Skip to main content
ႏုိင္ငံေရးတြင္တပ္မေတာ္ပါ၀င္ေနမႈကုိ အၾကြင္းမဲ့ဖယ္ရွားရန္လုိအပ္ေၾကာင္း ကိုျမေအး ေျပာ
Ads Block

ႏုိင္ငံေရးတြင္တပ္မေတာ္ပါ၀င္ေနမႈကုိ အၾကြင္းမဲ့ဖယ္ရွားရန္လုိအပ္ေၾကာင္း ကိုျမေအး ေျပာ

ျမန္မာ့ႏိုင္ငံေရးတြင္ တပ္မေတာ္ပါ၀င္ေနမႈကို အၾကြင္းမဲ့ဖယ္ရွားရန္လိုအပ္ေၾကာင္း ၈၈ ေက်ာင္းသား ေခါင္းေဆာင္တစ္ဦးျဖစ္သည့္ ကိုျမေအးက ေျပာသည္။
ရန္ကုန္ၿမဳိ႕ေတာ္ခန္းမေရွ႕ ဗႏၶဳလပန္းျခံတြင္ ယေန႔(ၾသဂုတ္လ ၈ ရက္) နံနက္ပိုင္းက်င္းပသည့္ ရွစ္ေလးလုံးအေရးေတာ္ပံု ၃၁ ႏွစ္ျပည့္အခမ္းအနား၌ အခမ္းအနားျဖစ္ေျမာက္ေရးေကာ္မတီ၏ သေဘာထားေၾကညာခ်က္ကို ဖတ္ၾကားရာတြင္ ယခုကဲ့သို႔ထည့္သြင္းေျပာၾကားျခင္းျဖစ္သည္။
“ ရွစ္ေလးလုံး ဒီမုိကေရစီအေရးေတာ္ပုံႀကီး ရည္မွန္းခ်က္အႏွစ္သာရျဖစ္ေသာ မ်က္ေမွာက္ကာလ၏ ႏုိင္ငံေရးလုိအပ္ခ်က္ျဖစ္ေသာ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္၂၀၀၈ ခုႏွစ္ ဖြဲ႔စည္းပုံ အေျခခံဥပေဒအရ ႏုိင္ငံေရးတြင္တပ္မေတာ္ပါ၀င္ေနမႈအားအၾကြင္းမဲ့ဖယ္ရွားရန္လုိအပ္သည္”ဟု ကိုျမေအးက ေျပာသည္။
ထို႔အျပင္ ရွစ္ေလးလုံးဒီမုိကေရစီအေရးေတာ္ပုံရည္မွန္းခ်က္အေကာင္အထည္ေဖာ္ေရး၊ ျပည္တြင္းစစ္ရပ္ဆဲေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ တရားဥပေဒစုိးမုိးေရး စသည္တို႔ကိုပါ ထည့္သြင္းဖတ္ၾကားခဲ့သည္။
အဆိုပါပြဲအခမ္းအနားသို႔ ၈၈ ေက်ာင္းသားေခါင္းေဆာင္မ်ားအျပင္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း၊ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး၊ ႏိုင္ငံေရးပါတီမ်ား၊ ႏိုင္ငံေရးတက္ၾကြလႈပ္ရွားသူမ်ား၊ လူမႈေရးအဖြဲ႔အစည္း မ်ားႏွင့္ အႏုပညာရွင္မ်ားတက္ေရာက္ခဲ့သည္။

- ရဲေက်ာ္ထက္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

မြန်မာ့နိုင်ငံရေးတွင် တပ်မတော်ပါဝင်နေမှုကို အကြွင်းမဲ့ဖယ်ရှားရန်လိုအပ်ကြောင်း ၈၈ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမြအေးက ပြောသည်။
ရန်ကုန်မြို့တော်ခန်းမရှေ့ ဗန္ဓုလပန်းခြံတွင် ယနေ့(သြဂုတ်လ ၈ ရက်) နံနက်ပိုင်းကျင်းပသည့် ရှစ်လေးလုံးအရေးတော်ပုံ ၃၁ နှစ်ပြည့်အခမ်းအနား၌ အခမ်းအနားဖြစ်မြောက်ရေးကော်မတီ၏ သဘောထားကြေညာချက်ကို ဖတ်ကြားရာတွင် ယခုကဲ့သို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
“ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ရည်မှန်းချက်အနှစ်သာရဖြစ်သော မျက်မှောက်ကာလ၏ နိုင်ငံရေးလိုအပ်ချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံရေးတွင်တပ်မတော်ပါဝင်နေမှုအားအကြွင်းမဲ့ဖယ်ရှားရန်လိုအပ်သည်”ဟု ကိုမြအေးက ပြောသည်။
ထို့အပြင် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံရည်မှန်းချက်အကောင်အထည်ဖော်ရေး၊ ပြည်တွင်းစစ်ရပ်ဆဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသည်တို့ကိုပါ ထည့်သွင်းဖတ်ကြားခဲ့သည်။
အဆိုပါပွဲအခမ်းအနားသို့ ၈၈ ကျောင်းသားခေါင်းဆောင်များအပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူမှုရေးအဖွဲ့အစည်း များနှင့် အနုပညာရှင်များတက်ရောက်ခဲ့သည်။

- ရဲကျော်ထက် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။