Skip to main content
vgswgwegwe
Ads Block

“ ကရင္အာဇာနည္ေန႔ကိုျဖဳတ္သိမ္းေပးပါလို႔ေတာင္းဆိုတာက ဗမာလူမ်ိဳးႀကီး၀ါဒကို က်င့္သံုးေနတဲ့ ၀န္ႀကီးခ်ဳပ္ေတြရဲ႕လုပ္ရပ္လား” ဟု ေနာ္အုန္းလွ ေမးခြန္းထုတ္

ကရင္အာဇာနည္ေန႔ ျဖဳတ္သိမ္းေပးရန္ေတာင္းဆိုသည့္အေပၚ စိတ္မေကာင္းျဖစ္မိေၾကာင္း ေနာ္အုန္းလွက ေျပာလုိက္သည္။

ရန္ကုန္ၿမိဳ႕ရွိ မဟာဗႏၶဳလပန္းၿခံေရွ႕တြင္ ၾသဂုတ္လ (၁၂)ရက္ကက်င္းပသည့္ ၆၉ ႏွစ္ေျမာက္ ကရင္အာဇာနည္ေန႔ အခမ္းအနားတြင္ ယင္းကဲ့သို႔ေျပာျခင္း ျဖစ္သည္။

itolt888

“ကၽြန္မတို႔ဒီကရင္အာဇာနည္ေန႔အခမ္းအနားေတြကို ကရင္ျပည္နယ္၊ ပဲခူးတိုင္း၊ တနသာၤရီတိုင္းတို႔မွာ လုပ္တာဘာသံမွမၾကားရဘူး။ ရန္ကုန္တိုင္းနဲ႕ ဧရာ၀တီတိုင္းမွာေတာ့ အသံကၾကားရပါတယ္။ ကရင္ေခါင္းေဆာင္ေတြကို ဂုဏ္ျပဳတဲ့ဒီအခမ္းအနားလုပ္တာ ေန႔ထူးေန႔ျမတ္ဆိုတာ ကၽြန္မတို႔ရဲ႕အခြင့္အေရးပါ။ အသံၾကားခဲ့ရတဲ့ဒီႏွစ္ခုက အဓိကကတိုင္းနဲ႔ျပည္နယ္ေတြရဲ႕ ၀န္ႀကီးခ်ဳပ္ေတြရဲ႕လုပ္ေဆာင္ခ်က္ေၾကာင့္လို႔ပဲ ျမင္မိပါတယ္။ ကၽြန္မတို႔ပန္းၿခံထဲမွာလုပ္မယ္ဆိုရင္အစိုးရအဖြဲ႕ရဲ႕ ခြင့္ျပဳခ်က္လိုပါတယ္။ သြားၿပီးခြင့္ျပဳခ်က္ ယူေတာ့ ကရင္အာဇာနည္ေန႔ကိုျဖဳတ္ေပးပါဆိုၿပီးေျပာပါတယ္။ ေတာ္ေတာ္ေတာ့ စိတ္မေကာင္းျဖစ္မိပါတယ္။ အရင္ႏွစ္ေတြကခန္းမေတြမွာလုပ္ခဲ့ေပမဲ့ အစိုးရရဲ႕လုပ္ရပ္ေၾကာင့္ ကၽြန္မတို႔ဒီေန႔လမ္းေပၚမွာလုပ္ရတဲ့အထိ ျဖစ္သြားတာပါ။ ဒီလိုု ကရင္အာဇာနည္ေန႔ကိုျဖဳတ္သိမ္းေပးပါလို႔ေတာင္းဆိုတဲ့ဟာက ဗမာလူမ်ိဳးႀကီး၀ါဒကို က်င့္သံုးေနတဲ့ ၀န္ႀကီးခ်ဳပ္ေတြရဲ႕ လုပ္ရပ္လားလို႕ ေမးခြန္းထုတ္ခ်င္ပါတယ္။”ဟု ေနာ္အုန္းလွက ေျပာသည္။

wsggggggwsggwsgggggggg

ကရင္အာဇာနည္ေန႔သည္ ကရင္အမ်ိဳးသားေခါင္းေဆာင္ေစာဘဦးကိုဂုဏ္ျပဳသည့္ေန႔ျဖစ္ၿပီးယခုႏွစ္တြင္ (၆၉)ႏွစ္ျပည့္ေျမာက္ခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။

mfhmffnmffffcdcg

အဆိုပါအခမ္းအနားသို႔ ရန္ကုန္ၿမိဳ႕ေန ကရင္လူမ်ိဳး ၁၀၀ ဦးခန္႔တက္ေရာက္ခဲ့ၾကၿပီး ကရင္အလံကို တိုင္၀က္လႊင့္အေလးျပဳျခင္း၊ ကရင္အာဇာနည္သီခ်င္းမ်ားဖြင့္ကာ ဂုဏ္ျပဳခဲ့ၾကသည္။

ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

 

“ ကရင်အာဇာနည်နေ့ကိုဖြုတ်သိမ်းပေးပါလို့တောင်းဆိုတာက ဗမာလူမျိုးကြီးဝါဒကို ကျင့်သုံးနေတဲ့ ဝန်ကြီးချုပ်တွေရဲ့လုပ်ရပ်လား” ဟု နော်အုန်းလှ မေးခွန်းထုတ်

ကရင်အာဇာနည်နေ့ ဖြုတ်သိမ်းပေးရန်တောင်းဆိုသည့်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း နော်အုန်းလှက ပြောလိုက်သည်။

ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် သြဂုတ်လ (၁၂)ရက်ကကျင်းပသည့် ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားတွင် ယင်းကဲ့သို့ပြောခြင်း ဖြစ်သည်။

“ကျွန်မတို့ဒီကရင်အာဇာနည်နေ့အခမ်းအနားတွေကို ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနသာၤရီတိုင်းတို့မှာ လုပ်တာဘာသံမှမကြားရဘူး။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာတော့ အသံကကြားရပါတယ်။ ကရင်ခေါင်းဆောင်တွေကို ဂုဏ်ပြုတဲ့ဒီအခမ်းအနားလုပ်တာ နေ့ထူးနေ့မြတ်ဆိုတာ ကျွန်မတို့ရဲ့အခွင့်အရေးပါ။ အသံကြားခဲ့ရတဲ့ဒီနှစ်ခုက အဓိကကတိုင်းနဲ့ပြည်နယ်တွေရဲ့ ဝန်ကြီးချုပ်တွေရဲ့လုပ်ဆောင်ချက်ကြောင့်လို့ပဲ မြင်မိပါတယ်။ ကျွန်မတို့ပန်းခြံထဲမှာလုပ်မယ်ဆိုရင်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်လိုပါတယ်။ သွားပြီးခွင့်ပြုချက် ယူတော့ ကရင်အာဇာနည်နေ့ကိုဖြုတ်ပေးပါဆိုပြီးပြောပါတယ်။ တော်တော်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ အရင်နှစ်တွေကခန်းမတွေမှာလုပ်ခဲ့ပေမဲ့ အစိုးရရဲ့လုပ်ရပ်ကြောင့် ကျွန်မတို့ဒီနေ့လမ်းပေါ်မှာလုပ်ရတဲ့အထိ ဖြစ်သွားတာပါ။ ဒီလို ကရင်အာဇာနည်နေ့ကိုဖြုတ်သိမ်းပေးပါလို့တောင်းဆိုတဲ့ဟာက ဗမာလူမျိုးကြီးဝါဒကို ကျင့်သုံးနေတဲ့ ဝန်ကြီးချုပ်တွေရဲ့ လုပ်ရပ်လားလို့ မေးခွန်းထုတ်ချင်ပါတယ်။”ဟု နော်အုန်းလှက ပြောသည်။

ကရင်အာဇာနည်နေ့သည် ကရင်အမျိုးသားခေါင်းဆောင်စောဘဦးကိုဂုဏ်ပြုသည့်နေ့ဖြစ်ပြီးယခုနှစ်တွင် (၆၉)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့နေ ကရင်လူမျိုး ၁၀၀ ဦးခန့်တက်ရောက်ခဲ့ကြပြီး ကရင်အလံကို တိုင်ဝက်လွှင့်အလေးပြုခြင်း၊ ကရင်အာဇာနည်သီချင်းများဖွင့်ကာ ဂုဏ်ပြုခဲ့ကြသည်။

- ထက်ဝေလင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။