Skip to main content
အိမ္ေထာင္သည္အမ်ိဳးသားက စိတ္က်န္းမာေရးခ်ိဳ႕တဲ့သူမိန္းကေလးအား အဓမၼျပဳက်င့္မႈျဖစ္ပြား
Ads Block

အိမ္ေထာင္သည္အမ်ိဳးသားက စိတ္က်န္းမာေရးခ်ိဳ႕တဲ့သူမိန္းကေလးအား အဓမၼျပဳက်င့္မႈျဖစ္ပြား

အိမ္ေထာင္သည္အမ်ိဳးသားက တစ္ရြာတည္းေန စိတ္က်န္းမာေရးခ်ိဳ႕တဲ့သူမိန္းကေလးအား အဓမၼျပဳက်င့္မႈ မႏၱေလးတိုင္းေဒသႀကီး၊ သာစည္ၿမိဳ႕၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာသာစည္ၿမိဳ႕နယ္၊ ေညာင္တိုေက်းရြာ၌ေနထိုင္ေသာေဒၚ------ ၅၀ ႏွစ္၏ သမီးမ-------- ၂၀ ႏွစ္မွာ မၾကာခဏမူးေ၀ေအာ့အန္ေနသည့္အတြက္ ၾသဂုတ္လ ၃ ရက္၊ နံနက္ပိုင္း၌ ေဆးခန္းျပခဲ့ေၾကာင္း ရဲမွတ္တမ္းအရသိရသည္။
ယင္းကဲ့သို႔ျပသရာ ဆရာ၀န္က က်န္းမာေရးေကာင္းမြန္ေၾကာင္းေျပာဆိုသျဖင့္ ေနအိမ္သို႔ျပန္လာခဲ့ေသာ္လည္း ေနာက္ရက္မ်ား၌အလားတူမူးေ၀ေအာ့အန္ျခင္းမ်ားဆက္လက္ျဖစ္ပြားေနသည့္အျပင္ စားေသာက္ျခင္း နည္းပါးေနသျဖင့္ ေခ်ာ့ေမာ့ေမးျမန္းခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေမးျမန္းရာမွ တစ္ရြာတည္းေန စိုးမိုး၊ (၃၄)ႏွစ္၏ လြန္ခဲ့ေသာ ၂ လခြဲခန္႔ကအဓမၼျပဳက်င့္ခဲ့သည္ကို သိရွိသြားခဲ့ျခင္းျဖစ္သည္။
“မေန႔ကတိုင္ၾကားတဲ့အတြက္ ျပစ္မႈက်ဴးလြန္သူ စိုးမိုးကို ၾသဂုတ္ ၁၃ ရက္၊ ည ၁၀ နာရီမွာဖမ္းဆီးရမိတယ္။ ဒီေကာင္ကလက္ရွိလည္းအိမ္ေထာင္သည္ပါ။ ၿပီးခဲ့တဲ့ ၂ လေက်ာ္ေလာက္က က်ဴးလြန္ခံရသူမိန္းကေလးက ျပစ္မႈက်ဴးလြန္သူတို႔ရဲ႕ေနအိမ္ကိုေရသြားခပ္တဲ့အခ်ိန္မွာအိမ္ေပၚေခၚၿပီးအဓမၼျပဳက်င့္တာလို႔ စစ္ေဆး သိရွိရတယ္။ က်ဴးလြန္ခံရတဲ့မိန္းကေလးက စိတ္က်န္းမာေရးအနည္းငယ္ခ်ိဳ႕တဲ့သူပါ။ အရမ္းအဆိုး၀ါးႀကီးေတာ့ မဟုတ္ပါဘူး။ စစ္ေမးတာေတြကိုလည္း ျပန္ေျဖႏုိင္ပါတယ္။ ကိုယ္၀န္ရွိ/မရွိဆိုတာေတြကေတာ့ ေဆးစာေစာင့္ေနဆဲမို႔လို႔ မသိရေသးပါဘူး” ဟုသာစည္ၿမိဳ႕မရဲစခန္းမွ အမႈစစ္အရာရွိက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ စိုးမိုး၊ (၃၄)ႏွစ္ကိုသာစည္ၿမိဳ႕မရဲစခန္း၌(ပ)-၃၅၄/၂၀၁၉ ၊ ရာဇသတ္ႀကီးပုဒ္မ- ၃၇၆ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

- ဒါးဇ ( အကုန္သိ သတင္းဌာန ) | Source – ေရႊေမာင္ေမာင္(မိတၳီလာ)

Unicode Version

 

အိမ်ထောင်သည်အမျိုးသားက တစ်ရွာတည်းနေ စိတ်ကျန်းမာရေးချို့တဲ့သူမိန်းကလေးအား အဓမ္မပြုကျင့်မှု မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာသာစည်မြို့နယ်၊ ညောင်တိုကျေးရွာ၌နေထိုင်သောဒေါ်------ ၅၀ နှစ်၏ သမီးမ-------- ၂၀ နှစ်မှာ မကြာခဏမူးဝေအော့အန်နေသည့်အတွက် သြဂုတ်လ ၃ ရက်၊ နံနက်ပိုင်း၌ ဆေးခန်းပြခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။
ယင်းကဲ့သို့ပြသရာ ဆရာဝန်က ကျန်းမာရေးကောင်းမွန်ကြောင်းပြောဆိုသဖြင့် နေအိမ်သို့ပြန်လာခဲ့သော်လည်း နောက်ရက်များ၌အလားတူမူးဝေအော့အန်ခြင်းများဆက်လက်ဖြစ်ပွားနေသည့်အပြင် စားသောက်ခြင်း နည်းပါးနေသဖြင့် ချော့မော့မေးမြန်းခဲ့ကြောင်း သိရသည်။
ထိုသို့မေးမြန်းရာမှ တစ်ရွာတည်းနေ စိုးမိုး၊ (၃၄)နှစ်၏ လွန်ခဲ့သော ၂ လခွဲခန့်ကအဓမ္မပြုကျင့်ခဲ့သည်ကို သိရှိသွားခဲ့ခြင်းဖြစ်သည်။
“မနေ့ကတိုင်ကြားတဲ့အတွက် ပြစ်မှုကျူးလွန်သူ စိုးမိုးကို သြဂုတ် ၁၃ ရက်၊ ည ၁၀ နာရီမှာဖမ်းဆီးရမိတယ်။ ဒီကောင်ကလက်ရှိလည်းအိမ်ထောင်သည်ပါ။ ပြီးခဲ့တဲ့ ၂ လကျော်လောက်က ကျူးလွန်ခံရသူမိန်းကလေးက ပြစ်မှုကျူးလွန်သူတို့ရဲ့နေအိမ်ကိုရေသွားခပ်တဲ့အချိန်မှာအိမ်ပေါ်ခေါ်ပြီးအဓမ္မပြုကျင့်တာလို့ စစ်ဆေး သိရှိရတယ်။ ကျူးလွန်ခံရတဲ့မိန်းကလေးက စိတ်ကျန်းမာရေးအနည်းငယ်ချို့တဲ့သူပါ။ အရမ်းအဆိုးဝါးကြီးတော့ မဟုတ်ပါဘူး။ စစ်မေးတာတွေကိုလည်း ပြန်ဖြေနိုင်ပါတယ်။ ကိုယ်ဝန်ရှိ/မရှိဆိုတာတွေကတော့ ဆေးစာစောင့်နေဆဲမို့လို့ မသိရသေးပါဘူး” ဟုသာစည်မြို့မရဲစခန်းမှ အမှုစစ်အရာရှိက အကုန်သိသတင်းဌာနသို့ ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စိုးမိုး၊ (၃၄)နှစ်ကိုသာစည်မြို့မရဲစခန်း၌(ပ)-၃၅၄/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ- ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

- ဒါးဇ ( အကုန်သိ သတင်းဌာန ) | Source – ရွှေမောင်မောင်(မိတ္ထီလာ)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။