Skip to main content
နည္းပညာေတာ္လွန္ေရး၏ ဆုိးက်ိဳးမ်ားကုိလည္းမေမ့သင့္ေၾကာင္း ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ေျပာ
Ads Block

နည္းပညာေတာ္လွန္ေရး၏ ဆုိးက်ိဳးမ်ားကုိလည္းမေမ့သင့္ေၾကာင္း ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ေျပာ

မည္သည့္ကိစၥမဆိုေကာင္းက်ိဳး၊ ဆိုးက်ိဳးျဖစ္ေပၚႏုိင္သည့္အတြက္ နည္းပညာေတာ္လွန္ေရး၏ ဆုိးက်ိဳးမ်ားကုိလည္း မေမ့သင့္ေၾကာင္း ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။
ေနျပည္ေတာ္ရွိသဂၤဟဟုိတယ္တြင္ ၾသဂုတ္လ ၁၄ ရက္ကက်င္းပသည့္ မဲေခါင္-ဂ်ပန္ခ်စ္ၾကည္ေရးအသင္း ၂၀၁၉ အခမ္းအနားတြင္ ယင္းကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ ယခုဆိုလွ်င္ စတုတၳေျမာက္နည္းပညာေတာ္လွန္ေရးစတင္ေနၿပီဟုကမၻာကသတ္မွတ္ထားပါတယ္။ ထိုကဲ့သို႔ စတုတၳေျမာက္နည္းပညာေတာ္လွန္ေရး၏ ေကာင္းက်ိဳးမ်ားကိုေတာ္ေတာ္မ်ားမ်ားက မီးေမာင္းထိုး ၾကည့္ေနၾကပါတယ္။ သို႔ေသာ္ျငားလည္း နည္းပညာေတာ္လွန္ေရး၏ ဆိုးက်ိဳးမ်ားရွိသည္ကိုလည္း မေမ့သင့္ပါဘူး။ မည္သည့္ကိစၥမဆိုေကာင္းက်ိဳး၊ ဆိုးက်ိဳးျဖစ္ေပၚႏုိင္သည့္အတြက္ ေကာင္းက်ိဳးမ်ားကို ဦးစားေပးေဆာင္ရြက္ရင္း ဆိုးက်ိဳးမ်ားေပ်ာက္ကြယ္ေစရန္ေဆာင္ရြက္သြားရမွာျဖစ္ပါတယ္’’ ဟု ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။
ထို႔အျပင္ နည္းပညာေတာ္လွန္ေရးေခတ္တြင္ လူသားမ်ား၏ အရည္အေသြးႏွင့္ အေရးပါမႈကို အေလးထားရမည္ျဖစ္ေၾကာင္းလည္း ၄င္းက ထည့္သြင္း ေျပာၾကားခဲ့သည္။
လက္ရွိတြင္ ျမန္မာႏုိင္ငံ၌ Smart City ၊ Smart Government ၊ E- Government ၊ Digital Economy စသည္တို႔ကို ေျပာင္းလဲႏုိင္ေရး ႀကိဳးပမ္းေဆာင္ရြက္ေနသည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

မည်သည့်ကိစ္စမဆိုကောင်းကျိုး၊ ဆိုးကျိုးဖြစ်ပေါ်နိုင်သည့်အတွက် နည်းပညာတော်လှန်ရေး၏ ဆိုးကျိုးများကိုလည်း မမေ့သင့်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နေပြည်တော်ရှိသင်္ဂဟဟိုတယ်တွင် သြဂုတ်လ ၁၄ ရက်ကကျင်းပသည့် မဲခေါင်-ဂျပန်ချစ်ကြည်ရေးအသင်း ၂၀၁၉ အခမ်းအနားတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ယခုဆိုလျှင် စတုတ္ထမြောက်နည်းပညာတော်လှန်ရေးစတင်နေပြီဟုကမ္ဘာကသတ်မှတ်ထားပါတယ်။ ထိုကဲ့သို့ စတုတ္ထမြောက်နည်းပညာတော်လှန်ရေး၏ ကောင်းကျိုးများကိုတော်တော်များများက မီးမောင်းထိုး ကြည့်နေကြပါတယ်။ သို့သော်ငြားလည်း နည်းပညာတော်လှန်ရေး၏ ဆိုးကျိုးများရှိသည်ကိုလည်း မမေ့သင့်ပါဘူး။ မည်သည့်ကိစ္စမဆိုကောင်းကျိုး၊ ဆိုးကျိုးဖြစ်ပေါ်နိုင်သည့်အတွက် ကောင်းကျိုးများကို ဦးစားပေးဆောင်ရွက်ရင်း ဆိုးကျိုးများပျောက်ကွယ်စေရန်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်’’ ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အပြင် နည်းပညာတော်လှန်ရေးခေတ်တွင် လူသားများ၏ အရည်အသွေးနှင့် အရေးပါမှုကို အလေးထားရမည်ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ Smart City ၊ Smart Government ၊ E- Government ၊ Digital Economy စသည်တို့ကို ပြောင်းလဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။