Skip to main content
ျပည္သူမ်ားႏွင့္တစ္သားတည္းရွိသည့္ လက္နက္ကိုင္အဖြဲ႕အစည္းကို ျပည္သူကခ်စ္မည္ဟု မင္းကိုႏုိင္ ေျပာ
Ads Block

ျပည္သူမ်ားႏွင့္တစ္သားတည္းရွိသည့္ လက္နက္ကိုင္အဖြဲ႕အစည္းကို ျပည္သူကခ်စ္မည္ဟု မင္းကိုႏုိင္ ေျပာ

ျပည္သူမ်ားႏွင့္တစ္သားတည္းရွိေသာလက္နက္ကိုင္အဖြဲ႕အစည္းကို ျပည္သူကခ်စ္မည္ဟု ၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ ကိုမင္းကိုႏုိင္ကေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိမဟာဗႏၶဳလပန္းၿခံတြင္ ၾသဂုတ္လ (၈)ရက္ကက်င္းပသည့္ ၈၈၈၈ ဒီမိုကေရစီအေရးေတာ္ပံု (၃၁)ႏွစ္ျပည့္အခမ္းအနားတြင္ အထက္ပါအတိ္ုင္းေျပာျခင္းျဖစ္သည္။
“ ႏုိင္ငံတစ္ႏုိင္ငံရဲ႕ အကူးအေျပာင္းေတြဟာ အဲဒီႏုိင္ငံမွာရွိတဲ့လက္နက္ကိုင္အဖြဲ႕အစည္းမ်ားရဲ႕ စိတ္ေနသေဘာ သဘာ၀အေပၚမွာလည္း မူတည္ေနတယ္ဆိုတာေတြ႕ရမွာပါ။ ျပည္သူေတြနဲ႔တစ္သားတည္းရွိ္တဲ့ လက္နက္ကိုင္ အဖြဲ႕အစည္းကို ျပည္သူေတြကခ်စ္မွာျဖစ္သလို၊ ျပည္သူေတြနဲ႔ဆန္႔က်င္ၿပီး ျပည္သူ႔အေရးေတာ္ပံုကို ဖ်က္ဆီးမယ့္ ဘယ္အဖြဲ႕အစည္းကိုမဆို ျပည္သူေတြရဲ႕ႏွစ္ေပါင္းမ်ားစြာအေတြ႕အႀကံဳေတြကို ေကာင္းစြာ အဆံုးအျဖတ္ေပးမွာပါ” ဟု ၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ ကိုမင္းကိုႏုိင္က ေျပာသည္။
အျခားႏုိင္ငံမ်ား၌ အသြင္ကူးေျပာင္းေရးမ်ားတြင္ ျပည္သူမ်ားအား အာဏာရွင္အစိုးရက ထိပ္တိုက္ ရင္ဆိုင္ရာတြင္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားသည္ ျပည္သူမ်ားႏွင့္တစ္သားတည္း မားမားမတ္မတ္ ရပ္တည္ခဲ့ၾကသည္ကိုေတြ႕ရွိရေၾကာင္းလည္း ၄င္းက ထည့္သြင္းေျပာၾကားသည္။
အဆိုပါရွစ္ေလးလံုးဒီမိုကေရစီအေရးေတာ္ပံု ၃၁ ႏွစ္ေျမာက္အထိမ္းအမွတ္အခမ္းအနားသို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ဦးျဖိဳးမင္းသိန္း၊ ရန္ကုန္ျမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုး၊ ရန္ကုန္တိုင္းေဒသၾကီး လႊတ္ေတာ္ဒုတိယဥကၠ႒ဦးလင္းႏိုင္ျမင့္၊ ၈၈ မ်ိဳးဆက္(ျငိမ္းခ်မ္းေရးႏွင့္ပြင့္လင္းလူ႔အဖြဲ႕အစည္း)မွ ေက်ာင္းသားေခါင္းေဆာင္မ်ားႏွင့္ျပည္သူမ်ား ပါဝင္ခဲ့ၾကသည္။

- ထက္ေ၀လင္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

ပြည်သူများနှင့်တစ်သားတည်းရှိသောလက်နက်ကိုင်အဖွဲ့အစည်းကို ပြည်သူကချစ်မည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောသည်။
ရန်ကုန်မြို့ရှိမဟာဗန္ဓုလပန်းခြံတွင် သြဂုတ်လ (၈)ရက်ကကျင်းပသည့် ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ (၃၁)နှစ်ပြည့်အခမ်းအနားတွင် အထက်ပါအတိုင်းပြောခြင်းဖြစ်သည်။
“ နိုင်ငံတစ်နိုင်ငံရဲ့ အကူးအပြောင်းတွေဟာ အဲဒီနိုင်ငံမှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ စိတ်နေသဘော သဘာဝအပေါ်မှာလည်း မူတည်နေတယ်ဆိုတာတွေ့ရမှာပါ။ ပြည်သူတွေနဲ့တစ်သားတည်းရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းကို ပြည်သူတွေကချစ်မှာဖြစ်သလို၊ ပြည်သူတွေနဲ့ဆန့်ကျင်ပြီး ပြည်သူ့အရေးတော်ပုံကို ဖျက်ဆီးမယ့် ဘယ်အဖွဲ့အစည်းကိုမဆို ပြည်သူတွေရဲ့နှစ်ပေါင်းများစွာအတွေ့အကြုံတွေကို ကောင်းစွာ အဆုံးအဖြတ်ပေးမှာပါ” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောသည်။
အခြားနိုင်ငံများ၌ အသွင်ကူးပြောင်းရေးများတွင် ပြည်သူများအား အာဏာရှင်အစိုးရက ထိပ်တိုက် ရင်ဆိုင်ရာတွင် လက်နက်ကိုင်အဖွဲ့အစည်းများသည် ပြည်သူများနှင့်တစ်သားတည်း မားမားမတ်မတ် ရပ်တည်ခဲ့ကြသည်ကိုတွေ့ရှိရကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသည်။
အဆိုပါရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၃၁ နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးလင်းနိုင်မြင့်၊ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကျောင်းသားခေါင်းဆောင်များနှင့်ပြည်သူများ ပါဝင်ခဲ့ကြသည်။

- ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။