The Weeknd နဲ႔ ဘယ္လာ ဟာဒစ္တို႔ လမ္းခြဲလိုက္တဲ့ သတင္းထြက္ၿပီးေနာက္ လက္သန္းၾကြယ္မွာ လက္စြပ္၀တ္လုိက္တဲ့ ဆယ္လီနာ ဂိုမက္
ကမာၻေက်ာ္ အေမရိကန္အဆိုေတာ္ ဆယ္လီနာ ဂိုမက္ တစ္ေယာက္ လူအမ်ားအားက်ရေလာက္ေအာင္ အီတလီႏိုင္ငံသုိ႔ ေမြးေန႔ခရီး သြားေရာက္လည္ပတ္ခဲ့ၿပီး ျပန္လည္ေရာက္ရွိလာကာ အလုပ္ေတြျပန္လုပ္ေနၿပီ ျဖစ္ပါတယ္။ ခရီးကေနျပန္ေရာက္ၿပီးေနာက္ အဂၤါေန႔တုန္းက Beverly Hills ၿမိဳ႕မွာ ဆယ္လီနာ အိမ္ျပင္ထြက္လာစဥ္ သူမကိုယ္သူမ လက္ေဆာင္ျပန္ေပးထားတာ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္လို႔ ယူဆရတဲ့၊ မ်က္စိက်ိန္းေလာက္ေအာင္ တလက္လက္ေတာက္ပေနတဲ့ လက္စြပ္ႀကီးတစ္ကြင္းကို သူမရဲ႕လက္သန္းၾကြယ္မွာ ၀တ္ဆင္ထားတာကို ေတြ႔ခဲ့ရပါတယ္။ ယခုဆိုရင္ အသက္ ၂၇ ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ သူမဟာ အဲ့ဒီေန႔တုန္းက လက္ဝတ္ရတနာအသစ္ေတြ ၀ယ္ဖို႔အတြက္ XIV Karats လက္၀တ္ရတနာဆိုင္ကို တစ္ကိုယ္ေတာ္ ေရာက္လာခဲ့ပါတယ္။ V ပံုစံ လည္ပင္းပါ ခရင္မ္အေရာင္ ဆြယ္တာ ခပ္ပြပြ နဲ႕ မီးခိုေရာင္ သိုးေမြးေဘာင္းဘီအပြကို ၀တ္ဆင္၊ မိတ္ကပ္ခပ္ပါးပါးနဲ႔ ဆံပင္ကို တစ္၀က္ခ်တစ္၀က္စည္းၿပီး အားကစားဖိနပ္ အျဖဴေရာင္ စီးထားတဲ့ သူမဟာ ထသြားထလာ ေပါ့ေပါ့ပါးပါးစတိုင္နဲ႔ သာမန္လိုျဖစ္ေနေပမဲ့ မ်က္စိက်ိန္းေလာက္စရာ လက္စြပ္ေၾကာင့္ သူမရဲ႕အလွက ထင္ရွားေနၿမဲ ျဖစ္ပါတယ္။ သူမရဲ႕ရည္းစားေဟာင္း The Weeknd နဲ႔ ဘယ္လာ ဟာဒစ္တို႔ လမ္းခြဲလိုက္ေၾကာင္း အဂၤါေန႔တုန္းက သတင္းထြက္လာခဲ့ၿပီးေနာက္မွာ အခုလို တစ္ကိုယ္တည္း လက္၀တ္ရတနာ၀ယ္ဖို႔ ထြက္လာတာ ျဖစ္ပါတယ္။ The Weeknd နဲ႔ ဘယ္လာတို႔ စံုတြဲဟာ Coachella ဂီတပြဲေတာ္မွာ ေတြ႔ဆံုခဲ့ၿပီးေနာက္ ၂၀၁၅ ခုႏွစ္တုန္းက စတြဲခဲ့ၾကၿပီး ႏွစ္ကုန္မွာ လမ္းခြဲလိုက္ၾကေပမဲ့ ၂၀၁၆ ခုႏွစ္ ေဖေဖာ္၀ါရီလေလာက္ကေန ႏွစ္ကုန္ပိုင္းထိ ျပန္တြဲခုတ္ခဲ့ၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ In The Night ေတးသီခ်င္းပိုင္ရွင္ The Weeknd နဲ႕ ဆယ္လီနာတ္ို႔ တြဲခဲ့ၾကၿပီး ၄င္းတို႔ရဲ႕ အခ်စ္ဇာတ္လမ္းက ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလမွာေတာ့ အဆံုးသတ္သြားခဲ့ပါတယ္။ အဲ႔ဒီေနာက္ပိုင္း ဘယ္လာနဲ႔ The Weeknd တုိ႔ ၂၀၁၈ ဇူလုိင္ကတည္းက ျပန္တြဲျဖစ္ခဲ့တာ ယခုတစ္ေခါက္ လမ္းထပ္မခြဲခင္အထိ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ဆယ္လီနာ နဲ႔ The Weeknd တို႔ ျပန္ၿပီးဆက္သြယ္ေနၾကၿပီလားဆိုတာေတာ့ ေသခ်ာမသိရေသးပါဘူး ။ ဆယ္လီနာဟာ ကေနဒါလူမ်ိဳး ေပါ့ပ္ၾကယ္ပြင့္ ဂ်က္စတင္ဘီဘာရဲ႕ ရည္စားေဟာင္းျဖစ္ၿပီး သူနဲ႔မွာေတာ့ ၂၀၁၇ ခုႏွစ္ကေန ၂၀၁၈ ႏွစ္ဆန္းပုိင္းအထိ တြဲခဲ့ပါတယ္။
- ေမ ( အကုန္သိ သတင္းဌာန ) | Ref : Daily Mail
Unicode Version
ကမ္ဘာကျော် အမေရိကန်အဆိုတော် ဆယ်လီနာ ဂိုမက် တစ်ယောက် လူအများအားကျရလောက်အောင် အီတလီနိုင်ငံသို့ မွေးနေ့ခရီး သွားရောက်လည်ပတ်ခဲ့ပြီး ပြန်လည်ရောက်ရှိလာကာ အလုပ်တွေပြန်လုပ်နေပြီ ဖြစ်ပါတယ်။
ခရီးကနေပြန်ရောက်ပြီးနောက် အင်္ဂါနေ့တုန်းက Beverly Hills မြို့မှာ ဆယ်လီနာ အိမ်ပြင်ထွက်လာစဉ် သူမကိုယ်သူမ လက်ဆောင်ပြန်ပေးထားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယူဆရတဲ့၊ မျက်စိကျိန်းလောက်အောင် တလက်လက်တောက်ပနေတဲ့ လက်စွပ်ကြီးတစ်ကွင်းကို သူမရဲ့လက်သန်းကြွယ်မှာ ဝတ်ဆင်ထားတာကို တွေ့ခဲ့ရပါတယ်။
ယခုဆိုရင် အသက် ၂၇ နှစ်ပြည့်သွားပြီဖြစ်တဲ့ သူမဟာ အဲ့ဒီနေ့တုန်းက လက်ဝတ်ရတနာအသစ်တွေ ဝယ်ဖို့အတွက် XIV Karats လက်ဝတ်ရတနာဆိုင်ကို တစ်ကိုယ်တော် ရောက်လာခဲ့ပါတယ်။
V ပုံစံ လည်ပင်းပါ ခရင်မ်အရောင် ဆွယ်တာ ခပ်ပွပွ နဲ့ မီးခိုရောင် သိုးမွေးဘောင်းဘီအပွကို ဝတ်ဆင်၊ မိတ်ကပ်ခပ်ပါးပါးနဲ့ ဆံပင်ကို တစ်ဝက်ချတစ်ဝက်စည်းပြီး အားကစားဖိနပ် အဖြူရောင် စီးထားတဲ့ သူမဟာ ထသွားထလာ ပေါ့ပေါ့ပါးပါးစတိုင်နဲ့ သာမန်လိုဖြစ်နေပေမဲ့ မျက်စိကျိန်းလောက်စရာ လက်စွပ်ကြောင့် သူမရဲ့အလှက ထင်ရှားနေမြဲ ဖြစ်ပါတယ်။
သူမရဲ့ရည်းစားဟောင်း The Weeknd နဲ့ ဘယ်လာ ဟာဒစ်တို့ လမ်းခွဲလိုက်ကြောင်း အင်္ဂါနေ့တုန်းက သတင်းထွက်လာခဲ့ပြီးနောက်မှာ အခုလို တစ်ကိုယ်တည်း လက်ဝတ်ရတနာဝယ်ဖို့ ထွက်လာတာ ဖြစ်ပါတယ်။
The Weeknd နဲ့ ဘယ်လာတို့ စုံတွဲဟာ Coachella ဂီတပွဲတော်မှာ တွေ့ဆုံခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်တုန်းက စတွဲခဲ့ကြပြီး နှစ်ကုန်မှာ လမ်းခွဲလိုက်ကြပေမဲ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလလောက်ကနေ နှစ်ကုန်ပိုင်းထိ ပြန်တွဲခုတ်ခဲ့ကြပါတယ်။
အဲ့ဒီနောက်မှာတော့ In The Night တေးသီချင်းပိုင်ရှင် The Weeknd နဲ့ ဆယ်လီနာတို့ တွဲခဲ့ကြပြီး ၎င်းတို့ရဲ့ အချစ်ဇာတ်လမ်းက ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာတော့ အဆုံးသတ်သွားခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း ဘယ်လာနဲ့ The Weeknd တို့ ၂၀၁၈ ဇူလိုင်ကတည်းက ပြန်တွဲဖြစ်ခဲ့တာ ယခုတစ်ခေါက် လမ်းထပ်မခွဲခင်အထိ ဖြစ်ပါတယ်။
အခုဆိုရင်တော့ ဆယ်လီနာ နဲ့ The Weeknd တို့ ပြန်ပြီးဆက်သွယ်နေကြပြီလားဆိုတာတော့ သေချာမသိရသေးပါဘူး ။
ဆယ်လီနာဟာ ကနေဒါလူမျိုး ပေါ့ပ်ကြယ်ပွင့် ဂျက်စတင်ဘီဘာရဲ့ ရည်စားဟောင်းဖြစ်ပြီး သူနဲ့မှာတော့ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၈ နှစ်ဆန်းပိုင်းအထိ တွဲခဲ့ပါတယ်။
- မေ ( အကုန်သိ သတင်းဌာန ) | Ref : Daily Mail