Skip to main content
အရက်အလွန်အကျွံသောက်တတ်သူတစ်ဦး ကြိုးဆွဲချသေဆုံး
Ads Block

အရက်အလွန်အကျွံသောက်တတ်သူတစ်ဦး ကြိုးဆွဲချသေဆုံး



Unicode Version

 

အရက်အလွန်အကျွံသောက်တတ်သည့် အမျိုးသားတစ်ဦး စိတ်ကယောင်ခြောက်ခြားဖြစ်ပြီး ကြိုးဆွဲချသေဆုံးမှု တောင်ငူမြို့နယ်၊ ကင်ဆိပ်ကျေးရွာအုပ်စု၊ စိန်ပန်းမြိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောင်ငူမြို့နယ်၊ ကင်းဆိပ်ကျေးရွာအုပ်စု၊ စိန်ပန်းမြိုင်ကျေးရွာတွင် သြဂုတ်လ ၁၃ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်းသတင်းအရ တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြသည်။
စစ်ဆေးချက်အရ သေဆုံးသူမှာ သိန်းတန်၊ (၅၀)နှစ်ဖြစ်ကြောင်းသိရှိရပြီး နေအိမ်အိပ်ခန်းအတွင်းရှိ ထုတ်တန်းတွင် သုံးလွန်းတင်ပလတ်စတစ်ကြိုးကိုအသုံးပြုကာ ကြိုးဆွဲချသေဆုံးခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
သေဆုံးသူ ဦးသိန်းတန်မှာ အရက်အလွန်အကျွံသောက်သုံးတတ်သူဖြစ်ပြီး အမူးလွန်ကာ စိတ်ကယောင်ခြောက်ခြားဖြင့် ကြိုးဆွဲချသေဆုံးခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းဖေါ်ပြချက်အရ သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ တောင်ငူမြို့၊ အမှတ် (၂) နယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၁၀ / ၂၀၁၉ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

-  နေလင်းအောင် ( အကုန်သိ သတင်းဌာန )

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။