Skip to main content
ဖြဲ႔စည္းပံုျပင္ဆင္ၿပီးေနာက္ အခ်ဳပ္အျခာ၊ အာဏာတည္တံ့မႈအား ထိခိုက္ယိုုင္နဲ႔လာမည္ကိုစိုးရိမ္ရေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေမာင္ေမာင္ ေျပာ
Ads Block

ဖြဲ႔စည္းပံုျပင္ဆင္ၿပီးေနာက္ အခ်ဳပ္အျခာ၊ အာဏာတည္တံ့မႈအား ထိခိုက္ယိုုင္နဲ႔လာမည္ကိုစိုးရိမ္ရေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေမာင္ေမာင္ ေျပာ

၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးအတြက္တင္ျပထားေသာ အခ်က္ေပါင္း ၃၀၀၀ ေက်ာ္တြင္ အားလံုး၏ သေဘာဆႏၵပါ၀င္ရန္ေဆာင္ရြက္ျခင္းမွာ လြန္စြာခက္ခဲေၾကာင္း တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မွဴးခ်ဳပ္ေမာင္ေမာင္က ေျပာသည္။
ၾသဂုတ္လ ၉ ရက္ကက်င္းပသည့္ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေ၀းအၿပီးတြင္ သတင္းသမားမ်ားထံ ေျပာၾကားလိုက္ျခင္းျဖစ္သည္။
“ ဖြဲ႔စည္းပံုျပင္ဆင္ေရးကိစၥဟာ အလြန္အေရးႀကီးတဲ့ကိစၥတစ္ခုျဖစ္ၿပီး စိုးရိမ္စရာရွိႏိုင္တဲ့ကိစၥက ျပင္ဆင္ၿပီးေနာက္ပုိင္း ႏုိင္ငံရဲ႕ အခ်ဳပ္အျခာ၊ အာဏာတည္တံ့ခိုင္ၿမဲမႈ ထိခုိက္ယိုင္ရြဲ႕သြားမယ့္ကိစၥျဖစ္ပါတယ္။ ဖြဲ႔စည္ပံုအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီအေနျဖင့္ ျပင္ဆင္ရန္တင္ျပလာတဲ့အခ်က္ ၃၀၀၀ ေက်ာ္ ရွိေနၿပီး အဲဒီပမာဏဟာ အလြန္မ်ားျပားၿပီး အားလံုးရဲ႕သေဘာထားပါဝင္ေအာင္ ေဆာင္ရြက္ရန္ဆိုတာဟာ အလြန္ခက္ခဲပါတယ္” ဟု တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မွဴးခ်ဳပ္ေမာင္ေမာင္က ေျပာသည္။
ယေန႔က်င္းပသည့္ ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္တြင္ ၄၅ ဦးေကာ္မတီျဖင့္ဖဲြ႔စည္းထားေသာ ဖဲြ႔စည္းပံုျပင္ဆင္ေရးေကာ္မတီက တင္ျပထားသည့္အစီရင္ခံစာကို အတည္ျပဳခဲ့ေၾကာင္း သိရသည္။
၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးကို NLD ပါတီမွ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေအာင္ၾကည္ညြန္႔က ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလ ၂၉ ရက္တြင္ ျပည္ေထာင္စုလႊတ္ေတာ္သို႔ အေရးႀကီးအဆုိအျဖစ္ တင္သြင္းခဲ့ျခင္းျဖစ္သည္။
ယင္းေနာက္ ျပည္ေထာင္စုလႊတ္ေတာ္မွ ဖြဲ႔စည္းပုံျပင္ဆင္ေရးပူးေပါင္းေကာ္မတီ ဖြဲ႔စည္းေပးခဲ့ကာ ေလ့လာေတြ႔ရွိခ်က္အစီရင္ခံကို ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လတြင္ ျပည္ေထာင္စုလႊတ္ေတာ္သုိ႔ တင္သြင္းခဲ့သည္။

- အံ့ညီညီ - ေနျပည္ေတာ္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်တင်ပြထားသော အချက်ပေါင်း ၃၀၀၀ ကျော်တွင် အားလုံး၏ သဘောဆန္ဒပါဝင်ရန်ဆောင်ရွက်ခြင်းမှာ လွန်စွာခက်ခဲကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောသည်။
သြဂုတ်လ ၉ ရက်ကကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီးတွင် သတင်းသမားများထံ ပြောကြားလိုက်ခြင်းဖြစ်သည်။
“ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စဟာ အလွန်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပြီး စိုးရိမ်စရာရှိနိုင်တဲ့ကိစ္စက ပြင်ဆင်ပြီးနောက်ပိုင်း နိုင်ငံရဲ့ အချုပ်အခြာ၊ အာဏာတည်တံ့ခိုင်မြဲမှု ထိခိုက်ယိုင်ရွဲ့သွားမယ့်ကိစ္စဖြစ်ပါတယ်။ ဖွဲ့စည်ပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီအနေဖြင့် ပြင်ဆင်ရန်တင်ပြလာတဲ့အချက် ၃၀၀၀ ကျော် ရှိနေပြီး အဲဒီပမာဏဟာ အလွန်များပြားပြီး အားလုံးရဲ့သဘောထားပါဝင်အောင် ဆောင်ရွက်ရန်ဆိုတာဟာ အလွန်ခက်ခဲပါတယ်” ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောသည်။
ယနေ့ကျင်းပသည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်တွင် ၄၅ ဦးကော်မတီဖြင့်ဖွဲ့စည်းထားသော ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီက တင်ပြထားသည့်အစီရင်ခံစာကို အတည်ပြုခဲ့ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းပေးခဲ့ကာ လေ့လာတွေ့ရှိချက်အစီရင်ခံကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။

- အံ့ညီညီ - နေပြည်တော် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။