Skip to main content
ရခုိင္ျပည္နယ္မွစစ္ေဘးေရွာင္မ်ားအတြက္ ၀န္ႀကီးဌာန၏ကူညီေထာက္ပံ့မႈမ်ားႏွင့္ပတ္သက္၍ ရခုိင္လႊတ္ေတာ္အမတ္ ေမးခြန္းထုတ္
Ads Block

ရခုိင္ျပည္နယ္မွစစ္ေဘးေရွာင္မ်ားအတြက္ ၀န္ႀကီးဌာန၏ကူညီေထာက္ပံ့မႈမ်ားႏွင့္ပတ္သက္၍ ရခုိင္လႊတ္ေတာ္အမတ္ ေမးခြန္းထုတ္

ရခုိင္ျပည္နယ္ရွိ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ အစုိးရႏွင့္ ၀န္ႀကီးဌာနမ်ား၏ ကူညီေထာက္ပံ့မႈ လံုေလာက္မႈရွိ/မရွိႏွင့္ပတ္သက္ၿပီး ရခုိင္ျပည္နယ္၊ ေျမပုံၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေဖသန္းက ေမးခြန္းထုတ္လုိက္သည္။
ၾသဂုတ္လ ၈ ရက္ကက်င္းပေသာ ဒုတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္ ၁၃ ႀကိမ္ေျမာက္ပုံမွန္အစည္းအေ၀း၊  န၀မေန႔တြင္ ယခုကဲ့သို႔ေမးခြန္းထုတ္လုိက္ျခင္းျဖစ္သည္။
“ ကြ်န္ေတာ္ကလည္း လူကယ္ျပန္၀န္ႀကီးဌာန၊ ႏုိင္ငံေတာ္အစုိးရက ကူညီေထာက္ပံ့မႈမရွိဘူးလုိ႔ေျပာတာ မဟုတ္ပါဘူး။ ဒါကုိလည္းကူညီေထာက္ပံ့ေနတယ္ဆုိတာကုိလည္း ကြ်န္ေတာ္တုိ႔သတင္းေတြအရသိရပါတယ္။ စစ္ေဘးဒုကၡသည္ေတြက ေလာေလာဆယ္စာရင္းေတြအရ ငါးေသာင္းေက်ာ္ရွိေနပါၿပီ။ ၀န္ႀကီးေျပာတာက ႏွစ္ေသာင္းေက်ာ္ေျပာတယ္ဆုိတာၾကားလုိက္ပါတယ္။ ဆုိေတာ့ ကြ်န္ေတာ္ေျပာခ်င္တာက ဒီ၀န္ႀကီးဌာနရဲ႕ အကူအညီေတြဟာ လုံေလာက္ရဲ႕လား။ ကြ်န္ေတာ္ေမးခ်င္တာက ဒါဟာတကယ္တမ္း စစ္ေဘးဒုကၡသည္ေတြ အတြက္ အခ်ိန္နဲ႔တစ္ေျပးညီစားသုံးႏုိင္ဖုိ႔အတြက္ ေဆး၀ါး၊ရိကၡာ၊ အကုန္လုံးအတြက္ေပါ့ေနာ္။ လုံေလာက္ရဲ႕လားဆုိတာ တစ္ခ်က္ပါ။ ဒုတိယတစ္ခ်က္ကေတာ့  ဒီလုိေရွ႕ဆက္ၿပီးေတာ့ ဒုကၡသည္ေတြ မ်ားျပားလာမယ္။ လက္ရွိအေျခအေနမွာလည္းအမ်ားႀကီးမ်ားေနတယ္’’ ဟု ရခုိင္ျပည္နယ္၊ ေျမပုံၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေဖသန္းက ေျပာသည္။
၂၀၁၈ ခုႏွစ္အတြင္း ရခုိင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕တြင္ AA လက္နက္ကုိင္အဖြဲ႔ႏွင့္တပ္မေတာ္တုိ႔အၾကား ထိေတြ႔မႈမ်ားျဖစ္ပြားခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္ ထိေတြ႔မႈနယ္ေျမပုိမုိလာခဲ့ကာ ဘူးသီးေတာင္အပါအ၀င္ ပု႑ားကြ်န္း၊ ေျမာက္ဦးၿမိဳ႕နယ္တုိ႔ပါ ျပန္႔ႏွံ႔ခဲ့သည္။
လက္ရွိတြင္ လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ေနရာျပန္လည္ခ်ထားေရး၀န္ႀကီးဌာနမွလည္း စစ္ေဘးေရွာင္စခန္း ၇ ခုတည္ေဆာက္ေပးထားေၾကာင္း သိရသည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အစိုးရနှင့် ဝန်ကြီးဌာနများ၏ ကူညီထောက်ပံ့မှု လုံလောက်မှုရှိ/မရှိနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက မေးခွန်းထုတ်လိုက်သည်။
သြဂုတ်လ ၈ ရက်ကကျင်းပသော ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊  နဝမနေ့တွင် ယခုကဲ့သို့မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။
“ ကျွန်တော်ကလည်း လူကယ်ပြန်ဝန်ကြီးဌာန၊ နိုင်ငံတော်အစိုးရက ကူညီထောက်ပံ့မှုမရှိဘူးလို့ပြောတာ မဟုတ်ပါဘူး။ ဒါကိုလည်းကူညီထောက်ပံ့နေတယ်ဆိုတာကိုလည်း ကျွန်တော်တို့သတင်းတွေအရသိရပါတယ်။ စစ်ဘေးဒုက္ခသည်တွေက လောလောဆယ်စာရင်းတွေအရ ငါးသောင်းကျော်ရှိနေပါပြီ။ ဝန်ကြီးပြောတာက နှစ်သောင်းကျော်ပြောတယ်ဆိုတာကြားလိုက်ပါတယ်။ ဆိုတော့ ကျွန်တော်ပြောချင်တာက ဒီဝန်ကြီးဌာနရဲ့ အကူအညီတွေဟာ လုံလောက်ရဲ့လား။ ကျွန်တော်မေးချင်တာက ဒါဟာတကယ်တမ်း စစ်ဘေးဒုက္ခသည်တွေ အတွက် အချိန်နဲ့တစ်ပြေးညီစားသုံးနိုင်ဖို့အတွက် ဆေးဝါး၊ရိက္ခာ၊ အကုန်လုံးအတွက်ပေါ့နော်။ လုံလောက်ရဲ့လားဆိုတာ တစ်ချက်ပါ။ ဒုတိယတစ်ချက်ကတော့  ဒီလိုရှေ့ဆက်ပြီးတော့ ဒုက္ခသည်တွေ များပြားလာမယ်။ လက်ရှိအခြေအနေမှာလည်းအများကြီးများနေတယ်’’ ဟု ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
၂၀၁၈ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် AA လက်နက်ကိုင်အဖွဲ့နှင့်တပ်မတော်တို့အကြား ထိတွေ့မှုများဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ထိတွေ့မှုနယ်မြေပိုမိုလာခဲ့ကာ ဘူးသီးတောင်အပါအဝင် ပုဏ္ဍားကျွန်း၊ မြောက်ဦးမြို့နယ်တို့ပါ ပြန့်နှံ့ခဲ့သည်။
လက်ရှိတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်နေရာပြန်လည်ချထားရေးဝန်ကြီးဌာနမှလည်း စစ်ဘေးရှောင်စခန်း ၇ ခုတည်ဆောက်ပေးထားကြောင်း သိရသည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။