Skip to main content
ျမန္မာ့ၿငိမ္းခ်မ္းေရးခရီးစဥ္ အရွိန္အဟုန္ေခတၱရပ္တန္႔သည့္ကာလျဖစ္ေၾကာင္း ဦးကိုကိုႀကီး ေျပာ
Ads Block

ျမန္မာ့ၿငိမ္းခ်မ္းေရးခရီးစဥ္ အရွိန္အဟုန္ေခတၱရပ္တန္႔သည့္ကာလျဖစ္ေၾကာင္း ဦးကိုကိုႀကီး ေျပာ

လက္ရွိကာလသည္ JMC တြင္သာမက ျမန္မာ့ၿငိမ္းခ်မ္းေရးခရီးစဥ္တြင္ပါ ေခတၱအရွိန္အဟုန္ရပ္တန္႔ေနသည့္ ကာလျဖစ္ေၾကာင္း JMC အရပ္သားကုိယ္စားလွယ္အစုအဖြဲ႔မွ ဒုတိယဥကၠ႒- ၂ ဦးကုိကုိႀကီးကေျပာသည္။
အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးဗဟုိဌာနတြင္ ၾသဂုတ္လ ၁၃ ရက္ကက်င္းပေသာ သတၱမအႀကိမ္ JMC အရပ္သားကုိယ္စားလွယ္မ်ား၏မ်က္နွာစုံညီအစည္းအေ၀းပြဲတြင္ ယင္းကဲ့သို႔ေျပာျခင္း ျဖစ္သည္။
“ လက္ရွိကာလဟာဒါေဂ်အမ္စီမွာသာမကဘဲနဲ႔ျမန္မာ့ၿငိမ္းခ်မ္းေရးခရီးစဥ္မွာပါေခတၱခဏအရွိန္အဟုန္ ရပ္တန္႔ေနတဲ့အခ်ိန္ကာလျဖစ္ပါတယ္။ဒါေပမဲ့ယခင္ကပုိၿပီးေတာ့အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနတဲ့အရပ္သားကုိယ္စားလွယ္မ်ားရဲ႕ေစ့စပ္ညွိနႈိင္းေရးခရီးစဥ္ေတြ၊  အလြတ္သေဘာေတြ႔ဆုံမႈေတြ၊ လူထုေတြ႔ဆုံပြဲေတြနဲ႔ JMC ဆုိင္ရာရွင္းလင္းပြဲေတြက JMC အဆင့္ဆင့္မွာရွိတဲ့အရပ္သားကုိယ္စားလွယ္ေတြကရပ္တန္႔ေနတဲ့ JMC လုပ္ငန္းမ်ားစတင္ႏုိင္ဖုိ႔အတြက္ ရွင္သန္ႏုိင္ဖုိ႔အတြက္ အစြမ္းကုန္ႀကိဳးစားလုပ္ေဆာင္ေနၾကတာ သက္ေသခံ ထင္ရွားလ်က္ရွိပါတယ္။ အဆုိပါ JMC အရပ္သားကုိယ္စားလွယ္မ်ားရဲ႕ စဥ္ဆက္မျပတ္ ႀကိဳးစားေနမႈေၾကာင့္လည္း ယာယီဆုိင္းငံ့ထားတဲ့အဖြဲ႔အစည္းမ်ားအေနနဲ႔ မၾကာမီကာလအတြင္းမွာ JMC လုပ္ငန္းစဥ္မ်ားမွာ ျပန္လည္ပူးေပါင္းလာမယ့္အရိပ္အေငြ႔ေတြ ၾကားသိေနရၿပီျဖစ္ပါတယ္’’ဟု အရပ္သားကုိယ္စားလွယ္အစုအဖြဲ႔မွဒုတိယဥကၠ႒- ၂ ဦးကုိကုိႀကီးကေျပာသည္။
အရပ္သားကုိယ္စားလွယ္မ်ားမ်က္ႏွာစုံညီအစည္းအေ၀းကို ၂၀၁၇ ခုနွစ္တြင္ ၁ ႀကိမ္၊ ၂၀၁၈ ခုႏွစ္တြင္ ၃ ႀကိမ္ႏွင့္ ၂၀၁၉ ခုႏွစ္တြင္ ၁ ႀကိမ္က်င္းပခဲ့ၿပီးျဖစ္သည္။
ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္၊ ေအာက္တုိဘာလ ၁၅ ရက္တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာ သေဘာတူစာခ်ဳပ္ NCA တြင္ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ ၈ ဖြဲ႔မွ လက္မွတ္ေရးထုိးခဲ့ၿပီး ၂၀၁၇ ခုႏွစ္တြင္ မြန္ျပည္သစ္ပါတီႏွင့္ လားဟူဒီမုိကရက္တစ္ပါတီတုိ႔ထပ္မံေရးထုိးခဲ့သည္။
လက္ရွိတြင္ ကရင္အမ်ိဳးသားအစည္းရုံးနွင့္ RCSS SSA အဖြဲ႔တုိ႔သည္ ၂၁ ရာစုပင္လုံျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံႏုိင္ငံေရးေဆြးေႏြးပြဲမ်ားတြင္ပါ၀င္မႈယာယီရပ္ဆုိင္းထားၿပီး အစုိးရကုိယ္စားလွယ္မ်ားႏွင့္ အလြတ္သေဘာေတြ႔ဆုံမႈမ်ားသာ ရွိေနသည္။

-  မင္းသီဟန္ ( အကုန္သိသတင္းဌာန )

Unicode Version

 

လက်ရှိကာလသည် JMC တွင်သာမက မြန်မာ့ငြိမ်းချမ်းရေးခရီးစဉ်တွင်ပါ ခေတ္တအရှိန်အဟုန်ရပ်တန့်နေသည့် ကာလဖြစ်ကြောင်း JMC အရပ်သားကိုယ်စားလှယ်အစုအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ- ၂ ဦးကိုကိုကြီးကပြောသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနတွင် သြဂုတ်လ ၁၃ ရက်ကကျင်းပသော သတ္တမအကြိမ် JMC အရပ်သားကိုယ်စားလှယ်များ၏မျက်နှာစုံညီအစည်းအဝေးပွဲတွင် ယင်းကဲ့သို့ပြောခြင်း ဖြစ်သည်။
“ လက်ရှိကာလဟာဒါဂျေအမ်စီမှာသာမကဘဲနဲ့မြန်မာ့ငြိမ်းချမ်းရေးခရီးစဉ်မှာပါခေတ္တခဏအရှိန်အဟုန် ရပ်တန့်နေတဲ့အချိန်ကာလဖြစ်ပါတယ်။ဒါပေမဲ့ယခင်ကပိုပြီးတော့အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့အရပ်သားကိုယ်စားလှယ်များရဲ့စေ့စပ်ညှိနှိုင်းရေးခရီးစဉ်တွေ၊  အလွတ်သဘောတွေ့ဆုံမှုတွေ၊ လူထုတွေ့ဆုံပွဲတွေနဲ့ JMC ဆိုင်ရာရှင်းလင်းပွဲတွေက JMC အဆင့်ဆင့်မှာရှိတဲ့အရပ်သားကိုယ်စားလှယ်တွေကရပ်တန့်နေတဲ့ JMC လုပ်ငန်းများစတင်နိုင်ဖို့အတွက် ရှင်သန်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားလုပ်ဆောင်နေကြတာ သက်သေခံ ထင်ရှားလျက်ရှိပါတယ်။ အဆိုပါ JMC အရပ်သားကိုယ်စားလှယ်များရဲ့ စဉ်ဆက်မပြတ် ကြိုးစားနေမှုကြောင့်လည်း ယာယီဆိုင်းငံ့ထားတဲ့အဖွဲ့အစည်းများအနေနဲ့ မကြာမီကာလအတွင်းမှာ JMC လုပ်ငန်းစဉ်များမှာ ပြန်လည်ပူးပေါင်းလာမယ့်အရိပ်အငွေ့တွေ ကြားသိနေရပြီဖြစ်ပါတယ်’’ဟု အရပ်သားကိုယ်စားလှယ်အစုအဖွဲ့မှဒုတိယဥက္ကဋ္ဌ- ၂ ဦးကိုကိုကြီးကပြောသည်။
အရပ်သားကိုယ်စားလှယ်များမျက်နှာစုံညီအစည်းအဝေးကို ၂၀၁၇ ခုနှစ်တွင် ၁ ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ၃ ကြိမ်နှင့် ၂၀၁၉ ခုနှစ်တွင် ၁ ကြိမ်ကျင်းပခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်ပါတီတို့ထပ်မံရေးထိုးခဲ့သည်။
လက်ရှိတွင် ကရင်အမျိုးသားအစည်းရုံးနှင့် RCSS SSA အဖွဲ့တို့သည် ၂၁ ရာစုပင်လုံပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနိုင်ငံရေးဆွေးနွေးပွဲများတွင်ပါဝင်မှုယာယီရပ်ဆိုင်းထားပြီး အစိုးရကိုယ်စားလှယ်များနှင့် အလွတ်သဘောတွေ့ဆုံမှုများသာ ရှိနေသည်။

-  မင်းသီဟန် ( အကုန်သိသတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။