Skip to main content
စင္ကာပူမွာ ရဲစခန္း ေရေဆးခြက္မွ ေရပုိက္ေခါင္းျဖဳတ္ခုိးသူ ေထာင္ သုံးလ က်
Ads Block

စင္ကာပူမွာ ရဲစခန္း ေရေဆးခြက္မွ ေရပုိက္ေခါင္းျဖဳတ္ခုိးသူ ေထာင္ သုံးလ က်

စင္ကာပူႏုိင္ငံ ၀ုဒ္လန္းစ္အရပ္က ရဲစခန္းတစ္ခုမွ ေရပုိက္ေခါင္းကုိ ျဖဳတ္ခုိးကာ ကုိယ့္အိမ္မွာ တပ္ဆင္အသုံးျပဳခဲ့တဲ့ အမ်ဳိးသားတစ္ဦးကုိ ၾကာသပေတးေန႕မွာ ေထာင္ဒဏ္ သုံးလ ခ်မွတ္လုိက္ေၾကာင္း သိရပါတယ္။
အသက္ ၅၀ အရြယ္ ဆီးဟ္ကန္းလီ ဆုိသူဟာ ၿပီးခဲ့တဲ့ မတ္လ ၁ ရက္က ၀ုဒ္လန္းစ္ ရဲဌာနမွာ ဖမ္းခံထားရတဲ့ အစ္ကုိျဖစ္သူကုိ အာမခံနဲ ့လာထုတ္ရင္း ရဲစခန္း သန္ ့စင္ခန္းမွ ၁၇၁ ေဒၚလာတန္ ေရပိုက္ေခါင္းကုိ ျဖဳတ္ယူသြားခဲ့တာျဖစ္ပါတယ္။ ေနာက္တစ္လနီးပါးေလာက္အၾကာ မတ္ ၂၈ ရက္ေန ့မွာ သန္ ့ရွင္းေရး ႀကီးၾကပ္စစ္ေဆးသူတစ္ဦးက သန္ ့စင္ခန္းက ေရပုိက္ေခါင္းေပ်ာက္ေနတာကုိ သတိျပဳမိခဲ့ကာ အခုိးခံလုိက္ရတယ္ဆုိတာ သိရွိခဲ့ပါတယ္။ ၄င္းက ရဲစခန္းရဲ႕ အေထြေထြအသုံးအေဆာင္ပစၥည္းဆုိင္ရာ မန္ေနဂ်ာကုိ အေၾကာင္းၾကားခဲ့ၿပီးေနာက္ လုံၿခဳံေရး ကင္မရာမွတ္တမ္းေတြကုိ ျပန္စစ္ေဆးခဲ့ရာမွ ေရပုိက္ေခါင္းကုိ ဆီးဟ္ က ျဖဳတ္ခုိးယူသြားတာကုိ ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။
ယင္းေနာက္ ဆီးဟ္ကုိ ေရပုိက္ခုိးမႈနဲ ့ ၀ုဒ္လန္းစ္အေနာက္ပုိင္းအရပ္ ရဲစခန္းမွာ အမႈဖြင့္ခဲ့ကာ ၄င္းရဲ႕ ေနအိမ္ကုိ ရဲက စီးနင္းရွာေဖြခဲ့ရာမွ အိမ္သာအတြင္း တပ္ဆင္ထားတဲ့ ခုိးရာပါ ေရပုိက္ေခါင္းကုိ ေတြ႕ခဲ့ၾကပါတယ္။ ေရပုိက္ေခါင္းျပန္ျဖဳတ္သိမ္းခဲ့ကာ ဆီးဟ္ကုိေတာ့ ခုိးမႈနဲ ့ ဖမ္းဆီးခဲ့ပါတယ္။
ေနာက္ပုိင္းမွာ ဆီးဟ္က ေျဖာင့္ခ်က္ေပးခဲ့ရာမွာ အခင္းျဖစ္ညက ရဲစခန္းကေန သူ႕အစ္ကုိကုိ အာမခံနဲ႕ သြားထုတ္စဥ္ ရဲစခန္းရွိ သန္ ့စင္ခန္းကုိ၀င္ခဲ့ေၾကာင္း ယင္း သန္ ့စင္ခန္း ေရေဆးခြက္မွာရွိတဲ့ ေရပုိက္ေခါင္းဟာ သူ႕အိမ္ အိမ္သာက ေရပုိက္ေခါင္းနဲ ့ကုိက္ညီေလာက္တယ္လုိ ့ ယူဆတာေၾကာင့္ ျဖဳတ္ခုိးယူခဲ့ျခင္းျဖစ္ေၾကာင္း ေျပာဆုိခဲ့တယ္လုိ ့ သိရပါတယ္။

-  ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : CNA

Unicode Version

 

စင်ကာပူနိုင်ငံ ဝုဒ်လန်းစ်အရပ်က ရဲစခန်းတစ်ခုမှ ရေပိုက်ခေါင်းကို ဖြုတ်ခိုးကာ ကိုယ့်အိမ်မှာ တပ်ဆင်အသုံးပြုခဲ့တဲ့ အမျိုးသားတစ်ဦးကို ကြာသပတေးနေ့မှာ ထောင်ဒဏ် သုံးလ ချမှတ်လိုက်ကြောင်း သိရပါတယ်။
အသက် ၅၀ အရွယ် ဆီးဟ်ကန်းလီ ဆိုသူဟာ ပြီးခဲ့တဲ့ မတ်လ ၁ ရက်က ဝုဒ်လန်းစ် ရဲဌာနမှာ ဖမ်းခံထားရတဲ့ အစ်ကိုဖြစ်သူကို အာမခံနဲ့လာထုတ်ရင်း ရဲစခန်း သန့်စင်ခန်းမှ ၁၇၁ ဒေါ်လာတန် ရေပိုက်ခေါင်းကို ဖြုတ်ယူသွားခဲ့တာဖြစ်ပါတယ်။ နောက်တစ်လနီးပါးလောက်အကြာ မတ် ၂၈ ရက်နေ့မှာ သန့်ရှင်းရေး ကြီးကြပ်စစ်ဆေးသူတစ်ဦးက သန့်စင်ခန်းက ရေပိုက်ခေါင်းပျောက်နေတာကို သတိပြုမိခဲ့ကာ အခိုးခံလိုက်ရတယ်ဆိုတာ သိရှိခဲ့ပါတယ်။ ၎င်းက ရဲစခန်းရဲ့ အထွေထွေအသုံးအဆောင်ပစ္စည်းဆိုင်ရာ မန်နေဂျာကို အကြောင်းကြားခဲ့ပြီးနောက် လုံခြုံရေး ကင်မရာမှတ်တမ်းတွေကို ပြန်စစ်ဆေးခဲ့ရာမှ ရေပိုက်ခေါင်းကို ဆီးဟ် က ဖြုတ်ခိုးယူသွားတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ယင်းနောက် ဆီးဟ်ကို ရေပိုက်ခိုးမှုနဲ့ ဝုဒ်လန်းစ်အနောက်ပိုင်းအရပ် ရဲစခန်းမှာ အမှုဖွင့်ခဲ့ကာ ၎င်းရဲ့ နေအိမ်ကို ရဲက စီးနင်းရှာဖွေခဲ့ရာမှ အိမ်သာအတွင်း တပ်ဆင်ထားတဲ့ ခိုးရာပါ ရေပိုက်ခေါင်းကို တွေ့ခဲ့ကြပါတယ်။ ရေပိုက်ခေါင်းပြန်ဖြုတ်သိမ်းခဲ့ကာ ဆီးဟ်ကိုတော့ ခိုးမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။
နောက်ပိုင်းမှာ ဆီးဟ်က ဖြောင့်ချက်ပေးခဲ့ရာမှာ အခင်းဖြစ်ညက ရဲစခန်းကနေ သူ့အစ်ကိုကို အာမခံနဲ့ သွားထုတ်စဉ် ရဲစခန်းရှိ သန့်စင်ခန်းကိုဝင်ခဲ့ကြောင်း ယင်း သန့်စင်ခန်း ရေဆေးခွက်မှာရှိတဲ့ ရေပိုက်ခေါင်းဟာ သူ့အိမ် အိမ်သာက ရေပိုက်ခေါင်းနဲ့ကိုက်ညီလောက်တယ်လို့ ယူဆတာကြောင့် ဖြုတ်ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

-  ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။