဦး၊ ၁၇ နှစ်အရွယ်ကောင်မလေးက ၂ ဦးပါ။ သေဆုံးသွားတဲ့ ၅ ဦးထဲမှာ ၂ ဦးကမောင်နှမ၊  ကျန်တာကသူငယ်ချင်းတွေလို့ သိရတယ်”ဟု ပေးဆပ်သူလူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုနေလင်းအောင်က ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူကလေးငယ် ၅ ဦးကို  ဘားအံမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဘားအံမြို့မရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် (၂၅/ ၂၀၁၉) ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ရဲကျော်ထက် (အကုန်သိ သတင်းဌာန) | ဓာတ်ပုံ- ပေးဆပ်သူလူမှုကယ်ဆယ်ရေးအဖွဲ့

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။