Skip to main content
Facebook ႏိုင္ငံေရးသမားမ်ားေၾကာင့္ ႏိုင္ငံေရးအမွန္တကယ္လုပ္ခဲ့သူမ်ား နက္နက္နဲနဲခံစားရေၾကာင္း ဦးကိုကိုႀကီးေျပာ
Ads Block

Facebook ႏိုင္ငံေရးသမားမ်ားေၾကာင့္ ႏိုင္ငံေရးအမွန္တကယ္လုပ္ခဲ့သူမ်ား နက္နက္နဲနဲခံစားရေၾကာင္း ဦးကိုကိုႀကီးေျပာ

Facebook ေပၚ၌ ႏုိင္ငံေရးလုပ္ၾကသည့္ အုတ္ေရာေရာ၊ ေက်ာက္ေရာေရာမ်ားေၾကာင့္ ႏုိင္ငံေရး အမွန္တကယ္ လုပ္ခဲ့သူမ်ား နက္နက္နဲနဲခံစားၾကရေၾကာင္း ျပည္သူ႔ပါတီ(ဗဟို)ဥကၠ႒ ဦးကိုကိုႀကီးက ေျပာလိုက္သည္။
ရန္ကုန္ၿမိဳ႕၊ မဟာဗႏၶဳလပန္းျခံတြင္ ၾသဂုတ္လ ၈ ရက္၊ နံနက္ပိုင္းက က်င္းပခဲ့ေသာ (၃၁)ျပည့္ ႐ွစ္ေလးလုံး ဒီမိုကေရစီအေရးေတာ္ပုံအခမ္းအနားတြင္ ယင္းကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။
“ ႏိုင္ငံေရးကို ၃၁ ႏွစ္ျဖတ္ခဲ့တဲ့သူေတြမွာကေတာ့  ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔  ေနာက္ဆုံးက်န္းမာေရးကအစ မိသားစုအေျခအေနေတြ အမ်ဳိးမ်ဳိးခက္ခက္ခဲခဲျဖစ္လာၿပီးတဲ့အခ်ိန္မွာ တခ်ဳိ႕လမ္းခုလပ္ကေန ျဖတ္ဝင္လာတဲ့ သူေတြရွိတယ္။ တကယ္ကို ႏိုင္ငံျပဳျပင္ေျပာင္းလဲေရးအတြက္ပါဝင္ခဲ့တဲ့သူေတြကို ကြ်န္ေတာ္တို႔ႀကိဳဆိုပါတယ္။ ရွစ္ေလးလုံးမွာပါခဲ့မွမဟုတ္ပါဘူး။ ေနာက္မ်ဳိးဆက္သစ္ေတြထဲေနၿပီးေတာ့ တက္တက္ၾကြၾကြနဲ႔ပါလာတာလည္း ႀကိဳဆိုပါတယ္။ အဲဒီထဲမွာ အုတ္ေရာေရာ၊ ေက်ာက္ေရာေရာနဲ႔ Facebook ေပၚမွာတင္ ႏိုင္ငံေရးလုပ္ေနၾကတဲ့ ကိစၥေတြဟာ တကယ္ျဖတ္သန္းခဲ့တဲ့လူေတြအတြက္ နက္နက္နဲနဲခံစားရတယ္” ဟု ျပည္သူ႔ပါတီ(ဗဟို)မွ ဥကၠ႒ ဦးကိုကိုႀကီးက ေျပာသည္။
ထို႔အျပင္ ၎တို႔ ႏိုင္ငံေရးစလုပ္စဥ္က ကိုယ္ေရးကိုယ္တာမ်ား မေတာင္းဆို၊ မည္သည့္ေမွ်ာ္လင့္ခ်က္မွ မပါဝင္ဘဲ လုပ္ခဲ့ျခင္းျဖစ္ၿပီး ထိုသူတို႔ကို ထိခိုက္နစ္နာေစသည့္ ေစာ္ကားေသာကိစၥမ်ဳိး ျမင္ေန၊ ၾကားေနရသည့္အတြက္ ပိုမိုခံစားရေၾကာင္း ၄င္းကဆက္ေျပာသည္။
အဆိုပါအခမ္းအနားသို႔ ၈၈ ေက်ာင္းသားေခါင္းေဆာင္မ်ားအျပင္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး၊ ႏိုင္ငံေရးပါတီမ်ား၊ ႏိုင္ငံေရးတက္ၾကြလႈပ္ရွားသူမ်ား၊ လူမႈေရးအဖြဲ႔အစည္း မ်ားႏွင့္ အႏုပညာရွင္မ်ား တက္ေရာက္ခဲ့သည္။

- ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

Facebook ပေါ်၌ နိုင်ငံရေးလုပ်ကြသည့် အုတ်ရောရော၊ ကျောက်ရောရောများကြောင့် နိုင်ငံရေး အမှန်တကယ် လုပ်ခဲ့သူများ နက်နက်နဲနဲခံစားကြရကြောင်း ပြည်သူ့ပါတီ(ဗဟို)ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောလိုက်သည်။
ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံတွင် သြဂုတ်လ ၈ ရက်၊ နံနက်ပိုင်းက ကျင်းပခဲ့သော (၃၁)ပြည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံအခမ်းအနားတွင် ယင်းကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
“ နိုင်ငံရေးကို ၃၁ နှစ်ဖြတ်ခဲ့တဲ့သူတွေမှာကတော့  ဒဏ်ရာဒဏ်ချက်တွေနဲ့  နောက်ဆုံးကျန်းမာရေးကအစ မိသားစုအခြေအနေတွေ အမျိုးမျိုးခက်ခက်ခဲခဲဖြစ်လာပြီးတဲ့အချိန်မှာ တချို့လမ်းခုလပ်ကနေ ဖြတ်ဝင်လာတဲ့ သူတွေရှိတယ်။ တကယ်ကို နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်ပါဝင်ခဲ့တဲ့သူတွေကို ကျွန်တော်တို့ကြိုဆိုပါတယ်။ ရှစ်လေးလုံးမှာပါခဲ့မှမဟုတ်ပါဘူး။ နောက်မျိုးဆက်သစ်တွေထဲနေပြီးတော့ တက်တက်ကြွကြွနဲ့ပါလာတာလည်း ကြိုဆိုပါတယ်။ အဲဒီထဲမှာ အုတ်ရောရော၊ ကျောက်ရောရောနဲ့ Facebook ပေါ်မှာတင် နိုင်ငံရေးလုပ်နေကြတဲ့ ကိစ္စတွေဟာ တကယ်ဖြတ်သန်းခဲ့တဲ့လူတွေအတွက် နက်နက်နဲနဲခံစားရတယ်” ဟု ပြည်သူ့ပါတီ(ဗဟို)မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
ထို့အပြင် ၎င်းတို့ နိုင်ငံရေးစလုပ်စဉ်က ကိုယ်ရေးကိုယ်တာများ မတောင်းဆို၊ မည်သည့်မျှော်လင့်ချက်မှ မပါဝင်ဘဲ လုပ်ခဲ့ခြင်းဖြစ်ပြီး ထိုသူတို့ကို ထိခိုက်နစ်နာစေသည့် စော်ကားသောကိစ္စမျိုး မြင်နေ၊ ကြားနေရသည့်အတွက် ပိုမိုခံစားရကြောင်း ၎င်းကဆက်ပြောသည်။
အဆိုပါအခမ်းအနားသို့ ၈၈ ကျောင်းသားခေါင်းဆောင်များအပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူမှုရေးအဖွဲ့အစည်း များနှင့် အနုပညာရှင်များ တက်ရောက်ခဲ့သည်။

- နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။